တူနှစ်ကိုယ်တဲအိုပျက်လို့ပဲဆိုဆို၊ နှစ်ကိုယ်သားချစ်လို့ရရင်ကျေနပ်ပြီဆိုတာ လေထဲမှာပဲရှိတဲ့စကားလို့ထင်ကြပါလိမ့်မယ်။
တကယ်တော့ဒါကို အပြင်မှာလက်တွေ့သက်သေပြခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ကတော့ Columbia က လင်မယားစုံတွဲဖြစ်တဲ့ Miguel Restrepo နဲ့သူ့ရဲ့ဇနီး Maria Garcia တို့ပဲဖြစ်ပါတယ်။
သူတို့ဟာရေနုတ်မြောင်းထဲမှာ အိမ်သဖွယ်နေထိုင်လာတာ ၂၂နှစ်ကြာပြီဖြစ်ပြီး အပြင်ကတစ်ချို့သောလင်မယားတွေထက်တောင် ပိုချစ်ခင်၊ ပိုပြီးသစ္စာရှိကြပါတယ်။
သူတို့နှစ်ဦးဟာဆေးစွဲနေတဲ့လူနှစ်ယောက်အဖြစ် စတင်တွေ့ရှိခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွယ်လာတဲ့အချိန်မှာတော့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး ဆေးဖြတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမယ့်ဒီလိုဆုံးဖြတ်ပြီးတဲ့အချိန် သူတို့မှာနေစရာနေစရာအိမ်တောင်မရှိပါဘူး။ ဒါပေမယ့်ဒါဟာသူတို့အတွက် အခက်အခဲမဟုတ်သလို၊ အရေးပါတဲ့အရာတစ်ခုလဲမဟုတ်ပါဘူး။ သူတို့ဟာရေဆိုးမြောင်းတစ်ခုကိုပြုပြင်ပြီး တူတူနေထိုင်ခဲ့ပါတယ်။
သူတို့ရဲ့မိသားစုဝင်အနေနဲ့ Blackie အမည်ရခွေးကလေးတစ်ကောင်ရှိပါတယ်။ ရေဆိုးမြောင်းဆိုပြီးအထင်မသေးလိုက်ပါနဲ့၊ လျှပ်စစ်မီးလဲရသလို၊ မီးဖိုချောင်အသေးစားလေးတောင်ရှိပါတယ်။ ကဲဘာလိုသေးလဲ။ Credit
Zawgyi
တူႏွစ္ကိုယ္တဲအိုပ်က္လို႔ပဲဆိုဆို၊ ႏွစ္ကိုယ္သားခ်စ္လို႔ရရင္ေက်နပ္ၿပီဆိုတာ ေလထဲမွာပဲရွိတဲ့စကားလို႔ထင္ၾကပါလိမ့္မယ္။
တကယ္ေတာ့ဒါကို အျပင္မွာလက္ေတြ႕သက္ေသျပခဲ့တဲ့သူေတြရွိပါတယ္။ သူတို႔ကေတာ့ Columbia က လင္မယားစုံတြဲျဖစ္တဲ့ Miguel Restrepo နဲ႔သူ႔ရဲ႕ဇနီး Maria Garcia တို႔ပဲျဖစ္ပါတယ္။
သူတို႔ဟာေရႏုတ္ေျမာင္းထဲမွာ အိမ္သဖြယ္ေနထိုင္လာတာ ၂၂ႏွစ္ၾကာၿပီျဖစ္ၿပီး အျပင္ကတစ္ခ်ိဳ႕ေသာလင္မယားေတြထက္ေတာင္ ပိုခ်စ္ခင္၊ ပိုၿပီးသစၥာရွိၾကပါတယ္။
သူတို႔ႏွစ္ဦးဟာေဆးစြဲေနတဲ့လူႏွစ္ေယာက္အျဖစ္ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္သံေယာဇဥ္တြယ္လာတဲ့အခ်ိန္မွာေတာ့ အိမ္ေထာင္တစ္ခုတည္ေဆာက္ၿပီး ေဆးျဖတ္ဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။
ဒါေပမယ့္ဒီလိုဆုံးျဖတ္ၿပီးတဲ့အခ်ိန္ သူတို႔မွာေနစရာေနစရာအိမ္ေတာင္မရွိပါဘူး။ ဒါေပမယ့္ဒါဟာသူတို႔အတြက္ အခက္အခဲမဟုတ္သလို၊ အေရးပါတဲ့အရာတစ္ခုလဲမဟုတ္ပါဘူး။ သူတို႔ဟာေရဆိုးေျမာင္းတစ္ခုကိုျပဳျပင္ၿပီး တူတူေနထိုင္ခဲ့ပါတယ္။
သူတို႔ရဲ႕မိသားစုဝင္အေနနဲ႔ Blackie အမည္ရေခြးကေလးတစ္ေကာင္ရွိပါတယ္။ ေရဆိုးေျမာင္းဆိုၿပီးအထင္မေသးလိုက္ပါနဲ႔၊ လွ်ပ္စစ္မီးလဲရသလို၊ မီးဖိုေခ်ာင္အေသးစားေလးေတာင္ရွိပါတယ္။ ကဲဘာလိုေသးလဲ။ Credit