ႏွစ္ေပါင္း (၁၀၀)ေက်ာ္ရွိဘယ္ေလာက္ မိုး႐ြာ႐ြာေရမလွ်ံတဲ့ ရန္ကုန္ၿမိဳ႕က ဗားကရာေခ်ာက္ရဲ႕ လူမသိေသးေသာ သမိုင္းေၾကာင္း

ရန်ကုန်မြို့တော်ကြီးရဲ့ ဗားကရာချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။

အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာချောက်အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့လခြမ်းပုံ အုတ်စီမြောင်း၊ ရေအဝင်အထွက်ထိန်းတဲ့ လှိုင်မြစ်ဝကရေတံခါးပေါက် တို့ကိုဆက်လက်ထိန်းသိမ်း ပြုပြင်ဖို့ကတော့လိုအပ်နေတုံးပါပဲ။

နှစ် ၁၀၀ ကျော်သက်တမ်း ရှိပြီဖြစ်တဲ့ဒီဗားကရာချောက်က ကျွန်တော်တို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းအမွေအနှစ်တခုလို့ မြင်မိပါတယ်။ ဗားကရာဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတောဆူးခြုံတောပေါက်ရာချောက်ဟု အဓိပ္ပါယ်ရပါတယ်။

ကြည့်မြင်တိုင်နဲ့စမ်းချောင်းမြို့နယ် အစပ်ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေပေါက်ရောက်ရာ ဒီရေအတက်အကျ ရှိခဲ့တဲ့ နေရာကြီးပါ။ ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ

အုပ်ချုပ်စဉ်ကအထိ တကယ့်စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင်လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်းမင်းတရားအုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကိမူတည်သတ်မှတ်ရာမှာ “အ နောက်တောရကြီး” လို့သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။

အနောက်တောရကြီးဆိုတာ ဗားကရာကို အဓိကထားသတ်မှတ်ခဲ့တယ်လို့အဆိုရှိပါတယ်။ အခုတော့ အလယ်တောရနဲ့ကြားတောရလောက်ပဲ အသုံးရှိတော့တယ်။ ကျန်တောရတွေပျောက်သွားခဲ့ပါပြီ။ ဗားကရာချောက်ဟာ သဘာဝအလျောက်ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ချောက်တော့မဟုတ်ဘူး။

ဒါကလည်းတချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့တောင်စွယ်က စမ်းချောင်းမြေနီကုန်းအထိ ရောက်ခဲ့တာကိုး။ မြေနီကုန်းဆိုတာဟိုအရင်က တောင်ကမူတခုပဲ။ ရန်ကုန်မြို့သစ်တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်းအင်းတွေအိုင်

တွေချောက်တွေဖို့ဖို့ မြေနီကုန်းကမြေတွေသယ်ထုတ်ရာက ကမူတွေကုန်းတွေပျောက်ပြီး အခုအခြေနေမျိုးအထိ ဖြစ်လာခဲ့တာ။ မြေနီကုန်းကမြေတွေကိုသယ်ဖို့ အရင်ဆုံးဟုမ်းလမ်းအထိ မီးရထားလမ်းကို အရင်ဖောက်ရတယ်လို့ဆိုကြတယ်။

မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာဟုမ်းလမ်းကိုပို့ရတယ်။ ဟုမ်းလမ်းကတဆင့် ရထားတွဲတွေနဲ့သယ်ယူတယ်လို့ ဆိုပါတယ်။ “ဟုမ်းလမ်း” ဆိုတာ အဲဒီရထားလမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။ နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။

ဒါကြောင့်ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါပြီး အရှေ့ဘက်လမ်းပိုင်းကိုဟုမ်းလမ်းလို့ခေါ်ခဲ့ကြတာ။ အခုတော့ အဲဒီလမ်းနှစ်ခုကိုပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။

သူတို့နှစ်ယောက်လုံးက ရထားလမ်းတည်ဆောက်ခွင့် ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။ ရန်ကုန်ကနေပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့

နာမည်ကျော် “ဗားကရာချောက်” ကြီးပဲလို့ဆိုသတဲ့။ သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာ။ ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့အနက်က လှိုင်မြစ်ရေမျက်နှာပြင်ထက် အနိမ့်ပိုင်းမှာရှိနေတာ။ ဒါ့အပြင်လှိုင်မြစ်ရဲ့ ဒီရေအတက်အကျကလည်း သေသေချာချာလေ့လာရသေးတယ်။

နွေမိုးဆောင်း မြစ်ရေမျက်နှာပြင် အခြေအနေတွေကိုပါကြည့်ရ၊ တွက်ချက်ရတာမဟုတ်လား။ ဗားကရာပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန်လေ့လာပြီးမှ ဒီချောက်ကိုဘယ်လိုတီထွင်ဖန်တီးမလဲဆိုတဲ့ အဆင့်ကိုရောက်တာ။

မြေထိန်းနံရံတည်တဲ့အပိုင်းကလည်း အရေးကြီးတဲ့အစိတ်ပိုင်းတခု ဖြစ်လာ ပြန်တယ်။ ဒါတွေစုံပြီဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။ ရထားလမ်းတည်တာကသိပ်မခက်ခဲ။ ချောက်ကိုတံတားထိုးလိုက်ရင်ရပြီ။ ရန်ကုန်မှာ မီးရထားသံလမ်း တံတားအောက်ကသွားတဲ့တံ တားနှစ်စင်းပဲရှိတယ်။

သန်လျင်နဲ့သာကေတတံတား။ နောက်တံတားက အခုဗားကရာပဲ။ ရထားလမ်းအောက်က ကားလမ်းဖောက်ထားတာ။ ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲဘယ်လိုပို့မလဲ။

ရေမဝပ်အောင်ဘာတွေ စီမံပေးဖို့လိုမလဲဆိုတာတွေဟာ လမ်းတံတားအင်ဂျင်နီယာရဲ့ ကျွမ်းကျင်မှုနဲ့ ဦးနှောက်အသုံးချနိုင်စွမ်းပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ အရင်ဆုံးခရာဆူးခြုံတွေ ရှင်းလင်းရမယ်။

ပြီးတာနဲ့မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကိုဘယ်နှစ်လက်မအဆိုင်းထိ ထားမလဲ။ ချောက်ကနေလှိုင်မြစ်ဝအထိ ရေဆင်းလိုင်းပေဘယ်လောက်ရှိလဲ။ ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာတွေ့နိုင်တယ်။

လိုဏ်အရှည်ဟာ ချောက်ကနေမြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။ လိုဏ်ကိုတော့အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန်စီထားတယ်။ လိုဏ်ရဲ့အဝအကျယ်ဟာ အချင်းဝက် ၅ ပေရှိတယ်။ တူးထားစီထားတဲ့လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ်လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတချပ်ရှိပါတယ်။

လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလိုအချိန်မျိုးမှာ ရေထိန်းတံခါးကိုပိတ်ထားရင် လိုဏ်ထဲရေမဝင်နိုင်အောင် စီမံထားတာပါ။ ဒါတွေပြီးတော့ မြေထိန်းနံရံတွေ တည်ဆောက်တဲ့အပိုင်းရောက်တာ။ ဗားကရာမီးပွိုင့်ရဲ့ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီရှိတယ်။

လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲရှိတယ်။ မီးပွိုင့်အလယ်ခေါင်မှာလိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တခုရှိတယ်။ နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ဆင်းရတာပါ။

အခုတော့အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။ အနိစ္စသဘောနဲ့ကိစ္စချောသွားပြီ။ မြေအောက်ရေဆင်းလိုဏ်တွေဟာ ဗားကရာမှ မဟုတ်ဘူး။ ရန်ကုန်မြို့တည်ချိန်ကတည်းက မြို့တွင်းပိုင်းရှိ အားလုံးသောရေဆင်းတွေဟာ လိုဏ်တူးပြီးစီမံတည်ဆောက်ခဲ့တာ။

အဲဒီအုတ်နံရံရဲ့မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေတပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့အဆိုရှိတယ်။ နွေနှောင်းရာသီရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိအုတ်လိုဏ်ဂူတလျှောက်

ဂျစ်ကားစီးပြီးလျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကားကြားခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာ ကြေးဈေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့မရှိတော့ဘူး။ လိုဏ်ထဲဆင်းပြီးစစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူးထင်ပါတယ်။

ဒီမှာအရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာရေစုကန်တည်ဆောက်ပေးခြင်းပါပဲ။ ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့် ရှိတယ်။

အဲ့ဒီရေစုကန်ထဲကို စီးလာသမျှရေတွေဝင်မယ်။ ရေစုကန်ကနေပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်းစီးသွားတယ်။ဒါမှလမ်းပေါ်ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကိုရေစုကန်က ထိန်းပေးနေမှာပဲဖြစ်တယ်။

တကယ်တော့ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တခုပါပဲ။ ဒါကြောင့်လည်း ရန်ကုန်မြို့လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတကိုယ်အနက်ရှိတဲ့ရေစုကန်တွေကို အင်္ဂလိပ်တွေကတည်ဆောက်ခဲ့တာပါ။

လေ့လာသူတွေရဲ့တွေ့ရှိချက်အရတော့ ဗားကရာချောက်ရေနုတ်မြောင်းစနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခံတာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဗားကရာချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့

အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးတောင် မတည်ရသေးပါဘူး။ ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှတည်တာ။ နောက်တခုကရန်ကုန်မြို့ပတ်ရထား မရှိသေးဘူး။ ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှစတာကိုး။

ဒါပေမယ့်ဗားကရာရထားလမ်းက နှစ်ခုဖြစ်နေသလိုရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာ။ ကြည့်မြင်တိုင် – ရန်ကုန်ဓာတ်ရထားလိုင်း ပြေးဆွဲနေပြီ။ မြန်မာနိုင်ငံရဲ့ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန်-ပြည်မီးရထားလမ်းဆွဲနေပြီး ဒါကြောင့်ဗားကရာတည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။

Credit – Original Writer

Zawgyi

ရန္ကုန္ၿမိဳ႕ေတာ္ႀကီးရဲ႕ ဗားကရာေခ်ာက္ရဲ႕ မိုးဘယ္ေလာက္႐ြာ႐ြာ မိုး႐ြာၿပီးတာနဲ႔ေရတင္က်န္မေနခဲ့ျခင္း အေၾကာင္းကိုေတာ့ အခ်ိန္အေတာ္ၾကာ လူေျပာသူေျပာ မ်ားေနၾကတာ ယေန႔တိုင္ပါပဲ။

အဂၤလိပ္ေတြတည္ေဆာက္သြားခဲ့တဲ့ ဗားကရာေခ်ာက္ေအာက္က ေရစုကန္၊ လႈိင္ျမစ္ထဲ စီးဆင္းတဲ့လျခမ္းပုံ အုတ္စီေျမာင္း၊ ေရအဝင္အထြက္ထိန္းတဲ့ လႈိင္ျမစ္ဝကေရတံခါးေပါက္ တို႔ကိုဆက္လက္ထိန္းသိမ္း ျပဳျပင္ဖို႔ကေတာ့လိုအပ္ေနတုံးပါပဲ။

ႏွစ္ ၁၀၀ ေက်ာ္သက္တမ္း ရွိၿပီျဖစ္တဲ့ဒီဗားကရာေခ်ာက္က ကြၽန္ေတာ္တို႔အတြက္စိတ္ဝင္စားစရာေကာင္းတဲ့ သမိုင္းအေမြအႏွစ္တခုလို႔ ျမင္မိပါတယ္။ ဗားကရာဆိုတဲ့အမည္ဟာ “ဘာ့က္ရ္” မြန္အမည္က ဆင္းသက္လာတာျဖစ္ၿပီး ခရာေတာဆူးၿခဳံေတာေပါက္ရာေခ်ာက္ဟု အဓိပၸါယ္ရပါတယ္။

ၾကည့္ျမင္တိုင္နဲ႔စမ္းေခ်ာင္းၿမိဳ႕နယ္ အစပ္ဗားကရာေခ်ာက္ဝန္းက်င္ဟာ ခရာပင္ေတြ၊ ဆူးၿခဳံေတြ၊ ဒီေရာက္ပင္ေတြေပါက္ေရာက္ရာ ဒီေရအတက္အက် ရွိခဲ့တဲ့ ေနရာႀကီးပါ။ ကုန္းေဘာင္ေခတ္ ျမန္မာဘုရင္ေတြ

အုပ္ခ်ဳပ္စဥ္ကအထိ တကယ့္စိမ့္ႀကီးၿမိဳင္ႀကီးေတြနဲ႔။ ခံတပ္ၿမိဳ႕ေတာင္လုပ္ခဲ့ေသးဆိုပဲ။ အဲ့ဒီတုန္းကေတာ့ အေလာင္းမင္းတရားအုပ္ခ်ဳပ္နယ္အျဖစ္ ေ႐ႊတိဂုံကိမူတည္သတ္မွတ္ရာမွာ “အ ေနာက္ေတာရႀကီး” လို႔သတ္မွတ္ခဲ့တဲ့အရပ္ေပါ့။

အေနာက္ေတာရႀကီးဆိုတာ ဗားကရာကို အဓိကထားသတ္မွတ္ခဲ့တယ္လို႔အဆိုရွိပါတယ္။ အခုေတာ့ အလယ္ေတာရနဲ႔ၾကားေတာရေလာက္ပဲ အသုံးရွိေတာ့တယ္။ က်န္ေတာရေတြေပ်ာက္သြားခဲ့ပါၿပီ။ ဗားကရာေခ်ာက္ဟာ သဘာဝအေလ်ာက္ျဖစ္ေပၚလာခဲ့တဲ့ ေခ်ာက္တခုပါ။ လူလုပ္တဲ့ေခ်ာက္ေတာ့မဟုတ္ဘူး။

ဒါကလည္းတခ်ိန္တုန္းက သိဂၤုတၱရကုန္းရဲ႕ေတာင္စြယ္က စမ္းေခ်ာင္းေျမနီကုန္းအထိ ေရာက္ခဲ့တာကိုး။ ေျမနီကုန္းဆိုတာဟိုအရင္က ေတာင္ကမူတခုပဲ။ ရန္ကုန္ၿမိဳ႕သစ္တည္ခဲ့တဲ့အခ်ိန္ ရန္ကုန္ၿမိဳ႕တြင္းအင္းေတြအိုင္

ေတြေခ်ာက္ေတြဖို႔ဖို႔ ေျမနီကုန္းကေျမေတြသယ္ထုတ္ရာက ကမူေတြကုန္းေတြေပ်ာက္ၿပီး အခုအေျခေနမ်ိဳးအထိ ျဖစ္လာခဲ့တာ။ ေျမနီကုန္းကေျမေတြကိုသယ္ဖို႔ အရင္ဆုံးဟုမ္းလမ္းအထိ မီးရထားလမ္းကို အရင္ေဖာက္ရတယ္လို႔ဆိုၾကတယ္။

ေျမနီကုန္းအရပ္ကေန လွည္းေတြနဲ႔ ေျမနီေတြသယ္ၿပီး ရထားရွိရာဟုမ္းလမ္းကိုပို႔ရတယ္။ ဟုမ္းလမ္းကတဆင့္ ရထားတြဲေတြနဲ႔သယ္ယူတယ္လို႔ ဆိုပါတယ္။ “ဟုမ္းလမ္း” ဆိုတာ အဲဒီရထားလမ္းေဖာက္ခဲ့တဲ့ အင္ဂ်င္နီယာ Hume ရဲ႕အမည္ပါ။ ေနာက္အင္ဂ်င္နီယာက Innis ျဖစ္တယ္။

ဒါေၾကာင့္ရထားလမ္းရဲ႕ အေနာက္ဘက္ပိုင္းကို အင္းနစ္လမ္းလို႔ေခါၿပီး အေရွ႕ဘက္လမ္းပိုင္းကိုဟုမ္းလမ္းလို႔ေခၚခဲ့ၾကတာ။ အခုေတာ့ အဲဒီလမ္းႏွစ္ခုကိုေပါင္းၿပီး ပန္းလႈိင္လမ္းရယ္လို႔ ျဖစ္သြားေရာ။

သူတို႔ႏွစ္ေယာက္လုံးက ရထားလမ္းတည္ေဆာက္ခြင့္ ကန္ထ႐ိုက္ရတဲ့ The Irrawady Velley State Railway Co. ရဲ႕ ဦးေဆာင္အင္ဂ်င္နီယာေပါ့။ ရန္ကုန္ကေနျပည္ၿမိဳ႕အထိ ရထားလမ္းတည္ေဆာက္ရာမွာ အခက္အခဲဆုံးကေတာ့

နာမည္ေက်ာ္ “ဗားကရာေခ်ာက္” ႀကီးပဲလို႔ဆိုသတဲ့။ သူတို႔ေျပာမယ္ဆိုလည္း ေျပာခ်င္စရာ။ ဘာလို႔လဲဆိုေတာ့ ဗားကရာေခ်ာက္ရဲ႕အနက္က လႈိင္ျမစ္ေရမ်က္ႏွာျပင္ထက္ အနိမ့္ပိုင္းမွာရွိေနတာ။ ဒါ့အျပင္လႈိင္ျမစ္ရဲ႕ ဒီေရအတက္အက်ကလည္း ေသေသခ်ာခ်ာေလ့လာရေသးတယ္။

ေႏြမိုးေဆာင္း ျမစ္ေရမ်က္ႏွာျပင္ အေျခအေနေတြကိုပါၾကည့္ရ၊ တြက္ခ်က္ရတာမဟုတ္လား။ ဗားကရာပတ္ဝန္းက်င္ရဲ႕ ေျမအမ်ိဳးအစား ေျမမ်က္ႏွာသြင္ျပင္ပါမက်န္ေလ့လာၿပီးမွ ဒီေခ်ာက္ကိုဘယ္လိုတီထြင္ဖန္တီးမလဲဆိုတဲ့ အဆင့္ကိုေရာက္တာ။

ေျမထိန္းနံရံတည္တဲ့အပိုင္းကလည္း အေရးႀကီးတဲ့အစိတ္ပိုင္းတခု ျဖစ္လာ ျပန္တယ္။ ဒါေတြစုံၿပီဆိုေတာ့မွ Drainage System Design ကို စဥ္းစားရၿပီ။ ရထားလမ္းတည္တာကသိပ္မခက္ခဲ။ ေခ်ာက္ကိုတံတားထိုးလိုက္ရင္ရၿပီ။ ရန္ကုန္မွာ မီးရထားသံလမ္း တံတားေအာက္ကသြားတဲ့တံ တားႏွစ္စင္းပဲရွိတယ္။

သန္လ်င္နဲ႔သာေကတတံတား။ ေနာက္တံတားက အခုဗားကရာပဲ။ ရထားလမ္းေအာက္က ကားလမ္းေဖာက္ထားတာ။ ဗားကရာေခ်ာက္ကေန ေရဆင္းေပါက္၊ ေရထုတ္ေပါက္။ လႈိင္ျမစ္ထဲဘယ္လိုပို႔မလဲ။

ေရမဝပ္ေအာင္ဘာေတြ စီမံေပးဖို႔လိုမလဲဆိုတာေတြဟာ လမ္းတံတားအင္ဂ်င္နီယာရဲ႕ ကြၽမ္းက်င္မႈနဲ႔ ဦးေႏွာက္အသုံးခ်ႏိုင္စြမ္းေပၚ မူတည္ေနပါတယ္။ သူတို႔ ဘယ္လိုတည္ေဆာက္ခဲ့ၾကသလဲ။ အရင္ဆုံးခရာဆူးၿခဳံေတြ ရွင္းလင္းရမယ္။

ၿပီးတာနဲ႔ေျမမ်က္ႏွာျပင္ အေနအထားအရ ေရဆင္းကိုဘယ္ႏွစ္လက္မအဆိုင္းထိ ထားမလဲ။ ေခ်ာက္ကေနလႈိင္ျမစ္ဝအထိ ေရဆင္းလိုင္းေပဘယ္ေလာက္ရွိလဲ။ ေရဆင္းကိုေတာ့ ကားလမ္းေအာက္မွာ လိုဏ္ေခါင္းတူးထားတာေတြ႕ႏိုင္တယ္။

လိုဏ္အရွည္ဟာ ေခ်ာက္ကေနျမစ္ဝအထိ ၁၂ဝဝ ေပ အရွည္ရွိတယ္။ လိုဏ္ကိုေတာ့အုတ္ေတြနဲ႔ ပိုက္လုံးပုံသဏၭာန္စီထားတယ္။ လိုဏ္ရဲ႕အဝအက်ယ္ဟာ အခ်င္းဝက္ ၅ ေပရွိတယ္။ တူးထားစီထားတဲ့လိုဏ္ေခါင္းဟာ ျမစ္ဝေရာက္တဲ့အခ်ိန္မွာ အဖြင့္အပိတ္လုပ္လို႔ရတဲ့ ေရထိန္းသံတံခါးႀကီးတခ်ပ္ရွိပါတယ္။

လႈိင္ျမစ္ေရတက္တဲ့ မိုးရာသီလိုအခ်ိန္မ်ိဳးမွာ ေရထိန္းတံခါးကိုပိတ္ထားရင္ လိုဏ္ထဲေရမဝင္ႏိုင္ေအာင္ စီမံထားတာပါ။ ဒါေတြၿပီးေတာ့ ေျမထိန္းနံရံေတြ တည္ေဆာက္တဲ့အပိုင္းေရာက္တာ။ ဗားကရာမီးပြိဳင့္ရဲ႕ေထာင့္ေလးခုမွာ ေရဆင္းေပါက္တခုစီရွိတယ္။

လမ္းေဘးေျမာင္းရဲ႕အနက္က တေပနီးပါးေလာက္ပဲရွိတယ္။ မီးပြိဳင့္အလယ္ေခါင္မွာလိုဏ္ထဲဆင္းတဲ့ လူဆင္းေပါက္တခုရွိတယ္။ ေနာက္တေပါက္ကေတာ့ ေဘာဂရပ္ကြက္ေဘးမွာရွိခဲ့ဖူးတယ္။ သံေလွကားနဲ႔ဆင္းရတာပါ။

အခုေတာ့အဲဒီသံေလွကားလည္း ေရာင္းစားခံရတာပဲလား၊ ေဆြးသြားေလသလာမသိ။ အနိစၥသေဘာနဲ႔ကိစၥေခ်ာသြားၿပီ။ ေျမေအာက္ေရဆင္းလိုဏ္ေတြဟာ ဗားကရာမွ မဟုတ္ဘူး။ ရန္ကုန္ၿမိဳ႕တည္ခ်ိန္ကတည္းက ၿမိဳ႕တြင္းပိုင္းရွိ အားလုံးေသာေရဆင္းေတြဟာ လိုဏ္တူးၿပီးစီမံတည္ေဆာက္ခဲ့တာ။

အဲဒီအုတ္နံရံရဲ႕မ်က္ႏွာက်က္ေတြမွာ ေၾကးမီးဆိုင္းႀကီးေတြတပ္ဆင္ၿပီး ၂၄ နာရီ မီးေပးထားတယ္လို႔အဆိုရွိတယ္။ ေႏြေႏွာင္းရာသီေရာက္ၿပီဆိုရင္ ျမဴနီစပယ္လူႀကီးက ၿမိဳ႕တြင္းရွိအုတ္လိုဏ္ဂူတေလွ်ာက္

ဂ်စ္ကားစီးၿပီးေလ်ာက္ၾကည့္ရ၊ ႀကီးၾကပ္ရတယ္လို႔ တဆင့္စကားၾကားခဲ့ဖူးတယ္။ ေနာက္ပိုင္းေတာ့ ေၾကးမီးဆိုင္းႀကီးေတြဟာ ေၾကးေဈးေကာင္းေတာ့ လူေတြခိုးေရာင္းတာနဲ႔မရွိေတာ့ဘူး။ လိုဏ္ထဲဆင္းၿပီးစစ္ေဆးတဲ့သူေတြလည္း မရွိေတာ့ဖူးထင္ပါတယ္။

ဒီမွာအေရးႀကီးဆုံးနဲ႔ ေရဆင္းလိုဏ္တို႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ လိုဏ္တြင္းမွာေရစုကန္တည္ေဆာက္ေပးျခင္းပါပဲ။ ဗားကရာေခ်ာက္အတြက္ ေရစုကန္ကေတာ့ အလ်ား ၁ဝ ေပ၊ အနံ ၈ ေပနဲ႔ အနက္ ၆ ေပခန႔္ ရွိတယ္။

အဲ့ဒီေရစုကန္ထဲကို စီးလာသမွ်ေရေတြဝင္မယ္။ ေရစုကန္ကေနပိုလွ်ံတဲ့ေရေတြက ေရဆင္းလိုဏ္အတိုင္းစီးသြားတယ္။ဒါမွလမ္းေပၚေရဘယ္ေလာက္ရွိရွိ ပိုလွ်ံသမွ်ကိုေရစုကန္က ထိန္းေပးေနမွာပဲျဖစ္တယ္။

တကယ္ေတာ့ေရစုကန္ဟာ ေရဆင္းေရထုတ္အတြက္ အေရးပါတဲ့ တည္ေဆာက္ခ်က္တခုပါပဲ။ ဒါေၾကာင့္လည္း ရန္ကုန္ၿမိဳ႕လမ္းေထာင့္စုံေတြရဲ႕ ေျမေအာက္ေရဆင္းလိုင္းေတြမွာ လူတကိုယ္အနက္ရွိတဲ့ေရစုကန္ေတြကို အဂၤလိပ္ေတြကတည္ေဆာက္ခဲ့တာပါ။

ေလ့လာသူေတြရဲ႕ေတြ႕ရွိခ်က္အရေတာ့ ဗားကရာေခ်ာက္ေရႏုတ္ေျမာင္းစနစ္ကို ၁၈၆၉ ေလာက္က တည္ေဆာက္ခံတာျဖစ္မယ္လို႔ ခန႔္မွန္းၾကပါတယ္။ ဗားကရာေခ်ာက္ကို မြမ္းမံတည္ေဆာက္ခ်ိန္က ကိုးထပ္ႀကီးဘုရားလို႔ေခၚတဲ့

အတုလာဓိပတိ မဟာမုနိသက်ဘုရားႀကီးေတာင္ မတည္ရေသးပါဘူး။ ကိုးထပ္ႀကီးဘုရားက ၁၉ဝ၅ ခုႏွစ္မွတည္တာ။ ေနာက္တခုကရန္ကုန္ၿမိဳ႕ပတ္ရထား မရွိေသးဘူး။ ရန္ကုန္ၿမိဳ႕ပတ္ရထားက ၁၈၇၇ ခုႏွစ္ေလာက္မွစတာကိုး။

ဒါေပမယ့္ဗားကရာရထားလမ္းက ႏွစ္ခုျဖစ္ေနသလိုရထားအတြက္ တံတားကလည္း ႏွစ္ခုတည္ထားတာ။ ၾကည့္ျမင္တိုင္ – ရန္ကုန္ဓာတ္ရထားလိုင္း ေျပးဆြဲေနၿပီ။ ျမန္မာႏိုင္ငံရဲ႕ပထမဆုံး ရထားေျပးဆြဲတာက ၁၈၆၉ ရန္ကုန္-ျပည္မီးရထားလမ္းဆြဲေနၿပီး ဒါေၾကာင့္ဗားကရာတည္ေဆာက္ခ်ိန္ဟာ ဒါထက္ေစာမယ္လို႔ ယူဆႏိုင္ပါတယ္။

Credit – Original Writer