အသက် (၂၃)နှစ်အရွယ်ရှိ မောင်မြင့်စန်းအောင်ဟာ ငယ်စဉ်အခါက ဒု.က္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အာ့ကလန်ကျွန်းရှိ ဗိသုကာကျောင်းမှ ကျောင်းပြီးခဲ့သူတစ်ဦးဖြစ်ပါတယ်။
သူရဲ့ မိဘများဟာ (၁၉၈၈)ခုနစ် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရပြီး သူ့ကိုတော့ ထိုင်းနိုင်ငံ ဒု.က္ခသည်စခန်းမှာ မွေးခဲ့တာဖြစ်ပါတယ်။ အရေးအခင်းမှာပါဝင်ခဲ့တဲ့အတွက်
မြန်မာနိုင်ငံမှ သူတို့ ပိုင်ဆိုင်မှုများလည်း အသိမ်းခံခဲ့ရပါတယ်။ (၂၀၁၁)ခုနစ် သူ့အသက် (၁၂)အရွယ်မှာတော့ သူတို့ မိသားစုဟာ နယူးဇီလန်နိုင်ငံရှိ ဒု.က္ခသည်စခန်းသို့ ပြောင်းရွှေ့အခြေချ ခွင့်ရခဲ့ပါတယ်။
သူဟာ အဆင့်ဆင့်ပညာသင်ကြားခဲ့ပြီး “Unitec Institute of Technology (Māori: Te Whare Wānanga o Wairaka)မှာ ဗိသုကာတန်း တက်ရောက်ခွင့်ရခဲ့သူပါ။ သူရဲ့ ငယ်ဘဝဟာ ဒု.က္ခသည်စခန်းမှာ
နေထိုင်ခဲ့ရသူဖြစ်တဲ့အတွက် ဒု.က္ခသည်များနေထိုင်ရာ အိမ်ရာစီမံကိန်း ပရောဂျက်များ အကောင်းဆုံး ရေးဆွဲနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ အခုနှစ် (၂၀၂၁) ခုနစ်မှာတော့ “2021 Te Kāhui Whaihanga” ဒီဇိုင်းဆု
ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အရမ်းကို ထူးချွန်လွန်းတဲ့ မြန်မာနိုင်ငံသားလေး မောင်မြင့်စန်းအောင်အတွက် ဂုဏ်ယူဝမ်းမြောက်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
အသက္ (၂၃)ႏွစ္အရြယ္ရွိ ေမာင္ျမင့္စန္းေအာင္ဟာ ငယ္စဥ္အခါက ဒု.ကၡသည္စခန္းမွာ ေနထိုင္ခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ အာ့ကလန္ကၽြန္းရွိ ဗိသုကာေက်ာင္းမွ ေက်ာင္းၿပီးခဲ့သူတစ္ဦးျဖစ္ပါတယ္။
သူရဲ့ မိဘမ်ားဟာ (၁၉၈၈)ခုနစ္ အေရးအခင္းမွာ ပါဝင္လွုပ္ရွားခဲ့တဲ့အတြက္ ထိုင္းနိုင္ငံသို့ ထြက္ေျပးခိုလွုံခဲ့ရၿပီး သူ႔ကိုေတာ့ ထိုင္းနိုင္ငံ ဒု.ကၡသည္စခန္းမွာ ေမြးခဲ့တာျဖစ္ပါတယ္။ အေရးအခင္းမွာပါဝင္ခဲ့တဲ့အတြက္
ျမန္မာနိုင္ငံမွ သူတို့ ပိုင္ဆိုင္မွုမ်ားလည္း အသိမ္းခံခဲ့ရပါတယ္။ (၂၀၁၁)ခုနစ္ သူ႔အသက္ (၁၂)အရြယ္မွာေတာ့ သူတို့ မိသားစုဟာ နယူးဇီလန္နိုင္ငံရွိ ဒု.ကၡသည္စခန္းသို့ ေျပာင္းေရႊ႕အေျခခ် ခြင့္ရခဲ့ပါတယ္။
သူဟာ အဆင့္ဆင့္ပညာသင္ၾကားခဲ့ၿပီး “Unitec Institute of Technology (Māori: Te Whare Wānanga o Wairaka)မွာ ဗိသုကာတန္း တက္ေရာက္ခြင့္ရခဲ့သူပါ။ သူရဲ့ ငယ္ဘဝဟာ ဒု.ကၡသည္စခန္းမွာ
ေနထိုင္ခဲ့ရသူျဖစ္တဲ့အတြက္ ဒု.ကၡသည္မ်ားေနထိုင္ရာ အိမ္ရာစီမံကိန္း ပေရာဂ်က္မ်ား အေကာင္းဆုံး ေရးဆြဲနိုင္ခဲ့သူ ျဖစ္ခဲ့ပါတယ္။ အခုႏွစ္ (၂၀၂၁) ခုနစ္မွာေတာ့ “2021 Te Kāhui Whaihanga” ဒီဇိုင္းဆု
ဆြတ္ခူးနိုင္ခဲ့ပါတယ္။ အရမ္းကို ထူးခၽြန္လြန္းတဲ့ ျမန္မာနိုင္ငံသားေလး ေမာင္ျမင့္စန္းေအာင္အတြက္ ဂုဏ္ယူဝမ္းေျမာက္ေလးစားစြာ တင္ဆက္လိုက္ရပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္