ကျော်ကျော်ဗိုလ် ကတော့ သရုပ်ဆောင်၊ အဆိုတော်၊ Dancer နဲ့ နှင်းဆီအဖွဲ့ဝင် လူရွှင်တော်တစ်ဦး ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ် ကိုတော့ ၁၉၇၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာ အဖ ဦးဝင်းဗိုလ်၊ အမိ ဒေါ်ခင်သန်းမြင့်တို့မှ မွေးဖွားခဲ့ပါတယ်။
ဇာတိကတော့ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ကျော်ကျော်ဗိုလ်ရဲ့ မိဘမျိုးရိုးကတော့ သဘင်သည်မျိုးရိုးဖြစ်ပြီး မိသားစုဝင် အများစုဟာ အနုပညာသည်တွေ ဖြစ်ကြပါတယ်။ အဖိုးဖြစ်သူကတော့
ဇာတ်မင်းသားကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးဝင်းဗိုလ်ဟာလည်း ဇာတ်မင်းသား တစ်ဦးဖြစ်ပြီးတော့ ကျော်ကျော်ဗိုလ် ဟာ အကယ်ဒမီ ၇ခု ပိုင်ရှင် မင်းသားကြီး ဦးညွှန့်ဝင်း
ဇာတ်မင်းသားတွေဖြစ်ကြတဲ့ ဆန်းဝင်း၊ ဝင်းမောင်၊ ချမ်းသာ တို့ရဲ့ တူတော်စပ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ မွေးချင်းနှစ်ဦးရှိပြီး ညီတစ်ယောက်ရှိပါတယ်။ ပညာရေးအနေနဲ့ကတော့ ရန်ကုန်တက္ကသိုလ်မှာ Chemistry Major ကို
တက်ရောက်သင်ကြားခဲ့ပါတယ်။ ကျော်ကျော်ဗိုလ် ဟာ အနုပညာလောကထဲကို အသက် ၁၀နှစ် အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကလေးသရုပ်ဆောင်အဖြစ်နဲ့ ချစ်ရင်မျက်ရည်မကျနဲ့ ဆိုတဲ့ဇာတ်ကားမှာ
ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး အတာရေနဲ့ဆေးပါ့မယ်၊ မိုးနဲ့လေနဲ့မုန်တိုင်းနဲ့ စတဲ့ ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ဆက်လက်ပါဝင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်၊ ၁၉၉၆ မှာတော့ Mr.Guitar ဆိုတဲ့ Cafe မှာ
အဆိုတော်အဖြစ် ၄ နှစ်ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ဦးလေးတွေရဲ့ သစ္စာ၊ မေတ္တာ၊ ရွှေမန်းသဘင်မှာ ၄ နှစ်ကြာအောင် အငြိမ့်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့
၂၀၀၆ ခုနှစ်မှာ မင်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသားအဖြစ် စာချုပ်ချုပ်ခဲ့ရာက စတင်ခဲ့ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ ဘယ်သူပြောလဲ တစ်တောလုံးကြွေ၊ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ကကက ဆိုတဲ့
ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျော်ကျော်ဗိုလ် အဖြစ် လူသိများလာခဲ့ပါတယ်။ ရွှေနားတော်သွင်း ချစ်ခြင်းစကား ဆိုတဲ့ဇာတ်ကားမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး အတော်လေး လူကြိုက်များခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကျော်ကျော်ဗိုလ်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုကားပေါင်း ၃၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။၂၀၁၈ ခုနှစ်မှာ သူရဲ့အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့
မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့ ဖြစ်ကြပြီး Religious Drama အမျိုးအစား ဖြစ်ပါတယ်။
ကျော်ကျော်ဗိုလ် ဟာ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ဒီဇာတ်ကားဟာ ပြည်တွင်းပရိသတ်တွေကြားမှာ အတော်လေး Hit ြဖြစ်ခဲ့ပြီး
စင်္ကာပူနိုင်ငံမှာပါ မြန်မာနိုင်ငံက ရုံတင်ရက်အတိုင်း ပြသခဲ့ပါတယ်။ ကျော်ကျော်ဗိုလ် ဟာ ၂၀၀၈ ခုနှစ်မှာ မဇာဇာနဲ့ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။လက်ရှိအချိန် အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာနဲ့ ရပ်တည်လျှက်ရှိပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi
ေက်ာ္ေက်ာ္ဗိုလ္ ကေတာ့ သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ Dancer နဲ႕ ႏွင္းဆီအဖြဲ႕ဝင္ လူ႐ႊင္ေတာ္တစ္ဦး ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ ကိုေတာ့ ၁၉၇၈ ခုႏွစ္၊ ဧၿပီလ ၁၇ ရက္ေန႕မွာ အဖ ဦးဝင္းဗိုလ္၊ အမိ ေဒၚခင္သန္းျမင့္တို႔မွ ေမြးဖြားခဲ့ပါတယ္။
ဇာတိကေတာ့ ရန္ကုန္ၿမိဳ႕ပဲျဖစ္ပါတယ္။ေက်ာ္ေက်ာ္ဗိုလ္ရဲ႕ မိဘမ်ိဳးရိုးကေတာ့ သဘင္သည္မ်ိဳးရိုးျဖစ္ၿပီး မိသားစုဝင္ အမ်ားစုဟာ အႏုပညာသည္ေတြ ျဖစ္ၾကပါတယ္။ အဖိုးျဖစ္သူကေတာ့
ဇာတ္မင္းသားႀကီး အလကၤာေက်ာ္စြာ ေ႐ႊမန္းဦးတင္ေမာင္ ျဖစ္ပါတယ္။ ဖခင္ျဖစ္သူ ဦးဝင္းဗိုလ္ဟာလည္း ဇာတ္မင္းသား တစ္ဦးျဖစ္ၿပီးေတာ့ ေက်ာ္ေက်ာ္ဗိုလ္ ဟာ အကယ္ဒမီ ၇ခု ပိုင္ရွင္ မင္းသားႀကီး ဦးၫႊန့္ဝင္း
ဇာတ္မင္းသားေတြျဖစ္ၾကတဲ့ ဆန္းဝင္း၊ ဝင္းေမာင္၊ ခ်မ္းသာ တို႔ရဲ႕ တူေတာ္စပ္သူတစ္ဦးလည္း ျဖစ္ပါတယ္။ ေမြးခ်င္းႏွစ္ဦးရွိၿပီး ညီတစ္ေယာက္ရွိပါတယ္။ ပညာေရးအေနနဲ႕ကေတာ့ ရန္ကုန္တကၠသိုလ္မွာ Chemistry Major ကို
တက္ေရာက္သင္ၾကားခဲ့ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ ဟာ အႏုပညာေလာကထဲကို အသက္ ၁၀ႏွစ္ အ႐ြယ္ကတည္းက စတင္ဝင္ေရာက္ခဲ့ပါတယ္။ ပထမဆုံးအႀကိမ္ ကေလးသ႐ုပ္ေဆာင္အျဖစ္နဲ႕ ခ်စ္ရင္မ်က္ရည္မက်နဲ႕ ဆိုတဲ့ဇာတ္ကားမွာ
ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဆက္လက္ၿပီး အတာေရနဲ႕ေဆးပါ့မယ္၊ မိုးနဲ႕ေလနဲ႕မုန္တိုင္းနဲ႕ စတဲ့ ဇာတ္ကားေတြမွာ ကေလးသ႐ုပ္ေဆာင္အျဖစ္ ဆက္လက္ပါဝင္ခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္၊ ၁၉၉၆ မွာေတာ့ Mr.Guitar ဆိုတဲ့ Cafe မွာ
အဆိုေတာ္အျဖစ္ ၄ ႏွစ္ၾကာေအာင္ လုပ္ကိုင္ခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္မွာေတာ့ ဦးေလးေတြရဲ႕ သစၥာ၊ ေမတၱာ၊ ေ႐ႊမန္းသဘင္မွာ ၄ ႏွစ္ၾကာေအာင္ အၿငိမ့္မင္းသားအျဖစ္ ပါဝင္ခဲ့ပါတယ္။သ႐ုပ္ေဆာင္တစ္ဦးအျဖစ္နဲ႕
၂၀၀၆ ခုႏွစ္မွာ မင္း ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႕ ေခါင္းေဆာင္မင္းသားအျဖစ္ စာခ်ဳပ္ခ်ဳပ္ခဲ့ရာက စတင္ခဲ့ပါတယ္။ ဒါရိုက္တာ ၾကည္ျဖဴသွ်င္ရိုက္ကူးတဲ့ ဘယ္သူေျပာလဲ တစ္ေတာလုံးေႂကြ၊ ဒါရိုက္တာ ညိုမင္းလြင္ရိုက္ကူးတဲ့ ကကက ဆိုတဲ့
ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေက်ာ္ေက်ာ္ဗိုလ္ အျဖစ္ လူသိမ်ားလာခဲ့ပါတယ္။ ေ႐ႊနားေတာ္သြင္း ခ်စ္ျခင္းစကား ဆိုတဲ့ဇာတ္ကားမွာလည္း အေကာင္းဆုံး သ႐ုပ္ေဆာင္နိုင္ခဲ့ၿပီး အေတာ္ေလး လူႀကိဳက္မ်ားခဲ့ပါတယ္။
၂၀၀၆ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ ေက်ာ္ေက်ာ္ဗိုလ္ဟာ ႐ုပ္ရွင္နဲ႕ဗီဒီယိုကားေပါင္း ၃၀၀ ေက်ာ္ကို ရိုက္ကူးခဲ့ၿပီးျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္မွာ သူရဲ႕အေအာင္ျမင္ဆုံး ႐ုပ္ရွင္ေတြထဲက တစ္ခုျဖစ္တဲ့
မုန္းစြဲ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးမွာ ပါဝင္ရိုက္ကူးခဲ့ပါတယ္။ ဒီဇာတ္ကားမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ ေနတိုး၊ မင္းေသြး၊ ေဖြးေဖြး၊ ေအးဝတ္ရည္ေသာင္းတို႔ ျဖစ္ၾကၿပီး Religious Drama အမ်ိဳးအစား ျဖစ္ပါတယ္။
ေက်ာ္ေက်ာ္ဗိုလ္ ဟာ ဇာတ္႐ုပ္နဲ႕လိုက္ဖက္ေအာင္ သဘာဝက်က် သ႐ုပ္ေဆာင္နိုင္ခဲ့တဲ့အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ဆြတ္ခူးခဲ့ပါတယ္။ဒီဇာတ္ကားဟာ ျပည္တြင္းပရိသတ္ေတြၾကားမွာ အေတာ္ေလး Hit ျျဖစ္ခဲ့ၿပီး
စကၤာပူနိုင္ငံမွာပါ ျမန္မာနိုင္ငံက ႐ုံတင္ရက္အတိုင္း ျပသခဲ့ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ ဟာ ၂၀၀၈ ခုႏွစ္မွာ မဇာဇာနဲ႕ လက္ထပ္ခဲ့ၿပီး သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။လက္ရွိအခ်ိန္ အႏုပညာေလာကမွာ ေနရာတစ္ခုအခိုင္အမာနဲ႕ ရပ္တည္လွ်က္ရွိၿပီး အႏုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။ ခရက္ဒစ္