ခုလိုချိန်မှာ အရင်းနှီးနည်းနည်းနဲ့ ပိုက်ဆံရှာလို့ အကောင်းဆုံး အလုပ်တခု
ဘေထုပ်လည်း ရောင်းဖို့ မစဉ်းစားနဲ့ ဘွတ်ဖိနပ် တပတ်ရစ်တွေလည်း ပြန်ရောင်းဖို့လည်း မစဉ်းစားနဲ့.. ဒီလိုပြောလို့ သူများစီးပွားရေး တုတ်နဲ့ ထိုးနေတာမဟုတ်ဘူး ကိုယ်လည်း ငပျင်း မို့လို့ ဘာမှမလုပ်ပဲ ပိုက်ဆံတအားရချင်တာပါ
ဒီအမှိုက်ကောက်တာတော့ ကိုယ်နဲ့အံကိုက်မို့ အကောင့်ထဲက ငပျင်းကြီးတွေအတွက် မျှဝေ ပေးတာပါ
လက်ထဲ ပိုက်ဆံ ၁ သိန်းလောက်ရှိရင် နောက် ၇ သောင်းလောက် အေးဆေးပွားလို့ရတဲ့ အမှိုက်ပဲ၊ PET ဗူးတွေ စု၊ အပြင်က ဒိုင်တွေဆီ တစ်ပိသာ ၅၀၀ နဲ့ဝယ်၊ လှည်းသမားလေးတွေ မွေးထား၊ ပြီးရင် ကျွန်တော်တို့ဆီ ၇၀၀ နဲ့ လာသွင်းပါ
ဗူးသန့်ရင် ပိုဈေးကောင်းတယ်။ ကုန်ချိန် ၂၀၀ ဆိုရင် ၂၀၀ x ၅၀၀ = ၁၀၀၀၀၀၊ ကျွန်တော်တို့ဆီ ပြန်သွင်းဈေး ၇၀၀ (၂၀၀ x ၇၀၀ = ၁၄၀၀၀၀)၊ ၄ သောင်းက အမြတ်အသားတင် ကျန်တယ်။
ကုန်ချိန် ၂၀၀ ဆိုတာ အီးပေါက်သလောက်ပဲ ရှိတာနော်။ ဒါဥပမာ တွက်ပြတာ ဒီမှာဆို တစ်ရက်တစ်ရက် ကုန်ချိန်က ထောင်ကျော်တယ်။
ဆရာကြီးတော့ မဟုတ်ဘူး။ ဒီအလုပ်ကို ရွံစရာလို့သတ်မှတ်ခဲ့တာ၊ ခုရွံဖို့ နေနေသာသာ ကျေးဇူးရှင်လိုတောင်ဖြစ်နေပြီ။ တစ်ရက်တည်း သိန်းချီ မြတ်တဲ့အခါရှိတယ်။ အဝယ်ပါးတဲ့အခါလည်းရှိတယ်။
ခြံငှားခ၊ အလုပ်သမားလစာ၊ ကားခ ကြေလုနီးပါးဖြစ်နေပြီ၊ သုံးလိုက်ဖြုန်းလိုက်လုပ်နေလို့သာပါ Credit
Zawgyi