အမျိုးသမီးတော်တော်များများအတွက် ရေမွှေးဟာ မရှိမဖြစ် ပစ္စည်းတစ်ခုပါ ။ ရေမွေးဟာ အနံ့ကောင်းစေတဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တိုးစေပါတယ် ။ ဒါပေမဲ့ ဗီယက်နမ်အမျိုးသမီးနှစ်ဦးကတော့ ရေမွှေးကို
အားကိုးမနေဘဲ သူတို့ရဲ့ ခန္ဓာကိုယ်က သင့်ပြန့်မွေးကြိုင်တဲ့ ရနံ့များကို ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်ပါတယ် ။ ဗီယက်နမ်က Seokjang ပြည်နယ်မှ အထည်ချုပ်ဆရာမ Dang Thi Tuy ဟာ သူမမှာ အံ့သြဖွယ်
အထူးစွမ်းအားများ ရှိတယ်လို့ ဆိုထားပါတယ် ။ သူမရဲ့ အရေပြားကို ပွတ်တိုက်လိုက်ရုံနဲ့ ပန်းပွင့်ရနံ့ကဲ့သို့ အနံ့အသက်ရလာပါတယ် ။သတင်းများအရ သူမဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိုထူးခြားတဲ့ စွမ်းအားကို ရှာဖွေတွေ့ရှိခဲ့တာပါ ။
အလုပ်များတဲ့နေ့ပြီးနောက် အနားယူဖို့ လက်ခြေတွေကို ပွတ်တိုက်ပေးပြီး ရုတ်တရက်ပင် သူမဟာ လေထဲမှာ ပျံ့လွင့်သွားတဲ့ ချိုမြိန်သောရနံ့ကို ခံစားလိုက်ရပါတယ် ။ နောက်ဆုံးမှာ သူမရဲ့ ကိုယ်ခန္ဓာမှ အနံ့ထွက်လာကြောင်း သူမသဘောပေါက်ခဲ့ပါတယ် ။
“နေ့ခင်းဘက်မှာ ရနံ့သင်းသင်းလေးရချင်ရင် လက်ကို ပွတ်ပေးရမှာ ဆိုပေမယ့် ညဘက်မှာ ပတ်ဝန်းကျင်က လူတွေဟာ သူတို့နဲ့ တစ်မီတာအကွာမှာ ထိုင်နေရင်တောင် ငါ့ခန္ဓာကိုယ်ထဲက မွှေးပျံ့တဲ့ရနံ့တွေ ရနေတုန်းပဲ ။” လို့ အထည်ချုပ်ဆရာမ Dang Thi Tuy က ဆိုပါတယ် ။
အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများက ညဘက်မှာ သန်မာတဲ့ အခြားသူများထက် မွှေးကြိုင်တယ်လို့ သူမက ဆိုပါတယ် ။ ဒီအံ့သြစရာကောင်းတဲ့အကြောင်းကို Doc La Binh Duong ရဲ့ YouTube ချန်နယ်မှာ
ထုတ်လွှင့်ခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ် ။ ထိုထူးခြားတဲ့ စွမ်းအားကို လူအများ အံ့အားသင့်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဆိုပါစွမ်းအားက ထူးထူးခြားခြားမဟုတ်တော့ဘူးလို့ ထင်ရပါတယ် ။
Kian Sang ပြည်နယ်မှ မစ္စ Dung အမည်ရှိ အမျိုးသမီးမှာလည်း သူမရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်တဲ့အခါမှာ အနံ့အသက်ကောင်းရနိုင်တယ်လို့ ဆိုပါတယ် ။ Credit
Zawgyi
အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားအတြက္ ေရေမႊးဟာ မရွိမျဖစ္ ပစၥည္းတစ္ခုပါ ။ ေရေမြးဟာ အနံ႔ေကာင္းေစတဲ့အျပင္ မိမိကိုယ္ကို ယုံၾကည္မႈကိုလည္း တိုးေစပါတယ္ ။ ဒါေပမဲ့ ဗီယက္နမ္အမ်ိဳးသမီးႏွစ္ဦးကေတာ့ ေရေမႊးကို
အားကိုးမေနဘဲ သူတို႔ရဲ႕ ခႏၶာကိုယ္က သင့္ျပန္႔ေမြးႀကိဳင္တဲ့ ရနံ႔မ်ားကို ထုတ္လႊတ္ႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္ ။ ဗီယက္နမ္က Seokjang ျပည္နယ္မွ အထည္ခ်ဳပ္ဆရာမ Dang Thi Tuy ဟာ သူမမွာ အံ့ၾသဖြယ္
အထူးစြမ္းအားမ်ား ရွိတယ္လို႔ ဆိုထားပါတယ္ ။ သူမရဲ႕ အေရျပားကို ပြတ္တိုက္လိုက္႐ုံနဲ႔ ပန္းပြင့္ရနံ႔ကဲ့သို႔ အနံ႔အသက္ရလာပါတယ္ ။သတင္းမ်ားအရ သူမဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ထိုထူးျခားတဲ့ စြမ္းအားကို ရွာေဖြေတြ႕ရွိခဲ့တာပါ ။
အလုပ္မ်ားတဲ့ေန႔ၿပီးေနာက္ အနားယူဖို႔ လက္ေျခေတြကို ပြတ္တိုက္ေပးၿပီး ႐ုတ္တရက္ပင္ သူမဟာ ေလထဲမွာ ပ်ံ႕လြင့္သြားတဲ့ ခ်ိဳၿမိန္ေသာရနံ႔ကို ခံစားလိုက္ရပါတယ္ ။ ေနာက္ဆုံးမွာ သူမရဲ႕ ကိုယ္ခႏၶာမွ အနံ႔ထြက္လာေၾကာင္း သူမသေဘာေပါက္ခဲ့ပါတယ္ ။
“ေန႔ခင္းဘက္မွာ ရနံ႔သင္းသင္းေလးရခ်င္ရင္ လက္ကို ပြတ္ေပးရမွာ ဆိုေပမယ့္ ညဘက္မွာ ပတ္ဝန္းက်င္က လူေတြဟာ သူတို႔နဲ႔ တစ္မီတာအကြာမွာ ထိုင္ေနရင္ေတာင္ ငါ့ခႏၶာကိုယ္ထဲက ေမႊးပ်ံ႕တဲ့ရနံ႔ေတြ ရေနတုန္းပဲ ။” လို႔ အထည္ခ်ဳပ္ဆရာမ Dang Thi Tuy က ဆိုပါတယ္ ။
အခ်ိဳ႕ေသာ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားက ညဘက္မွာ သန္မာတဲ့ အျခားသူမ်ားထက္ ေမႊးႀကိဳင္တယ္လို႔ သူမက ဆိုပါတယ္ ။ ဒီအံ့ၾသစရာေကာင္းတဲ့အေၾကာင္းကို Doc La Binh Duong ရဲ႕ YouTube ခ်န္နယ္မွာ
ထုတ္လႊင့္ခဲ့ၿပီး အဲဒီဗီဒီယိုဖိုင္ဟာ ဆိုရွယ္မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရပါတယ္ ။ ထိုထူးျခားတဲ့ စြမ္းအားကို လူအမ်ား အံ့အားသင့္ခဲ့ၾကပါတယ္ ။ ဒါေပမဲ့ အဆိုပါစြမ္းအားက ထူးထူးျခားျခားမဟုတ္ေတာ့ဘူးလို႔ ထင္ရပါတယ္ ။
Kian Sang ျပည္နယ္မွ မစၥ Dung အမည္ရွိ အမ်ိဳးသမီးမွာလည္း သူမရဲ႕ ခႏၶာကိုယ္ကို ပြတ္သပ္လိုက္တဲ့အခါမွာ အနံ႔အသက္ေကာင္းရႏိုင္တယ္လို႔ ဆိုပါတယ္ ။ Credit