ကမာၻေက်ာ္တို႔ေငြပုံေအာကာ အာမခံထားသည့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား

ကမ္ဘာကျော်တို့ငွေပုံအောကာ အာမခံထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ

ကျွန်မတို့လို သာမန်လူတွေအတွက်တော့ တန်ဖိုးကြီးတဲ့အိမ်တွေ၊ ကားတွေကိုပဲအာမခံထားလေ့ရှိပါတယ်။ ဒါပေမဲ့တကယ့်ကမ္ဘာကျော်ကြီးတွေ ကတော့ သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက်ပါငွေတွေပုံအောပြီး အာမခံထားလေ့ရှိကြပါတယ်။

သူတို့တွေ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုဘယ်လောက်နဲ့အာမခံထားသလဲဆိုတာ အင်မတန်ကိုအံ့သြစရာကောင်းလှပါတယ်။ ဒါကြောင့် သူတို့တွေကဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

ရီယားနားရဲ့ခြေတံ

ကမ္ဘာကျော်အဆိုတော် ရီယားနားကဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှထွေထွေ ထူးထူးပြောလေ့မရှိပေမယ့် သူ့ခြေတံတွေဟာ ဒေါ်လာ ၁ သန်းတန်ပါတယ်။ နတ်မိမယ်ခြေတံဆိုတဲ့ဆုကို

၂ဝဝ၇ ခုနှစ်မှာ ဆွတ်ခူးလိုက်ချိန်မှာပဲ သူကခြေတံတွေကို အာမခံထားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါမှအဖိုးတန် သူ့ခြေတံလေးတွေမတော်တဆတစ်ခုခုဖြစ်သွားခဲ့ရင် သူအာမခံကြေးရမှာလေ။

မိုင်လေဆိုင်းရပ်စ်ရဲ့ လျှာ

ကလေးသရုပ်ဆောင်ဘဝကနေ တက်လာပြီး ကမ္ဘာကျော်အဆိုတော်၊ နာ မည်ကြီးရုပ်ရှင်မင်းသမီးပါဖြစ်လာတဲ့ မိုင်လေဆိုင်းရပ်စ်ဟာသူ့လျှာကို ဒေါ်လာ ၁ သန်းနဲ့အာမခံထားထားပါသတဲ့။

ပါပါရာဇီတွေရှေ့မှာ မျက်နှာ ဘယ်လိုထားရမှန်းမသိလို့လျှာထုတ်ပြလိုက်ရင်းနဲ့ဓာတ်ပုံရိုက်တိုင်း လျှာ ထုတ်တာ အကျင့်ပါသွားတယ်လို့သူကပြောပြပါတယ်။

ကိသ်ရစ်ချတ်ရဲ့လက်ချောင်း

ရိုးလင်းစတုန်းကဂစ်တာသမားကိသ်ရစ်ချတ်ဟာ သူ့လက်ချောင်းလေးတွေကို ဒေါ်လာ ၁ ဒသမ ၆ သန်းနဲ့အာမခံထားထားပါသတဲ့။ သူ့အာမခံထဲမှာသူ့လက်နှစ်ဖက်လုံးက လက်ချောင်းလေးတွေ

အကျုံးဝင်တယ်လို့ တချို့သတင်းရင်းမြစ်တွေကဆိုပေမယ့် တချို့ကျတော့လည်းဘယ်ဘက်လက်က လက်ခလယ်တစ်ချောင်းပဲ အာမခံထဲမှာ အကျုံးဝင်တာလို့ဆိုပါတယ်။

မက်ဒေါနားရဲ့ ရွှေရင်အုံ

သူ့နာမည်နဲ့ ခေတ်တစ်ခေတ်ထူထောင်နိုင်တဲ့အထိ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့အဆိုတော်မက်ဒေါနားဟာ သူ့ရွှေရင်အုံကိုအင်မတန်တန် ဖိုးထားပါတယ်။ ဒါကြောင့် သူကအဲ

ဒါကို ဒေါ်လာ(၂)သန်းနဲ့အာမခံထားထားပါသတဲ့လေ။ သူ့ရွှေရင်အုံလေး တစ်ခုခုဖြစ်သွားရင် အနုပညာအလုပ်တွေ အများကြီးထိခိုက်သွားမယ်ဆိုတာသိလို့ သူကအဲဒီလိုအာမခံထားထားတာပါ။

ကိုင်လီမီနော့ဂ်ရဲ့ တင်ပါး

သြစတြေးလျအဆိုကျော် ကိုင်လီမီနော့ဂ်က တင်းရင်းကျစ်လစ်လုံးဝန်းနေတဲ့သူ့တင်ပါးကို အင်မတန်တန်ဖိုးထားလို့ ဒေါ်လာ ၅ သန်းနဲ့ အာမခံထားထားပါသတဲ့။

ဘယ်တော့ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်လို့ အဲဒီလို အာမခံ ထားထားတာလို့ သူကပြောဖူးပါတယ်။

တွမ်ဂျိုးနက်စ်ရဲ့ရင်ဘတ်မွေး

အဆိုတော်ကြီးတွမ်ဂျိုးနက်စ်က သူ့ရင်ဘတ်မွေးတွေကို ဒေါ်လာ ၆ ဒသမ ၉ သန်းနဲ့အာမခံထားထားပါတယ်။ ပရိသတ်တွေက အမှတ်တရသိမ်းဖို့ဆိုပြီးတော့ သူ့ရင်ဘတ်မွေးတွေကို

ဆွဲနှုတ်ဖို့ကြိုးစားကြလွန်းလို့ သူ့ခမျာအဲ ဒီလိုအာမခံထားရတဲ့အထိဖြစ်သွားရပုံပါပဲ။ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကိုအာမခံထားတာဟာ ကျွန်မတို့လိုသာမန်လူတွေအတွက်တော့

အင်မတန်ကို ထူးဆန်းနေပေမယ့် ကမ္ဘာ့အနုပညာဇာတ်ခုံပေါ်ကနာမည်ကျော်တွေအတွက်ကတော့ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။

ဂျိန်းစ်ဘွန်းမင်းသားကြီး ဒန်နီယယ်ခရစ်ဂျ်ရဲ့ ခန္ဓာကိုယ်

မင်းသားကြီး ဒန်နီယယ်ခရစ်ဂျ်ကတော့ တစ်ကိုယ်လုံးကို အာမခံထားထားတာပါ။ Quantum of Solace ဆိုတဲ့ ဇာတ်ကားကို ၂ဝဝ၈ ခုနှစ်မှာရိုက်တော့ အဲဒီဇာတ်ကားထဲက စတန့်ကွက်အများစုကိုမင်းသားကြီးကကိုယ်တိုင်ကိုယ်ကျ စွန့်စွန့်စားစားလုပ်ခဲ့ပါတယ်။

ဒါကြောင့်မတော်တဆ တစ်ခုခုဖြစ်သွားမှာစိုးလို့ သူကသူ့ခန္ဓာကိုယ်ကို ဒေါ်လာ ၉ ဒသမ ၅ သန်းနဲ့ အာမခံထားလိုက်တာ ဖြစ်ပါတယ်။ No Time to Die ဆိုတဲ့ ဇာတ်ကား ရိုက်နေတုန်းမှာသူခြေကျင်းဝတ်ဒဏ်ရာရသွားပြီး ခွဲစိတ်လိုက်ရတော့ ဒီလိုအာမခံထားတာမှန်သွားတာပေါ့။

မင်းသမီး ဂျူလီယာရောဘတ်ရဲ့အပြုံး

မင်းသမီး ဂျူလီယာရောဘတ်ဟာ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသမီးစာရင်းထဲမှာ ပါပါတယ်။ သူ့အပြုံးဘယ်လောက်အထိ လှတယ်ဆိုတာကိုတော့ သူ့ဇာတ်ကားကြည့်ဖူးသူတိုင်းသိကြမှာပါ။

ဒါကြောင့်လည်း မင်းသမီးက ပုလဲလုံးတွေ သီကုံးထားသလိုလှပဖြူစင်လှတဲ့ သူ့သွားလေးတွေကို ဒေါ် လာ သန်း ၃ဝ နဲ့အာမခံထားထားပါတယ်။

မာရိုင်ယာကယ်ရီရဲ့ အသံ

အသံပါဝါသိပ်ကောင်းတဲ့ အဆိုတော်မာရိုင်ယာကယ်ရီက သူ့အသံကိုဒေါ်လာ ၃၅ သန်းနဲ့အာမခံထားထားပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာအသံပျက်သွားမှာစိုးလို့ သူကအဲဒီလိုအာမခံထားလိုက်တာဖြစ်ပါသတဲ့။

တေလာဆွစ်ဖ်ရဲ့ခြေတံ

တေလာဆွစ်ဖ်ရဲ့သွယ်လျလျခြေတံရှည်ကြီးတွေဟာ မြင်ရသူအပေါင်းကိုဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ သူက အဲဒီခြေတံတွေကို ဒေါ်လာ သန်း ၄၀ နဲ့အာမခံထားထားပါသတဲ့။ ဖျော်ဖြေပွဲကြီးမသွား

ခင်မှာ သူကအဲဒီလို လုပ်လိုက်တာပါ။ ဖျော်ဖြေပွဲမှာမတော်တဆတစ်ခုခုဖြစ်သွားပြီး ကလို့မရမှာ စိုးလို့ သူက အဲဒီလိုအာမခံထားထားတာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ ခြေထောက်

ခရစ္စတီယာနို ရော်နယ်ဒိုဟာလည်း သန်းချီတန်တဲ့ခြေထောက်ပိုင်ရှင်ပါ။သူက သူ့ခြေထောက်တစ်ဖက်ကို ဒေါ်လာ ၄၅ သန်းနဲ့အာမခံထားခဲ့ပါသတဲ့။ ဘောလုံးပွဲမှာ

သူ့ခြေထောက် မတော်တဆတစ်ခုခုဖြစ်သွားမှာစိုးလို့ သူကခြေထောက်နှစ်ဖက်ကို စုစုပေါင်း ဒေါ်လာ သန်း ၉၀ နဲ့ အာမခံ ထားခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ ခြေထောက်

ကမ္ဘာကျော်တွေထဲမှာ အမျိုးသမီးတွေရဲ့ ခြေထောက်ပဲ အဖိုးတန်တာ မ ဟုတ်ဘဲအမျိုးသားတွေရဲ့ ခြေထောက်ကလည်း အဖိုးတန်တယ်ဆိုတာကို ဘောလုံးသမားတွေက သက်သေပြလိုက်ပါတယ်။

ဘက်ခမ်းဟာ ဘော လုံးလောကမှာအောင်မြင်မှု အထွတ်အထိပ် ရောက်နေတုန်းကဆို သူ့ခြေ ထောက်နှစ်ဖက်ကိုဒေါ်လာ ၁၉၅ သန်းနဲ့ အာမခံထားခဲ့တာပါ။

မာရိုင်ယာကယ်ရီရဲ့ ခြေတံ

ကမ္ဘာကျော်အဆိုတော် မာရိုင်ယာကယ်ရီဟာ သူ့အသံကိုသာမကသူ့ခြေတံတွေကိုပါ အာမခံ ထားပါသေးတယ်။ သူက သူ့ခြေတံတွေကိုဒေါ်လာ ၁ ဘီလျံ နဲ့ အာမခံ ထားတာဖြစ်ပါတယ်။ ဒေါ်လာမီလျံချီတန်တဲ့ သူ့ခြေ ထောက်အကြောင်းမေးပါရစေလို့

တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ကပြောတော့ သူ့ခြေတံတွေက ဒေါ်လာမီလျံတန်မဟုတ်ဘူး ၊ ဘီလျံနဲ့ချီပြီးတန်တာလို့ မာရိုင်ယာကယ်ရီက အမှားပြင်ပေးခဲ့ပါသေးတယ်။

Credit (NP News)

Zawgyi

ကမာၻေက်ာ္တို႔ေငြပုံေအာကာ အာမခံထားသည့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား

ကြၽန္မတို႔လို သာမန္လူေတြအတြက္ေတာ့ တန္ဖိုးႀကီးတဲ့အိမ္ေတြ၊ ကားေတြကိုပဲအာမခံထားေလ့ရွိပါတယ္။ ဒါေပမဲ့တကယ့္ကမာၻေက်ာ္ႀကီးေတြ ကေတာ့ သူတို႔ခႏၶာကိုယ္အစိတ္အပိုင္းေတြအတြက္ပါေငြေတြပုံေအာၿပီး အာမခံထားေလ့ရွိၾကပါတယ္။

သူတို႔ေတြ ဘယ္ခႏၶာကိုယ္အစိတ္အပိုင္းကိုဘယ္ေလာက္နဲ႔အာမခံထားသလဲဆိုတာ အင္မတန္ကိုအံ့ၾသစရာေကာင္းလွပါတယ္။ ဒါေၾကာင့္ သူတို႔ေတြကဘယ္သူေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ရီယားနားရဲ႕ေျခတံ

ကမာၻေက်ာ္အဆိုေတာ္ ရီယားနားကဒီကိစၥနဲ႔ပတ္သက္လို႔ ဘာမွေထြေထြ ထူးထူးေျပာေလ့မရွိေပမယ့္ သူ႔ေျခတံေတြဟာ ေဒၚလာ ၁ သန္းတန္ပါတယ္။ နတ္မိမယ္ေျခတံဆိုတဲ့ဆုကို

၂ဝဝ၇ ခုႏွစ္မွာ ဆြတ္ခူးလိုက္ခ်ိန္မွာပဲ သူကေျခတံေတြကို အာမခံထားဖို႔ ဆုံးျဖတ္လိုက္တာပါ။ ဒါမွအဖိုးတန္ သူ႔ေျခတံေလးေတြမေတာ္တဆတစ္ခုခုျဖစ္သြားခဲ့ရင္ သူအာမခံေၾကးရမွာေလ။

မိုင္ေလဆိုင္းရပ္စ္ရဲ႕ လွ်ာ

ကေလးသ႐ုပ္ေဆာင္ဘဝကေန တက္လာၿပီး ကမာၻေက်ာ္အဆိုေတာ္၊ နာ မည္ႀကီး႐ုပ္ရွင္မင္းသမီးပါျဖစ္လာတဲ့ မိုင္ေလဆိုင္းရပ္စ္ဟာသူ႔လွ်ာကို ေဒၚလာ ၁ သန္းနဲ႔အာမခံထားထားပါသတဲ့။

ပါပါရာဇီေတြေရွ႕မွာ မ်က္ႏွာ ဘယ္လိုထားရမွန္းမသိလို႔လွ်ာထုတ္ျပလိုက္ရင္းနဲ႔ဓာတ္ပုံ႐ိုက္တိုင္း လွ်ာ ထုတ္တာ အက်င့္ပါသြားတယ္လို႔သူကေျပာျပပါတယ္။

ကိသ္ရစ္ခ်တ္ရဲ႕လက္ေခ်ာင္း

႐ိုးလင္းစတုန္းကဂစ္တာသမားကိသ္ရစ္ခ်တ္ဟာ သူ႔လက္ေခ်ာင္းေလးေတြကို ေဒၚလာ ၁ ဒသမ ၆ သန္းနဲ႔အာမခံထားထားပါသတဲ့။ သူ႔အာမခံထဲမွာသူ႔လက္ႏွစ္ဖက္လုံးက လက္ေခ်ာင္းေလးေတြ

အက်ဳံးဝင္တယ္လို႔ တခ်ိဳ႕သတင္းရင္းျမစ္ေတြကဆိုေပမယ့္ တခ်ိဳ႕က်ေတာ့လည္းဘယ္ဘက္လက္က လက္ခလယ္တစ္ေခ်ာင္းပဲ အာမခံထဲမွာ အက်ဳံးဝင္တာလို႔ဆိုပါတယ္။

မက္ေဒါနားရဲ႕ ေ႐ႊရင္အုံ

သူ႔နာမည္နဲ႔ ေခတ္တစ္ေခတ္ထူေထာင္ႏိုင္တဲ့အထိ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့အဆိုေတာ္မက္ေဒါနားဟာ သူ႔ေ႐ႊရင္အုံကိုအင္မတန္တန္ ဖိုးထားပါတယ္။ ဒါေၾကာင့္ သူကအဲ

ဒါကို ေဒၚလာ(၂)သန္းနဲ႔အာမခံထားထားပါသတဲ့ေလ။ သူ႔ေ႐ႊရင္အုံေလး တစ္ခုခုျဖစ္သြားရင္ အႏုပညာအလုပ္ေတြ အမ်ားႀကီးထိခိုက္သြားမယ္ဆိုတာသိလို႔ သူကအဲဒီလိုအာမခံထားထားတာပါ။

ကိုင္လီမီေနာ့ဂ္ရဲ႕ တင္ပါး

ၾသစေၾတးလ်အဆိုေက်ာ္ ကိုင္လီမီေနာ့ဂ္က တင္းရင္းက်စ္လစ္လုံးဝန္းေနတဲ့သူ႔တင္ပါးကို အင္မတန္တန္ဖိုးထားလို႔ ေဒၚလာ ၅ သန္းနဲ႔ အာမခံထားထားပါသတဲ့။

ဘယ္ေတာ့ ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွႀကိဳမသိႏိုင္လို႔ အဲဒီလို အာမခံ ထားထားတာလို႔ သူကေျပာဖူးပါတယ္။

တြမ္ဂ်ိဳးနက္စ္ရဲ႕ရင္ဘတ္ေမြး

အဆိုေတာ္ႀကီးတြမ္ဂ်ိဳးနက္စ္က သူ႔ရင္ဘတ္ေမြးေတြကို ေဒၚလာ ၆ ဒသမ ၉ သန္းနဲ႔အာမခံထားထားပါတယ္။ ပရိသတ္ေတြက အမွတ္တရသိမ္းဖို႔ဆိုၿပီးေတာ့ သူ႔ရင္ဘတ္ေမြးေတြကို

ဆြဲႏႈတ္ဖို႔ႀကိဳးစားၾကလြန္းလို႔ သူ႔ခမ်ာအဲ ဒီလိုအာမခံထားရတဲ့အထိျဖစ္သြားရပုံပါပဲ။ ကိုယ့္ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခုကိုအာမခံထားတာဟာ ကြၽန္မတို႔လိုသာမန္လူေတြအတြက္ေတာ့

အင္မတန္ကို ထူးဆန္းေနေပမယ့္ ကမာၻ႔အႏုပညာဇာတ္ခုံေပၚကနာမည္ေက်ာ္ေတြအတြက္ကေတာ့ လုပ္႐ိုးလုပ္စဥ္တစ္ခုလို ျဖစ္ေနပါၿပီ။

ဂ်ိန္းစ္ဘြန္းမင္းသားႀကီး ဒန္နီယယ္ခရစ္ဂ်္ရဲ႕ ခႏၶာကိုယ္

မင္းသားႀကီး ဒန္နီယယ္ခရစ္ဂ်္ကေတာ့ တစ္ကိုယ္လုံးကို အာမခံထားထားတာပါ။ Quantum of Solace ဆိုတဲ့ ဇာတ္ကားကို ၂ဝဝ၈ ခုႏွစ္မွာ႐ိုက္ေတာ့ အဲဒီဇာတ္ကားထဲက စတန႔္ကြက္အမ်ားစုကိုမင္းသားႀကီးကကိုယ္တိုင္ကိုယ္က် စြန႔္စြန႔္စားစားလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္မေတာ္တဆ တစ္ခုခုျဖစ္သြားမွာစိုးလို႔ သူကသူ႔ခႏၶာကိုယ္ကို ေဒၚလာ ၉ ဒသမ ၅ သန္းနဲ႔ အာမခံထားလိုက္တာ ျဖစ္ပါတယ္။ No Time to Die ဆိုတဲ့ ဇာတ္ကား ႐ိုက္ေနတုန္းမွာသူေျခက်င္းဝတ္ဒဏ္ရာရသြားၿပီး ခြဲစိတ္လိုက္ရေတာ့ ဒီလိုအာမခံထားတာမွန္သြားတာေပါ့။

မင္းသမီး ဂ်ဴလီယာေရာဘတ္ရဲ႕အၿပဳံး

မင္းသမီး ဂ်ဴလီယာေရာဘတ္ဟာ ကမာၻ႔ဝင္ေငြအျမင့္ဆုံးမင္းသမီးစာရင္းထဲမွာ ပါပါတယ္။ သူ႔အၿပဳံးဘယ္ေလာက္အထိ လွတယ္ဆိုတာကိုေတာ့ သူ႔ဇာတ္ကားၾကည့္ဖူးသူတိုင္းသိၾကမွာပါ။

ဒါေၾကာင့္လည္း မင္းသမီးက ပုလဲလုံးေတြ သီကုံးထားသလိုလွပျဖဴစင္လွတဲ့ သူ႔သြားေလးေတြကို ေဒၚ လာ သန္း ၃ဝ နဲ႔အာမခံထားထားပါတယ္။

မာ႐ိုင္ယာကယ္ရီရဲ႕ အသံ

အသံပါဝါသိပ္ေကာင္းတဲ့ အဆိုေတာ္မာ႐ိုင္ယာကယ္ရီက သူ႔အသံကိုေဒၚလာ ၃၅ သန္းနဲ႔အာမခံထားထားပါတယ္။ ကမာၻလွည့္ေဖ်ာ္ေျဖပြဲမွာအသံပ်က္သြားမွာစိုးလို႔ သူကအဲဒီလိုအာမခံထားလိုက္တာျဖစ္ပါသတဲ့။

ေတလာဆြစ္ဖ္ရဲ႕ေျခတံ

ေတလာဆြစ္ဖ္ရဲ႕သြယ္လ်လ်ေျခတံရွည္ႀကီးေတြဟာ ျမင္ရသူအေပါင္းကိုဆြဲေဆာင္ႏိုင္စြမ္း ရွိပါတယ္။ သူက အဲဒီေျခတံေတြကို ေဒၚလာ သန္း ၄၀ နဲ႔အာမခံထားထားပါသတဲ့။ ေဖ်ာ္ေျဖပြဲႀကီးမသြား

ခင္မွာ သူကအဲဒီလို လုပ္လိုက္တာပါ။ ေဖ်ာ္ေျဖပြဲမွာမေတာ္တဆတစ္ခုခုျဖစ္သြားၿပီး ကလို႔မရမွာ စိုးလို႔ သူက အဲဒီလိုအာမခံထားထားတာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ ေျခေထာက္

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာလည္း သန္းခ်ီတန္တဲ့ေျခေထာက္ပိုင္ရွင္ပါ။သူက သူ႔ေျခေထာက္တစ္ဖက္ကို ေဒၚလာ ၄၅ သန္းနဲ႔အာမခံထားခဲ့ပါသတဲ့။ ေဘာလုံးပြဲမွာ

သူ႔ေျခေထာက္ မေတာ္တဆတစ္ခုခုျဖစ္သြားမွာစိုးလို႔ သူကေျခေထာက္ႏွစ္ဖက္ကို စုစုေပါင္း ေဒၚလာ သန္း ၉၀ နဲ႔ အာမခံ ထားခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္းရဲ႕ ေျခေထာက္

ကမာၻေက်ာ္ေတြထဲမွာ အမ်ိဳးသမီးေတြရဲ႕ ေျခေထာက္ပဲ အဖိုးတန္တာ မ ဟုတ္ဘဲအမ်ိဳးသားေတြရဲ႕ ေျခေထာက္ကလည္း အဖိုးတန္တယ္ဆိုတာကို ေဘာလုံးသမားေတြက သက္ေသျပလိုက္ပါတယ္။

ဘက္ခမ္းဟာ ေဘာ လုံးေလာကမွာေအာင္ျမင္မႈ အထြတ္အထိပ္ ေရာက္ေနတုန္းကဆို သူ႔ေျခ ေထာက္ႏွစ္ဖက္ကိုေဒၚလာ ၁၉၅ သန္းနဲ႔ အာမခံထားခဲ့တာပါ။

မာ႐ိုင္ယာကယ္ရီရဲ႕ ေျခတံ

ကမာၻေက်ာ္အဆိုေတာ္ မာ႐ိုင္ယာကယ္ရီဟာ သူ႔အသံကိုသာမကသူ႔ေျခတံေတြကိုပါ အာမခံ ထားပါေသးတယ္။ သူက သူ႔ေျခတံေတြကိုေဒၚလာ ၁ ဘီလ်ံ နဲ႔ အာမခံ ထားတာျဖစ္ပါတယ္။ ေဒၚလာမီလ်ံခ်ီတန္တဲ့ သူ႔ေျခ ေထာက္အေၾကာင္းေမးပါရေစလို႔

တီဗီအစီအစဥ္တင္ဆက္သူတစ္ေယာက္ကေျပာေတာ့ သူ႔ေျခတံေတြက ေဒၚလာမီလ်ံတန္မဟုတ္ဘူး ၊ ဘီလ်ံနဲ႔ခ်ီၿပီးတန္တာလို႔ မာ႐ိုင္ယာကယ္ရီက အမွားျပင္ေပးခဲ့ပါေသးတယ္။

Credit (NP News)