၂ဝ၂၁ ခုႏွစ္ရဲ႕ မွတ္သားေလာက္ဖြယ္ရာ ကမာၻ႔စံခ်ိန္မ်ား

၂ဝ၂၁ ခုနှစ်ရဲ့ မှတ်သားလောက်ဖွယ်ရာ ကမ္ဘာ့စံချိန်များ

၂ဝ၂၁ ခုနှစ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန် ပြုစုရေးအဖွဲ့ကြီးက ကမ္ဘာ့စံချိန်ပေါင်းထောင်ပေါင်းများစွာချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ တချို့စံချိန်ဆုတွေက တော့လက်ပြောင်းသွားကြပါတယ်။ ဥပမာအားဖြင့်ပြောရရင်

အင်စတက်ဂရမ်မှာပရိသတ် တစ်သန်းအမြန်ဆုံးရတဲ့စံချိန်ကို NCT အဖွဲ့ဝင်ထေအီးလ် (Taeil)က ဇူလိုင်လမှာချိုးခဲ့ပေမယ့် ဒီဇင်ဘာလမှာတော့ BTSအဖွဲ့ဝင် ဗီ(V)က အဲဒီစံချိန်ကို လက်လွှဲရယူလိုက်ပါတာမျိုးပေါ့။

ဒါ့အပြင်စံ ချိန်အသစ်တင်တာမျိုးတွေလည်း အများကြီးရှိခဲ့ပါတယ်။ စိတ်ဝင်စားစ ရာအကောင်းဆုံး၂ဝ၂၁ ခုနှစ်စံချိန်တွေကို မသိလိုက်ရဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အဲဒါတွေကိုအခုပဲစုစည်းဖော်ပြသွားမှာပါ။

ပဋိသန္ဓေသက်တမ်း အနည်းဆုံးကလေး

၂ဝ၂၁ ခုနှစ်ဧပြီလအရောက်မှာတော့ ပဋိသန္ဓေသက်တမ်းအနည်းဆုံးက လေးလေးဟာ (၂၇၅)ရက် ဆေးရုံတက်အပြီးမှာတော့ အမေရိကန်ဆေးရုံကနေ ဆင်းခွင့်ရသွားပါတယ်။ ဒီကလေးလေးဟာ ၂ဝ၂ဝ ခုနှစ်ဇူလိုင်လမှာ မွေးတာပါ။

ကားတစ်ဇီကိသ်ဆိုတဲ့ကလေးလေးဟာအမိဝမ်းထဲမှာ၂၁ ပတ်နဲ့ ၁ ရက်ပဲနေခဲ့ရတာပါ။ ဒီတော့သူဟာ ၁၉ပတ်နီးပါးစောမွေးတဲ့သဘော ပေါ့။ ကလေးလေးအသက်ရှင်မယ်၊ မရှင်ဘူးဆိုတာသူတို့လည်း

သေသေ ချာချာမပြောနိုင်လို့ဘုရားဆီမှာပဲ ဆုနာနာတောင်းဖို့ ဆရာဝန်တွေက က လေးအမေကို ပြောခဲ့ပါသတဲ့။ နောက်ဆုံးတော့ကလေးအမေရဲ့ဆုတောင်း ပြည့်သွားတာပေါ့။

လက်သည်းအရှည်ဆုံး အမျိုးသမီး

ဧပြီလထဲမှာပဲ အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတစ်ယောက်ဟာ
လက်နှစ်ဖက်မှာလက်သည်းအရှည်ဆုံးအမျိုးသမီးအဖြစ် ကိုယ့်စံချိန်ကိုယ် ပြန်ချိုးလိုက်ပါတယ်။

အယန်နာဝီလျံမ်စ်ဆိုတဲ့ဒီအမျိုးသမီးဟာ ၂ဝ၁၇ ခုနှစ်ကတည်းကစလို့ဒီစံချိန်ရှင်ဖြစ်ခဲ့တာပါ။ ၂ဝ၂၁ ခုနှစ်မှာတော့သူ့လက် သည်းတွေဟာပိုရှည်လာပြီး အရှည် ၂၄ ပေ၊ ဝ ဒသမ ၇ လက်မအထိဖြစ် လာပြီး

၂ဝ၁၇ ခုနှစ်ကသူ့စံချိန်ကို သူ့ဘာသာပြန်ချိုးသွားတာဖြစ်ပါတယ်။ “ဆယ်စုနှစ်တွေနဲ့ချီအောင် လက်သည်းအရှည်ထားခဲ့ပြီးပြီဆိုတော့အ ပြောင်းအလဲဖြစ်အောင် ဘဝသစ်စလိုက်တော့မယ်။

အဲဒါကြောင့် လက်သည်းတွေကို ညှပ်ပစ်လိုက်တော့တာ။ နှမြောတော့နှမြောတာပေါ့။ ဒါပေ မဲ့အမြဲတမ်းတော့ အဲဒီလိုချည်းမနေချင်ဘူးလေ။ အဲဒါကြောင့် ညှပ်ပစ် လိုက်တော့တာ”လို့ သူက ပြောပြပါတယ်။

ဆံပင်အရှည်ဆုံး ဆယ်ကျော်သက်

၂ဝ၂၁ခုနှစ် ဧပြီလထဲမှာပဲ နောက်ထပ်စိတ်ဝင်စားစရာစံချိန်ရှင်တစ်ယောက်ပေါ်လာခဲ့ပါသေးတယ်။ အဲဒါကတော့ နီလန်ရှီပက်တယ်လ်ဆိုတဲ့ အိန္ဒိယသူပါပဲ။ သူဟာလည်း ၂ဝ၁၈ ခုနှစ်ကတည်းကစလို့

ကမ္ဘာ့ဆံပင်အ ရှည်ဆုံးဆယ်ကျော်သက်အဖြစ်စံချိန်တင်ခဲ့တာပါ။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ်၊ ဇူ လိုင်လအရောက် အသက်(၁၈)နှစ်မပြည့်ခင်လေးမှာပဲ သူကအဲဒီဆံပင်ရှည်ကြီးကိုညှပ်ပစ်

ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မညှပ်ပစ်ခင်မှာသူ့ဆံပင်ကို နောက်ဆုံးအကြိမ် တိုင်းကြည့်လိုက်တော့ အရှည် ၆ ပေနဲ့၆ ဒသမ ၇ လက်မရှိပါတယ်။

မျက်တောင်အရှည်ဆုံး လူသား

တရုတ်နိုင်ငံမှာနေတဲ့ ယူဂျီယန်ရှီယာ မျက်တောင်အရှည်ဆုံးလူသားပါ။သူ့မျက်တောင်ကို ၂ဝ၂၁ ခုနှစ် မေလမှာပြန်တိုင်းကြည့်လိုက်တော့ အ ရှည်ဆုံးမျက်တောင်က(၈)လက်မရှိပါသတဲ့။

သူဟာ ဒီစံချိန်ကို ၂ဝ၁၆ ခုနှစ်ကတည်းကတင်ထားတာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ အရှည်ဆုံးမျက်တောင်က ၄ ဒသမ ၈၈ လက်မ ရှိခဲ့တာပါ။ “မျက်တောင်ဒီလောက်ကြီးရှည်နေလို့နေ့စဉ်ဘဝမှာ ခက်ခဲတာမျိုး၊

စိတ်ညစ်ရတာမျိုးမရှိပါဘူး။ မျက်တောင်အရည်းရှည်လို့ပျော်ရတာပဲရှိတယ်။ စိတ်ညစ်တယ်ဆိုတာမရှိဘူး”လို့ ကာယကံရှင်ကပြောပြပါတယ်။

မျက်နှာတွင် အပေါက်အများဆုံးဖောက်ထားသူ

၂ဝ၂၁ ခုနှစ်မှာတော့ ယူကေမှာနေတဲ့ ဂျိမ်းစ်ဂို့စ်ဆိုတဲ့အမျိုးသားဟာမျက် နှာမှာအပေါက်ပေါင်း(၁၄)ပေါက်ရှိတာကြောင့် စံချိန်ချိုးသွားပါတော့တယ်။ သူ့မတိုင်ခင်တုန်းကဆိုရင် ဂျာမနီမှာနေတဲ့

အမျိုးသားတစ်ယောက်ကမျက်နှာမှာ အပေါက်ပေါင်း(၁၁)ပေါက်နဲ့စံချိန်တင်ထားတာပါ။”ဒီလိုတွေ လုပ်လေ၊ ပိုပြီးထပ်လုပ်ချင်လေပဲ။ ကျွန်တော့မျက်နှာ ဒီလိုဖြစ်နေလို့သူများနဲ့

ကွဲပြားခြားနားနေတယ်လို့ မခံစားရပါဘူး။ ဒီလိုတွေထပ်လုပ်လေ၊ကိုယ့်ကိုယ်ကိုယ် သဘောကျလေပဲ”လို့ ကမ္ဘာ့စံချိန်ရှင်ကပြောပါတယ်။

ပါးစပ်ပေါက် အကျယ်ဆုံးအမျိုးသမီး

အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ဆမ်ရမ်ဒယ်ဆိုတဲ့အမျိုးသမီးရဲ့ပါးစပ်ပေါက်ကို တိုင်းကြည့်တာ ၂ ဒသမ ၅ လက်မရှိတဲ့အတွက်ပါးစပ်ပေါက်အ ကျယ်ဆုံးအမျိုးသမီးဖြစ်သွားပါတော့တယ်။

ဒါကြောင့်လည်း သူဟာTiktok မှာ ပရိသတ် ၂ ဒသမ ၆ သန်းကျော်ရထားတာပါ။ “တစ်ချိန်တုန်းကတော့ဒီပါးစပ်ပေါက်ကြောင့်အရမ်းကိုပဲသိမ်ငယ်ခဲ့ရတယ်။ ပါးစပ်ပေါက် ကြီးကလည်း

ပြဲလိုက်တာဆိုပြီး အနိုင်ကျင့်ခံရ၊ ချိုးချိုးဖဲ့ဖဲ့အပြောခံခဲ့ရတယ်လေ။ အခုတော့ ဒီပါးစပ်ပေါက်ကြောင့်ပဲ ကမ္ဘာ့စံချိန်ရှင်ဖြစ်သွားပြီဆိုတော့ ကိုယ့်ကိုလာနှိမ်တဲ့လူတွေကိုပြန်ပြောလို့ရပြီပေါ့။

ဟဲ့ .. ငါ့ပါးစပ်ပေါက်ကကြီးပေမယ့် ကမ္ဘာ့အကြီးဆုံး ပါးစပ်ပေါက်ဆိုပြီး စံချိန်တင်ထားတာဟဲ့ဆိုပြီးတော့ပေါ့”လို့ သူကပြောပါတယ်။

အရပ်အရှည်ဆုံး အမျိုးသမီး

တူရကီမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သက်ရှိထင်ရှားရှိနေတဲ့က မ္ဘာပေါ်ကအမျိုးသမီးတွေထဲမှာအရပ်အရှည်ဆုံးအဖြစ် ၂ဝ၂၁ခုနှစ်၊အာက်တိုဘာလမှာစံချိန်တင်သွားပါတယ်။

ရူမေဆာဂယ်လ်ဂီဆိုတဲ့ဒီအမျိုးသမီးဟာ ရှားပါးရောဂါတစ်မျိုးကြောင့် အရပ်က ၇ ပေနဲ့ ဝ ဒသမ ၇ လက်မအထိရှိနေတာပါ။

အရပ်အပုဆုံး အမျိုးသမီး

အဲဒီလထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ဝိုင်းဒိန်းအော်မွိုက်သီဆိုတဲ့အ မျိုးသမီးတစ်ယောက်ဟာ မလှုပ်ရှား၊

မသွားလာနိုင်တဲ့ အရပ်အပုဆုံးအမျိုး သမီးအဖြစ် တရားဝင်သတ်မှတ်ခံလိုက်ရပါတယ်။ သူဟာလည်းရှားပါးရော ဂါတစ်မျိုးကြောင့် အရပ်က ၂၈ ဒသမ ၃ လက်မပဲ ရှိတာပါ။ Credit (NP News)

Zawgyi

၂ဝ၂၁ ခုႏွစ္ရဲ႕ မွတ္သားေလာက္ဖြယ္ရာ ကမာၻ႔စံခ်ိန္မ်ား

၂ဝ၂၁ ခုႏွစ္မွာ ဂင္းနစ္ကမာၻ႔စံခ်ိန္ ျပဳစုေရးအဖြဲ႕ႀကီးက ကမာၻ႔စံခ်ိန္ေပါင္းေထာင္ေပါင္းမ်ားစြာခ်ီးျမႇင့္ေပးအပ္ခဲ့ပါတယ္။ တခ်ိဳ႕စံခ်ိန္ဆုေတြက ေတာ့လက္ေျပာင္းသြားၾကပါတယ္။ ဥပမာအားျဖင့္ေျပာရရင္

အင္စတက္ဂရမ္မွာပရိသတ္ တစ္သန္းအျမန္ဆုံးရတဲ့စံခ်ိန္ကို NCT အဖြဲ႕ဝင္ေထအီးလ္ (Taeil)က ဇူလိုင္လမွာခ်ိဳးခဲ့ေပမယ့္ ဒီဇင္ဘာလမွာေတာ့ BTSအဖြဲ႕ဝင္ ဗီ(V)က အဲဒီစံခ်ိန္ကို လက္လႊဲရယူလိုက္ပါတာမ်ိဳးေပါ့။

ဒါ့အျပင္စံ ခ်ိန္အသစ္တင္တာမ်ိဳးေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ စိတ္ဝင္စားစ ရာအေကာင္းဆုံး၂ဝ၂၁ ခုႏွစ္စံခ်ိန္ေတြကို မသိလိုက္ရဘူးဆိုရင္လည္း စိတ္မပူပါနဲ႔။ အဲဒါေတြကိုအခုပဲစုစည္းေဖာ္ျပသြားမွာပါ။

ပဋိသေႏၶသက္တမ္း အနည္းဆုံးကေလး

၂ဝ၂၁ ခုႏွစ္ဧၿပီလအေရာက္မွာေတာ့ ပဋိသေႏၶသက္တမ္းအနည္းဆုံးက ေလးေလးဟာ (၂၇၅)ရက္ ေဆး႐ုံတက္အၿပီးမွာေတာ့ အေမရိကန္ေဆး႐ုံကေန ဆင္းခြင့္ရသြားပါတယ္။ ဒီကေလးေလးဟာ ၂ဝ၂ဝ ခုႏွစ္ဇူလိုင္လမွာ ေမြးတာပါ။

ကားတစ္ဇီကိသ္ဆိုတဲ့ကေလးေလးဟာအမိဝမ္းထဲမွာ၂၁ ပတ္နဲ႔ ၁ ရက္ပဲေနခဲ့ရတာပါ။ ဒီေတာ့သူဟာ ၁၉ပတ္နီးပါးေစာေမြးတဲ့သေဘာ ေပါ့။ ကေလးေလးအသက္ရွင္မယ္၊ မရွင္ဘူးဆိုတာသူတို႔လည္း

ေသေသ ခ်ာခ်ာမေျပာႏိုင္လို႔ဘုရားဆီမွာပဲ ဆုနာနာေတာင္းဖို႔ ဆရာဝန္ေတြက က ေလးအေမကို ေျပာခဲ့ပါသတဲ့။ ေနာက္ဆုံးေတာ့ကေလးအေမရဲ႕ဆုေတာင္း ျပည့္သြားတာေပါ့။

လက္သည္းအရွည္ဆုံး အမ်ိဳးသမီး

ဧၿပီလထဲမွာပဲ အေမရိကန္ျပည္ေထာင္စုက အမ်ိဳးသမီးတစ္ေယာက္ဟာ
လက္ႏွစ္ဖက္မွာလက္သည္းအရွည္ဆုံးအမ်ိဳးသမီးအျဖစ္ ကိုယ့္စံခ်ိန္ကိုယ္ ျပန္ခ်ိဳးလိုက္ပါတယ္။

အယန္နာဝီလ်ံမ္စ္ဆိုတဲ့ဒီအမ်ိဳးသမီးဟာ ၂ဝ၁၇ ခုႏွစ္ကတည္းကစလို႔ဒီစံခ်ိန္ရွင္ျဖစ္ခဲ့တာပါ။ ၂ဝ၂၁ ခုႏွစ္မွာေတာ့သူ႔လက္ သည္းေတြဟာပိုရွည္လာၿပီး အရွည္ ၂၄ ေပ၊ ဝ ဒသမ ၇ လက္မအထိျဖစ္ လာၿပီး

၂ဝ၁၇ ခုႏွစ္ကသူ႔စံခ်ိန္ကို သူ႔ဘာသာျပန္ခ်ိဳးသြားတာျဖစ္ပါတယ္။ “ဆယ္စုႏွစ္ေတြနဲ႔ခ်ီေအာင္ လက္သည္းအရွည္ထားခဲ့ၿပီးၿပီဆိုေတာ့အ ေျပာင္းအလဲျဖစ္ေအာင္ ဘဝသစ္စလိုက္ေတာ့မယ္။

အဲဒါေၾကာင့္ လက္သည္းေတြကို ညႇပ္ပစ္လိုက္ေတာ့တာ။ ႏွေျမာေတာ့ႏွေျမာတာေပါ့။ ဒါေပ မဲ့အၿမဲတမ္းေတာ့ အဲဒီလိုခ်ည္းမေနခ်င္ဘူးေလ။ အဲဒါေၾကာင့္ ညႇပ္ပစ္ လိုက္ေတာ့တာ”လို႔ သူက ေျပာျပပါတယ္။

ဆံပင္အရွည္ဆုံး ဆယ္ေက်ာ္သက္

၂ဝ၂၁ခုႏွစ္ ဧၿပီလထဲမွာပဲ ေနာက္ထပ္စိတ္ဝင္စားစရာစံခ်ိန္ရွင္တစ္ေယာက္ေပၚလာခဲ့ပါေသးတယ္။ အဲဒါကေတာ့ နီလန္ရွီပက္တယ္လ္ဆိုတဲ့ အိႏၵိယသူပါပဲ။ သူဟာလည္း ၂ဝ၁၈ ခုႏွစ္ကတည္းကစလို႔

ကမာၻ႔ဆံပင္အ ရွည္ဆုံးဆယ္ေက်ာ္သက္အျဖစ္စံခ်ိန္တင္ခဲ့တာပါ။ ဒါေပမဲ့ ၂ဝ၂၁ ခုႏွစ္၊ ဇူ လိုင္လအေရာက္ အသက္(၁၈)ႏွစ္မျပည့္ခင္ေလးမွာပဲ သူကအဲဒီဆံပင္ရွည္ႀကီးကိုညႇပ္ပစ္

ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ မညႇပ္ပစ္ခင္မွာသူ႔ဆံပင္ကို ေနာက္ဆုံးအႀကိမ္ တိုင္းၾကည့္လိုက္ေတာ့ အရွည္ ၆ ေပနဲ႔၆ ဒသမ ၇ လက္မရွိပါတယ္။

မ်က္ေတာင္အရွည္ဆုံး လူသား

တ႐ုတ္ႏိုင္ငံမွာေနတဲ့ ယူဂ်ီယန္ရွီယာ မ်က္ေတာင္အရွည္ဆုံးလူသားပါ။သူ႔မ်က္ေတာင္ကို ၂ဝ၂၁ ခုႏွစ္ ေမလမွာျပန္တိုင္းၾကည့္လိုက္ေတာ့ အ ရွည္ဆုံးမ်က္ေတာင္က(၈)လက္မရွိပါသတဲ့။

သူဟာ ဒီစံခ်ိန္ကို ၂ဝ၁၆ ခုႏွစ္ကတည္းကတင္ထားတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းကေတာ့ အရွည္ဆုံးမ်က္ေတာင္က ၄ ဒသမ ၈၈ လက္မ ရွိခဲ့တာပါ။ “မ်က္ေတာင္ဒီေလာက္ႀကီးရွည္ေနလို႔ေန႔စဥ္ဘဝမွာ ခက္ခဲတာမ်ိဳး၊

စိတ္ညစ္ရတာမ်ိဳးမရွိပါဘူး။ မ်က္ေတာင္အရည္းရွည္လို႔ေပ်ာ္ရတာပဲရွိတယ္။ စိတ္ညစ္တယ္ဆိုတာမရွိဘူး”လို႔ ကာယကံရွင္ကေျပာျပပါတယ္။

မ်က္ႏွာတြင္ အေပါက္အမ်ားဆုံးေဖာက္ထားသူ

၂ဝ၂၁ ခုႏွစ္မွာေတာ့ ယူေကမွာေနတဲ့ ဂ်ိမ္းစ္ဂို႔စ္ဆိုတဲ့အမ်ိဳးသားဟာမ်က္ ႏွာမွာအေပါက္ေပါင္း(၁၄)ေပါက္ရွိတာေၾကာင့္ စံခ်ိန္ခ်ိဳးသြားပါေတာ့တယ္။ သူ႔မတိုင္ခင္တုန္းကဆိုရင္ ဂ်ာမနီမွာေနတဲ့

အမ်ိဳးသားတစ္ေယာက္ကမ်က္ႏွာမွာ အေပါက္ေပါင္း(၁၁)ေပါက္နဲ႔စံခ်ိန္တင္ထားတာပါ။”ဒီလိုေတြ လုပ္ေလ၊ ပိုၿပီးထပ္လုပ္ခ်င္ေလပဲ။ ကြၽန္ေတာ့မ်က္ႏွာ ဒီလိုျဖစ္ေနလို႔သူမ်ားနဲ႔

ကြဲျပားျခားနားေနတယ္လို႔ မခံစားရပါဘူး။ ဒီလိုေတြထပ္လုပ္ေလ၊ကိုယ့္ကိုယ္ကိုယ္ သေဘာက်ေလပဲ”လို႔ ကမာၻ႔စံခ်ိန္ရွင္ကေျပာပါတယ္။

ပါးစပ္ေပါက္ အက်ယ္ဆုံးအမ်ိဳးသမီး

အေမရိကန္ျပည္ေထာင္စုမွာေနတဲ့ ဆမ္ရမ္ဒယ္ဆိုတဲ့အမ်ိဳးသမီးရဲ႕ပါးစပ္ေပါက္ကို တိုင္းၾကည့္တာ ၂ ဒသမ ၅ လက္မရွိတဲ့အတြက္ပါးစပ္ေပါက္အ က်ယ္ဆုံးအမ်ိဳးသမီးျဖစ္သြားပါေတာ့တယ္။

ဒါေၾကာင့္လည္း သူဟာTiktok မွာ ပရိသတ္ ၂ ဒသမ ၆ သန္းေက်ာ္ရထားတာပါ။ “တစ္ခ်ိန္တုန္းကေတာ့ဒီပါးစပ္ေပါက္ေၾကာင့္အရမ္းကိုပဲသိမ္ငယ္ခဲ့ရတယ္။ ပါးစပ္ေပါက္ ႀကီးကလည္း

ၿပဲလိုက္တာဆိုၿပီး အႏိုင္က်င့္ခံရ၊ ခ်ိဳးခ်ိဳးဖဲ့ဖဲ့အေျပာခံခဲ့ရတယ္ေလ။ အခုေတာ့ ဒီပါးစပ္ေပါက္ေၾကာင့္ပဲ ကမာၻ႔စံခ်ိန္ရွင္ျဖစ္သြားၿပီဆိုေတာ့ ကိုယ့္ကိုလာႏွိမ္တဲ့လူေတြကိုျပန္ေျပာလို႔ရၿပီေပါ့။

ဟဲ့ .. ငါ့ပါးစပ္ေပါက္ကႀကီးေပမယ့္ ကမာၻ႔အႀကီးဆုံး ပါးစပ္ေပါက္ဆိုၿပီး စံခ်ိန္တင္ထားတာဟဲ့ဆိုၿပီးေတာ့ေပါ့”လို႔ သူကေျပာပါတယ္။

အရပ္အရွည္ဆုံး အမ်ိဳးသမီး

တူရကီမွာေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သက္ရွိထင္ရွားရွိေနတဲ့က မာၻေပၚကအမ်ိဳးသမီးေတြထဲမွာအရပ္အရွည္ဆုံးအျဖစ္ ၂ဝ၂၁ခုႏွစ္၊အာက္တိုဘာလမွာစံခ်ိန္တင္သြားပါတယ္။

႐ူေမဆာဂယ္လ္ဂီဆိုတဲ့ဒီအမ်ိဳးသမီးဟာ ရွားပါးေရာဂါတစ္မ်ိဳးေၾကာင့္ အရပ္က ၇ ေပနဲ႔ ဝ ဒသမ ၇ လက္မအထိရွိေနတာပါ။

အရပ္အပုဆုံး အမ်ိဳးသမီး

အဲဒီလထဲမွာပဲ အေမရိကန္ျပည္ေထာင္စုက ဝိုင္းဒိန္းေအာ္မြိဳက္သီဆိုတဲ့အ မ်ိဳးသမီးတစ္ေယာက္ဟာ မလႈပ္ရွား၊

မသြားလာႏိုင္တဲ့ အရပ္အပုဆုံးအမ်ိဳး သမီးအျဖစ္ တရားဝင္သတ္မွတ္ခံလိုက္ရပါတယ္။ သူဟာလည္းရွားပါးေရာ ဂါတစ္မ်ိဳးေၾကာင့္ အရပ္က ၂၈ ဒသမ ၃ လက္မပဲ ရွိတာပါ။ Credit (NP News)