ဖားႏွစ္ေကာင္ကို ေပးစားကာ မိုးေခၚခဲ့သည့္ ျပည္နယ္ ေရႀကီးခဲ့သျဖင့္ ထိုဖားႏွစ္ေကာင္ကို ျပန္လည္ ကြာရွင္းေပးခဲ့ရတဲ႔အျဖစ္

ဖားနှစ်ကောင်ကို ပေးစားကာ မိုးခေါ်ခဲ့သည့် ပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖား နှစ်ကောင်ကို ပြန်လည် ကွာရှင်းပေးခဲ့ရတဲ့အဖြစ်

မိုးရွာသွန်းစေဖို့ ဆုတောင်းတဲ့အနေနဲ့ ဖားနှစ်ကောင်ကို မင်္ဂလာပွဲ ကျင်းပပေးခဲ့ပီး နှစ်လခန့်အကြာမှာ အိမ်ခြေ (9,000) ခန့် ရေနစ်မြုပ်သွားခဲ့ရလို့ ပြန်ကွာရှင်း ပေးလိုက်ရတယ်ဆိုတဲ့ အဖြစ်ကြီး အိန္ဒိယနိုင်ငံမှာ အမှန်တစ်ကယ် ဖြစ်ပေါ် ခဲ့ရပြန်ပါတယ်။

နိုင်ငံတိုင်းမှာတော့ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ ဓလေ့ထုံးစံ ကိုယ်စီ ရှိကြပါတယ်။ ထိုနည်းတူပဲ အိန္ဒိယနိုင်ငံက မိုးခေါင်ရေရှားတဲ့ ဒေသဖြစ်တဲ့ Bhopal မှာတော့

မိုးခေါ်တဲ့အနေနဲ့ မိုးနတ်မင်းကြီးဆီ ဆုတောင်းပသဖို့ဆိုပြီး ဖားစုံတွဲကို မဂ်လာဆောင်ပေးရင် မိုးလာစေတဲ့ အယူဓလေ့ကြောင့် ဘုရားကျောင်းတခုမှာ မင်္ဂလာပွဲဆင်နွှဲစေခဲ့ပါတယ်။

ထို့နောက် Bhopal ဒေသမှာ မိုးလာစေဖို့ ဖားနှစ်ကောင်ကို လက်ထပ်ပွဲကျင်းပပေးခဲ့ပီး နှစ်လအကြာမှာတော့ အိန္ဒိယနိုင်ငံမှာ (13)နှစ်တာ ကာလအတွင်း

မရွာစဖူး ရွာလိုက်တဲ့ မိုးသက် လေပြင်းကြီးကြောင့် အိမ်ခြေ (9,000) ရေနစ်မြုပ် ပျက်စီးခဲ့ရပီး ရေဘေးဒုက္ခသည် အများအပြားဖြစ် ခဲ့ရတယ်လို့ သိရှိရပါတယ်။

ထိုအဖြစ်ကြောင့် Bhopal အစိုးရဟာ အလျင်အမြန်ပဲ ၎င်းတို့ ဒေသခံ တွေနဲ့အတူ လက်ထပ်ပွဲ ကျင်းပပေးခဲ့တဲ့ ဖားနှစ်ကောင်ကို ကွာရှင်းစေဖို့အတွက် ဘုရားကျောင်း တစ်ခုမှာ ကွာရှင်းပွဲ ချက်ချင်းပဲ ပြုလုပ်စေခဲ့ပါတယ်။

ဪ ပြောမယုံ ကြုံမှသိတဲ့။ ဒီလို ထူးထူ းဆန်းဆန်း အဖြစ်တွေက အပြင်မှာလည်း တကယ်ရှိတယ်ဆိုတာ အခုတော့ လက်ခံလိုက်ပါပြီဗျာ။

Crd…

Zawgyi

ဖားႏွစ္ေကာင္ကို ေပးစားကာ မိုးေခၚခဲ့သည့္ ျပည္နယ္ ေရႀကီးခဲ့သျဖင့္ ထိုဖား ႏွစ္ေကာင္ကို ျပန္လည္ ကြာရွင္းေပးခဲ့ရတဲ့အျဖစ္

မိုး႐ြာသြန္းေစဖို႔ ဆုေတာင္းတဲ့အေနနဲ႔ ဖားႏွစ္ေကာင္ကို မဂၤလာပြဲ က်င္းပေပးခဲ့ပီး ႏွစ္လခန႔္အၾကာမွာ အိမ္ေျခ (9,000) ခန႔္ ေရနစ္ျမဳပ္သြားခဲ့ရလို႔ ျပန္ကြာရွင္း ေပးလိုက္ရတယ္ဆိုတဲ့ အျဖစ္ႀကီး အိႏၵိယႏိုင္ငံမွာ အမွန္တစ္ကယ္ ျဖစ္ေပၚ ခဲ့ရျပန္ပါတယ္။

ႏိုင္ငံတိုင္းမွာေတာ့ ကိုယ္ယုံၾကည္ရာ ကိုးကြယ္ရာ ဓေလ့ထုံးစံ ကိုယ္စီ ရွိၾကပါတယ္။ ထိုနည္းတူပဲ အိႏၵိယႏိုင္ငံက မိုးေခါင္ေရရွားတဲ့ ေဒသျဖစ္တဲ့ Bhopal မွာေတာ့

မိုးေခၚတဲ့အေနနဲ႔ မိုးနတ္မင္းႀကီးဆီ ဆုေတာင္းပသဖို႔ဆိုၿပီး ဖားစုံတြဲကို မဂ္လာေဆာင္ေပးရင္ မိုးလာေစတဲ့ အယူဓေလ့ေၾကာင့္ ဘုရားေက်ာင္းတခုမွာ မဂၤလာပြဲဆင္ႏႊဲေစခဲ့ပါတယ္။

ထို႔ေနာက္ Bhopal ေဒသမွာ မိုးလာေစဖို႔ ဖားႏွစ္ေကာင္ကို လက္ထပ္ပြဲက်င္းပေပးခဲ့ပီး ႏွစ္လအၾကာမွာေတာ့ အိႏၵိယႏိုင္ငံမွာ (13)ႏွစ္တာ ကာလအတြင္း

မ႐ြာစဖူး ႐ြာလိုက္တဲ့ မိုးသက္ ေလျပင္းႀကီးေၾကာင့္ အိမ္ေျခ (9,000) ေရနစ္ျမဳပ္ ပ်က္စီးခဲ့ရပီး ေရေဘးဒုကၡသည္ အမ်ားအျပားျဖစ္ ခဲ့ရတယ္လို႔ သိရွိရပါတယ္။

ထိုအျဖစ္ေၾကာင့္ Bhopal အစိုးရဟာ အလ်င္အျမန္ပဲ ၎တို႔ ေဒသခံ ေတြနဲ႔အတူ လက္ထပ္ပြဲ က်င္းပေပးခဲ့တဲ့ ဖားႏွစ္ေကာင္ကို ကြာရွင္းေစဖို႔အတြက္ ဘုရားေက်ာင္း တစ္ခုမွာ ကြာရွင္းပြဲ ခ်က္ခ်င္းပဲ ျပဳလုပ္ေစခဲ့ပါတယ္။

ဪ ေျပာမယုံ ႀကဳံမွသိတဲ့။ ဒီလို ထူးထူ းဆန္းဆန္း အျဖစ္ေတြက အျပင္မွာလည္း တကယ္ရွိတယ္ဆိုတာ အခုေတာ့ လက္ခံလိုက္ပါၿပီဗ်ာ။

Crd…