၁၃၂ တန်ထက်မနည်းတဲ့ ဧရာမကြီးကျောက်တုံးကြီးကို မည်သူမဆိုတွန်းလှန်နိုင်တာကြောင့် လူများစွာရဲ့ စိတ်ဝင်စားစရာဖြစ်လာခဲ့(ရုပ်သံ)

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Huelgoat သစ်တောရဲ့ ကျော်ကြားတဲ့ ဧရာမကျောက်တုံးကြီးဟာ အရှည် ၇ မီတာ ရှည်လျားပြီး၁၃၂ တန်ရှိတဲ့ကျောက်တုံးကြီးဖြစ်ပြီး

မည်သူမဆို မိမိလက်ဖြင့် တွန်းတင်နိုင်သရွေ့ တွန်းလှန်နိုင်မှာဖြစ်ပါတယ် ။ အဆိုပါ ကျောက်တုံးကြီးက အလွန်ကြီးမားပြီး လေးလံလွန်းသဖြင့် ဘယ်သူကမှ မရွေ့နိုင်ဘူးလို့ ထင်ကြပေမဲ့

အမှန်တကယ်မှာအဲ့ဒီကျောက်တုံးကြီးကို ပိန်သည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ဘယ်သူမဆို မှန်ကန်တဲ့နေရာကို တွန်းတင်လိုက်ရုံနဲ့ အပေါ်သို့ ဖြည်းညှင်းစွာ လှုပ်သွားနိုင်ပါတယ် ။

အဆိုပါ ကျောက်တုံးကို Logan stoneလို့လည်း လူသိများပြီး အဆိုပါကျောက်တုံးကြီးကြောင့် Huelgoat ကို လူများစွာ လာရောက်လည်ပတ်တဲ့ အဓိက အ ကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

သစ်တောကစိတ်ဝင်စားစရာကောင်းတဲ့ အထင်ကရနေရာများတည်ရှိရာနေရာဖြစ်သော်လည်းလူကြိုက်များမှုအရ Trembling Rock နဲ့ နှိုင်းယှဉ်စရာမရှိပါ ။

အလေးချိန် ၁၃၂ တန်ထက်မနည်း ရှိတဲ့ အဆိုပါကျောက်တုံးကြီးကို မည်သူမဆို တွန်းလှန်နိုင်တာဟာ တကယ်အံ့သြစရာကောင်းပါတယ် ။

Reference : odditycentral

Zawgyi






