ကရင္ျပည္နယ္ကေန လႊတ္တင္လိုက္တဲ့ မီးပုံးပ်ံ မိုင္ေပါင္းမ်ားစြာေဝးတဲ့ ဗီယက္နမ္ႏိုင္ငံသို႔ က်ဆင္း

သိပ်မကြာခင် (၂၀၂၂)မကူးခင် (၂၀၂၁)ခုနှစ် ဒီဇင်ဘာ (၃၁)ရက်နေ့ညက ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ခွဲ ကုန်းကလေးရွာမှာ နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်သစ်ကူးအမှတ်တရအနေနဲ့ မီးပုံပျံလွှတ်တင်ခဲ့ပါတယ်။

ကံအားလျော်စွာပဲ ထိုမီးပုံပျံဟာ ဗီယက်နမ်နိုင်ငံသို့ရောက်ရှိသွားခဲ့ပြီး ဒီသတင်းဟာ တခြားနိုင်ငံတွေမှာရော မြန်မာနိုင်ငံမှာပါ ဟိုးလေးတကျော်ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ကောက်ရသူတွေအနေနဲ့

ဒါဟာဘယ်နိုင်ငံကပါလဲလို့ မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ မီးပုံပျံအနေနဲ့လည်း ထူးထူးခြားခြားအထွေအထူး ပြုလုပ်ထားခြင်းမရှိပဲ သာမန် ပလပ်စတစ်အိတ်ဖြင့်သာ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

မီးပုံပျံထဲတွင် အမှတ်တရအနေနဲ့ မြန်မာငွေ တစ်သောင်းကျပ် နှင့်အတူ မီးပုံပျံ ပြုလုပ်သူတွေရဲ့နာမည်စာရင်းကိုလည်းထည့်ပေးခဲ့ပါသေးတယ်။ ထိုစာရင်းကို ဗီယက်နမ်နိုင်ငံရှိပြည်သူအချို့က social Media ပေါ်မှာ

တင်လာတာပဲဖြစ်ပါတယ်။ မီးပုံးပျံဟာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Citadel မြို့အရှေ့ပိုင်းက ဧရိယာ ၁၀မှာ ကျဆင်းခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်ကြောင့် လူတွေစုရုံးလာရောက်ကြည့်ရှုကြပြီး

ရဲတပ်ဖွဲ့ကလည်း လာရောက်စစ်ဆေးခဲ့တာကို လူမှုကွန်ယက်ပေါ်က ဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။ ဗီယက်နမ်နိုင်ငံရောက် မီးပုံပျံလေးကို ပရိတ်သတ်များအနေနဲ့ကြည့်ရှုလို့ရအောင်ဖော်ပြလိုက်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi

သိပ္မၾကာခင္ (၂၀၂၂)မကူးခင္ (၂၀၂၁)ခုႏွစ္ ဒီဇင္ဘာ (၃၁)ရက္ေန႔ညက ကရင္ျပည္နယ္ ပိုင္က်ဳံၿမိဳ႕နယ္ခြဲ ကုန္းကေလး႐ြာမွာ ႏွစ္သစ္ကူးပြဲေတာ္ က်င္းပျပဳလုပ္ခဲ့ၿပီး ႏွစ္သစ္ကူးအမွတ္တရအေနနဲ႔ မီးပုံပ်ံလႊတ္တင္ခဲ့ပါတယ္။

ကံအားေလ်ာ္စြာပဲ ထိုမီးပုံပ်ံဟာ ဗီယက္နမ္ႏိုင္ငံသို႔ေရာက္ရွိသြားခဲ့ၿပီး ဒီသတင္းဟာ တျခားႏိုင္ငံေတြမွာေရာ ျမန္မာႏိုင္ငံမွာပါ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံက ေကာက္ရသူေတြအေနနဲ႔

ဒါဟာဘယ္ႏိုင္ငံကပါလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။ မီးပုံပ်ံအေနနဲ႔လည္း ထူးထူးျခားျခားအေထြအထူး ျပဳလုပ္ထားျခင္းမရွိပဲ သာမန္ ပလပ္စတစ္အိတ္ျဖင့္သာ ျပဳလုပ္ထားတာပဲျဖစ္ပါတယ္။

မီးပုံပ်ံထဲတြင္ အမွတ္တရအေနနဲ႔ ျမန္မာေငြ တစ္ေသာင္းက်ပ္ ႏွင့္အတူ မီးပုံပ်ံ ျပဳလုပ္သူေတြရဲ႕နာမည္စာရင္းကိုလည္းထည့္ေပးခဲ့ပါေသးတယ္။ ထိုစာရင္းကို ဗီယက္နမ္ႏိုင္ငံရွိျပည္သူအခ်ိဳ႕က social Media ေပၚမွာ

တင္လာတာပဲျဖစ္ပါတယ္။ မီးပုံးပ်ံဟာ ဗီယက္နမ္ႏိုင္ငံေတာင္ပိုင္းရွိ တတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Citadel ၿမိဳ႕အေရွ႕ပိုင္းက ဧရိယာ ၁၀မွာ က်ဆင္းခဲ့တာျဖစ္ၿပီး အဲဒီအျဖစ္အပ်က္ေၾကာင့္ လူေတြစု႐ုံးလာေရာက္ၾကည့္ရႈၾကၿပီး

ရဲတပ္ဖြဲ႕ကလည္း လာေရာက္စစ္ေဆးခဲ့တာကို လူမႈကြန္ယက္ေပၚက ဗီဒီယိုေတြမွာ ေတြ႕ျမင္ရပါတယ္။ ဗီယက္နမ္ႏိုင္ငံေရာက္ မီးပုံပ်ံေလးကို ပရိတ္သတ္မ်ားအေနနဲ႔ၾကည့္ရႈလို႔ရေအာင္ေဖာ္ျပလိုက္ရပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္