သိန္းေထာင္ခ်ီ တန္ဖိုး ရွိတဲ့ ေရဆင္အေၾကာင္း သိေကာင္းစရာ (ေရဆင္ ရရင္ ထီေပါက္စရာ မလိုေတာ့ပါ)

သိန်းထောင်ချီ တန်ဖိုး ရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ (ရေဆင် ရရင် ထီပေါက်စရာ မလိုတော့ပါ)

ဆင်သမားတစ်ယောက် ဆင်စီးရင်း ချောင်းနိမ့်တစ်ခုကိုဖြတ်ရာတွင် ဒုက္ခနှင့် လှလှ တွေ့နေသည်။ ဆင်ကိုချွန်းနှင့်ဘယ်လို ဆွဆွ၊ ပါးစပ်မှအော်ပြီးဘယ်လို လှန့်လှန့် ဆင်က ချောင်းကိုမဖြတ်၊ ချောင်းစပ်တွင်သာရပ်၍ တဝူးဝူးအော်နေသည်။

ဘာကြောင့်ပါလိမ့်… မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်တောနယ်မြေတချို့တဝက်တွင် ဆင်သမားများ(ဆင်စခန်းတွင်အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ)အကြား အပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုးရှိပါတယ်။

ထိုသတ္တဝါဟာ ကြီးကြီးမားမားအကောင်မျိုးမဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင်ကောင်းပါသေးတယ်။ ဒါပေမဲ့လျှော့တွက်လို့မရပါ။ ပါးစပ်ရာဇဝင်တွေအရ ဒီအကောင်ကြောင့်လူသေမှုများရှိခဲ့တဲ့အပြင် ဆင်တစ်ကောင်လုံးကိုပါ တုန်းခနဲလဲသွားစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်တဲ့။

အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ဆင်တွေနဲ့ တထေရာတည်းတူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။

ဟုတ်ပါတယ်၊ သူတို့ကတော့အများက ရေဆင်လို့သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန်သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ရေဆင်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်သေတွေရဲ့ အချက်အလက်တွေကိုကြည့်ရအောင်…

၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ရေဆင်နှစ်ကောင်ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။ သံတွဲမြို့မှာနေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာပေါက်တောမြို့ ၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာပါတဲ့ ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှာ

ရေဆင်အမတစ်ကောင်၊တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဘက်မှာရေဆင်အထီးတစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းပါ။နောက်တစ်ခုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအနောက်ဘက် သစ်တောအတွင်း

ကျောက်ရေအိုင်တစ်ခုမှ ရေဆင်အရှင် တစ်ကောင်ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ခဲ့ပါသေးတယ်။ဒါ့အပြင် ရေဆင်ကိုမြင်တယ်၊ဖမ်းမိတယ်ဆိုတဲ့သတင်းတွေကလဲစိတ်ဝင်စားသူတွေရဲ့နားမှာ ကွက်စိပ်ကြားနေရပါတယ်။

ကျွန်တော် စာရေးသူကိုယ်တိုင် ရေဆင်ဖမ်းမိခဲ့တဲ့ အမည်မဖော်လိုသူတစ်ယောက်ဆီက မေးမြန်းရရှိတဲ့ အချက်အလက်တွေကို တင်ပြပါမယ်။သူဟာ မြန်မာပြည်အနှံ့ခရီးသွားလာတတ်သူဖြစ်ပြီး ဆင်စခန်းတချို့နှင့်လဲ အဆက်အသွယ်ရှိဖူးသူဖြစ်ပါတယ်၊

သူပြောပြတဲ့စကားအရ ကချင်ပြည်နယ်ဘက်မှာ ရေဆင်အထီးနှင့် အမအရှင်နှစ်ကောင်ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်နေတော့ သေသွားတယ်လို့ဆိုပါတယ်။

ရေဆင်အထီးမှာ မီးခြစ်ဆံချောင်းခန့်အစွယ်ရှိပြီး အထက်အောက်အံသွားပါပါတယ်။ ဆင်ထီးကဲ့သို့အင်္ဂါလဲ ပါတယ်လို့ဆိုပါတယ်။ ရေဆင်အမကတော့ အစွယ်မပါပေမဲ့ အထက်အောက် အံသွားတွေပါပါတယ်၊ အရောင်မွဲခြောက်ခြောက်ရှိပြီး ဆင်မအင်္ဂါပါတယ်လို့ ဆိုပါတယ်။

တစ်ခုရှိတာက ရေဆင်ရဲ့ခြေထောက်တွေက ဆင်ခြေထောက်နဲ့မတူပဲ ခြေချောင်းငယ်လေးတွေပါပြီး ကြွက်ခြေထောက်နဲ့တူပါတယ်။ ရေဆင်ကိုဖမ်းတဲ့အခါ ငှက်ပျောတုန်းကိုဆင်ချီးသုတ်ပြီး ရေဆင်ရှိမယ်ထင်တဲ့နေရာမှာချလိုက်ရင်

ရေဆင်က အစွယ်နဲ့ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ဆိုပါတယ်၊ ရေဆင်တွေဆင်ကိုဘယ်လောက်မုန်းလဲဆိုတာသိသာပါတယ်။ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ရေဆင်အသေခြောက်ကို ဆင်တွေ နားယူသွားတဲ့အခါ ဆင်ဟာ နောက်ကိုတအားဆုတ်ပါတော့တယ်၊

ဆင်တွေက ရေဆင်ကိုတအားကြောက်ပါတယ် တချို့ဆင်ဦးစီးတွေဆို ရေဆင်အစွယ်ကိုဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကိုကြောက်ကြပါတယ် ခိုင်းသမျှလုပ်ပေးတတ်ပါတယ်။

ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်းခေါင်းဆောင်တချို့ဟာ ရေဆင်စွယ်ကို အန္တရာယ်ကင်းအဆောင်အဖြစ် ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။

ဟုတ်ပါပြီ၊ ဒါကတော့ရေဆင်အကြောင်း အပေါ်ယံအမြင်တွေပါ အခုရေဆင်ကို ရှုထောင့်တစ်ခုကနေ ကြည့်ရအောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်ရောက်ပြီးသားဆင်ဆိုတာ တွေးကြည့်ရင်တော်တော် အံ့သြဖို့ကောင်းပါတယ်

ဒါ့အပြင်ရေမှာပါနေတယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်း နေပြီပေါ့။ အခုကျွန်တော်တို့ ဒဏ္ဍာရီတွေခဏမေ့ထားပြီး ရိုးရိုးလေးစဉ်းစားကြည့်ရအောင်…ရေဆင်ကိုပုံသဏ္ဍာန်အရ ကြည့်မယ်ဆို

အမွှေးတွေပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာကြောင့် သွေးနွေးသတ္တဝါ၊ နို့တိုက်သတ္တဝါ အဖြစ်သတ်မှတ်လို့ရပါတယ်။ အုပ်စုဖွဲ့နေတတ်တဲ့အကျင့်ရှိပါတယ်။ ရေညှိရေမှော်တွေစားပါတယ်။

Charle Darwin ရဲ့ ဆင့်ကဲပြောင်းလဲမှုသီအိုရီကိုထောက်ပြီးပြောပါမယ်။ ရေမှာအကြာကြီးနေနိုင်တဲ့ကြွက်တွေကိုမြင်ဖူးကြပါသလား။ တချို့ကြွက်မျိုးစိတ်တွေဟာ ရေမှာအကြာကြီး ငုပ်နိုင်ကြပါတယ် အရမ်းအေးတဲ့ဒေသတွေက

ခဲနေတဲ့ရေခဲကန် မျက်နှာပြင်တွေအောက်က ရေခဲရေတွေထဲမှာ အကြာကြီး ငုပ်လျှိုးသွားလာနိုင်တဲ့ကြွက်မျိုးစိတ်တွေတောင် ရှိပါသေးတယ်။ဒီကြွက်တွေက ရေကန်တွေ၊ အိုင်တွေနားမှာ နေကြပြီး ရေကန်ထဲက

ပိုးမွှားလေးတွေ၊ပုစဉ်းသားလောင်းတွေ၊ အပင်တွေ နဲ့ ငါးသေးသေးလေးတွေကို ဖမ်းဆီးစားသောက်ကြပါတယ်။ သူတို့အတွက်အစာအရင်းအမြစ်ဟာ ကုန်းမှာထက်ရေမှာ ပိုများနေတာကြောင့်တစ်ကြောင်း၊ သူတို့ကို အန္တရာယ်ပြုမယ့် သတ္တဝါတွေဟာ ရေထဲမှာအလွန်နည်းတာကြောင့် တစ်ကြောင်းကြောင့်

ကုန်းကနေ ရေကိုတဖြည်းဖြည်းပြောင်းလာကြပါတယ်။ဒီလိုနဲ့ အလေ့အကျင့်တွေ၊ စားသောက်နေထိုင်မှုစရိုက်တွေ တဖြည်းဖြည်းလိုက်ပြောင်းလာပြီး ရေမှာနေနိုင်တဲ့ မျိူးစိတ်အဖြစ်ဆင့်ကဲပြောင်းလဲလာကြပါတယ်။ ကြွက်ကနေ ရေဆင်ပုံကို

ဘယ်လိုဆင့်ကဲပြောင်းလဲမလဲ ကြွက်ဟာ ရေမှာအနေများတဲ့အခါ ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏအသက်ရှူရပါတယ်၊ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်ပြေပြေ အသက်ရှူနိုင်ဖို့၊ ရေမျက်နှာပြင်အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး

ဆင်နှာမောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်းလဲလာတာဖြစ်ပါလိမ့်မယ်၊ဒါ့အပြင် နှာမောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ရေညှိရေမှော်ပင်တွေကို လွယ်ကူစွာ နှုတ်ယူစားသောက်နိုင်ဖို့ နဲ့ အခြားသောရည်ရွယ်ချက်တွေ ရှိပါလိမ့်ဦးမယ်။

ကမ်းပါးနံရံမှာ တွင်းတွေတူးဖို့၊ ရေညှိရေမှော်တွေထိုးကော် စားဖို့ ကုန်းပေါ်မှာထက်ရေမှာက သွား၊အစွယ်ကိုအသုံးချရမှု များတာကြောင့် အစွယ်ဟာသာမာန်ထက်ရှည်ထွက်လာမယ်။

ဒါ့အပြင် ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့အစွယ်တွေ ရှိထားရပါလိမ့်မယ်၊ အမတွေကတော့ မျိုးပွားဖို့ကိုပိုအားစိုက် ရတဲ့အတွက် တိုက်ဖို့ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။

ကြီးမားကျယ်ပြန့်တဲ့ နားရွက်တွေက ရေကူးဖို့လွယ်အောင် ဆင့်ကဲပြောင်းလဲလာမယ်၊ ခြေချောင်းလေးတွေကြား အဆက်ကလေးတွေဖြစ်လာပြီး ရေကူးဖို့အသုံးဝင်လာမယ်။ အတွင်းပိုင်းက အဆုတ်ရဲ့ လေဝင်နိုင်စွမ်းကောင်းလာမယ်။

တခြားပြောင်းလဲမှုတွေလဲရှိမယ်။ ဒါက ကြွက်တစ်ကောင် ရေဆင်ပုံစံဘယ်လိုပြောင်းလာ နိုင်သလဲဆိုတဲ့ ဖြစ်နိုင်ချေတွေပေါ့။ဒါကတော့ ရေဆင်အပေါ်ကျွန်တော့်အမြင်သက်သက်ပါ ဒဏ္ဍာရီတွေ ဘာတွေညာတွေ မပါပဲနဲ့ပေါ့။

ဘာကြောင့်ရေဆင်တွေက ဆင်တွေကိုရန်လိုလဲ၊ ဆင်တွေကရေဆင်တွေကို ဘာလို့ကြောက်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ရေဆင်စွယ်က အဆိပ်အကြောင်းကတော့ ဆက်စဉ်းစားဖို့ ပြသနာတွေပေါ့ဗျာ။

ကဲပါ အခုဖော်ပြခဲ့တာတွေကတော့ ရေဆင် အကြောင်းကို ထုံးစံအတိုင်း ယူဆချက်လေးတွေ၊ ဖြစ်နိုင်ချေလေးတွေညှပ်ပြီးဖော်ပြ ခဲ့တာပါ ကျေးဇူးတင်ပါတယ်။

phoe kyal

Zawgyi

သိန္းေထာင္ခ်ီ တန္ဖိုး ရွိတဲ့ ေရဆင္အေၾကာင္း သိေကာင္းစရာ (ေရဆင္ ရရင္ ထီေပါက္စရာ မလိုေတာ့ပါ)

ဆင္သမားတစ္​ေယာက္ ဆင္စီးရင္း ​ေခ်ာင္းနိမ့္တစ္ခုကိုျဖတ္ရာတြင္ ဒုကၡႏွင့္ လွလွ ​ေတြ႕​ေနသည္။ ဆင္ကိုခြၽန္းႏွင့္ဘယ္လို ဆြဆြ၊ ပါးစပ္မွ​ေအာ္ၿပီးဘယ္လို လွန္႔လွန္႔ ဆင္က ​ေခ်ာင္းကိုမျဖတ္၊ ​ေခ်ာင္းစပ္တြင္သာရပ္၍ တဝူးဝူး​ေအာ္​ေနသည္။

ဘာ​ေၾကာင့္ပါလိမ့္… ျမန္မာႏိုင္ငံ အထက္ပိုင္း ကခ်င္ျပည္နယ္တဝိုက္ႏွင့္ ထိုင္းႏိုင္ငံအတြင္း သစ္​ေတာနယ္​ေျမတခ်ိဳ႕တဝက္တြင္ ဆင္သမားမ်ား(ဆင္စခန္းတြင္အလုပ္လုပ္ကိုင္သူမ်ား၊ ဆင္ဦးစီးမ်ား)အၾကား အ​ေျပာမ်ားတဲ့ ဒ႑ာရီဆန္ဆန္ သတၱဝါတစ္​မ်ိဳးရွိပါတယ္။

ထိုသတၱဝါဟာ ႀကီးႀကီးမားမားအ​ေကာင္မ်ိဳးမဟုတ္တဲ့အျပင္ အသြင္သ႑ာန္မွာ ခ်စ္စရာပင္​ေကာင္း​ပါေသးတယ္။ ဒါ​ေပမဲ့ေလွ်ာ့တြက္လို႔မရပါ။ ပါးစပ္ရာဇဝင္​ေတြအရ ဒီအ​ေကာင္​ေၾကာင့္လူ​ေသမႈမ်ားရွိခဲ့တဲ့အျပင္ ဆင္တစ္​ေကာင္လုံးကိုပါ တုန္းခနဲလဲသြား​ေစႏိုင္​ေလာက္​ေအာင္ အဆိပ္ျပင္းပါတယ္တဲ့။

အထူးဆန္းဆုံးအခ်က္က သူတို႔ဟာ ကုန္းသတၱဝါ​ေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ဆင္​ေတြနဲ႔ တေထရာတည္းတူၿပီး လက္တဆုပ္သာသာအ႐ြယ္အစားပဲ ရွိပါတယ္။

ဟုတ္ပါတယ္၊ သူတို႔က​ေတာ့အမ်ားက ​ေရဆင္လို႔သိၾကတဲ့ ခ်စ္စရာ ဒ႑ာရီဆန္ဆန္သတၱဝါ​ေလး​ေတြပဲ ျဖစ္ပါတယ္။ ​ေရဆင္ကို ကိုယ္တိုင္​ေတြ႕ျမင္ခဲ့ရတယ္ဆိုတဲ့ မ်က္ျမင္သက္​ေသ​ေတြရဲ႕ အခ်က္အလက္​ေတြကိုၾကည့္ရ​ေအာင္…

၁၉၇၀၊ ၾသဂုတ္လ ၁၃ ရက္၊ လုပ္သားျပည္သူ႔​ေန႔စဥ္ သတင္းစာမွာ ​ေရဆင္ႏွစ္​ေကာင္ဖမ္းမိတဲ့ သတင္း ပါလာခဲ့ပါတယ္။ သံတြဲၿမိဳ႕မွာ​ေနတဲ့ တိကုဆရာဝန္ ဦးဘၿမိဳင္ဟာ​ေပါက္​ေတာၿမိဳ႕ ၊ ဘ႐ြန္ဂါကြၽန္းအုပ္စုထဲမွာပါတဲ့ ဆံ​ေတာ္ရွင္ကြၽန္း​ေတာင္ဘက္ကမ္းမွာ

​ေရဆင္အမတစ္​ေကာင္၊​ေတာင္ကုတ္ၿမိဳ႕၊ မဒင္ကြၽန္း၊ င​ေဆာက္​ေက်း႐ြာ အ​ေနာက္ဘက္မွာ​ေရဆင္အထီးတစ္​ေကာင္ ဖမ္းမိခဲ့တယ္ဆိုတဲ့သတင္းပါ။ေနာက္တစ္ခုက ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္တာရာကိုယ္တိုင္ ပ်ဥ္းမနား​၊ ေတာင္တြင္းႀကီးနယ္၊ ပဲခူး႐ိုးမအ​ေနာက္ဘက္ သစ္​ေတာအတြင္း

​ေက်ာက္​ေရအိုင္တစ္ခုမွ ​ေရဆင္အရွင္ တစ္​ေကာင္ဖမ္းမိခဲ့တယ္ဆိုတဲ့ သတင္းလဲ ထြက္ခဲ့ပါ​ေသးတယ္။ဒါ့အျပင္ ​ေရဆင္ကိုျမင္တယ္၊ဖမ္းမိတယ္ဆိုတဲ့သတင္း​ေတြကလဲစိတ္ဝင္စားသူ​ေတြရဲ႕နားမွာ ကြက္စိပ္ၾကား​ေနရပါတယ္။

ကြၽန္​ေတာ္ စာ​ေရးသူကိုယ္တိုင္ ​ေရဆင္ဖမ္းမိခဲ့တဲ့ အမည္မ​ေဖာ္လိုသူတစ္​ေယာက္ဆီက ​ေမးျမန္းရရွိတဲ့ အခ်က္အလက္​ေတြကို တင္ျပပါမယ္။သူဟာ ျမန္မာျပည္အႏွံ႔ခရီးသြားလာတတ္သူျဖစ္ၿပီး ဆင္စခန္းတခ်ိဳ႕ႏွင့္လဲ အဆက္အသြယ္ရွိဖူးသူျဖစ္ပါတယ္၊

သူ​ေျပာျပတဲ့စကားအရ ကခ်င္ျပည္နယ္ဘက္မွာ ​ေရဆင္အထီးႏွင့္ အမအရွင္ႏွစ္​ေကာင္ဖမ္းမိခဲ့ၿပီး၊ ကန္ထဲထည့္ထားရာက ႏွစ္ရက္၊ သုံးရက္​ေန​ေတာ့ ​ေသသြားတယ္လို႔ဆိုပါတယ္။

​ေရဆင္အထီးမွာ မီးျခစ္ဆံ​ေခ်ာင္းခန္႔အစြယ္ရွိၿပီး အထက္​ေအာက္အံသြားပါပါတယ္။ ဆင္ထီးကဲ့သို႔အဂၤါလဲ ပါတယ္လို႔ဆိုပါတယ္။ ​ေရဆင္အမက​ေတာ့ အစြယ္မပါ​ေပမဲ့ အထက္​ေအာက္ အံသြား​ေတြပါပါတယ္၊ အ​ေရာင္မြဲ​ေျခာက္​ေျခာက္ရွိၿပီး ဆင္မအဂၤါပါတယ္လို႔ ဆိုပါတယ္။

တစ္ခုရွိတာက ​ေရဆင္ရဲ႕​ေျခ​ေထာက္​ေတြက ဆင္​ေျခ​ေထာက္နဲ႔မတူပဲ ​ေျခ​ေခ်ာင္းငယ္​ေလး​ေတြပါၿပီး ႂကြက္​ေျခ​ေထာက္နဲ႔တူပါတယ္။ ​ေရဆင္ကိုဖမ္းတဲ့အခါ ငွက္​ေပ်ာတုန္းကိုဆင္ခ်ီးသုတ္ၿပီး ​ေရဆင္ရွိမယ္ထင္တဲ့​ေနရာမွာခ်လိုက္ရင္

​ေရဆင္က အစြယ္နဲ႔​ေျပးထိုးၿပီးငွက္ေပ်ာတုံးမွာ စိုက္ပါလာတယ္လို႔ဆိုပါတယ္၊ ​ေရဆင္​ေတြဆင္ကိုဘယ္​ေလာက္မုန္းလဲဆိုတာသိသာပါတယ္။ဒါ့အျပင္ အဲ့ဒီလူရဲ႕စမ္းသပ္ျပခ်က္အရ ​ေရဆင္အ​ေသ​ေျခာက္ကို ဆင္​ေတြ နားယူသြားတဲ့အခါ ဆင္ဟာ ​ေနာက္ကိုတအားဆုတ္ပါ​ေတာ့တယ္၊

ဆင္​ေတြက ​ေရဆင္ကိုတအား​ေၾကာက္ပါတယ္ တခ်ိဳ႕ဆင္ဦးစီး​ေတြဆို ​ေရဆင္အစြယ္ကိုဆြဲႀကိဳးလုပ္ၿပီး ဝတ္ထားရင္ ဘယ္ဆင္မဆို အဲ့ဆင္ဦးစီးကို​ေၾကာက္ၾကပါတယ္ ခိုင္းသမွ်လုပ္​ေပးတတ္ပါတယ္။

​ေရဆင္အစြယ္ဟာ တန္ဖိုးအရမ္းႀကီးၿပီး ထိုင္းက လူဆိုးဂိုဏ္း​ေခါင္း​ေဆာင္တခ်ိဳ႕ဟာ ​ေရဆင္စြယ္ကို အႏၲရာယ္ကင္းအ​ေဆာင္အျဖစ္​ ေဆာင္ထားတတ္ၾကတယ္လို႔ သိရပါတယ္။

ဟုတ္ပါၿပီ၊ ဒါက​ေတာ့​ေရဆင္အ​ေၾကာင္း အ​ေပၚယံအျမင္​ေတြပါ အခု​​ေရဆင္ကို ရႈ​ေထာင့္တစ္ခုက​ေန​ ၾကည့္ရ​ေအာင္ လက္တစ္ဆုပ္သာသာရွိတဲ့ အ႐ြယ္​ေရာက္ၿပီးသားဆင္ဆိုတာ ​ေတြးၾကည့္ရင္​ေတာ္​ေတာ္ အံ့ၾသဖို႔​ေကာင္းပါတယ္

ဒါ့အျပင္​ေရမွာပါ​ေနတယ္ဆို​ေတာ့ ပိုၿပီးစိတ္ဝင္စားဖို႔​ေကာင္း ​ေနၿပီ​ေပါ့။ အခုကြၽန္​ေတာ္တို႔ ဒ႑ာရီ​ေတြခဏ​ေမ့ထားၿပီး ႐ိုး႐ိုး​ေလးစဥ္းစားၾကည့္ရ​ေအာင္…​ေရဆင္ကိုပုံသ႑ာန္အရ ၾကည့္မယ္ဆို

အ​ေမႊး​ေတြပါဝင္ၿပီး ႂကြက္လို၊ ဆင္လို ပုံရွိတာ​ေၾကာင့္ ​​ေသြး​ေႏြးသတၱဝါ၊ ႏို႔တိုက္သတၱဝါ အျဖစ္သတ္မွတ္လို႔ရပါတယ္။ အုပ္စုဖြဲ႕​ေနတတ္တဲ့အက်င့္ရွိပါတယ္။ ​ ေရညႇိ​ေရ​ေမွာ္​ေတြစားပါတယ္။

Charle Darwin ရဲ႕ ဆင့္ကဲ​ေျပာင္းလဲမႈသီအိုရီကို​ေထာက္ၿပီး​ေျပာပါမယ္။ ​ေရမွာအၾကာႀကီးေနႏိုင္တဲ့ႂကြက္​ေတြကိုျမင္ဖူးၾကပါသလား။ တခ်ိဳ႕ႂကြက္မ်ိဳးစိတ္​ေတြဟာ ​ေရမွာအၾကာႀကီး ငုပ္​ႏိုင္ၾကပါတယ္ အရမ္း​ေအးတဲ့​ေဒသ​ေတြက

ခဲ​ေနတဲ့​ေရခဲကန္ မ်က္ႏွာျပင္​ေတြ​ေအာက္က ​ေရခဲ​ေရ​ေတြထဲမွာ အၾကာႀကီး ငုပ္လွ်ိဳးသြားလာႏိုင္တဲ့ႂကြက္မ်ိဳးစိတ္​ေတြ​ေတာင္ ရွိပါ​ေသးတယ္။ဒီႂကြက္​ေတြက ​ေရကန္​ေတြ၊ အိုင္​ေတြနားမွာ ​ေနၾကၿပီး ေရကန္ထဲက

ပိုးမႊား​ေလး​ေတြ၊ပုစဥ္းသား​ေလာင္း​ေတြ၊ အပင္​ေတြ နဲ႔ ငါး​ေသး​ေသး​ေလး​ေတြကို ဖမ္းဆီးစား​ေသာက္ၾကပါတယ္။ သူတို႔အတြက္အစာအရင္းအျမစ္ဟာ ကုန္းမွာထက္​ေရမွာ ပိုမ်ား​ေနတာ​ေၾကာင့္တစ္​ေၾကာင္း၊ သူတို႔ကို အႏၲရာယ္ျပဳမယ့္ သတၱဝါ​ေတြဟာ ​ေရထဲမွာအလြန္နည္းတာ​ေၾကာင့္ တစ္​ေၾကာင္း​ေၾကာင့္

ကုန္းက​ေန ​ေရကိုတျဖည္းျဖည္း​ေျပာင္းလာၾကပါတယ္။ဒီလိုနဲ႔ အ​ေလ့အက်င့္​ေတြ၊ စား​ေသာက္​ေနထိုင္မႈစ႐ိုက္​ေတြ တျဖည္းျဖည္းလိုက္​ေျပာင္းလာၿပီး ​ေရမွာ​ေနႏိုင္တဲ့ မ်ိဴးစိတ္အျဖစ္ဆင့္ကဲ​ေျပာင္းလဲလာၾကပါတယ္။ ႂကြက္က​ေန​ ေရဆင္ပုံကို

ဘယ္လိုဆင့္ကဲ​ေျပာင္းလဲမလဲ ႂကြက္ဟာ ​ေရမွာအ​ေနမ်ားတဲ့အခါ ​ေရမ်က္ႏွာျပင္ကိုတက္ၿပီး ခဏခဏအသက္ရႉရပါတယ္၊ဒီအတြက္ သူတို႔ႏွာတံဟာ ပိုၿပီးအဆင္​ေျပ​​ေျပ အသက္ရႉႏိုင္ဖို႔၊ ​ေရမ်က္ႏွာျပင္အထက္ထိ မတက္ပဲ အသက္ရႉႏိုင္ဖို႔အတြက္ ရွည္ထြက္လာၿပီး

ဆင္ႏွာ​ေမာင္းတစ္ခုအသြင္ ဆင့္ကဲ ေျပာင္းလဲလာတာျဖစ္ပါလိမ့္မယ္၊ဒါ့အျပင္ ႏွာ​ေမာင္းထြက္ရျခင္းရည္႐ြယ္ခ်က္မွာ ​ေရညႇိ​ေရ​ေမွာ္ပင္​ေတြကို လြယ္ကူစြာ ႏႈတ္ယူစား​ေသာက္ႏိုင္ဖို႔ နဲ႔ အျခား​ေသာရည္႐ြယ္ခ်က္​ေတြ ရွိပါလိမ့္ဦးမယ္။

ကမ္းပါးနံရံမွာ တြင္း​ေတြတူးဖို႔၊ ​ေရညႇိ​ေရ​ေမွာ္​ေတြထိုး​ေကာ္ စားဖို႔ ကုန္း​ေပၚမွာထက္​ေရမွာက သြား၊အစြယ္ကိုအသုံးခ်ရမႈ မ်ားတာ​ေၾကာင့္ အစြယ္ဟာသာမာန္ထက္ရွည္ထြက္လာမယ္။

ဒါ့အျပင္ ျပင္ပအႏၲရာယ္​ေတြကို ကာကြယ္ဖို႔အစြယ္​ေတြ ရွိထားရပါလိမ့္မယ္၊ ​အမ​ေတြက​ေတာ့ မ်ိဳးပြားဖို႔ကိုပိုအားစိုက္ ရတဲ့အတြက္ တိုက္ဖို႔ခိုက္ဖို႔၊ အစာရွာဖို႔ဆိုတာသူတို႔အဖို႔ ပဓါနမဟုတ္တာ​ေၾကာင့္ အစြယ္မရွိတာျဖစ္ပါလိမ့္မယ္။

ႀကီးမားက်ယ္ျပန္႔တဲ့ နား႐ြက္​ေတြက ​ေရကူးဖို႔လြယ္​ေအာင္ ဆင့္ကဲ​ေျပာင္းလဲလာမယ္၊ ​ေျခ​ေခ်ာင္း​ေလး​ေတြၾကား အဆက္က​ေလး​ေတြျဖစ္လာၿပီး ​ေရကူးဖို႔အသုံးဝင္လာမယ္။ အတြင္းပိုင္းက အဆုတ္ရဲ႕ ​ေလဝင္ႏိုင္စြမ္း​ေကာင္းလာမယ္။

တျခား​ေျပာင္းလဲမႈ​ေတြလဲရွိမယ္။ ဒါက ႂကြက္တစ္​ေကာင္ ​ေရဆင္ပုံစံဘယ္လို​ေျပာင္းလာ ႏိုင္သလဲဆိုတဲ့ ျဖစ္ႏိုင္​ေခ်​ေတြ​ေပါ့။ဒါက​ေတာ့ ​ေရဆင္အ​ေပၚကြၽန္​ေတာ့္အျမင္သက္သက္ပါ ဒ႑ာရီ​ေတြ ဘာ​ေတြညာ​ေတြ မပါပဲနဲ႔​ေပါ့။

ဘာ​ေၾကာင့္​ေရဆင္​ေတြက ဆင္​ေတြကိုရန္လိုလဲ၊ ဆင္​ေတြက​ေရဆင္​ေတြကို ဘာလို႔​ေၾကာက္လဲ ဆိုတဲ့ ​ေမးခြန္း​ေတြနဲ႔​ေရဆင္စြယ္က အဆိပ္​အ​ေၾကာင္းက​ေတာ့ ဆက္စဥ္းစားဖို႔ ျပသနာ​ေတြ​ေပါ့ဗ်ာ။

ကဲပါ အခု​ေဖာ္ျပခဲ့တာ​ေတြက​ေတာ့ ​ေရဆင္ အ​ေၾကာင္းကို ထုံးစံအတိုင္း ယူဆခ်က္​ေလး​ေတြ၊ ျဖစ္ႏိုင္​ေခ်​ေလး​ေတြညႇပ္ၿပီး​ေဖာ္ျပ ခဲ့တာပါ ​ေက်းဇူးတင္ပါတယ္။

phoe kyal