
ရန်ကုန်မြို့ကြီးတွင်တည်ရှိသော နှစ်ပေါင်း(၈၀၀)ကျော်သက်တမ်းရှိ သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်ကြီး

ရန်ကုန်မြို့ကြီးမှာတည်ရှိပြီး လူသိပ်မသိသေးတဲ့နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဒီတစ်ခါတော့ မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့

တစ်နေရာမှာ တည်ထားကိုးကွယ်ခဲ့တဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ ရှေးဟောင်းရေဆန်ကျွန်းနက် ဆင်းတုတော်ကြီးတစ်ဆူအကြောင်းကို

ကပ်သုံးပါးကာလမှာ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးရပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သွားရောက်ဖူးမျှော် နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀) ကျော်လောက်ကတည်းကဧရာဝတီမြစ်ကြီးထဲက ဆယ်ယူပြီးဗုဒ္ဓဆင်းတုတော်ကြီးအဖြစ် ထုလုပ်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ သိဒ္ဓိအောင်ဆုတောင်းပြည့်မြတ်စွာဘုရားကြီးဟာ အလွန်ရှားပါးအဖိုးထိုက်တန်တဲ့ရေဆန်ကျွန်းနက်နဲ့ ထုလုပ်ပူဇော်ထားတာမို့ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားနဲ့

ပြည့်စုံစေမယ့်အပြင် ပီယ လာဘသိဒ္ဓိအစွမ်းတွေကိုပါ ပြီးမြောက်အောင်မြင်စေမှာပဲ ဖြစ်ပါတယ်။

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးရဲ့တည်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာနားကယောက်ကော်အဖေကြီးတည်ထားကိုးကွယ်ခဲ့တဲ့ဇေယျမုနိဘုရားကြီးဝန်းထဲမှာ ကိန်းဝပ်စံပယ်လျှက် ရှိပါတယ်။

မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်။

ညီသုတ (ဧည့်လမ်းညွှန်) ရည်ညွှန်းကိုးကားမူရင်းစာရေးသူ သို့ Credit..

Zawgyi









