ထူးဆန္းတဲ့ အစြမ္းသတၱိေတြရွိတဲ့ သိဒၶိဝင္​ “ဂ်ိဳးအျမဳ​ေတ” အ​ေၾကာင္းနဲ႔ စမ္းသပ္နည္း

“ဂျိုးအမြုတေ” ဆိုသည်မှာ ဂျိုးငှက်၏ ဥပင်ဖြစ်၏။ သို့ရာတွင် အခြားဥများနှင့် မတူ၊ သာမန်ဥများသည် ဥပြောက်များဖြစ်ပြီး အမြုတေဥသည် အဖြူ ဗြောင်ဖြစ်၏။

အမြုတေ ထွန်းနိုင်သော ဂျိုးငှက်သည် အခြားဂျိုးငှက် များနဲ့ မတူသော သဘာဝရှိပြီး အသိုက်ပြုလုပ်ရာတွင်လည်း၊ အခြားဂျိုးငှက်များကဲ့သို့ အပင်များ၊ အကိုင်းများ

အထက်ဝယ် အသိုက်ပြုလုပ်၍မရှိဘဲ သစ်ခေါင်းများ၊ ခြုံပုတ်များအတွင်း၌သာ အသိုက်ပြုလုပ် နေထိုင်ကြလေသည်။

ဂျိုးအမြုတေသည် အထူးသဖြင့် ကာယသိဒ္ဓိ ပြီးစီးစေသည်။ မီးကွင်း လေသည်။ ဂျိုးအမြုတေသည် ခွဲ၍မရ၊ အလွန်မာကျော၏။

အမြုတေဥထွန်းထားသော ခြုံပုတ်ထဲရှိ ဂျိုးငှက်၏ အသိုက်သည် တောမီးလောင်သော်လည်း ယင်းအမြုတေရှိသော ဂျိုးငှက်၏ အသိုက်ခြုံပုတ် အနီး ဆယ်ပေခန့် အထိ မီးများမရောက်နိုင်ဘဲ

မီးကွင်းနေတာကို တွေ့ရှိခဲ့ကြသော ကိုယ်တိုင်တွေ့ ဖြစ်ရပ်များလည်း ရှိခဲ့ပေသည်။ ထိုကြောင့် ဂျိုးအမြုတေသည် မီးဖြင့် ပြုလုပ်ထားသော ဒါး၊ လှံ၊ သနတ်၊ ကျည်

စသည်ပစ္စည်းများ၏ အစွမ်းသတ္တိအား ပယ်ဖျက်စေနိုင်သော အစွမ်းရှိသည့်အတွက် ဂျိုးအမြုတေဆောင်သူသည် ကာယသိဒ္ဓိပြီးစီးသည်ဟု ဆိုနိုင်ပေသည်။

ဂျိုးအမြုတေစစ် ၊ မစစ်စမ်းသပ်နည်း အချို့နည်းများသည် ဂျိုးအမြုတေအား လက်သမားသုံးကိုက်တံဖြင့် ညှပ်၍ ဆယ်ပေါင်တူဖြင့် ထုခြင်း…စ သော နည်းမျိုးစုံဖြင့်

စမ်းသပ်ကြသည်။ အောက်ပါနည်းမှာ အလွန်လွယ်ကူ၏။ ကြွေပန်းကန်လုံး တစ်လုံးအတွင်း ရေအနည်းငယ်ထည့်၍ ဂျိုးအမြုတေ ဥ၏ အပြင်နံရံနှင့် ကြွေပန်းကန်၏

အတွင်းနံရံတို့ ပွတ်တိုက်ပေးပါက နို့နှစ်ကဲ့သို့ အဖြူရည်များ ကြွေပန်းကန်၏ အောက်ခြေသို့ စီးကျလာမည်၊ ထိုသို့ စီးကြလျှင် အမြုတေဥ စစ်၏။

အဆိုပါ အဖြူနှစ်အရည်များကို ရေနှင်ဖျော်၍ မျက်စိနာခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်ကြောကိုက်ခြင်း၊ မျက်စိတိမ်ကွယ်ခြင်း များကို နေ့စဉ် နှစ် ကြိမ်မျှ

မျက်စဉ်းခတ်ပေးခြင်းဖြင့် လျှင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။ ဂျိုးအမြုတေသည် ကျည်မထွက်၊ ကာယပြီး၊ လာဘ်ရွှင်စီးပွား တက်စေသောကြောင့် သိဒ္ဓိ ဝင် အဆောင် ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါသည်။ Credit

Zawgyi

“ဂ်ိဳးအျမဳ​ေတ” ဆိုသည္​မွာ ဂ်ိဳးငွက္​၏ ဥပင္​ျဖစ္​၏။ သို႔ရာတြင္ ​အျခားဥမ်ားႏွင့္ မတူ၊ သာမန္​ဥမ်ားသည္ ​ဥ​ေျပာက္​မ်ားျဖစ္​ၿပီး အျမဳ​ေတဥသည္​ အျဖဴ ​ေျဗာင္​ျဖစ္​၏။

အျမဳ​ေတ ထြန္းႏိုင္​​ေသာ ဂ်ိဳးငွက္​သည္​ အျခားဂ်ိဳးငွက္​ မ်ားနဲ႔ မတူ​ေသာ သဘာဝရွိၿပီး အသိုက္​ျပဳလုပ္​ရာတြင္​လည္း၊ အျခားဂ်ိဳးငွက္​မ်ားကဲ့သို႔ အပင္​မ်ား၊ အကိုင္​းမ်ား

အထက္​ဝယ္​ အသိုက္​ျပဳလုပ္​၍မရွိဘဲ သစ္​​ေခါင္းမ်ား၊ ၿခဳံပုတ္​မ်ားအတြင္း၌သာ အသိုက္​ျပဳလုပ္​ ​ေနထိုင္​ၾက​ေလသည္​။

ဂ်ိဳးအျမဳေတသည္ အထူးသျဖင့္ ကာယသိဒၶိ ၿပီးစီးေစသည္။ မီးကြင္း ​ေလသည္​။ ဂ်ိဳးအျမဳ​ေတသည္​ ခြဲ၍မရ၊ အလြန္​မာ​ေက်ာ၏။

အျမဳ​ေတဥထြန္းထား​ေသာ ၿခဳံပုတ္​ထဲရွိ ဂ်ိဳးငွက္​၏ အသိုက္​သည္​ ​ေတာမီး​ေလာင္​​ေသာ္​လည္း ယင္းအျမဳ​ေတရွိ​ေသာ ဂ်ိဳးငွက္​၏ အသိုက္​ၿခဳံပုတ္​ အနီး ဆယ္​​ေပခန္႔ အထိ မီးမ်ားမ​ေရာက္​ႏိုင္​ဘဲ

မီးကြင္​း​ေနတာကို ​ေတြ႕ရွိခဲ့ၾက​ေသာ ကိုယ္​တိုင္​​ေတြ႕ ျဖစ္​ရပ္​မ်ားလည္း ရွိခဲ့​ေပသည္​။ ထို​ေၾကာင့္ ဂ်ိဳးအျမဳ​ေတသည္​ မီးျဖင့္ ျပဳလုပ္​ထား​ေသာ ဒါး၊ လွံ၊ သနတ္၊ က်ည္

စသည္​ပစၥည္းမ်ား၏ အစြမ္းသတၱိအား ပယ္​ဖ်က္​​ေစႏိုင္​​ေသာ အစြမ္းရွိသည့္အတြက္ ဂ်ိဳးအျမဳေတေဆာင္သူသည္ ကာယသိဒၶိၿပီးစီးသည္ဟု ဆိုႏိုင္ေပသည္။

ဂ်ိဳးအျမဳ​ေတစစ္​ ၊ မစစ္​စမ္းသပ္နည္း အခ်ိဳ႕နည္းမ်ားသည္​ ဂ်ိဳးအျမဳ​ေတအား လက္​သမားသုံးကိုက္​တံျဖင့္ ညႇပ္​၍ ဆယ္​​ေပါင္​တူျဖင့္ ထုျခင္း…စ ​ေသာ နည္းမ်ိဳးစုံျဖင့္

စမ္းသပ္​ၾကသည္​။ ​ေအာက္​ပါနည္းမွာ အလြန္​လြယ္​ကူ၏။ ေႂကြပန္းကန္​လုံး တစ္​လုံးအတြင္း ​ေရအနည္းငယ္​ထည့္၍ ဂ်ိဳးအျမဳ​ေတ ဥ၏ အျပင္​နံရံႏွင့္ ​ေႂကြပန္းကန္​၏

အတြင္းနံရံတို႔ ပြတ္​တိုက္​​ေပးပါက ႏို႔ႏွစ္​ကဲ့သို႔ အျဖဴရည္​မ်ား ​ေႂကြပန္းကန္​၏ ​ေအာက္​​ေျခသို႔ စီးက်လာမည္​၊ ထိုသို႔ စီးၾကလွ်င္​ အျမဳ​ေတဥ စစ္​၏။

အဆိုပါ အျဖဴႏွစ္​အရည္​မ်ားကို ​ေရႏွင္​​ေဖ်ာ္​၍ မ်က္​စိနာျခင္း၊ မ်က္​စိ​ေအာင့္ျခင္း၊ မ်က္​စိမႈန္​ျခင္း၊ မ်က္​​ေၾကာကိုက္​ျခင္း၊ မ်က္​စိတိမ္​ကြယ္​ျခင္း မ်ားကို ​ေန႔စဥ္​ ႏွစ္​ ႀကိမ္​မွ်

မ်က္​စဥ္းခတ္​​ေပးျခင္းျဖင့္ လွ်င္​ျမန္​စြာ ​ေပ်ာက္​ကင္း​ေစႏိုင္​သည္​။ ဂ်ိဳးအျမဳ​ေတသည္​ က်ည္​မထြက္​၊ ကာယၿပီး၊ လာဘ္​႐ႊင္​စီးပြား တက္​​ေစ​ေသာ​ေၾကာင့္ သိဒၶိ ဝင္​ အ​ေဆာင္​ ျဖစ္​​ေၾကာင္း ​ေဖာ္​ျပ​ေပးလိုက္​ရပါသည္​။ Credit