ကျွန်းနက်ဆိုတာ ကျွန်းပင်အနက်မဟုတ်ပါ။ အရင်က ကျွန်းနက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ရေးတင်ခဲ့ဖူးပါတယ်။ ဗဟုသုတဆိုလို့ ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ မထင်ပါနဲ့။ ကိုယ်လေ့လာသိရှိထားသလောက်တွေ မျှဝေခဲ့တာပါ။
အဲ့တုန်းကလဲ ရေးဖူးတယ်၊ ကျွန်းနက်ဆိုတာ ရေအောက်မြေအောက်မှာ နှစ်ပေါင်းများစွာ အကြာကြီး နစ်မြုပ်နေတဲ့ ကျွန်းပင်ကျွန်းတုံးတွေကနေ ဓါတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီး အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပေသည်။
နှစ်အနည်းငယ်နဲ့တော့ ပြောင်းလဲခြင်း မဖြစ်ပေ။ ထန်းပင်များ မြေအောက်ရေအောက်မှာ နစ်မြုပ်ပြီး ထန်းကျောက်သားဖြစ်သွားသလိုမျိုးဖြစ်သည်။ ကျွန်းနက်ကလည်း နစ်မြုပ်မှု ကြာလာသည်နှင့်အမျှ ကျောက်အဖြစ်သို့ ပြောင်းလဲလာပေသည်။ ကျွန်းနက်အဖြစ် ဓါတ်ပြောင်းလဲလာပါက ပြာရွှေရောင်ဖြစ်ခြင်း၊ ပြာသည်သံလိုက်ခြင်းစတဲ့ အစွမ်းသတ္တိတွေလဲ ပြောင်းလဲရရှိလာပါတယ်။
တစ်ခုထူးခြားသည်က ပျဉ်းကတိုးနက်၊ ပိတောက်နက် တို့သည် ပြာရွှေရောင်ဖြစ်သော်လည်း ကျွန်းနက်ကဲ့သို့ ပြာသည် သံမလိုက်ပေ။ ဒါသည် ကျွန်းနက်ရဲ့ ထူးခြားသော ဂမ္ဘီရအစွမ်း သတ္တိဖြစ်ပေသည်။
ရုက္ခဗေဒပညာရပ်အရ ကျွန်းမျိုးစိတ်များစွာရှိပေမယ့် ကျွန်းနက်ဆိုသည်မှာတော့ မပါဝင်ပေ။ တစ်ချို့က ကျွန်းနက်ဆိုတာ ကျွန်းပင်အနက်၊ အပွင့်က ဘယ်လိုအရောင်ဆိုပြီး ပေါက်ကရတွေ ရေးနေကြတာမြင်ရလို့ ရှင်းပြခြင်းဖြစ်ပါသည်။
သူတို့ပြောသလို ရှိရင်လဲရှိပေမည်၊ သို့ရာတွင် ဓါတ်ကြီးလေးပါးပြောင်းလဲမှုကြောင့် အသွင်ပြောင်း ဖြစ်ပေါ်လာသော သိဒ္ဓိဝင်ကျွန်းနက်လောက်တော့ ဂုဏ်သတ္တိရှိမည်မထင်ပေ။ရေအာက်မြေအောက်တွင် ရှာဖွေသော်လည်း နေရာတိုင်းမရတတ်ပေ။ နတ်ဖွက်ထားသော သစ်မျိုးဆိုလဲမမှားပေ။
ပေါပါတယ်ကွာ၊ ရောင်းမယ်ဆိုတဲ့သူတွေလဲများ ပေမယ့် ယနေ့အချိန်ထိ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းနှင့် ထိုက်တန်မှုမရှိခြင်းတို့ကြောင့် သစ်မှငွေအဖြစ် မပြောင်းလဲနိုင်ကြတာလဲ အများအပြားရှိကြပေသည်။
တစ်ချို့ကလဲ ရှာတော့တွေ့ပါတယ်၊ ကျောက်ဖြစ် သွားတဲ့အဆင့်မို့ ဘာမှလုပ်မရတာတွေလဲ ရှိပါတယ်။ တစ်ချို့ကျတော့လဲ ရလာတုန်းကတော့ ကောင်းနေပြီး အသုံးပြုဖို့ စီစဉ်တော့မှ အထဲမှာ မွပြီးဆွေးနေတာ မျိုးတွေလဲရှိကြပါတယ်။ (ကိုယ်တိုင်အဓိဋ္ဌာန်တစ်ခု မှားပြီး ကြီးကြီးမားမားဆုံးရှုံးဖူးပါတယ်)
ကျွန်းနက်သည် ကျွန်းပင်အနက်မဟုတ်ပေ။ ကျွန်းနက်သားဖြစ်စေ၊ ကျွန်းနက်ပုတီးဖြစ်စေ မသင်္ကာပါက မီးရှို့၍ စမ်းသပ်နိုင်ပါတယ်။ မီးရှို့လိုက်ပါက ကျွန်းနက်အစစ်ရဲ့ ပြာအရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့် အရောင်လိုမျိုးရရှိပါတယ်။ ပြာက ဝါဖန့်ဖန့်ရွေအိုရောင်ဖြစ်တိုင်းလဲ မစစ်သေးပါဘူး။
ထိုပြာတွေဟာ သံလိုက်တုံးကို ပြေးပြီးကပ်နေမှ အရည်သွေးကောင်းမွန်သော ကျွန်းနက်သားစစ်စစ် ဖြစ်ပါတယ်။ အဂ္ဂိရတ်သမားများကတော့ ထိုသို့သောအသားမျိုးကို အင်မတန်နှစ်သက်ကြပါတယ်။ သံလုံးအသန့်ရရှိစေရန် ကျွန်းနက်မှုန့်ဖြင့် ဖိုထိုးကြသောကြောင့်ဖြစ်ပါတယ်။
တချို့ ပြာကတော့ဝါပါရဲ့ သံလိုက်တုံးကိုတော့ ပြေးကပ်တာမျိုးမရှိတာတို့၊ ကပ်ချင်သလိုမကပ်ချင်သလို သံဓါတ်နဲတာတို့လဲ တွေ့ဖူးပါတယ်။ ကျွန်းနက်လို့ ပြောလို့ရပေမယ့် ထင်သလောက် သိဒ္ဓိမရှိပါဘူး။
ကျွန်းနက်နှင့် အရောင်အဆင်းတူသော်လည်း ပြာရွှေရောင်မဖြစ်သော၊ သံလိုက်မဆွဲသောအသားများ ကတော့ သစ်ကနက်၊ ယင်းတိုက် နှင့် တည် (တယ်) အသားတို့ဖြစ်ပါတယ်။ ဂမ္ဘီရဓါတ်သဘောကိုနားမလည်သော စီးပွားရေးသမားများ ကြိုက်ကြတဲ့အသားတွေဖြစ်ပါတယ်။
(၁၀၈) လုံးပုတီး တစ်ကုံးမှာ ရောထည့်ထားလျှင် မည်သူမှ သိမည်မဟုတ်ပေ။ ထို့ကြောင့် ဈေးကြီးပေးဝယ်ရပြီး အမှန်တကယ် ဓါတ်သဘောအတိအကျမှန်ကန်စေရန် “ကြိုက်တဲ့အလုံးခွဲစမ်းနိုင်သည်” ဟု အာမခံပေးသော နေရာမျိုးတွင်သာ ဝယ်ယူသင့်သလို ကိုယ်တိုင်လဲ စမ်းစစ်ကြည့်သင့်ပေသည်။
ကျွန်းနက်ဟာများသောအားဖြင့် ရေအောက်ထဲက ရတတ်တဲ့ ကျွန်းပင်တစ်မျိုးပါ။ ရေထဲနှစ်ကာလကြာ နစ်မြုပ်နေရင် သဘာဝအလျောက် ဓာတ်ပြောင်းပြီး မည်းနက်သွားခြင်းပဲဖြစ်ပါတယ်။ အလွန်ရှားပြီး သိဒ္ဓိရှိပါတယ်။
ကျွန်းနက် ၂၇ ငွေနဝင်း အသားဖြစ်တဲ့အတွက် ပုတီးစီရင်ပြီး ထိုပုတီးဖြင့် ဂုဏ်တော် ၉ ပါးနေ့တိုင်းစိပ်ပါက လာဘ်ရွှင်စေပါတယ် လိုအပ်သောအခါ ပုတီးစောင့်နတ်က အိမ်မက်ပေးတယ်လို့လည်း ပြောကြပါတယ်
ကျွန်းနက်အသားကို ဆောင်ထားရုံဖြင့် ပယောဂအတိုက်ကင်းစေတယ် သရဲမခြောက်စေ မကပ်စေပါဖူး (သရဲတစ္ဆေကြောက်တတ်သူများ အထူးဆောင် သင့်ပါတယ်) အိမ်မက်ဆိုးတွေ မမက်စေပါဘူး။
အလွန်ရှားပါးပြီး သိဒ္ဓိဝင်အသားတစ်မျိုး ဖြစ်တာကြောင့် လောကီသားများ အကြိုက်လည်းဖြစ်ပါတယ်။ အိမ်တွင်ဘုရားထုလုပ်ပူဇော် လိုရာဆုတောင်းပြည့်စေသည့်အတွက်
တချို့ဆို ၅ လက်မပတ်လည် ၁ တုံးကို ၄ သိန်းခွဲလောက်နဲ့ဝယ်ပြီး ဘုရားထုကြတာလည်း မြင်တွေ့ဖူးပါတယ်။ (သစ်ကနက်သားထက် ၁၀ ဆရှားပါတယ်)
ဘုရားထုမည်ဆို အိမ်စီးပွားတိုးဖို့ ဇဗ္ဗူ ပတိ မဟာမုနိ ကုမဏ္ဍီရုံးခန်း ဈေးဆိုင်များတွင် ပူဇော်ကိုးကွယ်မည်ဆိုပါက လာဘမုနိ ရှင်သီဝလိ ရှင်ဥပဂုတ် တို့ထုလုပ်ပူဇော်ကြပါတယ်။
မိတ်ဆွေတယောက် မှာယူပူဇော် ထုလုပ်တဲ့ ရှင်ဥပဂုတ်ဟာဆိုရင် ဆိုင်ရှေ့အရောင်တင်နေတုန်းတွင်ပင် ဈေးဝယ်သူများတဖွဲဖွဲကျလာ ထူးထူးခြားခြားမြင်တွေ့ရပါတယ်။
နောက်ပြီး ဝိဇ္ဇာဓာတ်နှင့် နဂါးသိုက်တို့နဲ့ဆက်စပ်ပြီး ပြဌာန်းဆက်ရှိသူများသာ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ အတက်ရောဂါ ရှိသူများကတော့ မီးရှို့ပြီးအငွေ့ကိုရှုစေခြင်းဖြင့် အတက်ရောဂါ
သက်သာစေပါတယ်။ ဆေးအဖြစ်ကတော့ ကျွန်းနက်ပြာကို ပျားရည်နှင့်ရောကာ တစ်နေ့တစ်ဇွန်းစားပေးပါက လေငန်းရောဂါသွေးတိုးရောဂါတို့ပါ သက်သာစေတဲ့အပြင် အသက်ရှည်စေပါတယ်။
ဝိဇ္ဇာလမ်း ထွက်ရပ်လမ်းကိုလိုက်သူများ အဂ္ဂိရတ်ထိုးရာတွင် သံဓာတ်လုံးထိုးရန် သံအနှစ်သားကျွန်းနက်မှ ထုတ်ယူကြပါတယ်။ စာချိုးအရပြောရမယ်ဆိုရင်တော့ “လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်က ကြားသလေလေ”
ဆိုသောသီချင်းမှာ ကျွန်းနက်ကို ဆိုလိုကြောင်း မှတ်သားဖူးပါတယ်။ အထက်ကောင်းကင်အထိပင် လက်ခမောင်းခတ်လောက်အောင် သိဒ္ဓိဝင်စေသောသံမှာ ကျွန်းနက်သံဖြစ်သည်ဟုလည်း ဆိုကြပါတယ်။
ကျွန်းနက်ရဲ့ ကောင်းကျိုးတွေကတော့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်ပါတယ်။ လောကီအစီအရင်နဲ့ အဓိဋ္ဌာန် လောကမှာ အလွန်အသုံးဝင်တဲ့ တန်ဖိုးကြီဂ ရှားပါး ဂမ္ဘီရပစ္စည်းတမျိုး ဖြစ်ကြောင်း ပြောလိုပါတယ်။
ဇော်မြတ်မင်း (မြစကြာကျောင်းသား)
Zawgyi
ကၽြန္းနက္ဆိုတာ ကၽြန္းပင္အနက္မဟုတ္ပါ။ အရင္က ကၽြန္းနက္နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြကို ေရးတင္ခဲ့ဖူးပါတယ္။ ဗဟုသုတဆိုလို့ ႀကီးႀကီးက်ယ္က်ယ္ေျပာတယ္လို့ မထင္ပါနဲ႔။ ကိုယ္ေလ့လာသိရွိထားသေလာက္ေတြ မၽွေဝခဲ့တာပါ။
အဲ့တုန္းကလဲ ေရးဖူးတယ္၊ ကၽြန္းနက္ဆိုတာ ေရေအာက္ေျမေအာက္မွာ ႏွစ္ေပါင္းမ်ားစြာ အၾကာႀကီး နစ္ျမဳပ္ေနတဲ့ ကၽြန္းပင္ကၽြန္းတုံးေတြကေန ဓါတ္ေျပာင္းလဲမွုျဖစ္ေပၚၿပီး အနက္ေရာင္အျဖစ္သို့ ေျပာင္းလဲသြားျခင္းျဖစ္ေပသည္။
ႏွစ္အနည္းငယ္နဲ႔ေတာ့ ေျပာင္းလဲျခင္း မျဖစ္ေပ။ ထန္းပင္မ်ား ေျမေအာက္ေရေအာက္မွာ နစ္ျမဳပ္ၿပီး ထန္းေက်ာက္သားျဖစ္သြားသလိုမ်ိဳးျဖစ္သည္။ ကၽြန္းနက္ကလည္း နစ္ျမဳပ္မွု ၾကာလာသည္ႏွင့္အမၽွ ေက်ာက္အျဖစ္သို့ ေျပာင္းလဲလာေပသည္။ ကၽြန္းနက္အျဖစ္ ဓါတ္ေျပာင္းလဲလာပါက ျပာေရႊေရာင္ျဖစ္ျခင္း၊ ျပာသည္သံလိုက္ျခင္းစတဲ့ အစြမ္းသတၱိေတြလဲ ေျပာင္းလဲရရွိလာပါတယ္။
တစ္ခုထူးျခားသည္က ပ်ဥ္းကတိုးနက္၊ ပိေတာက္နက္ တို့သည္ ျပာေရႊေရာင္ျဖစ္ေသာ္လည္း ကၽြန္းနက္ကဲ့သို့ ျပာသည္ သံမလိုက္ေပ။ ဒါသည္ ကၽြန္းနက္ရဲ့ ထူးျခားေသာ ဂမၻီရအစြမ္း သတၱိျဖစ္ေပသည္။
႐ုကၡေဗဒပညာရပ္အရ ကၽြန္းမ်ိဳးစိတ္မ်ားစြာရွိေပမယ့္ ကၽြန္းနက္ဆိုသည္မွာေတာ့ မပါဝင္ေပ။ တစ္ခ်ိဳ့က ကၽြန္းနက္ဆိုတာ ကၽြန္းပင္အနက္၊ အပြင့္က ဘယ္လိုအေရာင္ဆိုၿပီး ေပါက္ကရေတြ ေရးေနၾကတာျမင္ရလို့ ရွင္းျပျခင္းျဖစ္ပါသည္။
သူတို့ေျပာသလို ရွိရင္လဲရွိေပမည္၊ သို့ရာတြင္ ဓါတ္ႀကီးေလးပါးေျပာင္းလဲမွုေၾကာင့္ အသြင္ေျပာင္း ျဖစ္ေပၚလာေသာ သိဒၶိဝင္ကၽြန္းနက္ေလာက္ေတာ့ ဂုဏ္သတၱိရွိမည္မထင္ေပ။ေရအာက္ေျမေအာက္တြင္ ရွာေဖြေသာ္လည္း ေနရာတိုင္းမရတတ္ေပ။ နတ္ဖြက္ထားေသာ သစ္မ်ိဳးဆိုလဲမမွားေပ။
ေပါပါတယ္ကြာ၊ ေရာင္းမယ္ဆိုတဲ့သူေတြလဲမ်ား ေပမယ့္ ယေန႔အခ်ိန္ထိ သယ္ယူပို့ေဆာင္မွု ခက္ခဲျခင္းႏွင့္ ထိုက္တန္မွုမရွိျခင္းတို့ေၾကာင့္ သစ္မွေငြအျဖစ္ မေျပာင္းလဲနိုင္ၾကတာလဲ အမ်ားအျပားရွိၾကေပသည္။
တစ္ခ်ိဳ့ကလဲ ရွာေတာ့ေတြ႕ပါတယ္၊ ေက်ာက္ျဖစ္ သြားတဲ့အဆင့္မို့ ဘာမွလုပ္မရတာေတြလဲ ရွိပါတယ္။ တစ္ခ်ိဳ့က်ေတာ့လဲ ရလာတုန္းကေတာ့ ေကာင္းေနၿပီး အသုံးျပဳဖို့ စီစဥ္ေတာ့မွ အထဲမွာ မြၿပီးေဆြးေနတာ မ်ိဳးေတြလဲရွိၾကပါတယ္။ (ကိုယ္တိုင္အဓိ႒ာန္တစ္ခု မွားၿပီး ႀကီးႀကီးမားမားဆုံးရွုံးဖူးပါတယ္)
ကၽြန္းနက္သည္ ကၽြန္းပင္အနက္မဟုတ္ေပ။ ကၽြန္းနက္သားျဖစ္ေစ၊ ကၽြန္းနက္ပုတီးျဖစ္ေစ မသကၤာပါက မီးရွို့၍ စမ္းသပ္နိုင္ပါတယ္။ မီးရွို့လိုက္ပါက ကၽြန္းနက္အစစ္ရဲ့ ျပာအေရာင္ဟာ ေရႊအိုေရာင္လိုလို ဝါဖန္႔ဖန္႔ အေရာင္လိုမ်ိဳးရရွိပါတယ္။ ျပာက ဝါဖန္႔ဖန္႔ေရြအိုေရာင္ျဖစ္တိုင္းလဲ မစစ္ေသးပါဘူး။
ထိုျပာေတြဟာ သံလိုက္တုံးကို ေျပးၿပီးကပ္ေနမွ အရည္ေသြးေကာင္းမြန္ေသာ ကၽြန္းနက္သားစစ္စစ္ ျဖစ္ပါတယ္။ အဂၢိရတ္သမားမ်ားကေတာ့ ထိုသို့ေသာအသားမ်ိဳးကို အင္မတန္ႏွစ္သက္ၾကပါတယ္။ သံလုံးအသန္႔ရရွိေစရန္ ကၽြန္းနက္မွုန္႔ျဖင့္ ဖိုထိုးၾကေသာေၾကာင့္ျဖစ္ပါတယ္။
တခ်ိဳ့ ျပာကေတာ့ဝါပါရဲ့ သံလိုက္တုံးကိုေတာ့ ေျပးကပ္တာမ်ိဳးမရွိတာတို့၊ ကပ္ခ်င္သလိုမကပ္ခ်င္သလို သံဓါတ္နဲတာတို့လဲ ေတြ႕ဖူးပါတယ္။ ကၽြန္းနက္လို့ ေျပာလို့ရေပမယ့္ ထင္သေလာက္ သိဒၶိမရွိပါဘူး။
ကၽြန္းနက္ႏွင့္ အေရာင္အဆင္းတူေသာ္လည္း ျပာေရႊေရာင္မျဖစ္ေသာ၊ သံလိုက္မဆြဲေသာအသားမ်ား ကေတာ့ သစ္ကနက္၊ ယင္းတိုက္ ႏွင့္ တည္ (တယ္) အသားတို့ျဖစ္ပါတယ္။ ဂမၻီရဓါတ္သေဘာကိုနားမလည္ေသာ စီးပြားေရးသမားမ်ား ႀကိဳက္ၾကတဲ့အသားေတြျဖစ္ပါတယ္။
(၁၀၈) လုံးပုတီး တစ္ကုံးမွာ ေရာထည့္ထားလၽွင္ မည္သူမွ သိမည္မဟုတ္ေပ။ ထို့ေၾကာင့္ ေစ်းႀကီးေပးဝယ္ရၿပီး အမွန္တကယ္ ဓါတ္သေဘာအတိအက်မွန္ကန္ေစရန္ “ႀကိဳက္တဲ့အလုံးခြဲစမ္းနိုင္သည္” ဟု အာမခံေပးေသာ ေနရာမ်ိဳးတြင္သာ ဝယ္ယူသင့္သလို ကိုယ္တိုင္လဲ စမ္းစစ္ၾကည့္သင့္ေပသည္။
ကၽြန္းနက္ဟာမ်ားေသာအားျဖင့္ ေရေအာက္ထဲက ရတတ္တဲ့ ကၽြန္းပင္တစ္မ်ိဳးပါ။ ေရထဲႏွစ္ကာလၾကာ နစ္ျမဳပ္ေနရင္ သဘာဝအေလ်ာက္ ဓာတ္ေျပာင္းၿပီး မည္းနက္သြားျခင္းပဲျဖစ္ပါတယ္။ အလြန္ရွားၿပီး သိဒၶိရွိပါတယ္။
ကၽြန္းနက္ ၂၇ ေငြနဝင္း အသားျဖစ္တဲ့အတြက္ ပုတီးစီရင္ၿပီး ထိုပုတီးျဖင့္ ဂုဏ္ေတာ္ ၉ ပါးေန႔တိုင္းစိပ္ပါက လာဘ္ရႊင္ေစပါတယ္ လိုအပ္ေသာအခါ ပုတီးေစာင့္နတ္က အိမ္မက္ေပးတယ္လို့လည္း ေျပာၾကပါတယ္
ကၽြန္းနက္အသားကို ေဆာင္ထား႐ုံျဖင့္ ပေယာဂအတိုက္ကင္းေစတယ္ သရဲမေျခာက္ေစ မကပ္ေစပါဖူး (သရဲတေစၧေၾကာက္တတ္သူမ်ား အထူးေဆာင္ သင့္ပါတယ္) အိမ္မက္ဆိုးေတြ မမက္ေစပါဘူး။
အလြန္ရွားပါးၿပီး သိဒၶိဝင္အသားတစ္မ်ိဳး ျဖစ္တာေၾကာင့္ ေလာကီသားမ်ား အႀကိဳက္လည္းျဖစ္ပါတယ္။ အိမ္တြင္ဘုရားထုလုပ္ပူေဇာ္ လိုရာဆုေတာင္းျပည့္ေစသည့္အတြက္
တခ်ိဳ့ဆို ၅ လက္မပတ္လည္ ၁ တုံးကို ၄ သိန္းခြဲေလာက္နဲ႔ဝယ္ၿပီး ဘုရားထုၾကတာလည္း ျမင္ေတြ႕ဖူးပါတယ္။ (သစ္ကနက္သားထက္ ၁၀ ဆရွားပါတယ္)
ဘုရားထုမည္ဆို အိမ္စီးပြားတိုးဖို့ ဇဗၺဴ ပတိ မဟာမုနိ ကုမ႑ီ႐ုံးခန္း ေစ်းဆိုင္မ်ားတြင္ ပူေဇာ္ကိုးကြယ္မည္ဆိုပါက လာဘမုနိ ရွင္သီဝလိ ရွင္ဥပဂုတ္ တို့ထုလုပ္ပူေဇာ္ၾကပါတယ္။
မိတ္ေဆြတေယာက္ မွာယူပူေဇာ္ ထုလုပ္တဲ့ ရွင္ဥပဂုတ္ဟာဆိုရင္ ဆိုင္ေရွ႕အေရာင္တင္ေနတုန္းတြင္ပင္ ေစ်းဝယ္သူမ်ားတဖြဲဖြဲက်လာ ထူးထူးျခားျခားျမင္ေတြ႕ရပါတယ္။
ေနာက္ၿပီး ဝိဇၨာဓာတ္ႏွင့္ နဂါးသိုက္တို့နဲ႔ဆက္စပ္ၿပီး ျပဌာန္းဆက္ရွိသူမ်ားသာ ပိုင္ဆိုင္ခြင့္ရွိပါတယ္။ အတက္ေရာဂါ ရွိသူမ်ားကေတာ့ မီးရွို့ၿပီးအေငြ႕ကိုရွုေစျခင္းျဖင့္ အတက္ေရာဂါ
သက္သာေစပါတယ္။ ေဆးအျဖစ္ကေတာ့ ကၽြန္းနက္ျပာကို ပ်ားရည္ႏွင့္ေရာကာ တစ္ေန႔တစ္ဇြန္းစားေပးပါက ေလငန္းေရာဂါေသြးတိုးေရာဂါတို့ပါ သက္သာေစတဲ့အျပင္ အသက္ရွည္ေစပါတယ္။
ဝိဇၨာလမ္း ထြက္ရပ္လမ္းကိုလိုက္သူမ်ား အဂၢိရတ္ထိုးရာတြင္ သံဓာတ္လုံးထိုးရန္ သံအႏွစ္သားကၽြန္းနက္မွ ထုတ္ယူၾကပါတယ္။ စာခ်ိဳးအရေျပာရမယ္ဆိုရင္ေတာ့ “လက္ခတ္သံကၽြန္းဖိုသား ေသာင္းတိုင္က ၾကားသေလေလ”
ဆိုေသာသီခ်င္းမွာ ကၽြန္းနက္ကို ဆိုလိုေၾကာင္း မွတ္သားဖူးပါတယ္။ အထက္ေကာင္းကင္အထိပင္ လက္ခေမာင္းခတ္ေလာက္ေအာင္ သိဒၶိ၀င္ေစေသာသံမွာ ကၽြန္းနက္သံျဖစ္သည္ဟုလည္း ဆိုၾကပါတယ္။
ကၽြန္းနက္ရဲ့ ေကာင္းက်ိဳးေတြကေတာ့ ရွာေဖြေလ ေတြ႕ရွိေလ ျဖစ္ပါတယ္။ ေလာကီအစီအရင္နဲ႔ အဓိ႒ာန္ ေလာကမွာ အလြန္အသုံးဝင္တဲ့ တန္ဖိုးႀကီဂ ရွားပါး ဂမၻီရပစၥည္းတမ်ိဳး ျဖစ္ေၾကာင္း ေျပာလိုပါတယ္။
ေဇာ္ျမတ္မင္း (ျမစၾကာေက်ာင္းသား)