၁၉ လမ္းထိပ္မွာ တေနကုန္ ထိုင္ေရာင္းလို႔ ေဈးဦးမေပါက္ဘဲ ျဖစ္ေနတဲ့ အဘြားရဲ႕ မ်ိဳးေစ့ဆိုင္ေလး

၁၉ လမ်းထိပ်မှာ တနေကုန် ထိုင်ရောင်းလို့ ဈေးဦးမပေါက်ဘဲ ဖြစ်နေတဲ့ အဘွားရဲ့ မျိုးစေ့ဆိုင်လေး

အဖွား ရောင်းရရဲ့လား လို့ မေးကြည့်တော့..” သားရေ မရောင်းရတာကြာလှပေါ့။ မင်းအရှေ့မှာ မြင်တဲ့အတိုင်းပဲ မျိုးစေ့အထုတ်တွေက ပုံနေတာသာကြည့်ပါ။ ဒီအချိန်မှာ ဒီလိုပဲ ဝမ်းရေးက မလွယ်ဘူး သားရေ” လို့ ပြောပြပါတယ်။

သီးပင်စားပင် စိုက်ရတာ ဝါသနာပါသူတွေအနေနဲ့ အဖွားဆိုင်လေးက မျိုးစေ့လေးတွေ လမ်းကြုံရင် ဝယ်ယူအားပေးကြပါလို့ လမ်းညွှန် ချင်ပါတယ်။

လီလီ ပန်းပင် မျိုးဥ တွေလည်း ရပါတယ်။ တစ်ဥ ကို ၅၀၀ ကျပ်ပါ။ သီးပင် စားပင် မျိုးစေ့ထုတ်လေးတွေကတော့ ၂၀၀ ကျပ် အထုတ်လေးတွေကနေ ၁၀၀၀ ကျပ်အထိ အစားစားရှိကြောင်းသိရပါတယ်။

ယခုလိုကာလမျိုးမှာ ဆိုင်ကြီးတွေတောင် ငုတ်တုပ်ထိုင်နေရတဲ့ အချိန်မှာ လမ်းဘေးဈေးသည်တွေအနေနဲ့ စားဖို့ သောက်ဖို့တောင် အနိုင်နိုင် ဖြစ်အောင် ရောင်းချနေရပါတယ်။

သက်ကြီးရွယ်အိုတွေ အနေနဲ့ လမ်းဘေးမှာ ဈေးရောင်းရတာ ရာသီဥတုရော၊ တခြား အခက်အခဲတွေနဲ့ရော အများကြီး ကြုံတွေ့ရပါတယ်။

အဲဒါကြောင့် သက်ကြီးရွယ်အို အဘိုးအဘွားတွေ ဈေးရောင်းနေတာ တွေ့ရင် ၅၀၀၊ ၁၀၀၀ ကိုယ်နိုင်သလောက်လေး ဝယ်ယူ အားပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်ဗျာ။

Zawgyi

၁၉ လမ္းထိပ္မွာ တေနကုန္ ထိုင္ေရာင္းလို႔ ေဈးဦးမေပါက္ဘဲ ျဖစ္ေနတဲ့ အဘြားရဲ႕ မ်ိဳးေစ့ဆိုင္ေလး

အဖြား ေရာင္းရရဲ႕လား လို႔ ေမးၾကည့္ေတာ့..” သားေရ မေရာင္းရတာၾကာလွေပါ့။ မင္းအေရွ႕မွာ ျမင္တဲ့အတိုင္းပဲ မ်ိဳးေစ့အထုတ္ေတြက ပုံေနတာသာၾကည့္ပါ။ ဒီအခ်ိန္မွာ ဒီလိုပဲ ဝမ္းေရးက မလြယ္ဘူး သားေရ” လို႔ ေျပာျပပါတယ္။

သီးပင္စားပင္ စိုက္ရတာ ဝါသနာပါသူေတြအေနနဲ႔ အဖြားဆိုင္ေလးက မ်ိဳးေစ့ေလးေတြ လမ္းႀကဳံရင္ ဝယ္ယူအားေပးၾကပါလို႔ လမ္းၫႊန္ ခ်င္ပါတယ္။

လီလီ ပန္းပင္ မ်ိဳးဥ ေတြလည္း ရပါတယ္။ တစ္ဥ ကို ၅၀၀ က်ပ္ပါ။ သီးပင္ စားပင္ မ်ိဳးေစ့ထုတ္ေလးေတြကေတာ့ ၂၀၀ က်ပ္ အထုတ္ေလးေတြကေန ၁၀၀၀ က်ပ္အထိ အစားစားရွိေၾကာင္းသိရပါတယ္။

ယခုလိုကာလမ်ိဳးမွာ ဆိုင္ႀကီးေတြေတာင္ ငုတ္တုပ္ထိုင္ေနရတဲ့ အခ်ိန္မွာ လမ္းေဘးေဈးသည္ေတြအေနနဲ႔ စားဖို႔ ေသာက္ဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္ေအာင္ ေရာင္းခ်ေနရပါတယ္။

သက္ႀကီး႐ြယ္အိုေတြ အေနနဲ႔ လမ္းေဘးမွာ ေဈးေရာင္းရတာ ရာသီဥတုေရာ၊ တျခား အခက္အခဲေတြနဲ႔ေရာ အမ်ားႀကီး ႀကဳံေတြ႕ရပါတယ္။

အဲဒါေၾကာင့္ သက္ႀကီး႐ြယ္အို အဘိုးအဘြားေတြ ေဈးေရာင္းေနတာ ေတြ႕ရင္ ၅၀၀၊ ၁၀၀၀ ကိုယ္ႏိုင္သေလာက္ေလး ဝယ္ယူ အားေပးၾကပါလို႔ ဒီေနရာကေန တိုက္တြန္းလိုက္ရပါတယ္ဗ်ာ။