သံစားေက်ာက္ ဆိုၿပီး စမ္းျပေနတဲ့ လူလိမ္ေတြရဲ့ ဂ်င္းထည့္တဲ့ အကြက္ဆိုတာ ဒီလိုပါ

မြန်မာပြည် ရေမြေတောတောင်တွေထဲက ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေထဲမှာ သံစားကျောက်လည်း တခု အပါအဝင် ဖြစ်ပါတယ်။

သံစားကျောက်ဆိုတဲ့ ကျောက်တုံးအပေါ်ကို သံတုံး၊ သံချောင်း တခုခု တင်လိုက်တာနဲ့ အချိန်အတိုင်းအတာ တခုအတွင်းမှာ ကျောက်တုံးက သံကို စားသွားတယ်ဆိုရင် သံစားကျောက်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဒီစာရဲ့ ရည်ရွယ်ချက်က သံစားကျောက် တကယ်ရှိတယ်၊ မရှိဘူးဆိုတာ ငြင်းခုံမှာ မဟုတ်ဘဲ၊ သံစားကျောက် နာမည်တပ်ပြီး လိမ်စားတဲ့ လူလိမ်တွေ အကြောင်း ဖော်ထုတ်ချင်တာပဲ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့ ဗီဒီယိုဖိုင်ကို ဖေ့ဘုတ် သုံးတဲ့သူ အတော်များများ မြင်ဖူးကြမှာပါ။ သံချောင်း တချောင်းကို သံစားကျောက်ဆိုတဲ့ ကျောက်တုံးပေါ် တင်လိုက်ပြီး အချိန် ၃ မိနစ်ခန့်အတွင်းမှာ သံချောင်းတချောင်းလုံး

အရည်ပျော်သွားတာကို ရိုက်ကူးထားတဲ့ ဗီဒီယို ဖြစ်ပါတယ်။
ဒီဗီဒီယိုထဲမှာ သံချောင်းက တကယ် အရည်ပျော်ကျသွားပါတယ်။ ဒါပေမယ့် သံစားကျောက်က စားပစ်လိုက်လို့ မဟုတ်ပါဘူး။

ရိုးရိုးတွေးကြည့်မယ် ဆိုရင် သံစားကျောက်ပါဆိုမှ သံတချောင်းလုံးကို အစအန မကျန်အောင် စားပစ်လိုက်မှာပေါ့။ ဘာလို့ အရည်ဖျော်နေဦးမှာလဲဗျာ။

ဒါဆို ဘာလို့ သံချောင်းက အရည်ပျော်သွားရတာလဲ။ ကျောက်တုံးကလည်း မီးဖုတ်ထားခြင်း၊ အပူပေးထားခြင်း မရှိဘဲနဲ့ သံချောင်းက သူ့အလိုလို အရည်ပျော်တာ ဖြစ်နိုင်ပါ့မလား စတဲ့ မေးခွန်းတွေ ပေါ်လာပါပြီ။

ဟုတ်ပါတယ်။ သံချောင်းကို အရည်ပျော်အောင် အဓိက လုပ်ထားတာပါ။ သာမန် မျက်လှည့်ပြကွက် ရိုးရိုးလေးလိုပါပဲ။ သံချောင်းကို ဂယ်လီယမ် (Gallium) သတ္တုနဲ့ ပြုလုပ်ထားတာပါ။

ဂယ်လီယမ် သတ္တုအကြောင်း ပြောရရင်တော့ အရှည်ကြီး ဖြစ်တဲ့အတွက် ဒီနေရာမှာ ချန်လှပ်ခဲ့ပါရစေ။ အဓိကကျတဲ့ အချက်ကတော့ အဲဒီဂယ်လီယမ်သတ္တုဟာ အခန်းအပူချိန်ဖြစ်တဲ့

၂၉ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်တဲ့ သတ္တုအမျိုးအစား ဖြစ်ပါတယ်။ သိပ္ပံ အသုံးအနှုန်းတွေကို ဖယ်ပြီး ရှင်းရှင်း ပြောရရင် လက်ထဲမှာ ကိုင်ကြည့်ထားရုံနဲ့တင် လက်ပူမိပြီး အရည်ပျော်သွားမယ့် သတ္တုအမျိုးအစားပါ။

လူလိမ်တွေ လိမ်တဲ့ နည်းကတော့ သံချောင်းကို အဲဒီဂယ်လီယမ်သတ္တုတွေနဲ့ မိုလောင်းပြီး လုပ်မယ်။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်ထားမယ်။ ပုံစံဆန်းတဲ့ ကျောက်တုံး တတုံးကို သံ

စားကျောက်ဆိုပြီး ပြမယ်။ ပြီးရင် သူတို့မှာ အသင့်ပါလာတဲ့ ရေခဲစိမ်ထားတဲ့ သံချောင်းတွေကို ကျောက်တုံးပေါ် တင်ပြမယ်။ အရည်ပျော်သွားမယ်။ စစ်ပြီဆိုပြီး ဝယ်မိရင်တော့ ဂျင်းကွက်ထဲ ဝင်သွားပါပြီ။

လက်ပေါ်မှာ အရည်ပျော်နိုင်တာမို့လို့ ဗီဒီယိုအစမှာ လက်အိတ်နဲ့ သံချောင်းကို ကိုင်ထားတာ တွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ လူလိမ်တို့ ထုံးစံအတိုင်း ဘယ်သူကတော့

သိန်းဘယ်နှထောင်နဲ့ ဈေးပေးနေပြီ ဘာညာဆိုပြီး အမြန်ဝယ်ခိုင်းပါလိမ့်မယ်။ တချို့ လူလိမ်ကျတော့ စမ်းသပ်ပြခဆိုပြီး သောင်းနဲ့ ချီပြီး တောင်းပါလိမ့်မယ်။

သံစားကျောက်ဆိုတာ တကယ် ရှိချင် ရှိပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေက သက်သေ မပြနိုင်သေးလို့ ရှိမရှိ ငြင်းဖို့ မလွယ်သေးပါဘူး။

ဒါပေမယ့် သံစားကျောက် နာမည်သုံးပြီး ဂျင်းထည့်နေတဲ့ လူလိမ်တွေကတော့ ရှိကို ရှိပါတယ်ဆိုတဲ့ အကြောင်း အသိပေးရင် လူလိမ်တွေရဲ့ ဂျင်းကွက် တကွက်ကို ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Zawgyi

ျမန္မာျပည္ ေရေျမေတာေတာင္ေတြထဲက ထူးျခားဆန္းျပားတဲ့ ပစၥည္းေတြထဲမွာ သံစားေက်ာက္လည္း တခု အပါအဝင္ ျဖစ္ပါတယ္။

သံစားေက်ာက္ဆိုတဲ့ ေက်ာက္တုံးအေပၚကို သံတုံး၊ သံေခ်ာင္း တခုခု တင္လိုက္တာနဲ႔ အခ်ိန္အတိုင္းအတာ တခုအတြင္းမွာ ေက်ာက္တုံးက သံကို စားသြားတယ္ဆိုရင္ သံစားေက်ာက္လို့ သတ္မွတ္ၾကတာ ျဖစ္ပါတယ္။

ဒီစာရဲ့ ရည္ရြယ္ခ်က္က သံစားေက်ာက္ တကယ္ရွိတယ္၊ မရွိဘူးဆိုတာ ျငင္းခုံမွာ မဟုတ္ဘဲ၊ သံစားေက်ာက္ နာမည္တပ္ၿပီး လိမ္စားတဲ့ လူလိမ္ေတြ အေၾကာင္း ေဖာ္ထုတ္ခ်င္တာပဲ ျဖစ္ပါတယ္။

ပုံမွာ ျပထားတဲ့ ဗီဒီယိုဖိုင္ကို ေဖ့ဘုတ္ သုံးတဲ့သူ အေတာ္မ်ားမ်ား ျမင္ဖူးၾကမွာပါ။ သံေခ်ာင္း တေခ်ာင္းကို သံစားေက်ာက္ဆိုတဲ့ ေက်ာက္တုံးေပၚ တင္လိုက္ၿပီး အခ်ိန္ ၃ မိနစ္ခန႔္အတြင္းမွာ သံေခ်ာင္းတေခ်ာင္းလုံး

အရည္ေပ်ာ္သြားတာကို ရိုက္ကူးထားတဲ့ ဗီဒီယို ျဖစ္ပါတယ္။
ဒီဗီဒီယိုထဲမွာ သံေခ်ာင္းက တကယ္ အရည္ေပ်ာ္က်သြားပါတယ္။ ဒါေပမယ့္ သံစားေက်ာက္က စားပစ္လိုက္လို့ မဟုတ္ပါဘူး။

ရိုးရိုးေတြးၾကည့္မယ္ ဆိုရင္ သံစားေက်ာက္ပါဆိုမွ သံတေခ်ာင္းလုံးကို အစအန မက်န္ေအာင္ စားပစ္လိုက္မွာေပါ့။ ဘာလို့ အရည္ေဖ်ာ္ေနဦးမွာလဲဗ်ာ။

ဒါဆို ဘာလို့ သံေခ်ာင္းက အရည္ေပ်ာ္သြားရတာလဲ။ ေက်ာက္တုံးကလည္း မီးဖုတ္ထားျခင္း၊ အပူေပးထားျခင္း မရွိဘဲနဲ႔ သံေခ်ာင္းက သူ႔အလိုလို အရည္ေပ်ာ္တာ ျဖစ္နိုင္ပါ့မလား စတဲ့ ေမးခြန္းေတြ ေပၚလာပါၿပီ။

ဟုတ္ပါတယ္။ သံေခ်ာင္းကို အရည္ေပ်ာ္ေအာင္ အဓိက လုပ္ထားတာပါ။ သာမန္ မ်က္လွည့္ျပကြက္ ရိုးရိုးေလးလိုပါပဲ။ သံေခ်ာင္းကို ဂယ္လီယမ္ (Gallium) သတၱဳနဲ႔ ျပဳလုပ္ထားတာပါ။

ဂယ္လီယမ္ သတၱဳအေၾကာင္း ေျပာရရင္ေတာ့ အရွည္ႀကီး ျဖစ္တဲ့အတြက္ ဒီေနရာမွာ ခ်န္လွပ္ခဲ့ပါရေစ။ အဓိကက်တဲ့ အခ်က္ကေတာ့ အဲဒီဂယ္လီယမ္သတၱဳဟာ အခန္းအပူခ်ိန္ျဖစ္တဲ့

၂၉ ဒီဂရီစင္တီဂရိတ္မွာ အရည္ေပ်ာ္တဲ့ သတၱဳအမ်ိဳးအစား ျဖစ္ပါတယ္။ သိပၸံ အသုံးအႏွုန္းေတြကို ဖယ္ၿပီး ရွင္းရွင္း ေျပာရရင္ လက္ထဲမွာ ကိုင္ၾကည့္ထား႐ုံနဲ႔တင္ လက္ပူမိၿပီး အရည္ေပ်ာ္သြားမယ့္ သတၱဳအမ်ိဳးအစားပါ။

လူလိမ္ေတြ လိမ္တဲ့ နည္းကေတာ့ သံေခ်ာင္းကို အဲဒီဂယ္လီယမ္သတၱဳေတြနဲ႔ မိုေလာင္းၿပီး လုပ္မယ္။ ၿပီးရင္ ေရခဲေသတၱာထဲ ထည့္ထားမယ္။ ပုံစံဆန္းတဲ့ ေက်ာက္တုံး တတုံးကို သံ

စားေက်ာက္ဆိုၿပီး ျပမယ္။ ၿပီးရင္ သူတို့မွာ အသင့္ပါလာတဲ့ ေရခဲစိမ္ထားတဲ့ သံေခ်ာင္းေတြကို ေက်ာက္တုံးေပၚ တင္ျပမယ္။ အရည္ေပ်ာ္သြားမယ္။ စစ္ၿပီဆိုၿပီး ဝယ္မိရင္ေတာ့ ဂ်င္းကြက္ထဲ ဝင္သြားပါၿပီ။

လက္ေပၚမွာ အရည္ေပ်ာ္နိုင္တာမို့လို့ ဗီဒီယိုအစမွာ လက္အိတ္နဲ႔ သံေခ်ာင္းကို ကိုင္ထားတာ ေတြ႕ရပါလိမ့္မယ္။ ၿပီးရင္ေတာ့ လူလိမ္တို့ ထုံးစံအတိုင္း ဘယ္သူကေတာ့

သိန္းဘယ္ႏွေထာင္နဲ႔ ေဈးေပးေနၿပီ ဘာညာဆိုၿပီး အျမန္ဝယ္ခိုင္းပါလိမ့္မယ္။ တခ်ိဳ့ လူလိမ္က်ေတာ့ စမ္းသပ္ျပခဆိုၿပီး ေသာင္းနဲ႔ ခ်ီၿပီး ေတာင္းပါလိမ့္မယ္။

သံစားေက်ာက္ဆိုတာ တကယ္ ရွိခ်င္ ရွိပါလိမ့္မယ္။ သိပၸံပညာရွင္ေတြက သက္ေသ မျပနိုင္ေသးလို့ ရွိမရွိ ျငင္းဖို့ မလြယ္ေသးပါဘူး။

ဒါေပမယ့္ သံစားေက်ာက္ နာမည္သုံးၿပီး ဂ်င္းထည့္ေနတဲ့ လူလိမ္ေတြကေတာ့ ရွိကို ရွိပါတယ္ဆိုတဲ့ အေၾကာင္း အသိေပးရင္ လူလိမ္ေတြရဲ့ ဂ်င္းကြက္ တကြက္ကို ေဖာ္ျပလိုက္ရပါတယ္ ခင္ဗ်ာ။