ထူးဆန်းတဲ့ရောဂါခံစားရပြီးနောက် မထိုင်နိုင်မထနိုင်ဘဲ မတ်တတ်အနေအထားဖြင့် ရပ်တည်နေထိုင်လာတာ ၁၀နှစ်ရှိပြီဖြစ်တဲ့ မိန်းကလေး

ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ မိန်းကလေးက လမ်းလျှောက်နိုင်စွမ်း ဆုံးရှုံးရုံသာမက ထိုင်ဖို့၊ ထဖို့တောင် မလုက်နိုင်ပါဘူး ။ အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်မှ အသက် ၃၅ နှစ်အရွယ် မစ္စဆူလာမီ က

ထူးဆန်းတဲ့ရောဂါတစ်ခုရှိတာကြောင့် မလှုပ်ရှားနိုင်တော့ပါဘူး ။ သူမရဲ့နေ့စဉ်လုပ်ဆောင်မှုအားလုံးတွေကို မိသားစုဝင်များရဲ့အကူအညီနဲ့ အားကိုးနေရပါတယ် ။ ဒေသခံဆရာဝန်များရဲ့ ရောဂါရှာဖွေတွေ့ရှိချက်အရ

မစ္စဆူလာမီမှာ Ankylosing Spondylitis လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ် ။ ဒီရောဂါဟာ ရှားပါးရောဂါဖြစ်တဲ့အတွက် ယနေ့အထိ ဒီရောဂါအတွက် ကုသဆေးမရှိသေးပါဘူး ။

အဆိုပါရောဂါက ၎င်းတို့နဲ့အတူ လူများကို sacroiliac အဆစ်များ၊ ကျောရိုးနဲ့ အောက်ပိုင်းအဆစ်များကို ပျက်စီးစေပါတယ် ။ သုတေသနပြုချက်အရ ဒီရောဂါရှိသူ 70 % ၊ 90% ဟာ ပုံမှန်လမ်းလျှောက်နိုင်ပါတယ် ။

ဒါပေမဲ့ မစ္စ ဆူလာမီက ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ ပါဝင်နေတာကြောင့် သူမက အမြဲတမ်း တောင့်တင်းပြီး ရုပ်တုလို အနေအထားမှာ ရှိပြီး မတ်တတ်အနေအထားဖြင့် ယခု ၁၀ နှစ်နီးပါး ရပ်တည်လာခဲ့ရပါတယ် ။

(Mckzone daily)

Reference : yan

Zawgyi






(Mckzone daily)

Reference : yan