လူတော်တော်များများဟာ ပိန်ချင်ကြပါတယ် ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ် အချိုးအစားကျကျနဲ့ လှလှပပလေး ဖြစ်ချင်ကြသူတွေကြီးပါပဲ ဒါပေမဲ့ကိုယ်ကအစားတစ်လိုင်းဖြစ်နေတာကြောင့်ဖြစ်စေမွေးရာပါဝနေတာကိုဖြစ်စေအကြောင်း
တစ်ခုခုကြောင့်ဝနေတတ်ကြသူတွေအများကြီးပါ ဝတဲ့သူတွေကလည်း ဒီတိုင်းမနေပဲ ဝိတ်ချဖို့ နည်းလမ်းတွေအများကြီးထဲကမှ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ပြီး ဝိတ်ကျဖို့ ကြိုးစားကြပါတယ် Gym ဆော့သူ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး
ထမင်းတစ်နပ်လျှော့စားသူ ဆေးဝါးတွေ စက်ပစ္စည်းတွေ အကူအညီနဲ့ ဝိတ်ကျအောင် လုပ်သူ စသဖြင့် စုံလင်လှပါတယ် တချို့ဆို တစ်နေ့လုံးကိုမှ ကြက်ဥတစ်လုံးပဲစား ၂၄ နာရီ ဆက်တိုက် ဘာမှမစားပဲ ရေပဲသောက်
အဲ့လိုအပြင်းအထန် ဝိတ်ချကြသူတွေတောင် ရှိပါတယ် ဒီလိုဝိတ်ချနည်းတွေ အများကြီးကမှ အင်တာနက်ပေါ်မှာလည်း Trend ဖြစ်ခဲ့ကြတဲ့ ရူးကြောင်ကြောင် ဝိတ်ချနည်းတွေကိုရော သိပြီးကြပြီလား
ဆက်ပြောပြပေးမှာကအဲ့လိုရူးကြောင်ကြောင်ဝိတ်ချနည်းတွေထဲက တချို့နဲ့ အဲ့နည်းတွေကို သုံးရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ် ဒီလိုတွေလိုက်မလုပ်ဖို့သတိထားကြပါ
ပထမဆုံးတစ်ခုက ကလေးစားစရာတွေကိုပဲ စားတဲ့နည်းဖြစ်ပါတယ် ဘာလို့လဲဆို ကလေးအစာတွေမှာ ကယ်လိုရီမပါလို့ပါ ရေရှည်မှာ ဝိတ်ကျနိုင်ပေမဲ့ ဒီအစာတွေက လူကြီးတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကို မပေးနိုင်တာကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါလိမ့်မယ်
နောက်တစ်နည်းကတော့ ၁၈၈၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ အစာနဲ့ ရေကို မြိုမချခင် အကြိမ် ၁၀၀ တိတိ ဝါးရမဲ့နည်းပါ ၂၀၁၁ မှာ တရုတ်က Harbin Medical University စမ်းသပ်ချက်တစ်ခုမှာ
ဒီလိုဝါးနေတာကြောင့် ကယ်လိုရီနည်းနည်းကိုပဲ စားသုံးမိပြီး ဝိတ်ကျစေတယ်လို့ ဖော်ပြထားပါတယ် မေးရိုးတွေတော့ တော်တော်လေးခိုင်လာမှာ ဖြစ်ပေမဲ့ ဒီနည်းလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး
ဘယ်ဟာကိုပဲစားစား ၅ ခါထပ်ပိုမကိုက်ရဘူးဆိုတဲ့ နည်းတစ်ခုလည်းရှိပါတယ် ဘယ်နေရာမှာ ဘာပဲစားစား ၅ ခါထက်ပို မကိုက်ရပါဘူး ကယ်လိုရီနည်းနည်းကိုပဲစားမိတယ်လို့ထင်ချင်စရာရှိပေမဲ့နောက်ပိုင်းမှာအစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့အပြင်အစားစားချိန်မမှန်တာတွေပါ ဖြစ်ပေါ်စေပါတယ်
ရှောက်ခါးသီးပဲစားပြီး ဝိတ်ချတဲ့စနစ်ဟာလည်း ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ၁၀ပေါင်ထိကျစေနိုင်တယ်လို့ပြောကြပါတယ်တကယ်တော့ ရေဓာတ်တွေကြောင့် ဝိတ်ကျတာပါ ရေတွေနဲ့ပြည့်နေတော့
တခြားဟာတွေကို မစားချင်တော့ပါဘူး ရှောက်ခါးသီးမှာ ဗီတာမင် အေ စီနဲ့ ပိုတက်စီယမ်ဓာတ်တွေပါဝင်ပေမဲ့ခန္ဓာကိုယ်ကလိုအပ်သမျှအကုန်လုံးမပါပါဘူးဒါကြောင့်ကျန်းမာရေးထိခိုက်စေမဲ့ဝိတ်ချနည်းတစ်ခုပဲဖြစ်ပါတယ်
ဘယ်စစ်တပ် ဘယ်အစိုးရနဲ့မှ မဆိုင်ပဲ စစ်တပ်ဝိတ်ချနည်းလို့ ခေါိတဲ့ နည်းရှိပါသေးတယ် ဒီနည်းမှာဆို စစ်တပ်ထဲက ရိက္ခာလိုမျိုးစားစရာကို အချိုးကျရပါတယ် တူနာငါးတွေ ကြက်ဥပြုတ်တွေ ပေါင်မုန့်တွေ ရနိုင်ပေမဲ့ ဗိုက်အရမ်းပြန်ဆာမှာပဲ ဖြစ်တာကြောင့် အဆင်မပြေလှပါဘူး
ဂေါ်ဖီဟင်းချိုကြီးပဲ သောက်ရတဲ့နည်းလမ်းကတော့ ရှင်းပါတယ်တနေကုန်ကြိုက်သလောက်သောက်နေလို့ရတယ်ဒါပေမဲ့များသွားရင်တော့ တောက်လျှောက် လေလည်နေမှာပါ ဗိုက်နာတာတွေလည်း ဖြစ်လာနိုင်ပါတယ်
ဈေးဖိုးသက်သာသွားတယ်ဆိုပေမဲ့ ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး American Heart Association အရတော့ ဒီနည်းကြောင့် နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်
သံပုရာရည်အချဉ်ရည်ငရုတ်သီးနဲ့ရေကိုရောပြီးတစ်နေ့၆ကြိမ်ကနေကြိမ်ထိသောက်တဲ့နည်းလမ်းကိုဘီယွန်းဆေးကသံပုရာဝိတ်ချနည်းဆိုပြီး စတင်မိတ်ဆက်ခဲ့တာပါဒီနည်းကအစာခြေစနစ်ကိုသန့်စင်ပေးတယ်ဆိုတာကလည်းသက်သေမရှိသေးပါဘူးဝိတ်တော့ကျမှာပါဝိတ်တင်မဟုတ်ပဲ ကြွက်သားတွေ အရိုးသိပ်သည်းဆတွေပါ တောက်လျှောက် ကျနေမှာပါ
တစ်နေ့ဂွမ်းလုံး၅လုံးစားရတဲ့နည်းကလည်းအဆန်းပါပဲဂွမ်းလုံးတိုင်းမဟုတ်ပဲအရသာလေးပါအောင်အအေးတွေနဲ့ပါတို့ပြီးစားပြကြပါသေးတယ်ဒါပေမဲ့ဂွမ်းလုံးကဖိုက်ဘာမျှင်တွေဖြစ်တဲ့အတွက်အော်ဂလီဆန်တာပျို့အန်တာဗိုက်နာတာတွေဖြစ်နိုင်ပြီးအစာအိမ်ကမချေဖျက်နိုင်တာကြောင့် အထဲမှာ ပုံနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ
တုတ်ပြားကောင်တွေပါတဲ့ဆေးလုံးကိုသောက်တဲ့နည်းလမ်းကတော့ကြောက်စရာကြီးပါဗိုက်တဲ့ရောက်သွားတဲ့အကောင်ကအူတွေမှာကပ်တွယ်ပြီးပိုနေတဲ့အစာတွေကိုစားပါတော့တယ်ဗိုက်နာတာအပြင်တုတ်ပြားကောင်ဟာအစာခြေစနစ်အပြင်ဖက်ကကိုယ်တွင်းအင်္ဂါတွေကိုလည်း ကပ်တွယ်နိုင်တာကြောင့် ပြင်းပြင်းထန်ထန် ပြဿနာတွေဖြစ်နိုင်ပြီး သေသည်ထိဖြစ်နိုင်ပါတယ်
နောက်ဆုံးတစ်ခုကတော့သမန်းခွေးဝိတ်ချနည်းပါတဲ့ဒီနည်းကတော့လပြည့်လကွယ်နေ့တွေမှာ၂၄နာရီလုံးလုံးရေနဲ့အသီးအရွက်တွေပဲစားပြီး ဝိတ်ချတဲ့နည်း ဖြစ်ပါတယ် တစ်နေ့ကို ၆ ပေါင်ထိကျတယ်လို့ ပြောကြပေမဲ့ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသေးပါဘူးဒီနည်းကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့ နည်းဖြစ်ပါတယ်
လူတိုင်းအားလုံး ဝိတ်ကျလှပချင်တယ်ဆိုပေမဲ့ ဒီလိုရူးကြောင်ကြောင်နည်းတွေနဲ့ ဝိတ်ချတာကတော့ ရေရှည်ဖြစ်စေ ရေတိုဖြစ်စေ ကျန်းမာရေးအတွက် လုံးဝကောင်းမှာမဟုတ်ပါဘူး ဝိတ်ချနည်းတွေထဲမှာ ကိုယ်စားမဲ့အစားအစာကို စနစ်တကျ စီမံခန့်ခွဲပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်
Zawgyi
လူေတာ္ေတာ္မ်ားမ်ားဟာ ပိန္ခ်င္ၾကပါတယ္ ခႏၶာကိုယ္ ပိန္ပိန္သြယ္သြယ္ အခ်ိဳးအစားက်က်နဲ႔ လွလွပပေလး ျဖစ္ခ်င္ၾကသူေတြႀကီးပါပဲ ဒါေပမဲ့ကိုယ္ကအစားတစ္လိုင္းျဖစ္ေနတာေၾကာင့္ျဖစ္ေစေမြးရာပါဝေနတာကိုျဖစ္ေစအေၾကာင္း
တစ္ခုခုေၾကာင့္ဝေနတတ္ၾကသူေတြအမ်ားႀကီးပါ ဝတဲ့သူေတြကလည္း ဒီတိုင္းမေနပဲ ဝိတ္ခ်ဖို႔ နည္းလမ္းေတြအမ်ားႀကီးထဲကမွ ကိုယ္နဲ႔အဆင္ေျပတာကို ေ႐ြးခ်ယ္ၿပီး ဝိတ္က်ဖို႔ ႀကိဳးစားၾကပါတယ္ Gym ေဆာ့သူ ေလ့က်င့္ခန္းပုံမွန္လုပ္ၿပီး
ထမင္းတစ္နပ္ေလွ်ာ့စားသူ ေဆးဝါးေတြ စက္ပစၥည္းေတြ အကူအညီနဲ႔ ဝိတ္က်ေအာင္ လုပ္သူ စသျဖင့္ စုံလင္လွပါတယ္ တခ်ိဳ႕ဆို တစ္ေန႔လုံးကိုမွ ၾကက္ဥတစ္လုံးပဲစား ၂၄ နာရီ ဆက္တိုက္ ဘာမွမစားပဲ ေရပဲေသာက္
အဲ့လိုအျပင္းအထန္ ဝိတ္ခ်ၾကသူေတြေတာင္ ရွိပါတယ္ ဒီလိုဝိတ္ခ်နည္းေတြ အမ်ားႀကီးကမွ အင္တာနက္ေပၚမွာလည္း Trend ျဖစ္ခဲ့ၾကတဲ့ ႐ူးေၾကာင္ေၾကာင္ ဝိတ္ခ်နည္းေတြကိုေရာ သိၿပီးၾကၿပီလား
ဆက္ေျပာျပေပးမွာကအဲ့လို႐ူးေၾကာင္ေၾကာင္ဝိတ္ခ်နည္းေတြထဲက တခ်ိဳ႕နဲ႔ အဲ့နည္းေတြကို သုံးရင္ ျဖစ္လာႏိုင္တဲ့ က်န္းမာေရးျပႆနာေတြကို ေဖာ္ျပေပးမွာျဖစ္ပါတယ္ ဒီလိုေတြလိုက္မလုပ္ဖို႔သတိထားၾကပါ
ပထမဆုံးတစ္ခုက ကေလးစားစရာေတြကိုပဲ စားတဲ့နည္းျဖစ္ပါတယ္ ဘာလို႔လဲဆို ကေလးအစာေတြမွာ ကယ္လိုရီမပါလို႔ပါ ေရရွည္မွာ ဝိတ္က်ႏိုင္ေပမဲ့ ဒီအစာေတြက လူႀကီးတစ္ေယာက္လိုအပ္တဲ့ အာဟာရေတြကို မေပးႏိုင္တာေၾကာင့္ က်န္းမာေရးအေျခအေန ဆိုး႐ြားလာပါလိမ့္မယ္
ေနာက္တစ္နည္းကေတာ့ ၁၈၈၉ ခုႏွစ္မွာ တီထြင္ခဲ့တဲ့ အစာနဲ႔ ေရကို ၿမိဳမခ်ခင္ အႀကိမ္ ၁၀၀ တိတိ ဝါးရမဲ့နည္းပါ ၂၀၁၁ မွာ တ႐ုတ္က Harbin Medical University စမ္းသပ္ခ်က္တစ္ခုမွာ
ဒီလိုဝါးေနတာေၾကာင့္ ကယ္လိုရီနည္းနည္းကိုပဲ စားသုံးမိၿပီး ဝိတ္က်ေစတယ္လို႔ ေဖာ္ျပထားပါတယ္ ေမး႐ိုးေတြေတာ့ ေတာ္ေတာ္ေလးခိုင္လာမွာ ျဖစ္ေပမဲ့ ဒီနည္းလည္း က်န္းမာေရးအတြက္ မေကာင္းပါဘူး
ဘယ္ဟာကိုပဲစားစား ၅ ခါထပ္ပိုမကိုက္ရဘူးဆိုတဲ့ နည္းတစ္ခုလည္းရွိပါတယ္ ဘယ္ေနရာမွာ ဘာပဲစားစား ၅ ခါထက္ပို မကိုက္ရပါဘူး ကယ္လိုရီနည္းနည္းကိုပဲစားမိတယ္လို႔ထင္ခ်င္စရာရွိေပမဲ့ေနာက္ပိုင္းမွာအစာေျခစနစ္ကိုထိခိုက္ေစႏိုင္တဲ့အျပင္အစားစားခ်ိန္မမွန္တာေတြပါ ျဖစ္ေပၚေစပါတယ္
ေရွာက္ခါးသီးပဲစားၿပီး ဝိတ္ခ်တဲ့စနစ္ဟာလည္း ၁၀ ရက္ကေန ၁၂ ရက္အတြင္း ၁၀ေပါင္ထိက်ေစႏိုင္တယ္လို႔ေျပာၾကပါတယ္တကယ္ေတာ့ ေရဓာတ္ေတြေၾကာင့္ ဝိတ္က်တာပါ ေရေတြနဲ႔ျပည့္ေနေတာ့
တျခားဟာေတြကို မစားခ်င္ေတာ့ပါဘူး ေရွာက္ခါးသီးမွာ ဗီတာမင္ ေအ စီနဲ႔ ပိုတက္စီယမ္ဓာတ္ေတြပါဝင္ေပမဲ့ခႏၶာကိုယ္ကလိုအပ္သမွ်အကုန္လုံးမပါပါဘူးဒါေၾကာင့္က်န္းမာေရးထိခိုက္ေစမဲ့ဝိတ္ခ်နည္းတစ္ခုပဲျဖစ္ပါတယ္
ဘယ္စစ္တပ္ ဘယ္အစိုးရနဲ႔မွ မဆိုင္ပဲ စစ္တပ္ဝိတ္ခ်နည္းလို႔ ေခါိတဲ့ နည္းရွိပါေသးတယ္ ဒီနည္းမွာဆို စစ္တပ္ထဲက ရိကၡာလိုမ်ိဳးစားစရာကို အခ်ိဳးက်ရပါတယ္ တူနာငါးေတြ ၾကက္ဥျပဳတ္ေတြ ေပါင္မုန႔္ေတြ ရႏိုင္ေပမဲ့ ဗိုက္အရမ္းျပန္ဆာမွာပဲ ျဖစ္တာေၾကာင့္ အဆင္မေျပလွပါဘူး
ေဂၚဖီဟင္းခ်ိဳႀကီးပဲ ေသာက္ရတဲ့နည္းလမ္းကေတာ့ ရွင္းပါတယ္တေနကုန္ႀကိဳက္သေလာက္ေသာက္ေနလို႔ရတယ္ဒါေပမဲ့မ်ားသြားရင္ေတာ့ ေတာက္ေလွ်ာက္ ေလလည္ေနမွာပါ ဗိုက္နာတာေတြလည္း ျဖစ္လာႏိုင္ပါတယ္
ေဈးဖိုးသက္သာသြားတယ္ဆိုေပမဲ့ က်န္းမာေရးအတြက္ မေကာင္းႏိုင္ပါဘူး American Heart Association အရေတာ့ ဒီနည္းေၾကာင့္ ႏွလုံးခုန္မမွန္တာေတြ ျဖစ္လာႏိုင္တယ္လို႔ ေျပာထားပါတယ္
သံပုရာရည္အခ်ဥ္ရည္င႐ုတ္သီးနဲ႔ေရကိုေရာၿပီးတစ္ေန႔၆ႀကိမ္ကေနႀကိမ္ထိေသာက္တဲ့နည္းလမ္းကိုဘီယြန္းေဆးကသံပုရာဝိတ္ခ်နည္းဆိုၿပီး စတင္မိတ္ဆက္ခဲ့တာပါဒီနည္းကအစာေျခစနစ္ကိုသန႔္စင္ေပးတယ္ဆိုတာကလည္းသက္ေသမရွိေသးပါဘူးဝိတ္ေတာ့က်မွာပါဝိတ္တင္မဟုတ္ပဲ ႂကြက္သားေတြ အ႐ိုးသိပ္သည္းဆေတြပါ ေတာက္ေလွ်ာက္ က်ေနမွာပါ
တစ္ေန႔ဂြမ္းလုံး၅လုံးစားရတဲ့နည္းကလည္းအဆန္းပါပဲဂြမ္းလုံးတိုင္းမဟုတ္ပဲအရသာေလးပါေအာင္အေအးေတြနဲ႔ပါတို႔ၿပီးစားျပၾကပါေသးတယ္ဒါေပမဲ့ဂြမ္းလုံးကဖိုက္ဘာမွ်င္ေတြျဖစ္တဲ့အတြက္ေအာ္ဂလီဆန္တာပ်ိဳ႕အန္တာဗိုက္နာတာေတြျဖစ္ႏိုင္ၿပီးအစာအိမ္ကမေခ်ဖ်က္ႏိုင္တာေၾကာင့္ အထဲမွာ ပုံေနတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ
တုတ္ျပားေကာင္ေတြပါတဲ့ေဆးလုံးကိုေသာက္တဲ့နည္းလမ္းကေတာ့ေၾကာက္စရာႀကီးပါဗိုက္တဲ့ေရာက္သြားတဲ့အေကာင္ကအူေတြမွာကပ္တြယ္ၿပီးပိုေနတဲ့အစာေတြကိုစားပါေတာ့တယ္ဗိုက္နာတာအျပင္တုတ္ျပားေကာင္ဟာအစာေျခစနစ္အျပင္ဖက္ကကိုယ္တြင္းအဂၤါေတြကိုလည္း ကပ္တြယ္ႏိုင္တာေၾကာင့္ ျပင္းျပင္းထန္ထန္ ျပႆနာေတြျဖစ္ႏိုင္ၿပီး ေသသည္ထိျဖစ္ႏိုင္ပါတယ္
ေနာက္ဆုံးတစ္ခုကေတာ့သမန္းေခြးဝိတ္ခ်နည္းပါတဲ့ဒီနည္းကေတာ့လျပည့္လကြယ္ေန႔ေတြမွာ၂၄နာရီလုံးလုံးေရနဲ႔အသီးအ႐ြက္ေတြပဲစားၿပီး ဝိတ္ခ်တဲ့နည္း ျဖစ္ပါတယ္ တစ္ေန႔ကို ၆ ေပါင္ထိက်တယ္လို႔ ေျပာၾကေပမဲ့ သိပၸံနည္းက် သက္ေသျပႏိုင္ျခင္း မရွိေသးပါဘူးဒီနည္းကလည္း က်န္းမာေရးအတြက္ မေကာင္းတဲ့ နည္းျဖစ္ပါတယ္
လူတိုင္းအားလုံး ဝိတ္က်လွပခ်င္တယ္ဆိုေပမဲ့ ဒီလို႐ူးေၾကာင္ေၾကာင္နည္းေတြနဲ႔ ဝိတ္ခ်တာကေတာ့ ေရရွည္ျဖစ္ေစ ေရတိုျဖစ္ေစ က်န္းမာေရးအတြက္ လုံးဝေကာင္းမွာမဟုတ္ပါဘူး ဝိတ္ခ်နည္းေတြထဲမွာ ကိုယ္စားမဲ့အစားအစာကို စနစ္တက် စီမံခန႔္ခြဲၿပီး ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးျခင္းကသာ အေကာင္းဆုံးျဖစ္ပါတယ္