ချစ်ပရိတ်ကြီးရေ အနုပညာမှာပါရမီပါလာပြီး ထူးချွန်တဲ့သားတို့အမွှာနှစ်ယောက်ကို သတိရကြသေးလားနော်၊ မြန်မာတစ်နိုင်ငံလုံးက Talentရှိတဲ့သူတွေကို မြေတောင်မြောက်ပေးတဲ့အသီအစဉ်လေးတစ်ခုဖြစ်တဲ့
MyanmarGotTalent မှာ ပါဝင်ယှဉ်ပြိုင်ရင်း ပရိတ်သတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်သွားခဲ့တဲ့ အမွှာလေးဖြစ်ပါတယ်။ အမွှာလေးတွေက လက်ရှိမှာလဲအနုပညာအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေပြီး
အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်နေကြတာပဲဖြစ်ပါတယ်နော်၊ မိဘဖြစ်သူကိုလဲ သူတို့ရဲ့အနုပညာလုပ်ငန်းနဲ့ပဲ ထောက်ပံ့ကူညီပေးခဲ့တဲ့ သားလိမ္မာလေးတွေဖြစ်ကြပါတယ်။ ငယ်ငယ်ကတဲက
အဆိုအကပညာမှာ ထူးချွန်ထက်မြက်ခဲ့တဲ့ အမွှာလေးတွေကတော့ ယနေ့တိုင်တောင် သူတို့ရဲ့အနုပညာကို ပိုပြီးကြိုးစားလာခဲ့ကြပါတယ်။ အခုဆို ငယ်ငယ်ကချစ်ဖို့ကောင်းခဲ့တဲ့ အမွှာလေးက
အရွယ်တောင် အတော်ရောက်လာပါပြီနော်။ ငယ်ရုပ်လေးတွေမပျောက်ပဲ မျက်နှာလေးချိုတဲ့သူတို့လေးတွေက ယခုထိအောင် ချစ်စရာကောင်းနေတုန်းပါပဲနော်။ သူတို့ကတော့ နှစ်သစ်ရဲ့ဆုတောင်းလေးအဖြစ်
”နှစ်သစ်မှာပျော်ရွှင်ချင်တယ်ဆိုတဲ့”စကားလေးနဲ့အတူ ဆုတောင်းပြုလာခဲ့ပါတယ်။ မိဘပေါ်သိတတ်တဲ့ သားတို့အမွှာလေးကို အားပေးချစ်ခင်ကြသူအချင်းချင်းပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi