ေက်ာင္းမွာမသင္ခဲ့ရတဲ့ စိတ္ဝင္စားစရာ သမိုင္းေၾကာင္းမ်ား

ကျောင်းသားဘဝတုန်းက သမိုင်းဖြစ်ရပ်ကြီးတွေကိုသင်ခဲ့ရပေမဲ့စိတ်ဝင်စားစရာအချက်အလက်သေးသေးလေးတွေကိုမသင်ပေးခဲ့ကြပါဘူး အထင်ကရဖြစ်ရပ်တွေကိုပဲဦးစားပေးသင်ခဲ့ရတာကြောင့်ပါအဲ့လိုအထင်ကရဖြစ်ရပ်တွေထဲကတချို့အကြောင်းအရာသေးသေးလေးတွေကလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်

တချို့အကြောင်းတွေဆို အရင်အချိန်နဲ့ အခုအချိန် လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေကြပါပြီ အဲ့ဒီထဲကမှ ဘယ်ကျောင်းသုံး ဖတ်စာအုပ်မှာမှ ရှာမရတဲ့ စိတ်ဝင်စားစရာ အချက်တွေကို သိပြီး တအံ့တဩ ဖြစ်ရအောင် တင်ဆက်ပေးလိုက်ပါတယ်

အခုခေတ် အမျိုးသမီးတွေ လှလှပပနဲ့ စီးတတ်ကြတဲ့ ဒေါက်ဖိနပ်တွေဟာ အစကတုန်းက အမျိုးသားတွေအတွက် ရည်ရွယ်ခဲ့တာပါ အမျိုးသားတွေကပဲ နှစ်တွေအများကြီး စီးခဲ့ကြပါတယ် 200 BC လောက်တုန်းက ဂရိပြဇာတ်သရုပ်ဆောင်

အမျိုးသားတွေဟာ စင်ပေါ်မှာ ၄ လက်မလောက်မြင့်တဲ့ ဖိနပ်တွေ စီးခဲ့ကြပါတယ် ဥရောပ အလယ်ခေတ်လောက်မှာမှ မိန်းကလေးရော ယောကျာ်းလေးရော စီးလာကြပြီး အဲ့တုန်းက လမ်းတွေနဲ့လည်း အဆင်ပြေပါတယ်

နောက်ပိုင်းကျတော့ ဂုဏ်ယူတဲ့အနေနဲ့ စီးလာကြပြီး ဒေါက်ပိုမြင့်လေ စီးတဲ့လူက ပိုအရေးကြီးလေ ဖြစ်ပါတယ်၂၀လက်မလောက်ထိမြင့်တဲ့ ဖိနပ်တွေကိုပါ စီးခဲ့ကြ‌တာကြောင့် လမ်းလျှောက်ဖို့တောင် ခက်ခဲကြမှာပါ ဒါပေမဲ့ စီးထားသူကတော့ ဆရာကြီးပုံ ပေါက်တာပေါ့

မနက်အိပ်ယာကနိုးတာနဲ့ ကော်ဖီဖြစ်စေ လက်ဖက်ရည်ဖြစ်စေ သောက်ပြီး နေ့တစ်နေ့ကို စတင်ကြပေမဲ့ အဲ့ဒါတွေ မရှိခင် ခေတ်တုန်းက မနက်ခင်းဆိုဘာတွေသောက်ကြတယ်ထင်ပါသလဲရေဆိုရင်တော့မဟုတ်ပါဘူ

းအလယ်ခေတ်တုန်းကရေဟာကျန်းမာရေးနဲ့မညီညွတ်‌တာကြောင့် သောက်တာနဲ့ နေမကောင်း ဖြစ်နိုင်တာကြောင့်ပါ အသီးအအေးတွေ ရပေမဲ့ အားလုံးက အရက်ကိုပဲ ပိုကြိုက်ကြပါတယ် နို့ကိုလည်း ကလေးတွေနဲ့

သက်ကြီးရွယ်အိုတွေအတွက်လို့ပဲ သတ်မှတ်ထားတာကြောင့် နေမကောင်းဖြစ်ချိန်ကျမှ နို့သောက်ကြပါတယ် ချမ်းသာတဲ့ လူတွေမှာဝိုင်တွေကိုစုထားကြပြီးရောမတွေဟာဆိုရင်မုယောစပါးနဲ့ဘီယာတွေလုပ်တခြားသီးနှံတွေနဲ့လည်းအရက်ရအောင်လုပ်ကြတာကြောင့် အဲ့ခေတ်မှာ အားလုံးက မိုးလင်းတာနဲ့ မူးနေကြမှာပါ

လူသားတွေအတွက် အကောင်းဆုံး စားသောက်တဲ့ပုံစံက ထိုင်ပြီးစားတာနဲ့ မတ်တပ်ရပ်စားတာဖြစ်‌ပေမဲ့ ဂရိတွေဟာ ဟိုးတုန်းက လှဲပြီး အစာစားကြပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇၀၀ ကျော်မှာ ရောမတွေကပါ အဲ့အကျင့်ကို လိုက်တုခဲ့ကြပါတယ်

အိပ်ရင်းအစားစားတာက ချမ်းသာမူနဲ့ အာဏာရှိမူကို ပြသတာလို့လည်း လက်ခံခဲ့ကြပါတယ် တခါတလေဆို ခုတင်အကြီးကြီးတွေပေါ်မှာ အုပ်လိုက်ကြီး အိပ်ရင်း ဝိုင်းဖွဲ့စားသောက်ကြလေ့ ရှိပါတယ်

ယနေ့ခေတ် ခွဲစိတ်မူတွေမှာ မပါမဖြစ်ဟာ မေ့ဆေးပါ ခွဲစိတ်ခြင်းရဲ့ နာကျင်မူဟာ အရမ်းပြင်းတာကြောင့် ဖြစ်ပါတယ် ဒါဆို အရင်ခေတ်က ခွဲစိတ်ဆရာဝန်တွေဟာမေ့ဆေးနေရာမှာဘာကိုအသုံးပြုခဲ့ကြသလဲဘေဘီလုံလူမျိုးတွေနဲ့ဆူမေးရီးယန်းတွေကမေ့ဆေးအတွက်ဖြေရှင်းနည်းကို အမြဲရှာဖွေခဲ့ကြသလို အရက်ကိုလည်း အသုံးပြုခဲ့ကြပါတယ်

လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်တုန်းကဆူမေးရီးယန်းတွေမေ့ဆေးအဖြစ်ဘိန်းကိုအသုံးပြုခဲ့ကြတယ်ဆိုတာမသေချာပေမဲ့အာမေးနီးယန်းတွေ နှစ်၂၇၀၀ကျော်ကသုံးခဲ့တာကတော့သေချာပါတယ်အိန္ဒိယနဲ့တရုတ်မှာဆိုဘိန်းနဲ့ဝိုင်ကိုတွဲသုံးကြပြီးအင်္ဂလန်မှာကတော့ထင်ရှူးပင်တစ်မျိုးက ရတဲ့ အရည် ဆလပ်ရွက်ကရတဲ့ အရည်တစ်မျိုးတို့ကို အသုံးပြုခဲ့ကြပါတယ်

ပြင်သစ်နဲ့ ပဲရစ်အကြောင်းကိုပြောရင် အီဖယ်မျှော်စင်က မပါမဖြစ်ပါပဲ ပဲရစ်မှာ တည်ရှိနေတာ နှစ် ၁၀၀ ကျော် ကြာပါပြီ ၉၈၄ မီတာ အရှည်ရှိတဲ့ မျှော်စင်ကြီးကို ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီးနောက် နှစ် ၂၀ တိတိ‌ မြို့လယ်ခေါင်မှာထားဖို့ လိုင်စင်ရခဲ့ပါတယ် နှစ် ၂၀ နောက်ပိုင်းမှာ

ရုပ်‌ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ချဖို့ တောင်းဆိုခဲ့ကြတာကြောင့် မျှော်စင်ကို ဒီဇိုင်းဆွဲသူ ဂူစတက်ဗ် အီဖယ်က မျှော်စင်ကြီးပေါ်မှာ ရေဒီယို သုသေတနလုပ်ငန်းနဲ့ လေကြောင်းပြသရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်

ဒီလိုနဲ့ပထမကမ္ဘာစစ်ကိုရောက်ရှိလာပြီးနောက်ဂျာမန်တွေရဲ့ရေဒီယိုစနစ်ကိုကြားဖြတ်နားထောင်ဖို့အသုံးပြုခဲ့ကြပါတယ်ဂျာမန်စစ်ဗိုလ်တစ်ယောက်တိုက်ခိုက်မူကိုအချိန်နောက်ဆုတ်မယ်ဆိုတဲ့အကြောင်းကြားမူကို

ဖမ်းယူရရှိခဲ့ပြီးနောက်ပြင်သစ်တပ်တွေကစတင်တိုက်ခိုက်ခဲ့တဲ့အတွက် ပဲရစ်မြို့ကြီးကျရှုံးမှာကို ကာကွယ်နိုင်ခဲ့ပါတယ် ပြင်သစ်ရဲ့ ပထမဆုံး တီဗွီလှိုင်းတွေကိုလည်း ပဲရစ်မျှော်စင်ကနေ စထုတ်လွှင့်ခဲ့တာပါ

ဒါတွေကတော့ သမိုင်းဖြစ်စဉ်တွေထဲက သိပ်နာမည်မကြီးခဲ့တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေပါ တချို့တွေကတော့ တော်တော်လေး ကြောင်တောင်တောင်နိုင်ပါတယ်ဒီလိုအချက်အလက်တွေထဲကမှဘယ်တစ်ခုဟာစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သလဲဆိုတာအကဲဖြတ်ကြည့်ကြပါဦး Credit

Zawgyi

ေက်ာင္းသားဘဝတုန္းက သမိုင္းျဖစ္ရပ္ႀကီးေတြကိုသင္ခဲ့ရေပမဲ့စိတ္ဝင္စားစရာအခ်က္အလက္ေသးေသးေလးေတြကိုမသင္ေပးခဲ့ၾကပါဘူး အထင္ကရျဖစ္ရပ္ေတြကိုပဲဦးစားေပးသင္ခဲ့ရတာေၾကာင့္ပါအဲ့လိုအထင္ကရျဖစ္ရပ္ေတြထဲကတခ်ိဳ႕အေၾကာင္းအရာေသးေသးေလးေတြကလည္း အရမ္းစိတ္ဝင္စားဖို႔ ေကာင္းပါတယ္

တခ်ိဳ႕အေၾကာင္းေတြဆို အရင္အခ်ိန္နဲ႔ အခုအခ်ိန္ လုံးဝ ဆန႔္က်င္ဖက္ ျဖစ္ေနၾကပါၿပီ အဲ့ဒီထဲကမွ ဘယ္ေက်ာင္းသုံး ဖတ္စာအုပ္မွာမွ ရွာမရတဲ့ စိတ္ဝင္စားစရာ အခ်က္ေတြကို သိၿပီး တအံ့တဩ ျဖစ္ရေအာင္ တင္ဆက္ေပးလိုက္ပါတယ္

အခုေခတ္ အမ်ိဳးသမီးေတြ လွလွပပနဲ႔ စီးတတ္ၾကတဲ့ ေဒါက္ဖိနပ္ေတြဟာ အစကတုန္းက အမ်ိဳးသားေတြအတြက္ ရည္႐ြယ္ခဲ့တာပါ အမ်ိဳးသားေတြကပဲ ႏွစ္ေတြအမ်ားႀကီး စီးခဲ့ၾကပါတယ္ 200 BC ေလာက္တုန္းက ဂရိျပဇာတ္သ႐ုပ္ေဆာင္

အမ်ိဳးသားေတြဟာ စင္ေပၚမွာ ၄ လက္မေလာက္ျမင့္တဲ့ ဖိနပ္ေတြ စီးခဲ့ၾကပါတယ္ ဥေရာပ အလယ္ေခတ္ေလာက္မွာမွ မိန္းကေလးေရာ ေယာက်ာ္းေလးေရာ စီးလာၾကၿပီး အဲ့တုန္းက လမ္းေတြနဲ႔လည္း အဆင္ေျပပါတယ္

ေနာက္ပိုင္းက်ေတာ့ ဂုဏ္ယူတဲ့အေနနဲ႔ စီးလာၾကၿပီး ေဒါက္ပိုျမင့္ေလ စီးတဲ့လူက ပိုအေရးႀကီးေလ ျဖစ္ပါတယ္၂၀လက္မေလာက္ထိျမင့္တဲ့ ဖိနပ္ေတြကိုပါ စီးခဲ့ၾက‌တာေၾကာင့္ လမ္းေလွ်ာက္ဖို႔ေတာင္ ခက္ခဲၾကမွာပါ ဒါေပမဲ့ စီးထားသူကေတာ့ ဆရာႀကီးပုံ ေပါက္တာေပါ့

မနက္အိပ္ယာကႏိုးတာနဲ႔ ေကာ္ဖီျဖစ္ေစ လက္ဖက္ရည္ျဖစ္ေစ ေသာက္ၿပီး ေန႔တစ္ေန႔ကို စတင္ၾကေပမဲ့ အဲ့ဒါေတြ မရွိခင္ ေခတ္တုန္းက မနက္ခင္းဆိုဘာေတြေသာက္ၾကတယ္ထင္ပါသလဲေရဆိုရင္ေတာ့မဟုတ္ပါဘူ

းအလယ္ေခတ္တုန္းကေရဟာက်န္းမာေရးနဲ႔မညီၫြတ္‌တာေၾကာင့္ ေသာက္တာနဲ႔ ေနမေကာင္း ျဖစ္ႏိုင္တာေၾကာင့္ပါ အသီးအေအးေတြ ရေပမဲ့ အားလုံးက အရက္ကိုပဲ ပိုႀကိဳက္ၾကပါတယ္ ႏို႔ကိုလည္း ကေလးေတြနဲ႔

သက္ႀကီး႐ြယ္အိုေတြအတြက္လို႔ပဲ သတ္မွတ္ထားတာေၾကာင့္ ေနမေကာင္းျဖစ္ခ်ိန္က်မွ ႏို႔ေသာက္ၾကပါတယ္ ခ်မ္းသာတဲ့ လူေတြမွာဝိုင္ေတြကိုစုထားၾကၿပီးေရာမေတြဟာဆိုရင္မုေယာစပါးနဲ႔ဘီယာေတြလုပ္တျခားသီးႏွံေတြနဲ႔လည္းအရက္ရေအာင္လုပ္ၾကတာေၾကာင့္ အဲ့ေခတ္မွာ အားလုံးက မိုးလင္းတာနဲ႔ မူးေနၾကမွာပါ

လူသားေတြအတြက္ အေကာင္းဆုံး စားေသာက္တဲ့ပုံစံက ထိုင္ၿပီးစားတာနဲ႔ မတ္တပ္ရပ္စားတာျဖစ္‌ေပမဲ့ ဂရိေတြဟာ ဟိုးတုန္းက လွဲၿပီး အစာစားၾကပါတယ္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၇၀၀ ေက်ာ္မွာ ေရာမေတြကပါ အဲ့အက်င့္ကို လိုက္တုခဲ့ၾကပါတယ္

အိပ္ရင္းအစားစားတာက ခ်မ္းသာမူနဲ႔ အာဏာရွိမူကို ျပသတာလို႔လည္း လက္ခံခဲ့ၾကပါတယ္ တခါတေလဆို ခုတင္အႀကီးႀကီးေတြေပၚမွာ အုပ္လိုက္ႀကီး အိပ္ရင္း ဝိုင္းဖြဲ႕စားေသာက္ၾကေလ့ ရွိပါတယ္

ယေန႔ေခတ္ ခြဲစိတ္မူေတြမွာ မပါမျဖစ္ဟာ ေမ့ေဆးပါ ခြဲစိတ္ျခင္းရဲ႕ နာက်င္မူဟာ အရမ္းျပင္းတာေၾကာင့္ ျဖစ္ပါတယ္ ဒါဆို အရင္ေခတ္က ခြဲစိတ္ဆရာဝန္ေတြဟာေမ့ေဆးေနရာမွာဘာကိုအသုံးျပဳခဲ့ၾကသလဲေဘဘီလုံလူမ်ိဳးေတြနဲ႔ဆူေမးရီးယန္းေတြကေမ့ေဆးအတြက္ေျဖရွင္းနည္းကို အၿမဲရွာေဖြခဲ့ၾကသလို အရက္ကိုလည္း အသုံးျပဳခဲ့ၾကပါတယ္

လြန္ခဲ့တဲ့ႏွစ္ေပါင္း၅၀၀၀ေက်ာ္တုန္းကဆူေမးရီးယန္းေတြေမ့ေဆးအျဖစ္ဘိန္းကိုအသုံးျပဳခဲ့ၾကတယ္ဆိုတာမေသခ်ာေပမဲ့အာေမးနီးယန္းေတြ ႏွစ္၂၇၀၀ေက်ာ္ကသုံးခဲ့တာကေတာ့ေသခ်ာပါတယ္အိႏၵိယနဲ႔တ႐ုတ္မွာဆိုဘိန္းနဲ႔ဝိုင္ကိုတြဲသုံးၾကၿပီးအဂၤလန္မွာကေတာ့ထင္ရႉးပင္တစ္မ်ိဳးက ရတဲ့ အရည္ ဆလပ္႐ြက္ကရတဲ့ အရည္တစ္မ်ိဳးတို႔ကို အသုံးျပဳခဲ့ၾကပါတယ္

ျပင္သစ္နဲ႔ ပဲရစ္အေၾကာင္းကိုေျပာရင္ အီဖယ္ေမွ်ာ္စင္က မပါမျဖစ္ပါပဲ ပဲရစ္မွာ တည္ရွိေနတာ ႏွစ္ ၁၀၀ ေက်ာ္ ၾကာပါၿပီ ၉၈၄ မီတာ အရွည္ရွိတဲ့ ေမွ်ာ္စင္ႀကီးကို ၁၈၈၉ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီးေနာက္ ႏွစ္ ၂၀ တိတိ‌ ၿမိဳ႕လယ္ေခါင္မွာထားဖို႔ လိုင္စင္ရခဲ့ပါတယ္ ႏွစ္ ၂၀ ေနာက္ပိုင္းမွာ

႐ုပ္‌ဆိုးတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖ်က္ခ်ဖို႔ ေတာင္းဆိုခဲ့ၾကတာေၾကာင့္ ေမွ်ာ္စင္ကို ဒီဇိုင္းဆြဲသူ ဂူစတက္ဗ္ အီဖယ္က ေမွ်ာ္စင္ႀကီးေပၚမွာ ေရဒီယို သုေသတနလုပ္ငန္းနဲ႔ ေလေၾကာင္းျပသေရး လုပ္ငန္းကို စတင္ခဲ့ပါတယ္

ဒီလိုနဲ႔ပထမကမာၻစစ္ကိုေရာက္ရွိလာၿပီးေနာက္ဂ်ာမန္ေတြရဲ႕ေရဒီယိုစနစ္ကိုၾကားျဖတ္နားေထာင္ဖို႔အသုံးျပဳခဲ့ၾကပါတယ္ဂ်ာမန္စစ္ဗိုလ္တစ္ေယာက္တိုက္ခိုက္မူကိုအခ်ိန္ေနာက္ဆုတ္မယ္ဆိုတဲ့အေၾကာင္းၾကားမူကို

ဖမ္းယူရရွိခဲ့ၿပီးေနာက္ျပင္သစ္တပ္ေတြကစတင္တိုက္ခိုက္ခဲ့တဲ့အတြက္ ပဲရစ္ၿမိဳ႕ႀကီးက်ရႈံးမွာကို ကာကြယ္ႏိုင္ခဲ့ပါတယ္ ျပင္သစ္ရဲ႕ ပထမဆုံး တီဗြီလႈိင္းေတြကိုလည္း ပဲရစ္ေမွ်ာ္စင္ကေန စထုတ္လႊင့္ခဲ့တာပါ

ဒါေတြကေတာ့ သမိုင္းျဖစ္စဥ္ေတြထဲက သိပ္နာမည္မႀကီးခဲ့တဲ့ စိတ္ဝင္စားစရာ အခ်က္အလက္ေတြပါ တခ်ိဳ႕ေတြကေတာ့ ေတာ္ေတာ္ေလး ေၾကာင္ေတာင္ေတာင္ႏိုင္ပါတယ္ဒီလိုအခ်က္အလက္ေတြထဲကမွဘယ္တစ္ခုဟာစိတ္ဝင္စားစရာအေကာင္းဆုံးျဖစ္သလဲဆိုတာအကဲျဖတ္ၾကည့္ၾကပါဦး Credit