ထိုင်းနိုင်ငံမှာ အမျိုးသား ၁ ဦးက မိန်းမ ၈ ယောက်ယူပြီး မိသားစုလို တစ်အိမ်တည်း ထားနိုင်တဲ့အကြောင်း လတ်တလော ထိုင်းလူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
အသက် ၃၃ နှစ်ရွယ်ရှိ အုန်းဒမ် ဆိုဖတ် ခေါ် နိုင်းနာ့ဿ်ဖုန်း ချိမ်လဲမ် ဆိုသူမှာ အင်းအိုင်လက်ဖွဲ့နဲ့ ဆေးမင်ကြောင်ထိုးတဲ့အလုပ်ကို လုပ်ကိုင်သူဆရာ ၁ ယောက်ဖြစ်ပြီး
သူ့မှာ အသက်အရွယ် မတိမ်းမယိမ်းကြတဲ့ ဇနီးသည် ၈ ယောက်ရှိတယ်လို့ ထိုင်းတီဗွီသတင်းဌာနတစ်ခုက မနေ့က အင်တာဗျူးထုတ်လွှင့်သွားတာပါ။
ဇနီး ၈ ယောက်ကတော့ ဆီစကစ်သူ နောင့်ဆပိုက်၊ နခွန်းပထုံသူ နောင့်အယ်လ်၊ နခွန်းပထုံသူ နောင့်နိုင်း၊ ဆုန်ခလာသူ နောင့်မာ့ပရန်း၊ လွဲ့အေတ်သူ နောင့်ဖယ်ရီ၊ နောင့်မွေ၊ နောင့်ဖိမ်း၊ နောင့်မိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ မန်းမတယောက်ထပ်တွေ့ရင် အရင်မိန်းမတွေနဲ့ တိုင်ပင်ကြောင်း၊ အရင်မိန်းမတွေကလည်း လာမယ့်ညီမကို အရင်အင်တာဗျူးပြီး သူတို့နဲ့အတူနေထိုင်ကြောင်း သဘောတူညီချက်ရပြီးမှ အိမ်ကို ခေါ်လာတာလို့ ဆိုပါတယ်။
အဆိုပါမိန်းမတွေကို ခေါ်လာတာလည်း သက်ဆိုင်ရာမိဘဆွေမျိုးထံ သွားရောက်တောင်းရမ်း ယူခဲ့ကြောင်း၊ အိမ်မှာလာနေပြီးတဲ့နောက် တယောက်နဲ့တယောက် ပွင့်လင်းစွာ မိသားတစ်စုလို ချစ်ချစ်ခင်ခင်နေရမယ်၊ နောက်ချစ်သူသစ်တွေ့ရင် နောက်မီးလင်းတာမျိုးမလုပ်ရဘဲ ပွင့်ပွင့်လင်း လင်းဖွင့်ဟပြောဆိုပြီး ကောင်းမွန်စွာ ခွဲထွက်ခွင့်ပြုတယ်လို့ ဆိုပါတယ်။
သတင်းထောက်က သူ့မိန်းမ ၈ ယောက်လုံးကို အင်တာဗျူးရာမှာ နိုင်းနာ့ဿ်ဖုန်းမှာ စိတ်သ ဘောထားကောင်းမွန်ပြီး ပွင့်လင်းမှုရှိကြောင်း၊ သူတို့ရဲ့ဘဝကို ပိုကောင်းလာအောင် လမ်းညွှန်သွန်သင်တတ်သူ၊
စိတ်နွေးထွေးမှုပေးသူ၊ အိမ်ထောင့်တာဝန်ယူနိုင်သူ၊ ဆွဲဆောင်မှုရှိသူမို့ သဘောတူလက်ခံခဲ့ကြတာ၊ လာနေတော့လည်း ညီအမလိုဖြစ်သွားပြီး ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။
သူဟာ အင်းအိုင်လက်ဖွဲ့တွေလုပ်ရောင်းတတ်လို့ သူ့ရဲ့အဆောင်လက်ဖွဲ့တွေကြောင့် မြာစွံနေတာ လားလို့ သတင်းထောက်က မေးရာမှာ သူကရယ်မောပြီး မိန်းမတွေကို စိတ်နေစိတ်ထားပေါ်မူ တည်ပြီး ပေါင်းသင်းနေတာလို့ ဖြေကြားပါတယ်။
သူဟာ ဆယ်ကျော်သက် လူပျိုဘဝကတော့ ပေတေဆိုးသွမ်းခဲ့တဲ့ လူငယ်တယောက်ဖြစ်ခဲ့ကြောင်း၊ ငွေတိုးချေးစားသူဆီမှာအလုပ်လုပ်ပြီး အကြွေးတောင်းလို့မရပါက ထိုးနှက်ခဲ့တယ်လို့လည်း ဝန်ခံပါတယ်။
အဲဒီနောက် ထိုင်းဘုရင်နရေ့ဆွန် (မြန်မာအခေါ် ဗြနရာဇာ်) သူရဲကောင်းကို မကြာခဏအိပ်မက်မြင်ပြီး (ထိုစဉ်က အိပ်မက်ထဲမြင်သူမှာ ဗြနရာဇ်ဘုရင်မှန်းမသိ ) တနေ့တော့ မမျှော်လင့်ဘဲ ဘုရင့်ရုပ်တုလက်ဆောင်လာပေးသူရှိပြီး
သူရဲကောင်းဘုရင်အကြောင်းလေ့လာရင်း ဘုရင့်ရုပ်ထုပါ ကိုးကွယ်ကာ ဘုရားတရားအလုပ်လည်းလုပ် အင်းအိုင်မန္ထာန်တွေလေ့လာပြီး ဆေးမင်ကြောင်အရုပ်အမျိုးမျိုး ထိုးနှံတဲ့အလုပ်လုပ်ခဲ့တာလို့ ဆိုပါတယ်။
နဝမမြောက်ဇနီးကော ရှိဦးမှာလားလို့ သတင်းထောက်ကမေးရာမှာ ပြောမရသေးဘူးလို့ သူကဖြေကြားသွားပါတယ်။
လက်ရှိ ဇနီးသည်တွေထဲက နှစ်ဦးမှာ သားဦး ကိုယ်ဝန်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။ Credit
Zawgyi
ထိုင္းႏိုင္ငံမွာ အမ်ိဳးသား ၁ ဦးက မိန္းမ ၈ ေယာက္ယူၿပီး မိသားစုလို တစ္အိမ္တည္း ထားႏိုင္တဲ့အေၾကာင္း လတ္တေလာ ထိုင္းလူမႈကြန္ရက္မွာ ေရပန္းစားေနပါတယ္။
အသက္ ၃၃ ႏွစ္႐ြယ္ရွိ အုန္းဒမ္ ဆိုဖတ္ ေခၚ ႏိုင္းနာ့ႆ္ဖုန္း ခ်ိမ္လဲမ္ ဆိုသူမွာ အင္းအိုင္လက္ဖြဲ႕နဲ႔ ေဆးမင္ေၾကာင္ထိုးတဲ့အလုပ္ကို လုပ္ကိုင္သူဆရာ ၁ ေယာက္ျဖစ္ၿပီး
သူ႔မွာ အသက္အ႐ြယ္ မတိမ္းမယိမ္းၾကတဲ့ ဇနီးသည္ ၈ ေယာက္ရွိတယ္လို႔ ထိုင္းတီဗြီသတင္းဌာနတစ္ခုက မေန႔က အင္တာဗ်ဴးထုတ္လႊင့္သြားတာပါ။
ဇနီး ၈ ေယာက္ကေတာ့ ဆီစကစ္သူ ေနာင့္ဆပိုက္၊ နခြန္းပထုံသူ ေနာင့္အယ္လ္၊ နခြန္းပထုံသူ ေနာင့္ႏိုင္း၊ ဆုန္ခလာသူ ေနာင့္မာ့ပရန္း၊ လြဲ႕ေအတ္သူ ေနာင့္ဖယ္ရီ၊ ေနာင့္ေမြ၊ ေနာင့္ဖိမ္း၊ ေနာင့္မိုင္တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။
သူဟာ မန္းမတေယာက္ထပ္ေတြ႕ရင္ အရင္မိန္းမေတြနဲ႔ တိုင္ပင္ေၾကာင္း၊ အရင္မိန္းမေတြကလည္း လာမယ့္ညီမကို အရင္အင္တာဗ်ဴးၿပီး သူတို႔နဲ႔အတူေနထိုင္ေၾကာင္း သေဘာတူညီခ်က္ရၿပီးမွ အိမ္ကို ေခၚလာတာလို႔ ဆိုပါတယ္။
အဆိုပါမိန္းမေတြကို ေခၚလာတာလည္း သက္ဆိုင္ရာမိဘေဆြမ်ိဳးထံ သြားေရာက္ေတာင္းရမ္း ယူခဲ့ေၾကာင္း၊ အိမ္မွာလာေနၿပီးတဲ့ေနာက္ တေယာက္နဲ႔တေယာက္ ပြင့္လင္းစြာ မိသားတစ္စုလို ခ်စ္ခ်စ္ခင္ခင္ေနရမယ္၊ ေနာက္ခ်စ္သူသစ္ေတြ႕ရင္ ေနာက္မီးလင္းတာမ်ိဳးမလုပ္ရဘဲ ပြင့္ပြင့္လင္း လင္းဖြင့္ဟေျပာဆိုၿပီး ေကာင္းမြန္စြာ ခြဲထြက္ခြင့္ျပဳတယ္လို႔ ဆိုပါတယ္။
သတင္းေထာက္က သူ႔မိန္းမ ၈ ေယာက္လုံးကို အင္တာဗ်ဴးရာမွာ ႏိုင္းနာ့ႆ္ဖုန္းမွာ စိတ္သ ေဘာထားေကာင္းမြန္ၿပီး ပြင့္လင္းမႈရွိေၾကာင္း၊ သူတို႔ရဲ႕ဘဝကို ပိုေကာင္းလာေအာင္ လမ္းၫႊန္သြန္သင္တတ္သူ၊
စိတ္ေႏြးေထြးမႈေပးသူ၊ အိမ္ေထာင့္တာဝန္ယူႏိုင္သူ၊ ဆြဲေဆာင္မႈရွိသူမို႔ သေဘာတူလက္ခံခဲ့ၾကတာ၊ လာေနေတာ့လည္း ညီအမလိုျဖစ္သြားၿပီး ေပ်ာ္စရာေကာင္းတယ္လို႔ ဆိုပါတယ္။
သူဟာ အင္းအိုင္လက္ဖြဲ႕ေတြလုပ္ေရာင္းတတ္လို႔ သူ႔ရဲ႕အေဆာင္လက္ဖြဲ႕ေတြေၾကာင့္ ျမာစြံေနတာ လားလို႔ သတင္းေထာက္က ေမးရာမွာ သူကရယ္ေမာၿပီး မိန္းမေတြကို စိတ္ေနစိတ္ထားေပၚမူ တည္ၿပီး ေပါင္းသင္းေနတာလို႔ ေျဖၾကားပါတယ္။
သူဟာ ဆယ္ေက်ာ္သက္ လူပ်ိဳဘဝကေတာ့ ေပေတဆိုးသြမ္းခဲ့တဲ့ လူငယ္တေယာက္ျဖစ္ခဲ့ေၾကာင္း၊ ေငြတိုးေခ်းစားသူဆီမွာအလုပ္လုပ္ၿပီး အေႂကြးေတာင္းလို႔မရပါက ထိုးႏွက္ခဲ့တယ္လို႔လည္း ဝန္ခံပါတယ္။
အဲဒီေနာက္ ထိုင္းဘုရင္နေရ႕ဆြန္ (ျမန္မာအေခၚ ျဗနရာဇာ္) သူရဲေကာင္းကို မၾကာခဏအိပ္မက္ျမင္ၿပီး (ထိုစဥ္က အိပ္မက္ထဲျမင္သူမွာ ျဗနရာဇ္ဘုရင္မွန္းမသိ ) တေန႔ေတာ့ မေမွ်ာ္လင့္ဘဲ ဘုရင့္႐ုပ္တုလက္ေဆာင္လာေပးသူရွိၿပီး
သူရဲေကာင္းဘုရင္အေၾကာင္းေလ့လာရင္း ဘုရင့္႐ုပ္ထုပါ ကိုးကြယ္ကာ ဘုရားတရားအလုပ္လည္းလုပ္ အင္းအိုင္မႏၴာန္ေတြေလ့လာၿပီး ေဆးမင္ေၾကာင္အ႐ုပ္အမ်ိဳးမ်ိဳး ထိုးႏွံတဲ့အလုပ္လုပ္ခဲ့တာလို႔ ဆိုပါတယ္။
နဝမေျမာက္ဇနီးေကာ ရွိဦးမွာလားလို႔ သတင္းေထာက္ကေမးရာမွာ ေျပာမရေသးဘူးလို႔ သူကေျဖၾကားသြားပါတယ္။
လက္ရွိ ဇနီးသည္ေတြထဲက ႏွစ္ဦးမွာ သားဦး ကိုယ္ဝန္ေဆာင္ထားၾကတယ္လို႔ ဆိုပါတယ္။ Credit