နတ်တွေကိုကန်တော့လျှင် သရဏဂုံပျက်ပါတယ်
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာမှန်ရင် ရတနာသုံးပါး ပြင်ပ အရာတွေကို အလေးအမြတ် မပြုအပ်ဘူး။
ရတနာသုံးပါးရဲ့အပြင်ပမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို
နံပါတ် ၁ – မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်၊
နံပါတ် ၂ – ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာအဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်၊
နံပါတ် ၃ – ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင်၊
နံပါတ် ၄ – အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင် – မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်တယ်။
ဒီလို ပျက်စီးနည်းသည် သာဝဇ္ဇ – အပြစ်ရှိတဲ့ သရဏဂုံပျက်စီးနည်း ဖြစ်တယ်။
အပြစ်ရှိတဲ့ ပျက်စီးနည်းဆိုတာ
“သော စ အနိဋ္ဌဖလော ဟောတိ”
ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။
လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက် လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။
မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့ သရဏဂုံကို မပျက်စီးစေသင့်ဘူ။ အသိအလိမ္မာလေးနဲ့ စောင့်ရှောက်သင့်တယ်။
မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ်ခဲ့လျှင်၊ အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်း မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။
ပျက်စီးရုံတွင် မဟုတ်ဘူး
“သာဝဇ္ဇော”– အပြစ်လည်း ရှိတယ်၊ နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်။
အရက်သောက်တယ်၊ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။
မိမိအဆင့်က အရက်သမားကို ကိုးကွယ်ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား? အလိုလို ရောက်သွားတယ်။
နောက်တစ်ခုစဉ်းစားကြည့်စမ်းပါဗျ။
နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီ ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာ နတ်ပွဲဆိုတာ ရှိတတ်ပါတယ်။
ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော်ဆိုလျှင် တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။
နတ်တော် ပြာသိုဝန်းကျင်လောက် ပြောတာပါ။
ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ ဟိုနတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။
ဒီနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦးမယ်။
အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။ ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့ အချိန်ကလည်း ပေးရသေးတယ်။
ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ် ဆိုရင်ပေါ့။ သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရမယ်။
တစ်နေ့မှာ နတ်ပွဲတွေက များသောအားဖြင့် နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။
တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။ အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့ အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲ ရှိတယ်။
ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။
အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား? လိုနေပါတယ်။
“လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်း ရှိတယ် လိမ်မည့်လူသာ လိုတာ..” တဲ့။
လိမ်မည့်သူကသာ ကျကျနန လိမ်။ အလိမ်ခံ လူတန်းစားက အမြဲတမ်း ရှိပြီးသား ဖြစ်တယ်။
ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေကြတာဟာ မှားယွင်းတဲ့ အယူအဆတွေပါ။
🙏ဖားအောက်တောရ
ဆရာတော်ကြီး🙏
(ဃဋိကာရသုတ္တန်မှ )
Zawgyi
နတ္ေတြကိုကန္ေတာ့လွ်င္ သရဏဂုံပ်က္ပါတယ္
ရတနာသုံးပါးကို ကိုးကြယ္ဆည္းကပ္တဲ့ ဥပါသကာမွန္ရင္ ရတနာသုံးပါး ျပင္ပ အရာေတြကို အေလးအျမတ္ မျပဳအပ္ဘူး။
ရတနာသုံးပါးရဲ့အျပင္ပမွာ ရွိေနတဲ့ ပုဂၢိဳလ္ေတြကို
နံပါတ္ ၁ – မိမိကိုယ္ကို အပ္ႏွင္းလွူဒါန္းခဲ့လၽွင္၊
နံပါတ္ ၂ – ကိုးကြယ္လဲေလ်ာင္း ပုန္းေအာင္းမွီခိုရာအျဖစ္နဲ႔ ဆည္းကပ္ခဲ့လၽွင္၊
နံပါတ္ ၃ – ကိုးကြယ္အားထားရာအျဖစ္ ဆရာအျဖစ္နဲ႔ ရည္ညႊန္းၿပီး မိမိကိုယ္ကို တပည့္အျဖစ္နဲ႔ ခံယူေဆာက္တည္ခဲ့လၽွင္၊
နံပါတ္ ၄ – အလြန္အမင္း ရိုေသစြာ ရွိခိုးခဲ့လၽွင္ – မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလိုလို ပ်က္တယ္။
ဒီလို ပ်က္စီးနည္းသည္ သာဝဇၨ – အျပစ္ရွိတဲ့ သရဏဂုံပ်က္စီးနည္း ျဖစ္တယ္။
အျပစ္ရွိတဲ့ ပ်က္စီးနည္းဆိုတာ
“ေသာ စ အနိ႒ဖေလာ ေဟာတိ”
ေရႊတိဂုံဘုရားမွာ ပန္းေတြ လွူတယ္။ ေရခ်မ္းေတြ လွူတယ္။
လွူၿပီးလို့ ေစတီေတာ္ကို ရွိခိုးၿပီးတာနဲ႔ ဟိုဘက္ လွည့္ၿပီးေတာ့ နတ္ကို ရွိခိုးလိုက္တာနဲ႔ မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလိုလို ပ်က္စီးသြားတယ္။
မိမိတို့ရဲ့ အင္မတန္ အဖိုးတန္ေနတဲ့ သရဏဂုံကို မပ်က္စီးေစသင့္ဘူ။ အသိအလိမၼာေလးနဲ႔ ေစာင့္ေရွာက္သင့္တယ္။
မင္းႀကီးတို့ မင္းကေလးတို့ကို သြားၿပီး ကိုးကြယ္ဆည္းကပ္ခဲ့လၽွင္၊ အလြန္အမင္း ရိုေသစြာ ရွိခိုးခဲ့လၽွင္လည္း မူလေဆာက္တည္ထားတဲ့ သရဏဂုံသည္ အလိုလို ပ်က္စီးသြားတယ္။
ပ်က္စီး႐ုံတြင္ မဟုတ္ဘူး
“သာဝေဇၨာ”– အျပစ္လည္း ရွိတယ္၊ ေနာင္တစ္ခ်ိန္မွာ မေကာင္းတဲ့ အက်ိဳးလည္း ရနိုင္တယ္။
အရက္ေသာက္တယ္၊ ကလည္း ကတယ္။ ဒီလို အရက္ေသာက္ေနတဲ့ ပုဂၢိဳလ္ေတြကို မိမိတို့က ကိုးကြယ္ဆည္းကပ္ၿပီ ဆိုၾကပါစို့။
မိမိအဆင့္က အရက္သမားကို ကိုးကြယ္ဆည္းကပ္တဲ့အဆင့္ ေရာက္မသြားဘူးလား? အလိုလို ေရာက္သြားတယ္။
ေနာက္တစ္ခုစဥ္းစားၾကည့္စမ္းပါဗ်။
နတ္ေတာ္ ျပာသို ဝန္းက်င္ေလာက္ ေရာက္လာၿပီ ဆိုလို့ရွိရင္ ျမန္မာျပည္ရဲ့ အေလ့အထအရ ေက်းရြာတိုင္းလိုလိုမွာ နတ္ပြဲဆိုတာ ရွိတတ္ပါတယ္။
ဆယ္ရြာမွာ နတ္ပြဲတစ္ပြဲႏွုန္းျဖင့္ ေက်းရြာေပါင္း ႏွစ္ေသာင္းေက်ာ္ဆိုလၽွင္ တစ္ေန႔မွာ နတ္ပြဲေပါင္း ႏွစ္ေထာင္ဝန္းက်င္ေလာက္ ရွိမယ္။
နတ္ေတာ္ ျပာသိုဝန္းက်င္ေလာက္ ေျပာတာပါ။
ဒီေတာ့ တစ္ေန႔မွာ နတ္ပြဲေပါင္း ႏွစ္ေထာင္ေလာက္ရွိေတာ့ ဟိုနတ္ပြဲမွာလည္း မင္းႀကီး မင္းကေလးကို ပင့္ျပန္ၿပီ၊ ဝင္ပူးျပန္ၿပီ။
ဒီနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပင့္ျပန္ၿပီ၊ ဝင္ပူးျပန္ၿပီ။ မင္းႀကီးမင္းကေလးက ဝင္ပူးလာၿပီဆိုလို့ရွိလၽွင္ အခ်ိန္ကလည္း နည္းနည္းေပးရဦးမယ္။
အရက္ေသာက္ဖို့ အခ်ိန္ကလည္း ေပးရေသးတယ္ေလ။ ကဖို့ ခုန္ဖို့ ဓားေျမႇာက္ျပဖို့ အခ်ိန္ကလည္း ေပးရေသးတယ္။
ဒီေတာ့ နတ္ပြဲတစ္ပြဲကို သူက ငါးမိနစ္ေလာက္ အခ်ိန္ေပးမယ္ ဆိုရင္ေပါ့။ သူ တစ္ေန႔တစ္ေန႔မွာ ကနိုင္တာ တစ္နာရီမွာ နတ္ပြဲ တစ္ဆယ့္ႏွစ္ပြဲ ရမယ္။
တစ္ေန႔့မွာ နတ္ပြဲေတြက မ်ားေသာအားျဖင့္ နံနက္ ၈-နာရီမွ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,ေတာ့၊ ဆယ္နာရီပဲ ထားပါေတာ့။
တစ္ေန႔ ဆယ္နာရီဆိုေတာ့ နတ္ပြဲေပါင္း တစ္ရာ့ႏွစ္ဆယ္။ အခုဟာက နတ္ပြဲေပါင္း တစ္ေန႔တစ္ေန႔ ပၽွမ္းမၽွအားျဖင့္ ႏွစ္ေထာင္ေက်ာ္ေနေတာ့ သူေပးနိုင္တဲ့ အခ်ိန္က တစ္ေန႔ နတ္ပြဲေပါင္း တစ္ရာ့ႏွစ္ဆယ္ေလာက္အတြက္ပဲ ရွိတယ္။
ဟိုနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပူးျပန္ၿပီ။ ဒီနတ္ပြဲကလည္း မင္းႀကီးမင္းကေလး ပူးျပန္ၿပီ။
အဲဒါ ဝင္ပူးေနတာေတြ အကုန္လုံး မင္းႀကီးမင္းကေလး ဟုတ္,မဟုတ္ ဆိုတာကေတာ့ စဥ္းစားဖို့ မလိုဘူးလား? လိုေနပါတယ္။
“လူ႔ေလာကမွာ အလိမ္ခံလူတန္းစားက အျမဲတမ္း ရွိတယ္ လိမ္မည့္လူသာ လိုတာ..” တဲ့။
လိမ္မည့္သူကသာ က်က်နန လိမ္။ အလိမ္ခံ လူတန္းစားက အျမဲတမ္း ရွိၿပီးသား ျဖစ္တယ္။
ဒီေလာက္ေတာင္ အဆင့္နိမ့္ေနတဲ့ ပုဂၢိဳလ္ေတြကို ဘုရားနဲ႔ တန္းတူထားၿပီးေတာ့ အိမ္မွာ ကိုးကြယ္ဆည္းကပ္ေနၾကတာဟာ မွားယြင္းတဲ့ အယူအဆေတြပါ။
🙏ဖားေအာက္ေတာရ
ဆရာေတာ္ႀကီး🙏
(ဃဋိကာရသုတၱန္မွ )