ေဖ့ဘုတ္ကို အင္တာနက္လို႔ ထင္ေနၾကတဲ့ ျမန္မာျပည္က လူတခ်ိဳ႕နဲ႔ ၁၉၇၀ ခုႏွစ္မွာ ပိတ္မိေနသူမ်ား

စာရေးသူဟာ ယခုလို သတင်းစာတွင် ဆောင်းပါးရေးခွင့် ရသည့်အတွက် အလွန်အမင်း ဝမ်းမြောက်နေပုံရ ပါတယ်။ ဒီကနေ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဘဝင်မကျတာလေး ရှိနေလို့ အခုလို ရေးတာပါ။ ဖေ့ဘုတ်ဟာ အင်တာနက်ထဲက များစွာသော လူမှုကွန်ယက်တွေထဲက တခုပါ။

ပညာရှာမှီးလိုတဲ့ လူတယောက် အတွက် အင်တာနက်ဟာ အသက်တမျှ အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် ကျောင်းသား ဘဝက အင်တာနက် ဆိုလို့ အိုင်ပီစတား သာရှိပြီး လက်ဖက်ရည် တခွက် ၅၀ ကျပ် ခေတ်မှာ အင်တာနက် တနာရီ ၁,၂၀၀ ကျပ် ပေးရပါတယ်။

ဒါပေမဲ့ အမြန်နှုန်းက အခုခေတ်ရဲ့ ဖုန်းလိုင်းရဲ့ အပုံ ၂၀ ပုံတပုံတောင် မရှိပါဘူး။ စဉ်းစားသာ ကြည့်ပါတော့။ ကျွန်တော် အဲဒီလေးကွေးလှတဲ့ လိုင်းကနေ စာလေးတွေကို Floppy Disk (1.44MB သာရှိ) အဲဒီနောက် R/W CD နဲ့ နောက်ပိုင်း 128MB ရှိတဲ့ MP3 player (memory stick မဝယ်နိုင်သောကြောင့်)

လေးနဲ့ သိချင်တာရှာပြီး အိမ်ကိုသယ် လေ့လာ ခဲ့ရင်း ကျောင်းနဲ့ မဆိုင်တဲ့ သီးခြား professional အတတ်ပညာကို တတ်မြောက်ခဲ့တာပါ။ ဒါတောင် အဲဒီခေတ်က video တွေ download လုပ်ဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ကျွန်တော် လက်ရှိ လုပ်ကိုင် စားသောက်နေတဲ့ အတတ်ပညာရဲ့ ၇၀% လောက်က အင်တာနက် ပေါ်က သင်ယူခဲ့တာပါ။

အခုခေတ် video သာမက live လွှင့်ပြီး ပညာ သင်လို့ ရနေတဲ့ ခေတ်မှာ အင်တာနက် ဈေးတက်တာကို အချိန်မဖြုန်းဖြစ်လို့ သဘောကျသလို ရေးတာက စာရေးသူရဲ့ အချိန်ဖြုန်းချင်တဲ့ အကျင့်ကို

အင်တာနက်ပေါ်မှာ လွှဲချလိုက်တာပဲ ဖြစ်ပါတယ်။ ရမယ်ရှာတယ်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာ အင်တာနက်ကို ပညာဆည်းပူး ဖို့ အတွက် မဟုတ်ဘဲ အချိန်ဖြုန်းဖို့ သပ်သပ် သုံးနေသူ အချို့က စာရေးခွင့်ရလာတဲ့

အခါမှာ အင်တာနက်ကို ဖေ့ဘုတ် လို့ သတ်မှတ် လိုက်တဲ့ စောင် ကျိုးနဲ အယူအဆကြီး ထွက် ပေါ်လာပါတယ်။ အင်တာနက်ပေါ်မှာ အလွန်ကို အကျိုးရှိတဲ့ စာပေတွေက အပြင်လောကက စာအုပ်ဆိုင် ထောင် သောင်း မကထက် များပါတယ်။

အင်တာနက်ဈေးတက်လို့ စာဖတ်ချိန်တွေ ပိုထွက်လာတယ် ဆိုတော့ အင်တာနက် ပေါ်မှာ စာဖတ်လို့ရတယ် ဆိုတာ စာရေးသူ သိပုံ မရတာ အတော့်ကို သေချာနေပါတယ်။ဘာဝနာ ပွါးများနိုင်ဖို့ အင်တာနက်မှာ ရှာလို့ရတဲ့ တရားတော်တွေဟာ အခွေဆိုင်ပေါင်း ရာချီထက် ပိုများပါတယ်။

တရားစာအုပ်ဖတ်မလား စာအုပ်တွေ ဝယ်စရာတောင် မလိုဘဲ ဖုန်းထဲ ထည့်ဖတ်လို့ ရပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု သတင်းယောင် တွေကြောင့်လို့ ခေါင်းစဉ်တပ်ပါရင်လည်း အနှီ စာဖတ်ဝါသနာ ပါတယ် ဆိုတဲ့ စာရေးသူကြီးဟာ စာတွေဖတ်တဲ့ အတွက် အမှား အမှန် ခွဲခြားတတ်ရမှာပါ။ ဒါ့ကြောင့် စောဒကတက်စရာ အကြောင်း မရှိပေ။

တခြား လူကြီး မျက်စိနောက်စရာ ကို့ယို့ကားယား ကိစ္စတွေကလည်း block and hide all လုပ်လို့ရတာကို သိပုံမရပါဘူး။ အင်တာနက်ကို ဖေ့ဘုတ် တခုထဲလို့ သိတယ် ဆိုရင်တောင် ဖေ့ဘုတ် ကို ကျွမ်းကျင်စွာသုံးတတ်ရင် ပညာလေ့လာဖို့အတွက် အကြီးအကျယ် အသုံးချလို့ ရပါတယ်။

ဒါကို နားမလည်တာဟာ ပညာရေးမှာ အလွန် နိမ့်ပါးနေတာကို ပြသနေတာပါ။ ပြောချင်တာက အင်တာနက် ဈေးတက်ရတဲ့ အကြောင်းအရင်းကို အရှိအတိုင်း ပြောလို့ရ ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် နားမလည်ဘဲ အချိန်ဖြုန်းဖို့ သပ်သပ် သုံးခဲ့တဲ့ သူတယောက်က

အင်တာနက်ရဲ့ တန်ဖိုးကို မသိတာကို ဖုံးကွယ်ပြီး အသံကောင်းဟစ်တာမျိုးဟာ လူတိုင်း၏ ပညာရေး နှင့် သက်ဆိုင်တဲ့ အသိကို ပျက်စီး စေဖို့ အားပေးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်နောင် ဒီလို အဆင့်အတန်း နိမ့်တဲ့ ဆောင်းပါးမျိုး မရေးသားဖို့ အကြံပြုလိုပါတယ်။တာဝန်မသိမိသည့် နိုင်ငံသား အပေအတေလေး တဦး

Zaqgyi

စာေရးသူဟာ ယခုလို သတင္းစာတြင္ ေဆာင္းပါးေရးခြင့္ ရသည့္အတြက္ အလြန္အမင္း ဝမ္းေျမာက္ေနပုံရ ပါတယ္။ ဒီကေန သာဓု ေခၚလိုက္ပါတယ္။ ဒါေပမယ့္ ဘဝင္မက်တာေလး ရွိေနလို႔ အခုလို ေရးတာပါ။ ေဖ့ဘုတ္ဟာ အင္တာနက္ထဲက မ်ားစြာေသာ လူမႈကြန္ယက္ေတြထဲက တခုပါ။

ပညာရွာမွီးလိုတဲ့ လူတေယာက္ အတြက္ အင္တာနက္ဟာ အသက္တမွ် အေရးႀကီးပါတယ္။ လြန္ခဲ့တဲ့ ၁၈ ႏွစ္ေက်ာ္ ေက်ာင္းသား ဘဝက အင္တာနက္ ဆိုလို႔ အိုင္ပီစတား သာရွိၿပီး လက္ဖက္ရည္ တခြက္ ၅၀ က်ပ္ ေခတ္မွာ အင္တာနက္ တနာရီ ၁,၂၀၀ က်ပ္ ေပးရပါတယ္။

ဒါေပမဲ့ အျမန္ႏႈန္းက အခုေခတ္ရဲ႕ ဖုန္းလိုင္းရဲ႕ အပုံ ၂၀ ပုံတပုံေတာင္ မရွိပါဘူး။ စဥ္းစားသာ ၾကည့္ပါေတာ့။ ကြၽန္ေတာ္ အဲဒီေလးေကြးလွတဲ့ လိုင္းကေန စာေလးေတြကို Floppy Disk (1.44MB သာရွိ) အဲဒီေနာက္ R/W CD နဲ႔ ေနာက္ပိုင္း 128MB ရွိတဲ့ MP3 player (memory stick မဝယ္ႏိုင္ေသာေၾကာင့္)

ေလးနဲ႔ သိခ်င္တာရွာၿပီး အိမ္ကိုသယ္ ေလ့လာ ခဲ့ရင္း ေက်ာင္းနဲ႔ မဆိုင္တဲ့ သီးျခား professional အတတ္ပညာကို တတ္ေျမာက္ခဲ့တာပါ။ ဒါေတာင္ အဲဒီေခတ္က video ေတြ download လုပ္ဖို႔ဆိုတာ အိပ္မက္ေတာင္ မမက္ႏိုင္ပါဘူး။ ကြၽန္ေတာ္ လက္ရွိ လုပ္ကိုင္ စားေသာက္ေနတဲ့ အတတ္ပညာရဲ႕ ၇၀% ေလာက္က အင္တာနက္ ေပၚက သင္ယူခဲ့တာပါ။

အခုေခတ္ video သာမက live လႊင့္ၿပီး ပညာ သင္လို႔ ရေနတဲ့ ေခတ္မွာ အင္တာနက္ ေဈးတက္တာကို အခ်ိန္မျဖဳန္းျဖစ္လို႔ သေဘာက်သလို ေရးတာက စာေရးသူရဲ႕ အခ်ိန္ျဖဳန္းခ်င္တဲ့ အက်င့္ကို

အင္တာနက္ေပၚမွာ လႊဲခ်လိုက္တာပဲ ျဖစ္ပါတယ္။ ရမယ္ရွာတယ္ေပါ့ဗ်ာ။ ျမန္မာႏိုင္ငံမွာ အင္တာနက္ကို ပညာဆည္းပူး ဖို႔ အတြက္ မဟုတ္ဘဲ အခ်ိန္ျဖဳန္းဖို႔ သပ္သပ္ သုံးေနသူ အခ်ိဳ႕က စာေရးခြင့္ရလာတဲ့

အခါမွာ အင္တာနက္ကို ေဖ့ဘုတ္ လို႔ သတ္မွတ္ လိုက္တဲ့ ေစာင္ က်ိဳးနဲ အယူအဆႀကီး ထြက္ ေပၚလာပါတယ္။ အင္တာနက္ေပၚမွာ အလြန္ကို အက်ိဳးရွိတဲ့ စာေပေတြက အျပင္ေလာကက စာအုပ္ဆိုင္ ေထာင္ ေသာင္း မကထက္ မ်ားပါတယ္။

အင္တာနက္ေဈးတက္လို႔ စာဖတ္ခ်ိန္ေတြ ပိုထြက္လာတယ္ ဆိုေတာ့ အင္တာနက္ ေပၚမွာ စာဖတ္လို႔ရတယ္ ဆိုတာ စာေရးသူ သိပုံ မရတာ အေတာ့္ကို ေသခ်ာေနပါတယ္။ဘာဝနာ ပြါးမ်ားႏိုင္ဖို႔ အင္တာနက္မွာ ရွာလို႔ရတဲ့ တရားေတာ္ေတြဟာ အေခြဆိုင္ေပါင္း ရာခ်ီထက္ ပိုမ်ားပါတယ္။

တရားစာအုပ္ဖတ္မလား စာအုပ္ေတြ ဝယ္စရာေတာင္ မလိုဘဲ ဖုန္းထဲ ထည့္ဖတ္လို႔ ရပါတယ္။ အင္တာနက္ေပၚမွာ သတင္းတု သတင္းေယာင္ ေတြေၾကာင့္လို႔ ေခါင္းစဥ္တပ္ပါရင္လည္း အႏွီ စာဖတ္ဝါသနာ ပါတယ္ ဆိုတဲ့ စာေရးသူႀကီးဟာ စာေတြဖတ္တဲ့ အတြက္ အမွား အမွန္ ခြဲျခားတတ္ရမွာပါ။ ဒါ့ေၾကာင့္ ေစာဒကတက္စရာ အေၾကာင္း မရွိေပ။

တျခား လူႀကီး မ်က္စိေနာက္စရာ ကို႔ယို႔ကားယား ကိစၥေတြကလည္း block and hide all လုပ္လို႔ရတာကို သိပုံမရပါဘူး။ အင္တာနက္ကို ေဖ့ဘုတ္ တခုထဲလို႔ သိတယ္ ဆိုရင္ေတာင္ ေဖ့ဘုတ္ ကို ကြၽမ္းက်င္စြာသုံးတတ္ရင္ ပညာေလ့လာဖို႔အတြက္ အႀကီးအက်ယ္ အသုံးခ်လို႔ ရပါတယ္။

ဒါကို နားမလည္တာဟာ ပညာေရးမွာ အလြန္ နိမ့္ပါးေနတာကို ျပသေနတာပါ။ ေျပာခ်င္တာက အင္တာနက္ ေဈးတက္ရတဲ့ အေၾကာင္းအရင္းကို အရွိအတိုင္း ေျပာလို႔ရ ပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္ နားမလည္ဘဲ အခ်ိန္ျဖဳန္းဖို႔ သပ္သပ္ သုံးခဲ့တဲ့ သူတေယာက္က

အင္တာနက္ရဲ႕ တန္ဖိုးကို မသိတာကို ဖုံးကြယ္ၿပီး အသံေကာင္းဟစ္တာမ်ိဳးဟာ လူတိုင္း၏ ပညာေရး ႏွင့္ သက္ဆိုင္တဲ့ အသိကို ပ်က္စီး ေစဖို႔ အားေပးေနတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေနာက္ေနာင္ ဒီလို အဆင့္အတန္း နိမ့္တဲ့ ေဆာင္းပါးမ်ိဳး မေရးသားဖို႔ အႀကံျပဳလိုပါတယ္။တာဝန္မသိမိသည့္ ႏိုင္ငံသား အေပအေတေလး တဦး