ထိုင်းနိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဆင်းရဲသောမိသားစုမှ မွေးဖွားလာသည့်အတွက် အစစအရာရာမျက်နှာငယ်ရကာ
အထက်တန်းကျောင်းအောင်ပြီးနောက် တက္ကသိုလ်ဆက်တက်ရန်အတွက် ငွေများစွာလိုအပ်၍ ဘားဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။
မိန်းကလေးသည် ထိုဘားဆိုင်တွင် ဖောက်သည်များအား ဘီယာငဲ့ပေးရပြီး စားပွဲထိုးဝန်ထမ်းအဖြစ် လုပ်ကိုင်ကာ မိသားစုထံ ကျောင်းစရိတ်ပြန်မတောင်းတော့ပဲ သူ့ရဲ့လုပ်အားခနဲ့သာ ကျောင်းတက်ခဲ့သည်။
မိန်းကလေးသည် ဘားဆိုင်ဖြစ်သည့်အတွက်ကြောင့် လစာကောင်းပြီး လိုချင်သည့်အရာများကို ချက်ချင်းဝယ်ယူနိုင်သည့်အခြေအနေရောက်ချိန်တွင်
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းတွေကို ခံခဲ့ကြသည်။သို့သော်လည်း မိန်းကလေးသည် သူမရဲ့အလုပ်မှာ တရားမဝင်သည့်အလုပ်မဟုတ်သည့်အတွက် ဘေးစကားတွေကို
လျစ်လျူရှုကာ လစဉ်အလုပ်ကြိုးစားပြီး စုဆောင်းထားသည့် အကြွေ့စေ့လေးတွေနှင့် ငွေစက္ကူကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Credit (Love Feeling)
Zawgyi
ထိုင္းႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ဆင္းရဲေသာမိသားစုမွ ေမြးဖြားလာသည့္အတြက္ အစစအရာရာမ်က္ႏွာငယ္ရကာ
အထက္တန္းေက်ာင္းေအာင္ၿပီးေနာက္ တကၠသိုလ္ဆက္တက္ရန္အတြက္ ေငြမ်ားစြာလိုအပ္၍ ဘားဆိုင္တစ္ခုမွာ အလုပ္ဝင္လုပ္ခဲ့သည္။
မိန္းကေလးသည္ ထိုဘားဆိုင္တြင္ ေဖာက္သည္မ်ားအား ဘီယာငဲ့ေပးရၿပီး စားပြဲထိုးဝန္ထမ္းအျဖစ္ လုပ္ကိုင္ကာ မိသားစုထံ ေက်ာင္းစရိတ္ျပန္မေတာင္းေတာ့ပဲ သူ႔ရဲ႕လုပ္အားခနဲ႔သာ ေက်ာင္းတက္ခဲ့သည္။
မိန္းကေလးသည္ ဘားဆိုင္ျဖစ္သည့္အတြက္ေၾကာင့္ လစာေကာင္းၿပီး လိုခ်င္သည့္အရာမ်ားကို ခ်က္ခ်င္းဝယ္ယူႏိုင္သည့္အေျခအေနေရာက္ခ်ိန္တြင္
ပတ္ဝန္းက်င္ရဲ႕ ကဲ့ရဲ႕ရႈံ႕ခ်ျခင္းေတြကို ခံခဲ့ၾကသည္။သို႔ေသာ္လည္း မိန္းကေလးသည္ သူမရဲ႕အလုပ္မွာ တရားမဝင္သည့္အလုပ္မဟုတ္သည့္အတြက္ ေဘးစကားေတြကို
လ်စ္လ်ဴရႈကာ လစဥ္အလုပ္ႀကိဳးစားၿပီး စုေဆာင္းထားသည့္ အေႂကြ႕ေစ့ေလးေတြႏွင့္ ေငြစကၠဴကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။
Credit (Love Feeling)