တစ်နှစ်လုပ်ခလစာ ဒေါ်လာ (၃၅၀၀၀)ဆိုတဲ့ ပမာဏဟာ မနည်းပါဘူး။ အလွန်ကို များပြားတဲ့ ငွေပမာဏထဲမှာ ပါဝင်ပါတယ်။ တစ်ရက်ကို ဒေါ်လာ(၁၀၀)နီးပါး ရနေမယ့်သဘောပါ။
အလုပ်မှာ ကြိုးစားရင် ကြိုးစားသလောက် အပိုပိုက်ဆံကိုလည်း ကုမ္ပဏီက ပေးမှာဆိုတော့ တစ်နှစ်ဝင်ငွေဟာ သတ်မှတ်ထားတဲ့ပမာဏထက်တောင် ပိုရဦးမှာ ဖြစ်ပါတယ်။
အလုပ်ကတော့ Sex Doll တွေကို ကိုယ်တိုင်စမ်းသပ်ရင်း ဘယ်လိုအားနည်းချက်တွေရှိတယ်၊ ဘယ်လိုဘယ်ပုံ အထိအတွေ့ရှိတယ်၊
အားသာချက်က ဘယ်လို စသဖြင့် ကိုယ့်ဘက်က Review ပြန်ပေးရုံလေးဖြစ်ပါတယ်။ ဒီအလုပ်ကို တရားဝင်အဖြစ် တကယ်ခေါ်နေတာ ဖြစ်ပါတယ်။
ဝန်ထမ်းခေါ်ယူတဲ့ ကုမ္ပဏီကတော့ အမေရိကန်အခြေစိုက် Silicone Sex World ဖြစ်ပြီး၊ သာမန်အလုပ်အချိန်အတိုင်းသာ ဆင်းပေးရမှာ ဖြစ်ပါတယ်။
ဘဏ်ပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်တွေလည်း အပြည့်အဝခံစားရမှာဖြစ်ပြီး၊ အလုပ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်ဘက်က ပြန်လည်ခံစားခွင့်တွေ ရမှာပါ။
ဒါပေမယ့် အရုပ်မဘယ်လောက်များများကို စမ်းသပ်ပေးရမယ်လို့တော့ သတင်းထဲမှာမပါပါဘူး။ ဆိုရရင် ဒီအလုပ် လျှောက်ဖို့အတွက်ဆိုရင်တော့ သာမန်ကျန်းမာသန်စွမ်းရုံလောက်နဲ့ အဆင်မပြေနိုင်ဘူးလို့ ယူဆပါတယ်။
ကုမ္ပဏီဘက်ကနေ ပြန်ပေးမှာတွေကတော့ ဒီအလုပ်ကို လက်ခံလိုက်တဲ့ ဝန်ထမ်းအနေနဲ့ သူနဲ့နီးစပ်တဲ့သူတွေ အရုပ်မတွေ မှာယူခဲ့တယ်ဆိုရင်တော့ အထူးလျှော့ဈေးတောင် ရဦးမှာဖြစ်ပါတယ်။
ဝန်ထမ်းဘက်ကနေ ပေးဆပ်ရမှာကတော့ အလုပ်ပုံမှန်ဆင်းဖို့ရယ်၊ ခရီးသွားရတာမျိုးတွေကို သဘောကျတဲ့သူမျိုးဖြစ်ဖို့လိုပြီး၊ အလုပ်လည်း မြဲစေချင်တယ်လို့ ဦးစားပေးဖော်ပြထားပါတယ်။
ဒီအလုပ်ကိုတော့ ဒီနေရာလေးမှာ Clickနှိပ်ပြီး သွားလျှောက်မယ်ဆိုရင်ရပါတယ်။ ဒါမှမဟုတ် ဗဟုသုတအနေနဲ့လည်း လေ့လာတာပဲဖြစ်ဖြစ်ပေါ့။ Credit
Zawgyi