ဌက္ေပ်ာသီးစားရဖို႔အတြက္ အေစာင့္အမ်ိဳးသမီးႏွင့္အတူ ပန္းကန္ေတြကို ေသခ်ာေလးကူေဆးေၾကာေပးေနခဲ့တဲ့ ဆင္တစ္ေကာင္ (႐ုပ္သံ)

လူများစွာက ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်များကို မိသားစုဝင်တစ်ဦးအဖြစ် မှတ်ယူကြပါတယ်။ ထိုနည်းတူဘဲ တစ်ချို့သောအိမ်မွေးတိရိစ္ဆာန်များကလည်း ပိုင်ရှင်ဖြစ်သူရဲ့အိမ်မှုဝေယျာဝစ္စများကိုတောင် ကူညီပေးတတ်ကြပါတယ်။

2022 ခုနှစ် ဇန်နဝါရီလ 25 ရက်နေ့မှာ တိရိစ္ဆာန်ရုံမှ အိမ်မွေးတိရိစ္ဆာန်လိုဖြစ်နေတဲ့ Dao Mongkon လို့ခေါ်တဲ့ဆင်တစ်ကောင်ရဲ့ ဗီဒီယိုက ထိုင်းသတင်းအပါအဝင် မီဒီယာများစွာမှ ပို့စ်တစ်ခုအဖြစ် တင်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။

YouTube ချန်နယ်တစ်ခု၌ ယခင်က uploaded လုပ်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ အိမ်မှုကိစ္စများကို ပါဝင်ကူညီပေးနေတဲ့ Dao Mongkon လေး ရဲ့အံ့သြဖွယ်စွမ်းရည်ကို ပြသထားပါတယ်။ ဗီဒီယိုထဲမှာတော့ Dao Mongkon ရဲ့အုပ်ထိန်းသူအစောင့်

အမျိုးသမီးက ပန်းကန်များကို ရေထဲမစိမ်ခင် Dao Mongkon အား ၎င်းရဲ့နှာမောင်းဖြင့် ထိုပန်းကန်များကိုကိုင်ထားစေခဲ့ပြီး ၊ Dao Mongkon ကလည်း ရေထဲသို့ပန်းကန်ထည့်ခြင်းဖြင့် ကူလုပ်ပေးနေတာကို တွေ့မြင်နိုင်ပါတယ်။

ထို့နောက် ထိုအစောင့်အမျိုးသမီးကလည်း Dao Mongkon ရဲ့အကူအညီအတွက် Dao Mongkon အား ငှက်ပျောသီးဖြင့် ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ဝေယျာဝစ္စတွေပြီးသွားတဲ့အခါ အစောင့်အမျိုးသမီးက သနားစရာကောင်းတဲ့ Dao Mongkon ကို

ငှက်ပျောသီးတစ်လုံးနဲ့ ဆုချပြီး နောက်ပိုင်းမှာ ၎င်းရဲ့သူငယ်ချင်းများနဲ့ ဆော့ကစားဖို့ ပြောခဲ့ပါတယ်။ သို့ပေမဲ့ Dao Mongkon က ၎င်းရဲ့အခြားဆင်ငယ်လေးတွေနဲ့အတူ ဆော့ကစားမည့်အစား သူ့သခင်ထံ ပြန်လမ်းလျှောက်လာကာ သခင်ဖြစ်သူကို ပွေ့ဖက်မှုကြီးတစ်ခုဖြင့် ပွေ့ဖက်ပေးလိုက်ပါတယ်။

၎င်းဗီဒီယိုဖိုင် အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီးနောက်မှာ အင်တာနက်အသုံးပြုသူအများအပြားက တိရိစ္ဆာန်အားပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အစောင့်အမျိုးသမီး နှင့် ပန်းကန်ဆေးရာမှာကူညီပေးနိုင်တဲ့ ဆင်တစ်ကောင်ရဲ့ အရည်အချင်းကို ချီးမွမ်းခဲ့ကြပါတယ်။

အင်တာနက်အသုံးပြုသူတစ်ဦးက ဆင်တစ်ကောင်ရဲ့ကြင်နာမှုအတွက် ချီးကျူးခဲ့ပြီး အခြား အင်တာနက်အသုံးပြုသူတစ်ဦးက ထိုဆင်က သူ့အစောင့်ရဲ့တာဝန်များကို ပါဝင်ကူညီခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်နေလိမ့်မယ်လို့လည်း

ထင်ကြေးပေးခဲ့ပါတယ်။ Dao Mongkon လေးကတော့ ၎င်းတို့တိရိစ္ဆာန်မျိုးစိတ်တွေကလည်း ဉာဏ်ကောင်း၊ စိတ်ထားကောင်းရုံမကဘဲ နှလုံးသားပါကြီးမားကြောင်းကို သက်သေပြပေးနိုင်ခဲ့ပါတယ်လေ ။ Credit

Zawgyi

လူမ်ားစြာက ၎တို႔ရဲ႕ အိမ္ေမြးတိရိစာၦန္မ်ားကို မိသားစုဝင္တစ္ဦးအျဖစ္ မွတ္ယူၾကပါတယ္။ ထိုနည္းတူဘဲ တစ္ခ်ိဳ႕ေသာအိမ္ေမြးတိရိစာၦန္မ်ားကလည္း ပိုင္ရွင္ျဖစ္သူရဲ႕အိမ္မႈေဝယ်ာဝစၥမ်ားကိုေတာင္ ကူညီေပးတတ္ၾကပါတယ္။

2022 ခုႏွစ္ ဇန္နဝါရီလ 25 ရက္ေန႔မွာ တိရိစာၦန္႐ုံမွ အိမ္ေမြးတိရိစာၦန္လိုျဖစ္ေနတဲ့ Dao Mongkon လို႔ေခၚတဲ့ဆင္တစ္ေကာင္ရဲ႕ ဗီဒီယိုက ထိုင္းသတင္းအပါအဝင္ မီဒီယာမ်ားစြာမွ ပို႔စ္တစ္ခုအျဖစ္ တင္လိုက္ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ေရပန္းစားလာခဲ့ပါတယ္။

YouTube ခ်န္နယ္တစ္ခု၌ ယခင္က uploaded လုပ္ထားတဲ့ဗီဒီယိုဖိုင္တစ္ခုမွာ အိမ္မႈကိစၥမ်ားကို ပါဝင္ကူညီေပးေနတဲ့ Dao Mongkon ေလး ရဲ႕အံ့ၾသဖြယ္စြမ္းရည္ကို ျပသထားပါတယ္။ ဗီဒီယိုထဲမွာေတာ့ Dao Mongkon ရဲ႕အုပ္ထိန္းသူအေစာင့္

အမ်ိဳးသမီးက ပန္းကန္မ်ားကို ေရထဲမစိမ္ခင္ Dao Mongkon အား ၎ရဲ႕ႏွာေမာင္းျဖင့္ ထိုပန္းကန္မ်ားကိုကိုင္ထားေစခဲ့ၿပီး ၊ Dao Mongkon ကလည္း ေရထဲသို႔ပန္းကန္ထည့္ျခင္းျဖင့္ ကူလုပ္ေပးေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

ထို႔ေနာက္ ထိုအေစာင့္အမ်ိဳးသမီးကလည္း Dao Mongkon ရဲ႕အကူအညီအတြက္ Dao Mongkon အား ငွက္ေပ်ာသီးျဖင့္ ဆုခ်ီးျမႇင့္ေပးခဲ့ပါတယ္။ ေဝယ်ာဝစၥေတြၿပီးသြားတဲ့အခါ အေစာင့္အမ်ိဳးသမီးက သနားစရာေကာင္းတဲ့ Dao Mongkon ကို

ငွက္ေပ်ာသီးတစ္လုံးနဲ႔ ဆုခ်ၿပီး ေနာက္ပိုင္းမွာ ၎ရဲ႕သူငယ္ခ်င္းမ်ားနဲ႔ ေဆာ့ကစားဖို႔ ေျပာခဲ့ပါတယ္။ သို႔ေပမဲ့ Dao Mongkon က ၎ရဲ႕အျခားဆင္ငယ္ေလးေတြနဲ႔အတူ ေဆာ့ကစားမည့္အစား သူ႔သခင္ထံ ျပန္လမ္းေလွ်ာက္လာကာ သခင္ျဖစ္သူကို ေပြ႕ဖက္မႈႀကီးတစ္ခုျဖင့္ ေပြ႕ဖက္ေပးလိုက္ပါတယ္။

၎ဗီဒီယိုဖိုင္ အြန္လိုင္းေပၚပ်ံ႕ႏွံ႔သြားၿပီးေနာက္မွာ အင္တာနက္အသုံးျပဳသူအမ်ားအျပားက တိရိစာၦန္အားျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့ အေစာင့္အမ်ိဳးသမီး ႏွင့္ ပန္းကန္ေဆးရာမွာကူညီေပးႏိုင္တဲ့ ဆင္တစ္ေကာင္ရဲ႕ အရည္အခ်င္းကို ခ်ီးမြမ္းခဲ့ၾကပါတယ္။

အင္တာနက္အသုံးျပဳသူတစ္ဦးက ဆင္တစ္ေကာင္ရဲ႕ၾကင္နာမႈအတြက္ ခ်ီးက်ဴးခဲ့ၿပီး အျခား အင္တာနက္အသုံးျပဳသူတစ္ဦးက ထိုဆင္က သူ႔အေစာင့္ရဲ႕တာဝန္မ်ားကို ပါဝင္ကူညီခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္႐ႊင္ေနလိမ့္မယ္လို႔လည္း

ထင္ေၾကးေပးခဲ့ပါတယ္။ Dao Mongkon ေလးကေတာ့ ၎တို႔တိရိစာၦန္မ်ိဳးစိတ္ေတြကလည္း ဉာဏ္ေကာင္း၊ စိတ္ထားေကာင္း႐ုံမကဘဲ ႏွလုံးသားပါႀကီးမားေၾကာင္းကို သက္ေသျပေပးႏိုင္ခဲ့ပါတယ္ေလ ။ Credit