ေျခေထာက္မ်ား ကားထြက္ၿပီးပုံပ်က္ေနတဲ့ သာလိကာဌက္ေလးတစ္ေကာင္ကို ေငြအကုန္အက်ခံကာ ကုသေပးၿပီး အိမ္ေခၚေမြးစားေပးခဲ့တဲ့ အမ်ိဳးသမီး

မကြာသေးမီက စင်္ကာပူနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ခြေထောက်တွေ ကားထွက်ပြီးပုံပျက်နေတဲ့ သာလိကာငှက်တစ်ကောင်အား သူမ တွေ့ရှိခဲ့တဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ ထို သာလိကာငှက်တစ်ကောင်ကိုတွေ့တော့ သူမက ကယ်ဆယ်ပြီး

၎င်းကိုစစ်ဆေးရန်အတွက် ကြက်ငှက်တိရိစ္ဆာန်ဆေးကုဆရာဝန်ထံ ယူဆောင်သွားပေးခဲ့ပါတယ်။ သူမက ထိုသာလိကာငှက်လေးရဲ့မိဘတွေနဲ့ အသိုက်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့တဲ့အပြင်

Animal Concerns Research and Education Society (ACRES) ကလည်း ထိုသာလိကာငှက်လေးကို မခေါ်ထားနိုင်တဲ့အတွက် သူမကိုယ်တိုင် မွေးစားဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ သူမက သာလိကာငှက်လေးက ယခုအခါ အစားအသောက်ပုံမှန်လာကြောင်းနှင့် ၊၎င်းအား ငှက်ဖော်မြူလာဆေး နှင့် အစာကျွေးရန်အတွက် ဆေးထိုးပြွန်ကိုအသုံးပြုကြောင်းကိုလည်း ပြန်လည်မျှဝေခဲ့ပါတယ်။

ထို့ပြင် သူမက သူမရဲ့ဖေ့စ်ဘုတ် acc မှာ ဒေါ်လာ 169.97 ကုန်ချမဲ့ သာလိကာငှက်လေးရဲ့ဆေးကုစရိတ်အတွက် အကူအညီတောင်းတဲ့ပို့စ်တစ်ခုကိုပါ တင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ထိုပို့စ်နဲ့ပတ်သတ်ပြီး ရက်ရောတဲ့သူစိမ်းတစ်ဦးက

သူမထံဆက်သွယ်ကာ ပိုက်ဆံအားလုံးကို ပေးချေပေးဖို့ ကမ်းလှမ်းပေးခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ တိရိစ္ဆာန်ဆေးခန်းကလည်း သူမအား 10% လျှော့ဈေးပေးခဲ့ပြီး ဓာတ်မှန်ရိုက်ရန်အတွက် ထပ်မံကောက်ခံခြင်းမပြုခဲ့ကြောင်းကိုလည်း သူမက မှတ်ချက်တစ်ခုဖြင့် တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူများကလည်း ထိုသာလိကာငှက်လေးအတွက် ဂရုစိုက်နိုင်ဖို့နည်းလမ်းများနှင့် အကြံဉာဏ်များစွာ ပေးခဲ့ကြပါတယ်။ တချို့က သာလိကာငှက်ကိုအစာကျွေးဖို့ ငှက်ဖော်မြူလာကို သေသေချာချာ

ပြင်ဆင်ထားဖို့ နှင့် ၎င်းတို့ရဲ့ဖော်မြူလာတစ်ထုပ်ပေးဖို့တောင် ရက်ရက်ရောရော ကမ်းလှမ်းခဲ့ကြသလို အချို့ကလည်း တောရိုင်းထဲမှာ ထိုသာလိကာလေး ရှင်သန်ဖို့အချိန်မတန်သေးတဲ့အတွက် ဆက်ပြီး ပြုစုစောင့်ရှောက်သင့်ကြောင်းလည်း အကြံပြုခဲ့ကြပါတယ်။

ထို့ပြင် ထိုသာလိကာငှက်ရဲ့ ဒဏ်ရာက ပုံမှန်ပျော်ရွှင်နေတဲ့ သူ့ဘဝနေထိုင်ခြင်းကို ရပ်တန့်သွားစေမည်မဟုတ်ကြောင်းလည်း အချို့က နှစ်သိမ့်စကားဆိုခဲ့ကြပါတယ်။ သက်ရှိသတ္တဝါအကောင်လေးတစ်ကောင်အပေါ်

သနားကြင်နာမှုတွေနဲ့ပြည့်နေတဲ့ဒီအဖြစ်အပျက်ဟာ ကရုဏာပြခြင်းဖြင့် ကျွန်တော်တို့ဟာ တောရိုင်းတိရိစ္ဆာန်များနှင့် စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်နိုင်ပုံကို အမှန်တကယ်ပြသပေးနေတဲ့ ဇာတ်လမ်းတစ်ပုဒ်လိုပါဘဲ ။ Credit

Zawgyi

မၾကာေသးမီက စကၤာပူႏိုင္ငံရွိ အမ်ိဳးသမီးတစ္ဦးဟာ ေျခေထာက္ေတြ ကားထြက္ၿပီးပုံပ်က္ေနတဲ့ သာလိကာငွက္တစ္ေကာင္အား သူမ ေတြ႕ရွိခဲ့တဲ့အေတြ႕အႀကဳံကို မွ်ေဝခဲ့ပါတယ္။ ထို သာလိကာငွက္တစ္ေကာင္ကိုေတြ႕ေတာ့ သူမက ကယ္ဆယ္ၿပီး

၎ကိုစစ္ေဆးရန္အတြက္ ၾကက္ငွက္တိရိစာၦန္ေဆးကုဆရာဝန္ထံ ယူေဆာင္သြားေပးခဲ့ပါတယ္။ သူမက ထိုသာလိကာငွက္ေလးရဲ႕မိဘေတြနဲ႔ အသိုက္ကို ဘယ္မွာမွ ရွာမေတြ႕ခဲ့တဲ့အျပင္

Animal Concerns Research and Education Society (ACRES) ကလည္း ထိုသာလိကာငွက္ေလးကို မေခၚထားႏိုင္တဲ့အတြက္ သူမကိုယ္တိုင္ ေမြးစားဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း ဆိုခဲ့ပါတယ္။

ေနာက္ပိုင္းမွာ သူမက သာလိကာငွက္ေလးက ယခုအခါ အစားအေသာက္ပုံမွန္လာေၾကာင္းႏွင့္ ၊၎အား ငွက္ေဖာ္ျမဴလာေဆး ႏွင့္ အစာေကြၽးရန္အတြက္ ေဆးထိုးႁပြန္ကိုအသုံးျပဳေၾကာင္းကိုလည္း ျပန္လည္မွ်ေဝခဲ့ပါတယ္။

ထို႔ျပင္ သူမက သူမရဲ႕ေဖ့စ္ဘုတ္ acc မွာ ေဒၚလာ 169.97 ကုန္ခ်မဲ့ သာလိကာငွက္ေလးရဲ႕ေဆးကုစရိတ္အတြက္ အကူအညီေတာင္းတဲ့ပို႔စ္တစ္ခုကိုပါ တင္ထားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမရဲ႕ထိုပို႔စ္နဲ႔ပတ္သတ္ၿပီး ရက္ေရာတဲ့သူစိမ္းတစ္ဦးက

သူမထံဆက္သြယ္ကာ ပိုက္ဆံအားလုံးကို ေပးေခ်ေပးဖို႔ ကမ္းလွမ္းေပးခဲ့ေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။ တိရိစာၦန္ေဆးခန္းကလည္း သူမအား 10% ေလွ်ာ့ေဈးေပးခဲ့ၿပီး ဓာတ္မွန္႐ိုက္ရန္အတြက္ ထပ္မံေကာက္ခံျခင္းမျပဳခဲ့ေၾကာင္းကိုလည္း သူမက မွတ္ခ်က္တစ္ခုျဖင့္ တုံ႔ျပန္ေျဖၾကားေပးခဲ့ပါတယ္။

အင္တာနက္အသုံးျပဳသူမ်ားကလည္း ထိုသာလိကာငွက္ေလးအတြက္ ဂ႐ုစိုက္ႏိုင္ဖို႔နည္းလမ္းမ်ားႏွင့္ အႀကံဉာဏ္မ်ားစြာ ေပးခဲ့ၾကပါတယ္။ တခ်ိဳ႕က သာလိကာငွက္ကိုအစာေကြၽးဖို႔ ငွက္ေဖာ္ျမဴလာကို ေသေသခ်ာခ်ာ

ျပင္ဆင္ထားဖို႔ ႏွင့္ ၎တို႔ရဲ႕ေဖာ္ျမဴလာတစ္ထုပ္ေပးဖို႔ေတာင္ ရက္ရက္ေရာေရာ ကမ္းလွမ္းခဲ့ၾကသလို အခ်ိဳ႕ကလည္း ေတာ႐ိုင္းထဲမွာ ထိုသာလိကာေလး ရွင္သန္ဖို႔အခ်ိန္မတန္ေသးတဲ့အတြက္ ဆက္ၿပီး ျပဳစုေစာင့္ေရွာက္သင့္ေၾကာင္းလည္း အႀကံျပဳခဲ့ၾကပါတယ္။

ထို႔ျပင္ ထိုသာလိကာငွက္ရဲ႕ ဒဏ္ရာက ပုံမွန္ေပ်ာ္႐ႊင္ေနတဲ့ သူ႔ဘဝေနထိုင္ျခင္းကို ရပ္တန႔္သြားေစမည္မဟုတ္ေၾကာင္းလည္း အခ်ိဳ႕က ႏွစ္သိမ့္စကားဆိုခဲ့ၾကပါတယ္။ သက္ရွိသတၱဝါအေကာင္ေလးတစ္ေကာင္အေပၚ

သနားၾကင္နာမႈေတြနဲ႔ျပည့္ေနတဲ့ဒီအျဖစ္အပ်က္ဟာ က႐ုဏာျပျခင္းျဖင့္ ကြၽန္ေတာ္တို႔ဟာ ေတာ႐ိုင္းတိရိစာၦန္မ်ားႏွင့္ စည္းလုံးညီၫြတ္စြာ ယွဥ္တြဲေနထိုင္ႏိုင္ပုံကို အမွန္တကယ္ျပသေပးေနတဲ့ ဇာတ္လမ္းတစ္ပုဒ္လိုပါဘဲ ။ Credit