ဂမၻီရနည္းအရ ေတြ႕ဖို႔အလြန္ခဲယဥ္းလွတဲ့ ေႁမြေဟာက္သုံးေကာင္ ယွက္ႏႊယ္ေနမႈျမင္ကြင္းမ်ား

အိန္ဒိယလိုနိုင်ငံမှာ မြွေတွေကို လူတွေရဲ့ ကိုးကွယ်ရာအဖြစ် ယုံကြည်ကြလေ့ရှိပါတယ်။ မြွေဟောက်ဟာ အိန္ဒိယမှာဆိုရင် အလွန်အရေးပေးခံရလေ့ရှိပြီး၊ လူသားတွေကို စောင့်ရှောက်ဖို့ နတ်တွေက လွှတ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကတော့ သာမန်သာဖြစ်ပြီး၊ မြွေဆိုရင် ကြောက်ရမယ်၊ အဆိပ်ရှိတတ်တယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။

အခုလို မြင်ကွင်းမျိုးဟာ အိန္ဒိယလိုနိုင်ငံမှာ အလွန်လူကြိုက်များလေ့ရှိပြီး၊ မူလဓာတ်ပုံပိုင်ရှင်ကတော့ အသက်(၃၂)နှစ်အရွယ် Nilesh Wankhede ဖြစ်ပါတယ်။ သူဟာ အဲဒီမြွေတွေ Melghat Tiger Reserve တောထဲကို ပြန်လွှတ်ပေးဖို့ ဖမ်းလာခဲ့ရာက အခုလို မြင်ကွင်းမျိုး မြင်ခဲ့ရတာလို့ဆိုပါတယ်။

ဒီဓာတ်ပုံတွေနဲ့ ပတ်က်ပြီး လူမှုကွန်ရက်ပေါ်မှာတော့ ” ဒါဟာ မြွေဟောက်သုံးကောင်က သင့်ကို တပြိုင်တည်း ကောင်းချီးပေးတဲ့အချိန်ဖြစ်ပါတယ် “လို့ ရေးသားသူလည်း ရှိသလို၊ အခြားတစ်ယောက်ကတော့ ” ဒီလို မြင်ကွင်းမျိုး အရင်ကရော … နောင်တစ်ချိန်မှာရော တွေ့ဖို့ မလွယ်တော့ဘူး “လို့ ရေးခဲ့ပါတယ်။

ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူ Nilesh ဟာ Melghat Tiger Reserve တောထဲမှာ လမ်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။ သူက ” ကျွန်တော် ဒီမှာ အနည်းဆုံး လုပ်သက် (၂၀)လောက် ရှိပါပြီ … အရင်က မြွေကောင်ရေ ရာနဲ့ချီ ကယ်တင်ခဲ့ဖူးပါတယ် … ဒီလိုမြင်ကွင်းမျိုးကတော့-

ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး … ဒီလို မြွေသုံးကောင် ယှက်နွယ်နေတာကို မြင်ရတာ သိပ်ကို အံ့သြဖို့ကောင်းပါတယ် “လို့ ပြောပါတယ်။ ဒီမြွေတွေကို Harisal ရွာအနီးက တောစပ်ကို လွှတ်လိုက်စဉ်၊ မြွေတွေဟာ ချက်ချင်း တောထဲကို ပြေးဝင်မသွားဘဲ၊ အခုလို ထူးဆန်းတဲ့ အပြုအမူကို (၁၅)မိနစ်လောက် လုပ်ပြခဲ့တာပါတဲ့။

Nilesh က ” တစ်ကောင်က တောခေါင်းရုံးနားကနေ ဖမ်းလာတာ … တစ်ကောင်က နွားတင်းကုပ်ကနေ ဖမ်းလာတာ … အခြားတစ်ကောင်ကတော့ လယ်တဲတစ်ခုထဲ ဝင်သွားလို့ လိုက်ဖမ်းခဲ့တာ “လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး ” သူတို့ကို သူငယ်ချင်းတစ်ယောက်နဲ့အတူ လွှတ်မယ်ဆိုပြီး လာခဲ့တာ … အိတ်ထဲက အပြင်ထုတ်လိုက်ကော-

သုံးကောင်စလုံး တန်းမသွားဘဲ သစ်ပစ်တစ်ခုကို တွယ်ပြီးတက်သွားတယ် … မြင်တဲ့အတိုင်း သူတို့ အချင်းချင်း ပတ်ပြီး ပါးပြင်းတွေထောင်နေကြတယ် … တောထဲကို တန်းမပြေးတာကိုက အံ့သြဖို့ ကောင်းနေပြီ … ကျွန်တော် ဓာတ်ပုံတွေ စိတ်ကြိုက် ရိုက်နိုင်ခဲ့တယ် … သူတို့ဟာ သစ်ပင်ပေါ်မှာ ဒီလိုပဲ တွဲလောင်းကြီး (၁၅)မိနစ်လောက် နေနေကြတာ … “လို့ ပြောခဲ့ပါတယ်။

crd
Ref ; Metro

Zawgyi

အိႏၵိယလိုႏိုင္ငံမွာ ေႁမြေတြကို လူေတြရဲ႕ ကိုးကြယ္ရာအျဖစ္ ယုံၾကည္ၾကေလ့ရွိပါတယ္။ ေႁမြေဟာက္ဟာ အိႏၵိယမွာဆိုရင္ အလြန္အေရးေပးခံရေလ့ရွိၿပီး၊ လူသားေတြကို ေစာင့္ေရွာက္ဖို႔ နတ္ေတြက လႊတ္ထားတယ္လို႔ ယုံၾကည္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ သာမန္သာျဖစ္ၿပီး၊ ေႁမြဆိုရင္ ေၾကာက္ရမယ္၊ အဆိပ္ရွိတတ္တယ္လို႔ ယုံၾကည္သူေတြလည္း ရွိပါတယ္။

အခုလို ျမင္ကြင္းမ်ိဳးဟာ အိႏၵိယလိုႏိုင္ငံမွာ အလြန္လူႀကိဳက္မ်ားေလ့ရွိၿပီး၊ မူလဓာတ္ပုံပိုင္ရွင္ကေတာ့ အသက္(၃၂)ႏွစ္အ႐ြယ္ Nilesh Wankhede ျဖစ္ပါတယ္။ သူဟာ အဲဒီေႁမြေတြ Melghat Tiger Reserve ေတာထဲကို ျပန္လႊတ္ေပးဖို႔ ဖမ္းလာခဲ့ရာက အခုလို ျမင္ကြင္းမ်ိဳး ျမင္ခဲ့ရတာလို႔ဆိုပါတယ္။

ဒီဓာတ္ပုံေတြနဲ႔ ပတ္က္ၿပီး လူမႈကြန္ရက္ေပၚမွာေတာ့ ” ဒါဟာ ေႁမြေဟာက္သုံးေကာင္က သင့္ကို တၿပိဳင္တည္း ေကာင္းခ်ီးေပးတဲ့အခ်ိန္ျဖစ္ပါတယ္ “လို႔ ေရးသားသူလည္း ရွိသလို၊ အျခားတစ္ေယာက္ကေတာ့ ” ဒီလို ျမင္ကြင္းမ်ိဳး အရင္ကေရာ … ေနာင္တစ္ခ်ိန္မွာေရာ ေတြ႕ဖို႔ မလြယ္ေတာ့ဘူး “လို႔ ေရးခဲ့ပါတယ္။

ဒီဓာတ္ပုံေတြကို ႐ိုက္ကူးခဲ့သူ Nilesh ဟာ Melghat Tiger Reserve ေတာထဲမွာ လမ္းျပတစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္သူျဖစ္ပါတယ္။ သူက ” ကြၽန္ေတာ္ ဒီမွာ အနည္းဆုံး လုပ္သက္ (၂၀)ေလာက္ ရွိပါၿပီ … အရင္က ေႁမြေကာင္ေရ ရာနဲ႔ခ်ီ ကယ္တင္ခဲ့ဖူးပါတယ္ … ဒီလိုျမင္ကြင္းမ်ိဳးကေတာ့-

ဘယ္တုန္းကမွ မျမင္ခဲ့ဖူးပါဘူး … ဒီလို ေႁမြသုံးေကာင္ ယွက္ႏြယ္ေနတာကို ျမင္ရတာ သိပ္ကို အံ့ၾသဖို႔ေကာင္းပါတယ္ “လို႔ ေျပာပါတယ္။ ဒီေႁမြေတြကို Harisal ႐ြာအနီးက ေတာစပ္ကို လႊတ္လိုက္စဥ္၊ ေႁမြေတြဟာ ခ်က္ခ်င္း ေတာထဲကို ေျပးဝင္မသြားဘဲ၊ အခုလို ထူးဆန္းတဲ့ အျပဳအမူကို (၁၅)မိနစ္ေလာက္ လုပ္ျပခဲ့တာပါတဲ့။

Nilesh က ” တစ္ေကာင္က ေတာေခါင္း႐ုံးနားကေန ဖမ္းလာတာ … တစ္ေကာင္က ႏြားတင္းကုပ္ကေန ဖမ္းလာတာ … အျခားတစ္ေကာင္ကေတာ့ လယ္တဲတစ္ခုထဲ ဝင္သြားလို႔ လိုက္ဖမ္းခဲ့တာ “လို႔ ေျပာပါတယ္။ သူက ဆက္လက္ၿပီး ” သူတို႔ကို သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ လႊတ္မယ္ဆိုၿပီး လာခဲ့တာ … အိတ္ထဲက အျပင္ထုတ္လိုက္ေကာ-

သုံးေကာင္စလုံး တန္းမသြားဘဲ သစ္ပစ္တစ္ခုကို တြယ္ၿပီးတက္သြားတယ္ … ျမင္တဲ့အတိုင္း သူတို႔ အခ်င္းခ်င္း ပတ္ၿပီး ပါးျပင္းေတြေထာင္ေနၾကတယ္ … ေတာထဲကို တန္းမေျပးတာကိုက အံ့ၾသဖို႔ ေကာင္းေနၿပီ … ကြၽန္ေတာ္ ဓာတ္ပုံေတြ စိတ္ႀကိဳက္ ႐ိုက္ႏိုင္ခဲ့တယ္ … သူတို႔ဟာ သစ္ပင္ေပၚမွာ ဒီလိုပဲ တြဲေလာင္းႀကီး (၁၅)မိနစ္ေလာက္ ေနေနၾကတာ … “လို႔ ေျပာခဲ့ပါတယ္။

crd
Ref ; Metro