Unicode
ယုန်ကျွန်းလို့လူသိများတဲ့အိုခွန်နိုရှီးမားကျွန်းဟာဂျပန်နိုင်ငံတာဟာရာမြို့တော်အနီးကကျွန်းသေးသေးလေးတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းရဲ့အဓိကဆွဲဆောင်မှုကတော့ကျွန်းပေါ်မှာချစ်စရာအလွန်ကောင်းတဲ့ယုန်လေးတွေရှိနေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့်ယုန်ချစ်သူများမကြာခဏသွားရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်နေပါတယ်ကျွန်းပေါ်မှာရှိတဲ့ယုန်အရေအတွက်ဟာအံ့သြဖွယ်အောင်များပြားလွန်းတာကြောင့် ဆန်းကြယ်လှပါတယ်။
ပညာရှင်တချို့ကတော့ ယခုလိုယုန်အရေအတွက်အများအပြားမျိုးပွားနိုင်ခြင်းဟာဓာတုလက်နက်စက်ရုံကထုတ်တဲ့ဓာတုပစ္စည်းများကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
(၁၉၂၉)ခုနှစ်နဲ့(၁၉၄၅)ခုနှစ်ကြားကာလများမှာ ဂျပန်တပ်မတော်ဟာဓာတုအဆိပ်တန်ချိန်ပေါင်း(၆၀၀၀)ကျော်ကိုအိုခွန်နိုရှီးမားကျွန်းပေါ်မှာ ထုတ်လုပ်ခဲ့ပီး လူအများထံသတင်းပေါက်ကြားမှုမှ
ကာကွယ်ရန်အတွက်ထိုကျွန်းအားဂျပန်နယ်နိမိတ်မြေပုံကနေတောင်ထုတ်ပယ်ခဲ့ပါသေးတယ်။၎င်းအချိန်တုန်းကယုန်အုပ်စုကြီးဟာကံမကောင်းစွာနဲ့အဆိပ်လက်နက်ထုတ်လုပ်ခြင်းကိုစမ်းသပ်ခံရန်အတွက်ကျွန်းသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
အခုအချိန်မှာတော့လက်နက်စက်ရုံမရှိတော့ပဲလက်ကျန်ယုန်ကလေးများစွာရှိနေတာကြောင့်လည်ပတ်သူများစွာလာရောက်ကြတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။
ယုန်ကလေးတွေဟာနေရာအနှံ့မှာရှိနေပီးသူတို့ကိုအစာကျွေးမည့်သူများကိုစောင့်မျှော်နေတတ်သလိုအလွန်ယှဉ်ပါးပီးချစ်ဖို့ကောင်းလွန်းလှတာကြောင့် ယုန်ချစ်သူများဟာ လာရောက်လှည်ပတ်ပီးရင် မပြန်ချင်တော့ဘူးလို့ သိရပါတယ်။
အခြားအန္တရာယ်ပေးနိုင်တဲ့မည်သည့်အကောင်မှမရှိသည့်အတွက်ယုန်လေးများဟာကျွန်းပေါ်မှာလွတ်လပ်စွာသွားလာလှုပ်ရှားနေကြပါတယ်ကမ်းစပ်တွင်လည်းယုန်ကျွန်းအမှတ်တရယုန်ခေါင်းစွပ်လေး
များရှိနေတဲ့အတွက်အမှတ်တရဓာတ်ပုံရိုက်သူများဖြင့်အမြဲစည်ကားလျက်ရှိနေပါတယ်။
Crd
Zawgyi
Crd