Unicode
မိသားစု အပျော်လုပ်စားလို့ရသလိုစီးပွားဖြစ်လည်း ရောင်းလို့ရတဲ့ ကျောက်ဖရုံယိုပြုလုပ်နည်း…
ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကိုဖယ်ရှားပြစ်ပါ။ကျောက်ဖရုံသီးအရင့် နှစ်ချို့ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ။
အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကိုအလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင်လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင်ရဆေးကြောပါ။
ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို၃ နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။
သုံးနာရီခန့်ကြာသောအခါ၎င်းအားဆယ်ယူ၍ ရေသန့်စင်အောင်တဖန် ဆေးကြောလိုက်ပါ။
ကျောက်ချဉ်အရည်သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော
ကျောက်ဖရုံ အစိတ်အပိုင်းများကိုတဖန်ပြန်လည်ပြီး မိနစ် အနည်းငယ်မျှ ကြာအောင်စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံ စစ်ပေးထားပါ။
သကြားကိုလိုသလောက်ချိန်ထည့်ပြီးဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကိုသမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာနာရီဝက်ခန့် ကျိုချက်ပေးပြီး
ပျစ်ခဲလာချိန်၌အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲ သွားသည်အထိထားပေးလိုက်ပါကသန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို (သို့) Winter Melon Candyကိုမှီဝဲသုံးဆောင်နိုင်ပါသည်။
Crd
Zawgyi
မိသားစု အေပ်ာ္လုပ္စားလို႔ ရသလို စီးပြားျဖစ္လည္း ေရာင္းလို႔ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း…
ပထမဆုံး ေက်ာက္ဖ႐ုံသီးကို အခြံခြာၿပီး အတြင္းမွ အေစ့မ်ားကိုဖယ္ရွားျပစ္ပါ။ေက်ာက္ဖ႐ုံသီးအရင့္ ႏွစ္ခ်ိဳ႕ျဖစ္ရပါမယ္။ ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။
အခြံခြာလို႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကိုအလ်ား (၄)လကၼ အနံ(၂)လကၼခန္႔္ အေခ်ာင္းေလးမ်ားျဖစ္ေအာင္လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန႔္စင္ေအာင္ရေဆးေၾကာပါ။
ကြမ္းစားထုံးမႈန႔္ကို ေရသန႔္သန႔္ထဲ၌အနည္းငယ္ ထည့္ေဖ်ာ္၍ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီးအစိတ္အပိုင္းမ်ားကို၃ နာရီခန႔္ၾကာေအာင္ စိမ္ေပးထားရပါမယ္။
သုံးနာရီခန႔္ၾကာေသာအခါ၎အားဆယ္ယူ၍ ေရသန႔္စင္ေအာင္တဖန္ ေဆးေၾကာလိုက္ပါ။
ေက်ာက္ခ်ဥ္အရည္သုံးဇြန္းခန႔္ကို ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ
ေက်ာက္ဖ႐ုံ အစိတ္အပိုင္းမ်ားကိုတဖန္ျပန္လည္ၿပီး မိနစ္ အနည္းငယ္မွ် ၾကာေအာင္စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံ စစ္ေပးထားပါ။
သၾကားကိုလိုသေလာက္ခ်ိန္ထည့္ၿပီးဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပိုင္းမ်ားကိုသမေအာင္ ေရာနယ္ၿပီး ေရသန႔္သန႔္ထည့္ကာနာရီဝက္ခန႔္ က်ိဳခ်က္ေပးၿပီး
ပ်စ္ခဲလာခ်ိန္၌အိုးအတြင္းမွဆယ္ယူ၍ ဇကာေပၚသို႔ ျဖန႔္ႀကဲေပးၿပီး ေအးခဲ သြားသည္အထိထားေပးလိုက္ပါကသန႔္ရွင္းလတ္ဆတ္ၿပီး ခ်ိဳၿမိန္ေသာ ေက်ာက္ဖ႐ုံယို (သို႔) Winter Melon Candyကိုမွီဝဲသုံးေဆာင္ႏိုင္ပါသည္။
Crd