Unicode
အများအမြင်မှာ မိမိမိုက်မိုက်ဖြစ်နေခြင်းက ကောင်းမွန်ပေမဲ့လည်း သင့်အနေနဲ့ သင့်ရဲ့ကန့်သတ်ချက်များကို သိထားသင့်ပါတယ်။ အနည်းဆုံး အနားယူရန် အချိန် နှင့် နေရာမှန်ကိုသိထားသင့်ပါတယ်။
ဒီလိုမှမဟုတ်ရင် သင့်ရဲ့“ မိမိုက်တဲ့ ပုံစံ ”ကတခြားသူများကိုတင်းမာသွားစေနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံရှိ ဆိုင်ကယ်မောင်းရင်း ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်ဖင်ထိုင်ခုံပေါ်ခြေကလင်ချိတ်ထိုင်နေခဲ့တဲ့
အမျိုးသားတစ်ဦးကို ပြသတဲ့ဗီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်မှာပျံ့နှံ့သွားခဲ့ပါတယ်။ထိုဗီဒီယိုကိုအင်တာနက်အသုံးပြုသူတစ်ဦးက “ နေ့လည်ထမင်းစားဖို့သွားတုန်းကလမ်းမှာဒါကိုတွေ့ခဲ့တယ်။သူ ဘာဖြစ်နေတာလဲ?”
လို့ရေးပြီး ပို့စ်တင်ခဲ့ခြင်းကနေ စတင်တာဘဲဖြစ်ပါတယ်။အွန်လိုင်းရှိ လူအများအပြားကထိုအမျိုးသားရဲအပြုအမူကြောင့် ထိတ်လန့်နေကြစဉ်မှာဗီဒီယိုထဲမှာပါတဲ့အနီရောင်ရှပ်အင်္ကျီဝတ်ထားတဲ့
အမျိုးသားတစ်ဦးကတော့ထိုအမျိုးသားကိုလက်မထောင်ပြနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ထိုဖြစ်စဉ်က Phetchabun ပြည်နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများတဲ့ အဝေးပြေးလမ်းမကြီးအမှတ်၂၁ မှာ ဖြစ်ပွါးခဲ့တာပါ။
အံ့သဩစရာမရှိအောင်ဘဲအင်တာနက်သုံးစွဲသူများစွာကဒီအမျိုးသားရဲ့လုပ်ရပ်ကို ဝိုင်းပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီလိုဂရုမစိုက်တဲ့ စတန့်ထွင်ခြင်းကသူ့ကိုယ်သူအန္တရာယ်ပြုနိုင်ပြီး ပိုဆိုးသည်မှာ လမ်းပေါ်ရှိ အခြားအပြစ်မဲ့သူများအား
ထိခိုက်မှာကို ပိုသဘောမတူနိုင်ကြောင်းလူအများက ပြောဆိုခဲ့ကြပါတယ်။သို့ပေမဲ့ ၎င်းဖြစ်ရပ်က 2019 ခုနှစ်မှာဖြစ်ပွါးခဲ့ပြီး ထိုအမျိုးသားက Khon Kaen မြို့မှအသက် 27 နှစ်အရွယ် Adisorn Ratchasri ဖြစ်ကြောင်
း Sanook News က ပြန်လည်ဖော်ပြခဲ့ပါတယ်။အမှန်ကAdisornဟာထိုစဉ်က၎င်းရဲ့ချစ်သူရှိတဲ့ Phetchabun ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုဒေသရောက်တော့Adisornကသူ့ချစ်သူရဲ့
ဆိုင်ကယ်ကို ငှါးစီးကာ ဒီဒေသမှာ သူ့ကိုဘယ်သူမှသိမီာမဟုတ်ဘူးလို့တွေးပြီးထိုနည်းအတိုင်းစတန့်ထွင်ပြီးဆိုင်ကယ်စီးခဲ့တာဖြစ်ပါတယ်။
သို့ပေမဲ့ Adisornကအဆိုပါ ဗီဒီယို ပျံ့နှံ့သွားချိန်မှာသူအတော်လေးအံ့အားသင့်ခဲ့ရကြောင်းဆိုပါတယ်။ဒါပေမဲ့ Adisorn က ဆိုင်ကယ်အား ပေါ့လျော့စွာမောင်းနှင်မှု နှင့် ဦးထုပ်မဆောင်းဘဲ
မောင်းနှင်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရပါတယ်။ ဒါ့ကြောင့် လူတိုင်း အန္တရာယ်ရှိတဲ့စတန့်တွေကိုမဆင်မခြင်မထွင်စေချင်လိုပါဘူး။ သင်လမ်းပေါ်ရှိစဉ်၊လူတိုင်း အန္တရာယ်ကင်းစွာ
ခရီးထွက်နိုင်စေရန်အတွက်နှင့်သင်ကိုယ်တိုင်ကဲ့သို့သင့်ရဲ့ခရီးသည်များကိုလည်း ဂရုစိုက်သင့်ပါတယ်။
Crd
Zawgyi
Crd