ပုဂံေခတ္မွာဘာေၾကာင့္ဒဂၤါးမေတြ႕ရတာလဲ?

Unicode

ပုဂံခေတ်မှာ ဘာကြောင့်ဒင်္ဂါးတွေမတွေ့ရတာလဲ? ဒီမေးခွန်းက သုတေသနနယ်ပယ်မှာ အမေးခံရဆုံးနဲ့ ယခုထိလည်း အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ် ပဲဖြစ်ပါတယ် ။

တကယ်လည်း ပျူမြို့ဟောင်းတွေကို တူးဖော်သုတေသနပြုတဲ့အခါ ငွေနဲ့ပြုလုပ်ထားတဲ့ဒင်္ဂါးအရွယ်မျိုးစုံကိုတွေ့ရှိရတဲ့အပြင် ရွှေနဲ့လည်းပြုလုပ်ထားကြောင်း တူးဖော်မှုအထောက်အထားများအရသိရပြန်ပါတယ်

တစ်ခါတစ်လေ မြေကိုမီးဖုတ်ပြီးတော့တောင် ဒင်္ဂါးပုံစံပြုလုပ်ထားကြောင်းတွေ့ရပါသေးတယ်။

သို့ပေမယ့်ပုဂံခေတ်ရောက်တဲ့အခါပျူခေတ်ကအသုံးပြုခဲ့သလိုဒင်္ဂါးကိုမတွေ့ရှိရတော့ပါဘူး။ဒါဟာအတော်လေးပဟေဠိလည်းဆန်လှပါတယ်

ပုဂံခေတ်မြေလွှာတွေကို တူးဖော် သုတေသနပြုတဲ့အခါတိုင်း ဒင်္ဂါးအစား ငွေတုံး ငွေခဲများသာ အရွယ်အစားအမျိုးမျိုးကိုတွေ့ရှိရပါတယ် ဒါဘာကြောင့်လဲ ?

ပုဂံရဲ့ဆရာဟာ ပျူလို့အဆိုရှိပေမယ့် ဒီကိစ္စကြတော့ ပျူတွေသုံးစွဲခဲ့တဲ့ ဒင်္ဂါးစနစ်ကို ပုဂံခေတ်လူမှုအဖွဲ့အစည်းက ဘာလို့မဆက်ခံ ခဲ့ကြတာလဲ

ပုဂံခေတ်ရဲ့အဆောက်အအုံတည် ဆောက်မှုအခြေခံဟာ ပျူခေတ်နှောင်းပိုင်း အဆောက်အအုံတွေကို အတုယူထားကြောင်း ဗိသုကာလက်ရာများကိုလေ့လာခြင်းအားဖြင့် သိသာပါတယ် ၊

ပုဂံက ပျူကိုဆရာ တင်ခဲ့တယ်ဆိုတာသေချာသလောက်ပါပဲ ဒါဆို ဒင်္ဂါးကြမှ ဘာဖြစ်ရပါသလဲ

ဒါကို ဒီခေတ်လူမှုရေး၊စီးပွားရေးနဲ့ ချိန်ထိုးကြည့်မိတဲ့အခါ ယခုခေတ်လူမှုအဖွဲ့အစည်းဟာ ငွေကြေးသုံးစွဲတဲ့နေရာမှာ ကုန်းဘောင်ခေတ်က စတင်လို့ ဒင်္ဂါးစနစ်ကိုပြန်လည်အသုံးပြုခဲ့ကြပြီး ကိုလိုနီခေတ်မှာ စက္ကူငွေကြေးစနစ်ကို တဖြေးတဖြေးပြောင်းလဲလာခဲ့ကာ

ယခုဆိုလျင် ဒင်္ဂါးပုံ သို့မဟုတ် ငွေစေ့ အစား စက္ကူ ငွေကြေးစနစ်ကို လုံးလုံးလျားလျားရောက်ရှိလာခဲ့ပါတော့တယ်။

ဒီလိုပြောင်းလဲသွားရတဲ့ အခြေခံအချက်အလ က်အနေနဲ့တော့ ခေတ်တစ်ခေတ်ရဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်မှုပုံစံပြောင်းလဲလာမှုတွေအပေါ်များစွာမူတည်မှာဖြစ်ပါတယ်၊

ယခင်က ငွေကြေးအဖြစ်အသုံးပြုခဲ့တဲ့ပစ္စည်း ဟာ အမှန်တကယ် သဘာဝအတိုင်းတန်ဖိုးရှိသည့် ငွေသတ္တုကိုအခြေခံခဲ့ပြီး ၊၎င်းရဲ့အပေါ်မှာ ခပ်နှိပ်ခဲ့ ကြတဲ့ အမှတ်တံဆိပ်များဟာလည်း ဘာသာရေးနဲ့ဆက်နွယ်ပတ်သက်နေသည့် အမှတ်လက္ခဏာများကိုအခြေခံပါတယ်။

ငွေစက္ကူစနစ်မှာ လူမှုအဖွဲ့အစည်းရဲ့ ဗဟိုဦးစီးခေါင်းဆောင်သို့မဟုတ် သူရဲကောင်း တစ်ဦး၏ လူမှုအဖွဲ့အစည်းအပေါ်လွှမ်းမိုးမှု အရှိန်အဝါ ပုံရိပ်ကို ဗဟိုပြု၍ စက္ကူပေါ်ရိုက်နှိပ် ခြင်းဖြင့် မူလကတန်ဖိုးမရှိသည့်စက္ကူသည်

တန်ဖိုးတစ်ခုသို့သတ်မှတ်ရောက်ရှိစေပြီး ယခင်ဘာသာရေးကိုအခြေခံသော ငွေကြေးစနစ်မှ သူရဲကောင်းစနစ်ကိုအခြေခံသောငွေကြေးစနစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်မည်ဟု ယူဆနိုင်ပါတယ်။

ပျူခေတလူမှုအဖွဲ့အစည်းအနေဖြင့် ငွေကြေးအဖြစ်ဒင်္ဂါးကိုသုံးစွဲခဲ့ရာမှာ ဒင်္ဂါးအပေါ်တွင်ရိုက်နှိပ်ထားသည့် အမှတ်အသားများဟာ ငွေကြေးအဖြစ်သုံးစွဲ၊အသုံးချမှုထက်ကျော်လွန်သည့် အတွေးအခေါ်များရှိခဲ့လိမ့်မည်ဟု သုးသပ်နိုင်ပါတယ်။

ဒါ့ပြင် ပျူခေတ်လူမှုအဖွဲ့အစည်း၏ ကုန်သွယ်မှု စနစ်နှင့် ဒေသတွင်း ငွေကြေးစီးဆင်းမှုပမာဏသည်လုံလောက်စွာ ရှိနေပြီး ပျူခေတ် ငွေကြေးစနစ်ကို ဒင်္ဂါးအပြင် အခြားစနစ်အနေနှင့်လည်းရှိကောင်းရှိနိုင်ပါတယ်

ဥပမာ ဒင်္ဂါးသုံးစွဲမှုစနစ်ကိုလူတန်းစားခွဲခြားထားပြီးသာမန်လူတန်းစားများအနေဖြင့် ကုန်သွယ်ဖလှယ်ကြရာတွင်အခြားနည်းများလည်း သုံးကောင်းသုံးနိုင်ပါတယ်၊ ဒါကြောင့်ပျူခေတ်ကပင်ဒင်္ဂါးသုံးစွဲခဲ့မှုဟာ

လူတန်းစားအလိုက်အကန့်အသတ်များလည်းရှိကောင်းရှိနိုင်ပါတယ်။ပုဂံခေတ်ဖြစ်လာမည့် လူမှုအဖွဲ့အစည်းဟာ ပျူခေတ်နှောင်းကာလနှင့် ပုဂံခေတ်မတိုင်မီကြားကာ လအတွင်းပျူခေတ်ရဲကန့်သတ်ချက်များကိုအလုံးစုံ ပြန်လည် ဆက်ခံဖို့ရာတော့ မဖြစ်နိုင်ပါဘူး

ဘာဖြစ်လို့လည်းဆိုလျင် အဆိုပါကြားကာလအတွင်းပထဝီနိုင်ငံရေးအနေဖြင့်လည်းအမျိုးမျိုးပြောင်းလဲလာနိုင်ပြီးပုဂံအင်ပါယာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည့်အချိန်တွင်၊ကျေးရွာစနစ်ဖွဲ့စည်းတည်ဆောက်ပုံ၊

မြို့ပြစနစ် နှင့်အတူ တစ်နိုင်ငံလုံးနီးပါးလွှမ်းခြုံသော အတွေးအခေါ် ၊ ကြီးထွားလာသော လူမှုအဖွဲ့အစည်း နှင့် တိုးတက်ပြောင်းလဲလာသော ပြည်တွင်း၊ပြည်ပကုန်သွယ်မှု များကို အလျင်မှီစေရန်အလို့ငှာ အလွယ်ကူဆုံးငွေကြေးစနစ်ကို ပြောင်းလဲခဲ့ပုံရပါတယ်။

ပုဂံခေတ်ငွေကြေးစနစ်ဟာ ပျူခေတ် သာမန်လူတန်းစားတို့အသုံးပြုခဲ့သည့်စနစ်ကိုသာ အတုယူခဲ့ဟန်ရှိပါတယ်၊ များပြားလာသည့်ကုန်စည်စီးဆင်းမှုစနစ်ကို အလျင်မှီစေရန် လွယ်ကူတဲ့ငွေကြေးစနစ်ဟာ

ပုဂံခေတ်လူမှုအဖွဲအစည်းအတွက် အဆင်အပြေဆုံး စနစ်ဖြစ်ပေလိမ့်မှာ ဖြစ်ပါတယ်။နိုင်ငံရေးနှင့် ကုန်သွယ်စီးပွားရေးပုံစံ ပြောင်းလဲလာမှုများဟာ ပုဂံခေတ်အတွက် ဒင်္ဂါးစနစ်သည် အသုံးမကျတော့သည့်ငွေကြေးစနစ်

အဖြစ်ယူဆခဲ့ကြပြီး ငွေတုံးငွေခဲကို အလေးချိန်စနစ်ဖြင့်သုံးစွဲခဲ့ရင်းအခြားသော ကုန်ပစ္စည်းပေးခြေခြင်းစနစ်တွေလည်းအသုံပြုခဲ့မည်ဟု သုံးသပ်ယူဆမိပါတယ်၊

ဒီထက်ခိုင်မာတဲ့အချက်အလက်များလည်း ဆက်လက်သုတေသနပြုကြရအုန်းမှာဖြစ်ပါတယ် ။

Crd

Zawgyi

ပုဂံေခတ္မွာ ဘာေၾကာင့္ဒဂၤါးေတြမေတြ႕ရတာလဲ? ဒီေမးခြန္းက သုေတသနနယ္ပယ္မွာ အေမးခံရဆုံးနဲ႔ ယခုထိလည္း အေျဖမထြက္ေသးတဲ့ ပုစာၦတစ္ပုဒ္ ပဲျဖစ္ပါတယ္ ။

တကယ္လည္း ပ်ဴၿမိဳ႕ေဟာင္းေတြကို တူးေဖာ္သုေတသနျပဳတဲ့အခါ ေငြနဲ႔ျပဳလုပ္ထားတဲ့ဒဂၤါးအ႐ြယ္မ်ိဳးစုံကိုေတြ႕ရွိရတဲ့အျပင္ ေ႐ႊနဲ႔လည္းျပဳလုပ္ထားေၾကာင္း တူးေဖာ္မႈအေထာက္အထားမ်ားအရသိရျပန္ပါတယ္

တစ္ခါတစ္ေလ ေျမကိုမီးဖုတ္ၿပီးေတာ့ေတာင္ ဒဂၤါးပုံစံျပဳလုပ္ထားေၾကာင္းေတြ႕ရပါေသးတယ္။

သို႔ေပမယ့္ ပုဂံေခတ္ေရာက္တဲ့အခါ ပ်ဴေခတ္ကအသုံးျပဳခဲ့သလို ဒဂၤါးကို မေတြ႕ရွိရေတာ့ပါဘူး။ ဒါဟာအေတာ္ေလး ပေဟဠိလည္းဆန္လွပါတယ္

ပုဂံေခတ္ေျမလႊာေတြကို တူးေဖာ္ သုေတသနျပဳတဲ့အခါတိုင္း ဒဂၤါးအစား ေငြတုံး ေငြခဲမ်ားသာ အ႐ြယ္အစားအမ်ိဳးမ်ိဳးကိုေတြ႕ရွိရပါတယ္ ဒါဘာေၾကာင့္လဲ ?

ပုဂံရဲ႕ဆရာဟာ ပ်ဴလို႔အဆိုရွိေပမယ့္ ဒီကိစၥၾကေတာ့ ပ်ဴေတြသုံးစြဲခဲ့တဲ့ ဒဂၤါးစနစ္ကို ပုဂံေခတ္လူမႈအဖြဲ႕အစည္းက ဘာလို႔မဆက္ခံ ခဲ့ၾကတာလဲ

ပုဂံေခတ္ရဲ႕အေဆာက္အအုံတည္ ေဆာက္မႈအေျခခံဟာ ပ်ဴေခတ္ေႏွာင္းပိုင္း အေဆာက္အအုံေတြကို အတုယူထားေၾကာင္း ဗိသုကာလက္ရာမ်ားကိုေလ့လာျခင္းအားျဖင့္ သိသာပါတယ္ ၊

ပုဂံက ပ်ဴကိုဆရာ တင္ခဲ့တယ္ဆိုတာေသခ်ာသေလာက္ပါပဲ ဒါဆို ဒဂၤါးၾကမွ ဘာျဖစ္ရပါသလဲ

ဒါကို ဒီေခတ္လူမႈေရး၊စီးပြားေရးနဲ႔ ခ်ိန္ထိုးၾကည့္မိတဲ့အခါ ယခုေခတ္လူမႈအဖြဲ႕အစည္းဟာ ေငြေၾကးသုံးစြဲတဲ့ေနရာမွာ ကုန္းေဘာင္ေခတ္က စတင္လို႔ ဒဂၤါးစနစ္ကိုျပန္လည္အသုံးျပဳခဲ့ၾကၿပီး ကိုလိုနီေခတ္မွာ စကၠဴေငြေၾကးစနစ္ကို တေျဖးတေျဖးေျပာင္းလဲလာခဲ့ကာ

ယခုဆိုလ်င္ ဒဂၤါးပုံ သို႔မဟုတ္ ေငြေစ့ အစား စကၠဴ ေငြေၾကးစနစ္ကို လုံးလုံးလ်ားလ်ားေရာက္ရွိလာခဲ့ပါေတာ့တယ္။

ဒီလိုေျပာင္းလဲသြားရတဲ့ အေျခခံအခ်က္အလ က္အေနနဲ႔ေတာ့ ေခတ္တစ္ေခတ္ရဲ႕ ပထဝီႏိုင္ငံေရး၊ စီးပြားေရးနဲ႔ ကုန္သြယ္မႈပုံစံေျပာင္းလဲလာမႈေတြအေပၚမ်ားစြာမူတည္မွာျဖစ္ပါတယ္၊

ယခင္က ေငြေၾကးအျဖစ္အသုံးျပဳခဲ့တဲ့ပစၥည္း ဟာ အမွန္တကယ္ သဘာဝအတိုင္းတန္ဖိုးရွိသည့္ ေငြသတၱဳကိုအေျခခံခဲ့ၿပီး ၊၄င္းရဲ႕အေပၚမွာ ခပ္ႏွိပ္ခဲ့ ၾကတဲ့ အမွတ္တံဆိပ္မ်ားဟာလည္း ဘာသာေရးနဲ႔ဆက္ႏြယ္ပတ္သက္ေနသည့္ အမွတ္လကၡဏာမ်ားကိုအေျခခံပါတယ္။

ေငြစကၠဴစနစ္မွာ လူမႈအဖြဲ႕အစည္းရဲ႕ ဗဟိုဦးစီးေခါင္းေဆာင္သို႔မဟုတ္ သူရဲေကာင္း တစ္ဦး၏ လူမႈအဖြဲ႕အစည္းအေပၚလႊမ္းမိုးမႈ အရွိန္အဝါ ပုံရိပ္ကို ဗဟိုျပဳ၍ စကၠဴေပၚ႐ိုက္ႏွိပ္ ျခင္းျဖင့္ မူလကတန္ဖိုးမရွိသည့္စကၠဴသည္

တန္ဖိုးတစ္ခုသို႔သတ္မွတ္ေရာက္ရွိေစၿပီး ယခင္ဘာသာေရးကိုအေျခခံေသာ ေငြေၾကးစနစ္မွ သူရဲေကာင္းစနစ္ကိုအေျခခံေသာေငြေၾကးစနစ္သို႔ေရာက္ရွိခဲ့ျခင္းျဖစ္မည္ဟု ယူဆႏိုင္ပါတယ္။

ပ်ဴေခတလူမႈအဖြဲ႕အစည္းအေနျဖင့္ ေငြေၾကးအျဖစ္ဒဂၤါးကိုသုံးစြဲခဲ့ရာမွာ ဒဂၤါးအေပၚတြင္႐ိုက္ႏွိပ္ထားသည့္ အမွတ္အသားမ်ားဟာ ေငြေၾကးအျဖစ္သုံးစြဲ၊အသုံးခ်မႈထက္ေက်ာ္လြန္သည့္ အေတြးအေခၚမ်ားရွိခဲ့လိမ့္မည္ဟု သုးသပ္ႏိုင္ပါတယ္။

ဒါ့ျပင္ ပ်ဴေခတ္လူမႈအဖြဲ႕အစည္း​၏ ကုန္သြယ္မႈ စနစ္ႏွင့္ ေဒသတြင္း ေငြေၾကးစီးဆင္းမႈပမာဏသည္လုံေလာက္စြာ ရွိေနၿပီး ပ်ဴေခတ္ ေငြေၾကးစနစ္ကို ဒဂၤါးအျပင္ အျခားစနစ္အေနႏွင့္လည္းရွိေကာင္းရွိႏိုင္ပါတယ္

ဥပမာ ဒဂၤါးသုံးစြဲမႈစနစ္ကိုလူတန္းစားခြဲျခားထားၿပီးသာမန္လူတန္းစားမ်ားအေနျဖင့္ ကုန္သြယ္ဖလွယ္ၾကရာတြင္အျခားနည္းမ်ားလည္း သုံးေကာင္းသုံးႏိုင္ပါတယ္၊ ဒါေၾကာင့္ပ်ဴေခတ္ကပင္ဒဂၤါးသုံးစြဲခဲ့မႈဟာ

လူတန္းစားအလိုက္အကန႔္အသတ္မ်ားလည္းရွိေကာင္းရွိႏိုင္ပါတယ္။ပုဂံေခတ္ျဖစ္လာမည့္ လူမႈအဖြဲ႕အစည္းဟာ ပ်ဴေခတ္ေႏွာင္းကာလႏွင့္ ပုဂံေခတ္မတိုင္မီၾကားကာ လအတြင္းပ်ဴေခတ္ရဲကန႔္သတ္ခ်က္မ်ားကိုအလုံးစုံ ျပန္လည္ ဆက္ခံဖို႔ရာေတာ့ မျဖစ္ႏိုင္ပါဘူး

ဘာျဖစ္လို႔လည္းဆိုလ်င္ အဆိုပါၾကားကာလအတြင္းပထဝီႏိုင္ငံေရးအေနျဖင့္လည္းအမ်ိဳးမ်ိဳးေျပာင္းလဲလာႏိုင္ၿပီးပုဂံအင္ပါယာတစ္ခုအျဖစ္ ေျပာင္းလဲလာခဲ့သည့္အခ်ိန္တြင္၊ေက်း႐ြာစနစ္ဖြဲ႕စည္းတည္ေဆာက္ပုံ၊

ၿမိဳ႕ျပစနစ္ ႏွင့္အတူ တစ္ႏိုင္ငံလုံးနီးပါးလႊမ္းၿခဳံေသာ အေတြးအေခၚ ၊ ႀကီးထြားလာေသာ လူမႈအဖြဲ႕အစည္း ႏွင့္ တိုးတက္ေျပာင္းလဲလာေသာ ျပည္တြင္း၊ျပည္ပကုန္သြယ္မႈ မ်ားကို အလ်င္မွီေစရန္အလို႔ငွာ အလြယ္ကူဆုံးေငြေၾကးစနစ္ကို ေျပာင္းလဲခဲ့ပုံရပါတယ္။

ပုဂံေခတ္ေငြေၾကးစနစ္ဟာ ပ်ဴေခတ္ သာမန္လူတန္းစားတို႔အသုံးျပဳခဲ့သည့္စနစ္ကိုသာ အတုယူခဲ့ဟန္ရွိပါတယ္၊ မ်ားျပားလာသည့္ကုန္စည္စီးဆင္းမႈစနစ္ကို အလ်င္မွီေစရန္ လြယ္ကူတဲ့ေငြေၾကးစနစ္ဟာ

ပုဂံေခတ္လူမႈအဖြဲအစည္းအတြက္ အဆင္အေျပဆုံး စနစ္ျဖစ္ေပလိမ့္မွာ ျဖစ္ပါတယ္။ႏိုင္ငံေရးႏွင့္ ကုန္သြယ္စီးပြားေရးပုံစံ ေျပာင္းလဲလာမႈမ်ားဟာ ပုဂံေခတ္အတြက္ ဒဂၤါးစနစ္သည္ အသုံးမက်ေတာ့သည့္ေငြေၾကးစနစ္

အျဖစ္ယူဆခဲ့ၾကၿပီး ေငြတုံးေငြခဲကို အေလးခ်ိန္စနစ္ျဖင့္သုံးစြဲခဲ့ရင္းအျခားေသာ ကုန္ပစၥည္းေပးေျချခင္းစနစ္ေတြလည္းအသုံျပဳခဲ့မည္ဟု သုံးသပ္ယူဆမိပါတယ္၊

ဒီထက္ခိုင္မာတဲ့အခ်က္အလက္မ်ားလည္း ဆက္လက္သုေတသနျပဳၾကရအုန္းမွာျဖစ္ပါတယ္ ။

Crd