
Unicode

ရန်သေအောင် ရေသံ ဆောင်တတ်သူများသတိထားနိုင်ဖို့ ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ပါတယ်

အန္တရာယ်ရှိသောတချို့ရေသံပုတီးများ

မတွေ့တာကြာပြီဖြစ်တဲ့ ကျွန်တော့မိတ်ဆွေတစ်ယောက်မထင်မှတ်ပဲလမ်းမှာတွေ့မိပါတယ် ။

သူ့ကိုကြည့်ရတာအရင်လို ရွှင်ရွှင်ပြပြမရှိတာတော့ချက်ချင်းသတိထားမိလိုက်တယ် ။အာ့လာဘသာ့လာဘဟိုပြောဒီပြောပြီး

ဒါနဲ့ဘယ်လိုဖြစ်တာလဲခင်များကြည့်ရတာလန်းလန်းဆန်းဆန်းမရှိသလိုပဲ  ကျန်းမာရေးသိပ်မကောင်းဘူးလားဆိုတော့

ဟုတ်တယ် ခုတလော နေထိုင်၍ မကောင်းကြောင်း ခေါင်းမူး၍ ခေါင်းကအမြဲလို ကိုက်နေတတ်ကြောင်း

ညဆိုနစ်ချိုက်စွာအိပ်မပျော်ဘူး ဖြစ်နေတယ်လိုပြန်ပြောတယ် ။ ဆေးခန်းမပြဘူးလားဆိုတော့

ခုပဲဆေးခန်းကပြန်လာလို့ ဆေးတွေအများကြီးပဲ ဝယ်ခဲ့ရသေတယ် ။ ဘာဆေးတွေလဲနားလည်လားကြည့်ပေးဦးဆိုပြီး သူ့အိပ်ထဲက ဆေးတွေထုတ်ပြတဲ့ အချိန်

ရေသံ နဲ့လုပ်ထားတဲ့ လက်ကောက်ပုတီးကုန်းလေးပါထွက်လာတယ် ။ဒါနဲ့ဆေးတွေကတော့သိပ်နားမလည်လို့

ဟိုကြည့်ဒီကြည့် လုပ်ပြီး ရေသံ ပုတီးလေးအကြောင်းမေးလိုက်တယ် ။အဲတော့မိတ်ဆွေက ပြန်ပြောပါတယ်တစ်လောက ဗေဒင်သွားမေးတော့-

မကောင်းမြင်ရန်လိုတဲ့လူရှိလို့ ဗေဒင်ဆရာကရန်သေအောင်သွားလေရာ ရေသံ ဆောင်ခိုင်းတာနဲ့

မိုးကုတ်က မိတ်ဆွေတစ်ယောက်ဆီက ရေသံပုတီး တစ်ကုန်မှာပြီးဆောင်ခဲ့ကြောင်းရှင်းပြတော့ ကျွန်တော် ဒီရေသံပုတီကို သံသယ ရှိမိတယ်။

ကျွန်တော်လဲသူ့ကိုရှင်းပြတယ်ဒီလိုရေသံ ပုတီးတွေကအရမ်းဝယ်ဝတ်လို့မသင့်တော်ဘူး တချို့ဟာတွေက ရေသံ နှင့်အရမ်းတူပြီးလူကို ဥပါတ်ပေးတဲ့ ရေဒီယို အက်တစ်ဖြစ်တဲ့ကျောက်တွေဖြစ်တတ်တယ် ။

သူကိုကျွန်တော့်ရုံးကိုခေါ်ပြီးတစ်ခါတည်း ရေဒီယိုအက်တစ်စစ်ဆေးတဲ့စက်နဲ့စမ်းလိုက်တော့စက်ကချက်ချင်းပဲအသံတွေထွက်ပြီး

သူ့ရေသံပုတီးမှာ ရေဒီယို အက်တစ် ဖြစ်နေတဲ့ တွင်းထွက်ပါနေတယ် ။အဲ့တော့မှသူလဲ ပြန်စဉ်းသားပြီးဟုတ်လိမ့်မယ်ဒီရေသံပုတီး ဆောင်ပြီးရက်ပိုင်းအကြာပဲခုလိုတွေ ဖြစ်နေတာလို့ပြောရှာတယ် ။

တစ်ချို့သော ရေဒီယို အက်တစ် တွင်းထွက်တွေက လူနဲ့နီးကပ်စွာထားရင် လူကိုရောင်ခြည်သင့်ပြီးကျန်းမာရေးကိုထိခိုက်ပြီးအသက်ဆုံးတဲ့ထိဖြစ်သွားနိင်ပါတယ် ။

ကျွန်တော်တို့စီက ရေသံဆိုပြီး သွေးနေကြတဲ ကျောက်တွေထဲမှာ ” zirconolite ” နှင့် “thorite ” ဆိုတဲ့ ရေဒီယိုသတ္တိကြွတဲ့တွင်းထွက်တွေဖြစ်နေတတ်ပါတယ် ။

သာမန်အားဖြင့်တော့ကြည့်ရင်တော့ ရေသံနဲ့တူနေတတ်ပါတယ် ။ အဲလို ရေဒီယိုသတိကြွတွင်းထွက်တွေကလူနှင့်နီးကပ်စွာ အစင်မြဲရှိနေရင်

လူ့ခန္တာကိုယ်ကဆဲလ်တွေကို ခုက္ခပေးပြီး ကင်စာကို ဖြစ်ပွါးစေနိင်ပါတယ် ။ဒီလိုမသိပဲ ရေသံလို့ခေါ်ပြီး ဝတ်ဆင်ရင်း

ဒုက္ခရောက်သွားတဲ့လူတွေလဲရှိနိင်ပါလားလို့တွေးမိရင်း မိတ်ဆွေအပေါင်းကိုအသိ/သတိ ပေးလိုက်ပါတယ် ။

လေးစားစွာဖြင့် မူရင်းရေးသူအား ခရက်ဒစ် ပေးပါတယ်ခင်ဗျာ…။

Crd

Zawgyi






















Crd