မိဘေက်းဇူး( ေလာပန္းေလာင္းဖိုးဖိုးႀကီး )

ဒီနေ့ဖားကန့်မော်ထဲမှာ ဖိုးဖိုးကြီးတယောက်ကိုတွေ့လို့က်တယ်. ဖိုးကြီးဆိုတော့စုပ်ပျက်နေတာပေါ့ကွာ သူ့မှာလဲဝမ်းရေးအတွက်ကျောက်ရှာတုတ်လေးနဲ့(စိန်တူ) တံတိုင်လေး နဲ့ကွာ အသက်တော့(70)ကျော်နေလောက်ပြီ သူများရှာပြီးသား နေရာမှာလိုက်ရှာနေတော့ ကျာက်လဲမရဘူးပေါ့ ကျွန်တော်လေး ဖိုးကြီးကို ကြည့်ရင်းကြရင်း သနားလို့ စကားသွားပြောဖို့ အတွေးထဲဝင်လာမိတယ် အားပေးစကားလေးဘာလေးပေါ့ အဖိုးနားရောက်တော့ ‘

ဖိုးဖိုးကျောက်ရလား, မြေးရယ် ဖိုးဖိုး မျက်စိလဲမကောင်း အားလဲအရင်လိုမရှိ ဆိုတော့ ဖိုးကျောက်မရတာသုံးလေးလလောက်ရှိပြီ ထမင်းစားကျောက်လေးတောင်မှ မရတတ်တော့ဘူးဖိုးဖိုးစကားကြားတော့ ကျွန်တော့် ရင်ထဲမှာမျက်ရည်ကျ မိတယ်

ဒီလိုနဲ့ ထပ်မေးကြည့် လိုက်တယ်သားသမီး မရှိဘူးလားပေါ့ဒီမေးခွန်း ကြောင့် ဖိုးဖိုးကြီးမျက်ရည်ဝဲ လာတယ် မေးသူရှိတော့မျက်ရည်ဝဲဝဲနဲ့ ဘဲ ဖိုးဖိုးကြီးပြောလာရှာတယ်

ဖိုးမှာ သားသမီး ကိုးယောက်ရှိတယ် သူတို့လေးတွေ ငယ်ငယ်တုန်းကဆို အိမ်မှာ ပွဲကြီးလိုဘဲ ဆူညံ နေတာဘဲ ယောက်ကျားလေးငါးယောက် မိန်းခလေး လေးယောက် ပျော်စရာကြီး အိမ်မှာ ..ဖိုးဖိုးကြီး မျက်ရည်ဝဲ နေတဲ့ထဲက ပြုံးနေတယ် ကျွန်တော်သိတယ်

အရင်က နွေးထွေးတဲ့မိသာစု ဆီကို ဖိုးဖိုးကြီး အတွေးရောက်နေပြီ.မျက်ရည်ဝဲဝဲနဲ့ ပြောပြတာကို ကျွန်တော်လဲ နားထောင် နေတယ် ပေါ့အိမ်မှာပျော်စရာကြီးနဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် နေလာခဲ့တယ် သားသမီးတွေ လဲ အရွယ်ရောက်တော့သူတို့လေး တွေလဲ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖိုးဖိုးမိန်းမ ကလဲ ဆုံးဆိုတော့ မရှိတော့ပါဘူးဗျာ..ဆိုပြီး ဖိုးဖိုးစကားဆုံးသွားတယ် ဒီလိုဆို ဆားမပါတဲ့ဟင်းလို ဟိုလိုဒီလိုဟတ်ကော့ကြီးဗျာ.. ဘယ်ရမလဲ ကျွန်တော်လဲ ထပ်မေးတာပေါ့

ဖိုးဖိုးကြီး သားသမီးတွေ မရှိတော့ဘူးလား ဘယ်များရောက်သွားတာလဲပေါ့ ရှိသေးလား ဘာလုပ်ကြလဲ အဆက်သွယ်ရော ရလားဖိုးဖိုးကြီး ကိုရော မခေါ်ဘူးလား တခါထဲနဲ့ ပြီးအေင် စုံနေအောင်မေးလိုက် တာပေါ့ . ဖိုးဖိုးကြီးလေး အချိန်တော့ ရပုံ မပေါ်ဘူးသူများတွေ ကျောက်စိမ်း ရှာနေတဲ့ဘက် ကိုကြည့်ရင်း နားထောင်ရန်အသင့် ဖြစ်နေတဲ့ ကျွန်တော့ကိုပြောပြ ရှာတယ်

ဖိုးဖိုးသားသမီးတွေ အကုန်ရှိ သေးတယ် သားတွေက ဒီဖားကန့်မှာလောပန်း ဖြစ်နေတာတွေလေးပါတယ.် မြို့ ပေါ်မှာ ကိုယ့်အိမ်ကိုယ့်ခြံနဲ့နေတာတွေလေး ရှိတယ် ဟော သမီးနှစ်ယောက်ဆို ရန်ကုန်ဆိုလားဘာ ကုန်ဆိုလား ဘက်မှာ နေတယ်လို့ကြားတာဘဲ ဖိုးဖိုးအိမ်ဘေးကခလေးတွေ ပြောတာဘဲ.ဖိုးဖိုးလေး အဲဘက်ကို မရောက်ဖူးတော့သိဘူး

ဒါပေမဲ့ သားကြီးကိုလေး ဆက်သွယ်တယ.် အရင်လ ကဆို ဖိုးဖိုးနေမကောင်း မလုပ်နိုင် မထနိုင် နဲ့ မို့ ခေါ်တယ် လူကြုံခေါ်ခိုင်းတယ် သူတို့မှာလေးမိန်းမတွေ ကိုယ်စီနဲ့ ဆိုတော့ မအားကြဘူးထင်တယ်. ဖိုးဖိုး မိန်းမ ဆုံးပြီးတဲ့ နောက် ပိုင်းက ခုချိန်ထိ သားသမီးတွေကိုတွေ့ချင်ရင်တောင် မတွေ့နိင်တာ နှစ်တော်တော်ကြာပြီ ငါ့မြီးရယ်.

ဖိုးဖိုးကြီးစကားကိုကြားပြီး ကျွန်တော် မျက်ရည်ကျမိတယ် ဖိုးဖိုးကြီးသူ့သားသမီးတွေကို ဘယ်လောက်များတွေ့ချင် နေမလဲ လွမ်းနေမလဲ ကိုယ်ချင်းစာတာပေါ့ သူ့မှာလဲ သားသမီးတွေ ကိုးယောက်ငယ်ငယ်တုန်းက သူတယောက်ထဲဘဲရှာကျွေးခဲ့တာ ဖိုးဖိုးကီး မှာလဲ သားတွေသမီးတွေကြီးလာရင် ဆိုပြီး မျော်လင့်ချက် ပန်းတိုင် နဲ့အားတင်းကြိုးစား ရှာဖွေ ကျွေးမွေးခဲ့ရှာ တာပေါ့. ဒီအချိန်သူ့အသက်ခုနစ်ဆယ်ကျော်နေပြီ

အားအင်တွေလဲကုန် မျက်စိတွေလဲ မုံဝါးဘယ်အချိန် မှာ ဘယ်နား မြေဇာပုံ မှာ အဆုံးသတ်မှာ မသိဘဲ ကြမ်းတမ်းလှတဲ့နေရာမှာ ဝမ်းရေး အတွက် တောင်ပေါ်တောင်အောက်သွားလာနေရတုန်း ဖိုးဖိုးကြီး ဘဝ ကိုတွေးရင်း ကျွန်တော်တကယ်မျက်ရည်မခိုင်ခဲ့ဘူး

ဒီလိုနဲ့ဘဲ ဖိုးဖိုးကြီးဘဝကြောင်း ပြောကောင်းနားထောင်ကောင်နေတုန်းခရာ သံကြားလို့ အပေါ်ကိုကြည့်လိုက်တော့ ရေမဆေးကားကြီး ကျွန်တော် တို့ စကားဝိုင်း အပေါ်တောင်ဇောင်း မှ မြေစာ(ကျောက်စိမ်းရှာပြီးသောမြေစာ)သွန်ဖို့ အဆင်သင့်ဖြစ်နေပြီဒီလိုနဲ့ဘဲ လောပန်းလောင်းဖိုးဖိုးကြီးရဲ့ ဘဝကြောင်းကိုအဆုံးသတ်လိုက်ခဲ့ လိုက်ရ တယ် ….

ကဲ့ . မိတ်ဆွေ သင်ရော သင့်မိဘကိုအချိန်ဘယ်လောက် ပေးပြီးပြီလဲမိဘတွေက တယောက်ထဲ သားသမီးအားလုံးကို သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ပြီးပြီ. ယခုသင့်မိဘတွေ အိုမင်းလာပြီ သင်ရော ဘယ်လောက်ပေးဆပ်ပြီးပြီလဲ မဆပ်ပြီးသေးရင် ယခုချိန်မှစ၍ ပေးဆပ် လိုက်ပါ

မူရင်း ရေးသူ-နောနော်ဆန့်

စာလုံးကအစ မှားတာရှိရင်ခွင့်လွတ်ပါ. သင့်မိဘကို ချစ်မြတ်နိုးရင်Share လိုက်ပါလား

လောကသား အားလုံး မိဘကိုချစ်နိုင်ကြပါစေ..

#crd

Zawgyi

ဒီေန႔ဖားကန႔္ေမာ္ထဲမွာ ဖိုးဖိုးႀကီးတေယာက္ကိုေတြ႕လို႔က္တယ္. ဖိုးႀကီးဆိုေတာ့စုပ္ပ်က္ေနတာေပါ့ကြာ သူ႔မွာလဲဝမ္းေရးအတြက္ေက်ာက္ရွာတုတ္ေလးနဲ႔(စိန္တူ) တံတိုင္ေလး နဲ႔ကြာ အသက္ေတာ့(70)ေက်ာ္ေနေလာက္ၿပီ သူမ်ားရွာၿပီးသား ေနရာမွာလိုက္ရွာေနေတာ့ က်ာက္လဲမရဘူးေပါ့ ကြၽန္ေတာ္ေလး ဖိုးႀကီးကို ၾကည့္ရင္းၾကရင္း သနားလို႔ စကားသြားေျပာဖို႔ အေတြးထဲဝင္လာမိတယ္ အားေပးစကားေလးဘာေလးေပါ့ အဖိုးနားေရာက္ေတာ့ ‘

ဖိုးဖိုးေက်ာက္ရလား, ေျမးရယ္ ဖိုးဖိုး မ်က္စိလဲမေကာင္း အားလဲအရင္လိုမရွိ ဆိုေတာ့ ဖိုးေက်ာက္မရတာသုံးေလးလေလာက္ရွိၿပီ ထမင္းစားေက်ာက္ေလးေတာင္မွ မရတတ္ေတာ့ဘူးဖိုးဖိုးစကားၾကားေတာ့ ကြၽန္ေတာ့္ ရင္ထဲမွာမ်က္ရည္က် မိတယ္

ဒီလိုနဲ႔ ထပ္ေမးၾကည့္ လိုက္တယ္သားသမီး မရွိဘူးလားေပါ့ဒီေမးခြန္း ေၾကာင့္ ဖိုးဖိုးႀကီးမ်က္ရည္ဝဲ လာတယ္ ေမးသူရွိေတာ့မ်က္ရည္ဝဲဝဲနဲ႔ ဘဲ ဖိုးဖိုးႀကီးေျပာလာရွာတယ္

ဖိုးမွာ သားသမီး ကိုးေယာက္ရွိတယ္ သူတို႔ေလးေတြ ငယ္ငယ္တုန္းကဆို အိမ္မွာ ပြဲႀကီးလိုဘဲ ဆူညံ ေနတာဘဲ ေယာက္က်ားေလးငါးေယာက္ မိန္းခေလး ေလးေယာက္ ေပ်ာ္စရာႀကီး အိမ္မွာ ..ဖိုးဖိုးႀကီး မ်က္ရည္ဝဲ ေနတဲ့ထဲက ၿပဳံးေနတယ္ ကြၽန္ေတာ္သိတယ္

အရင္က ေႏြးေထြးတဲ့မိသာစု ဆီကို ဖိုးဖိုးႀကီး အေတြးေရာက္ေနၿပီ.မ်က္ရည္ဝဲဝဲနဲ႔ ေျပာျပတာကို ကြၽန္ေတာ္လဲ နားေထာင္ ေနတယ္ ေပါ့အိမ္မွာေပ်ာ္စရာႀကီးနဲ႔ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ ေနလာခဲ့တယ္ သားသမီးေတြ လဲ အ႐ြယ္ေရာက္ေတာ့သူတို႔ေလး ေတြလဲ ကိုယ့္အိမ္ေထာင္နဲ႔ကိုယ္ ဖိုးဖိုးမိန္းမ ကလဲ ဆုံးဆိုေတာ့ မရွိေတာ့ပါဘူးဗ်ာ..ဆိုၿပီး ဖိုးဖိုးစကားဆုံးသြားတယ္ ဒီလိုဆို ဆားမပါတဲ့ဟင္းလို ဟိုလိုဒီလိုဟတ္ေကာ့ႀကီးဗ်ာ.. ဘယ္ရမလဲ ကြၽန္ေတာ္လဲ ထပ္ေမးတာေပါ့

ဖိုးဖိုးႀကီး သားသမီးေတြ မရွိေတာ့ဘူးလား ဘယ္မ်ားေရာက္သြားတာလဲေပါ့ ရွိေသးလား ဘာလုပ္ၾကလဲ အဆက္သြယ္ေရာ ရလားဖိုးဖိုးႀကီး ကိုေရာ မေခၚဘူးလား တခါထဲနဲ႔ ၿပီးေအင္ စုံေနေအာင္ေမးလိုက္ တာေပါ့ . ဖိုးဖိုးႀကီးေလး အခ်ိန္ေတာ့ ရပုံ မေပၚဘူးသူမ်ားေတြ ေက်ာက္စိမ္း ရွာေနတဲ့ဘက္ ကိုၾကည့္ရင္း နားေထာင္ရန္အသင့္ ျဖစ္ေနတဲ့ ကြၽန္ေတာ့ကိုေျပာျပ ရွာတယ္

ဖိုးဖိုးသားသမီးေတြ အကုန္ရွိ ေသးတယ္ သားေတြက ဒီဖားကန႔္မွာေလာပန္း ျဖစ္ေနတာေတြေလးပါတယ.္ ၿမိဳ႕ ေပၚမွာ ကိုယ့္အိမ္ကိုယ့္ၿခံနဲ႔ေနတာေတြေလး ရွိတယ္ ေဟာ သမီးႏွစ္ေယာက္ဆို ရန္ကုန္ဆိုလားဘာ ကုန္ဆိုလား ဘက္မွာ ေနတယ္လို႔ၾကားတာဘဲ ဖိုးဖိုးအိမ္ေဘးကခေလးေတြ ေျပာတာဘဲ.ဖိုးဖိုးေလး အဲဘက္ကို မေရာက္ဖူးေတာ့သိဘူး

ဒါေပမဲ့ သားႀကီးကိုေလး ဆက္သြယ္တယ.္ အရင္လ ကဆို ဖိုးဖိုးေနမေကာင္း မလုပ္ႏိုင္ မထႏိုင္ နဲ႔ မို႔ ေခၚတယ္ လူႀကဳံေခၚခိုင္းတယ္ သူတို႔မွာေလးမိန္းမေတြ ကိုယ္စီနဲ႔ ဆိုေတာ့ မအားၾကဘူးထင္တယ္. ဖိုးဖိုး မိန္းမ ဆုံးၿပီးတဲ့ ေနာက္ ပိုင္းက ခုခ်ိန္ထိ သားသမီးေတြကိုေတြ႕ခ်င္ရင္ေတာင္ မေတြ႕နိင္တာ ႏွစ္ေတာ္ေတာ္ၾကာၿပီ ငါ့ၿမီးရယ္.

ဖိုးဖိုးႀကီးစကားကိုၾကားၿပီး ကြၽန္ေတာ္ မ်က္ရည္က်မိတယ္ ဖိုးဖိုးႀကီးသူ႔သားသမီးေတြကို ဘယ္ေလာက္မ်ားေတြ႕ခ်င္ ေနမလဲ လြမ္းေနမလဲ ကိုယ္ခ်င္းစာတာေပါ့ သူ႔မွာလဲ သားသမီးေတြ ကိုးေယာက္ငယ္ငယ္တုန္းက သူတေယာက္ထဲဘဲရွာေကြၽးခဲ့တာ ဖိုးဖိုးကီး မွာလဲ သားေတြသမီးေတြႀကီးလာရင္ ဆိုၿပီး ေမ်ာ္လင့္ခ်က္ ပန္းတိုင္ နဲ႔အားတင္းႀကိဳးစား ရွာေဖြ ေကြၽးေမြးခဲ့ရွာ တာေပါ့. ဒီအခ်ိန္သူ႔အသက္ခုနစ္ဆယ္ေက်ာ္ေနၿပီ

အားအင္ေတြလဲကုန္ မ်က္စိေတြလဲ မုံဝါးဘယ္အခ်ိန္ မွာ ဘယ္နား ေျမဇာပုံ မွာ အဆုံးသတ္မွာ မသိဘဲ ၾကမ္းတမ္းလွတဲ့ေနရာမွာ ဝမ္းေရး အတြက္ ေတာင္ေပၚေတာင္ေအာက္သြားလာေနရတုန္း ဖိုးဖိုးႀကီး ဘဝ ကိုေတြးရင္း ကြၽန္ေတာ္တကယ္မ်က္ရည္မခိုင္ခဲ့ဘူး

ဒီလိုနဲ႔ဘဲ ဖိုးဖိုးႀကီးဘဝေၾကာင္း ေျပာေကာင္းနားေထာင္ေကာင္ေနတုန္းခရာ သံၾကားလို႔ အေပၚကိုၾကည့္လိုက္ေတာ့ ေရမေဆးကားႀကီး ကြၽန္ေတာ္ တို႔ စကားဝိုင္း အေပၚေတာင္ေဇာင္း မွ ေျမစာ(ေက်ာက္စိမ္းရွာၿပီးေသာေျမစာ)သြန္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဒီလိုနဲ႔ဘဲ ေလာပန္းေလာင္းဖိုးဖိုးႀကီးရဲ႕ ဘဝေၾကာင္းကိုအဆုံးသတ္လိုက္ခဲ့ လိုက္ရ တယ္ ….

ကဲ့ . မိတ္ေဆြ သင္ေရာ သင့္မိဘကိုအခ်ိန္ဘယ္ေလာက္ ေပးၿပီးၿပီလဲမိဘေတြက တေယာက္ထဲ သားသမီးအားလုံးကို ေသြးနဲ႔ ေခြၽးနဲ႔ ေပးဆပ္ခဲ့ၿပီးၿပီ. ယခုသင့္မိဘေတြ အိုမင္းလာၿပီ သင္ေရာ ဘယ္ေလာက္ေပးဆပ္ၿပီးၿပီလဲ မဆပ္ၿပီးေသးရင္ ယခုခ်ိန္မွစ၍ ေပးဆပ္ လိုက္ပါ

မူရင္း ေရးသူ-ေနာေနာ္ဆန႔္

စာလုံးကအစ မွားတာရွိရင္ခြင့္လြတ္ပါ. သင့္မိဘကို ခ်စ္ျမတ္ႏိုးရင္Share လိုက္ပါလား

ေလာကသား အားလုံး မိဘကိုခ်စ္ႏိုင္ၾကပါေစ..

#crd