
Unicode

အလုပ်ကြိုးစားတိုင်းလည်းမချမ်းသာနိုင်ပါဘူး

တစ်ခါက အဘိုးကြီးတစ်ယောက်ဟာ စိတ်ညစ်နေတဲ့လူငယ်တစ်ယောက်ကိုတွေ့တော့ မေးလိုက်ပါတယ်သားငယ်လေး မင်းဘာတွေ တွေးပြီးစိတ်ညစ်နေတာလဲကွ

အဘိုးကြီးက ဘေးမှာဝင်ထိုင်ရင်းမေးလိုက်တယ်ကျွန်နော်ဗျာ အခုထိမချမ်းသာနိုင်သေးလို့ ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာ

အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူးအဘိုးကြီးက မျက်လုံးပြူးသွားကာဟေ မင်းကချမ်းသာချင်လို့လား လူငယ်က ကသိကအောက်ဖြစ်သွားကာ

ဦးလေးကလဲဗျာ မချမ်းသာချင်တဲ့သူဘယ်သူရှိလို့တုန်း လူတိုင်းချမ်းသာချင်ကြတာပဲဗျအေးပါ ဟုတ်ပါပီ။ ဒါနဲ့ မင်းချမ်းသာချင်တော့ အခုဘာတွေလုပ်နေတုန်း

ကျွန်နော် အခု Company တစ်ခုမှဝန်ထမ်းလုပ်နေတာ ၁၀ နှစ်ကျော်ပီ။ အလုပ်လဲ ကြိုးစားတာပဲဗျာ၊ ခုထိမချမ်းသာသေးဘူး အဘိုးကြီးကတစ်ချက်ပြုံးသွားကာမင်းအခု ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ

Company မှာလုပ်တာဆိုတော့ Company တိုးတက်ဖို့အတွက်ပေါ့ဗျမင်းက မင်းအတွက် လုပ်တာမှ မဟုတ်တာ မင်း Company အတွက်လုပ်တာပဲဟာ မင်းချမ်းသာမလား Company ပဲချမ်းသာသွားမလား ၊ ဒါနဲ့နေပါအုံး မင်းတစ်နာရီ ဘယ်လောက်နဲ့ အလုပ်လုပ်နေတုန်

ကျွန်နော် တစ်နာရီ 1500 ရတယ်ဒါဆို မင်းတစ်နေ့မှာ ဘယ်နှနာရီ အလုပ်လုပ်တုန်းကွာ10 နာရီလောက် အလုပ်လုပ်ပါတယ်

ဟုတ်ပီ အဲ့တာဆိုရင် မင်းတစ်ရက် 30000 ရချင်ရင် နာရီ 20 အလုပ်လုပ်မှာလား? လူငယ်က အဖိုးကြီးပြောလိုက်တာကို စဉ်းစားသွားရင်း အဖိုးကြီးကဆက်ပြောတယ်

အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူးမင်း နာရီ20အလုပ်လုပ်လို့ရတဲ့ ဝင်ငွေ အတိုင်းအတာကို တချို့လူတွေက 1 နာရီထဲနဲ့ ရနေကြတာကောမင်းဘာလို့လဲမစဉ်းစားမိဘူးလား

အလုပ်လုပ်နေရုံ၊ အလုပ်ကြိုးစားနေရုံနဲ့ မချမ်းသာလာနိုင်ဘူးကလေး ရွေးချယ်မှုမှန်ကန်ဖို့၊ အသိဉာဏ်ရှိဖို့၊ နည်းစနစ်ကျဖို့တွေလိုတယ်

အဖိုးကြီးပြောပုံအတိုင်းဆိုရင် ကျွန်တော်တို့ အလုပ်ကြိုးစားလုပ်နေရုံနဲ့မရပါဘူး ရွေးချယ်မှုမှန်ကန်လာအောင် ဘယ်လိုတွေလုပ်ရမလဲ၊ ချမ်းသာလာအောင် ဘယ်လိုအသိဉာဏ်တွေရှိဖို့လိုအပ်မလဲ

၊ နည်းစနစ်ကျစွာ ဘယ်လိုတွေအကောင်ထည်ဖော် ငွေရှာကြမလဲဆိုတာတွေ လိုအပ်လာပါတယ်။ ဒါ့ကြောင့် အလုပ်ကြီးပဲဖိလုပ်၊ ကြိုးစားငွေရှာနေကြမယ့်အစား ဘယ်လိုတွေလုပ်သင့်တယ်၊ ဘယ်လိုတွေက ပိုပီး

အခွင့်လမ်းတွေရှိမယ် လို့ ရွေးချယ်ဆုံးဖြတ်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ငြင်းစရာတောင် မလိုပါဘူး။

ဒါ့ကြောင့် သင်ဘာတွေဆက်လုပ်သင့်တယ်၊ဘာတွေဆက်လုပ်ရမယ်ဆိုတာကို အရင်ဆုံးရှာဖွေပီး ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း

CreditOriginalUploader

Zawgyi








Company မှာလုပ်တာဆိုတော့ Companyတိုးတက်ဖို့အတွက်ပေါ့ဗျမင်းကမင်းအတွက်လုပ်တာမှ မဟုတ်တာ မင်း Company အတွက်လုပ်တာပဲဟာ မင်းချမ်းသာမလား Company ပဲချမ်းသာသွားမလား ၊ါနဲ့နေပါအုံးမင်းတစ်နာရီဘယ်လောက်နဲ့ အလုပ်လုပ်နေတုန်း








