စိန်ရွှေရတနာအကြောင်း သိကောင်းစရာ၊ ရွှေဝယ်ရင်ရှုံးသလား၊ ရွှေဝယ်တိုင်းရှုံးသလား

လူအများစုပြောကြတယ် ရွှေဝယ်ရင် ရှုံးတယ်။ အရှုံး မခံနိုင်ရင် ရွှေမဝယ်နဲ့တဲ့။ရွှေဝယ်တိုင်းရှုံးသလား။မရှုံးပါဘူး။ အထည်ဝယ်မှသာ လုပ်ခ အလျော့လက်ခအတွက် ပိုပေးဆောင်ရတာပါ။ခင်ဗျားက ရွှေကိုဝတ်ချင်တာဆိုရင်တော့ အထည်တစ်ခုဖြစ်လာဖို့အတွက် အလျော့ လက်ခပေးရပါမယ်။ ပုံဆန်း ရင်ဆန်းသလို ပေးရပါမယ်။ ခုခေတ်ပုံဆန်းစက်ဖြတ်တွေဆို ပိုပေးရပါတယ်။

ဥပမာ ခင်ဗျား အဝတ်အစတစ်ခုဝယ်ရင် အစဖိုးပဲ ပေးရမယ်။ အဲ ဝတ်ချင်တာဆိုရင်တော့ ချုပ်ခပေးရမှာပဲမလား။ ဒီနေ့ အပေါ်အောက်ဝမ်းဆက်ချုပ်ရင် ပွဲတက်ဆိုရင် အနည်းဆုံးသိန်းဂဏန်းပေးနေရပြီ တစ်ကျပ်သားဆွဲကြိုး ၁၂ သိန်းတန် တစ်ကုံးမှ အလျော့တစ်ပဲ။ ၇ သောင်းလောက် ပဲပေးရတယ်။ အဲ့လိုလုပ်တက်ဖို့ ပန်းတိမ်ပညာ ၃ နှစ်အထက် အချိန်ပေးသင်ခဲ့ရတယ်။ ပြန်လာရောင်းလို့ ကောင်းသေးရင် အပြည့်မရှုံးဘူး။

လက်စွပ် ၁ ကွင်းမှ တစ်သောင်းခွဲလောက်ပဲ ပေးရမယ်။ ဒါတွေက အထည်ပြုလုပ်ခအတွက်ပေးရတာပါ။ ခုနပြောသလို ချုပ်ခပေးရတာပါ။ခင်ဗျားတို့ ပွဲရှိလို့ အတုငှားဝတ်ရင်တောင် တစ်ရက်ကို ထောင်ဂဏန်း အနည်းဆုံးပေးရတာလေ။ ဆွဲကြိုးတစ်ကုံးတစ်နှစ်ပဲဝတ်။ အလျော့လက်ခပေး လိုက်ရတဲ့ငွေနဲ့ တစ်ရက်ဘယ်လောက်ပဲကျလည်း တွက်ကြည့်။ ဘာမှမရှိပါဘူး။အဝတ်အစားကပြန်သွင်းလို့မရဘူး။ ရွှေကပြန်သွင်းလို့ရတယ်။ ပေါင်သုံးလို့ရတယ်။ ငွေဖြစ်လွယ်တယ်။ စျေးတက်ရင် တက်စျေး ရပါတယ်။

ရွှေဆိုင်တစ်ဆိုင်က အရင်းအနှီး၊ အစိုးရဆောင်ရတဲ့ အခွန်၊ ဝန်ထမ်းစားရိတ်၊ လက်ဆောင်ပစ္စည်း၊ ဘောက်ချာဖိုးကအစ၊ အချိန်များစွာယုံကြည်မှုတည်ဆောက် ရင်းနှီးထားပီးမှ ပန်းတိမ်ဆရာကိုလက်ခရှင်းပေးပြီး တစ်ခု ထောင်ဂဏန်းကနေ တစ်သောင်း နှစ်သောင်းထက်ပိုမရပါဘူး။ ရွှေထည်မှာက ယူတဲ့အလျော့နှုန်းထားလေးတွေက စံရှိပြီးသားပါ။ ဘောက်ချာထဲမှာဖော်ပြရတယ်။ စိန်ထည်လို ဆော်လို့မရဘူး။

ဒါဆို စံနှုန်းထက်ပိုဆော်တဲ့ဆိုင်တွေရော မရှိဘူး လားမေးမယ်။ ရှိပါတယ်။ အဲ့လိုမခံရစေဖို့ ဝယ်တဲ့အခါ မိမိနှစ်သက်တဲ့ ၂ ဆိုင်လောက် အနည်းဆုံးပြောင်းပီး နှိုင်းယှဉ်ဝယ်ပေါ့ဟုတ်ပြီ ဝယ်ပြီး မရှုံးချင်ဘူး ငွေမပျောက်ပျက်အောင်စုချင်တာဆို ဘယ်လို လုပ်ရမလဲ။ မီးလင်း ရွှေအတုံးဝယ်ပါ။ဒီနေ့ခေတ်မှာ ၅ သောင်းဖိုးလောက်ကစပြီး လိုသလောက် ဖြတ်ရောင်းပေးကြပါတယ်။ အတုံးကတော့ စျေးတက်ရင် တက်သလောက်မြတ်ပြီး ကျရင်ကျသလောက်ရှုံးပါမယ်။ ဒါကတော့ ဘယ်နယ်ပယ်ဖြစ်ဖြစ်ပါ။

ခင်ဗျားကိုင်ထားတဲ့ငွေတောင် တန်ဖိုးအတက်အကျရှိပါတယ်။ စျေးတက်ပြီး ဘာလို့မမြတ်တာလဲတဲ့ အတုံးဝယ်ထားသူကတော့ တစ်သိန်းတက် တစ်သိန်းမြတ်ပါမယ်။ သူက အလျော့လက်ခမပါထားလို့ပါ။ အထည်ဝယ်ထားသူကတော့ အလျော့လက်ခရယ် ဝတ်ထားတဲ့အတွက် ရွှေလျော့တာတွေ အတွက် ခုနှိမ်ပြီးမှ ပိုမှမြတ်ပါမယ်။ဒီနေရာမှာ တစ်ကျပ်သားမှ တစ်သိန်းစျေးတက်တာကို တစ်ပဲသားလောက်အထည် ဝယ်ထားပြီး မြတ်ချင်လို့မရပါဘူး

တစ်ရာကို ဘယ်လောက်အရှုံးဆိုပြီး ရာခိုင်နှုန်းအရှုံးဆိုင်က ဝယ်ထားရင်တော့ ဘယ်လောက်စျေးတက်တက် တစ်သက်လုံးမမြတ်ပါဘူး။ ရှုံးမှာပါပဲ။နည်းလမ်းမှန်စွာ ရွှေငွေစုဆောင်းလို့ သူဌေးကြီးတွေဖြစ်ကြပါစေ . . .နောက်လည်း စိန်ရွှေရတနာ နဲ့ ပတ်သက်ပြီး ပြည်သူများသိသင့် သိထိုက်တာ၊ ဆောင်ရန် ရှောင်ရန်များကို ရေးသားပေးသွားပါ့မယ်။

#စိန်ရွှေရတနာအကြောင်းသိကောင်းစရာ

(စိတ်ကြိုက်ရှယ်နိုင်ပါတယ်။ ကူးယူဖော်ပြမယ် ဆိုရင်လည်း ကျုပ်နာမည်လေးတော့ ကွက်မချန်ခဲ့ပါနဲ့ )

– ကျော်ကြီး(MDY)

Zawgyi

လူအမ်ားစုေျပာၾကတယ္ ေ႐ႊဝယ္ရင္ ရႈံးတယ္။ အရႈံး မခံႏိုင္ရင္ ေ႐ႊမဝယ္နဲ႔တဲ့။ေ႐ႊဝယ္တိုင္းရႈံးသလား။မရႈံးပါဘူး။ အထည္ဝယ္မွသာ လုပ္ခ အေလ်ာ့လက္ခအတြက္ ပိုေပးေဆာင္ရတာပါ။ခင္ဗ်ားက ေ႐ႊကိုဝတ္ခ်င္တာဆိုရင္ေတာ့ အထည္တစ္ခုျဖစ္လာဖို႔အတြက္ အေလ်ာ့ လက္ခေပးရပါမယ္။ ပုံဆန္း ရင္ဆန္းသလို ေပးရပါမယ္။ ခုေခတ္ပုံဆန္းစက္ျဖတ္ေတြဆို ပိုေပးရပါတယ္။

ဥပမာ ခင္ဗ်ား အဝတ္အစတစ္ခုဝယ္ရင္ အစဖိုးပဲ ေပးရမယ္။ အဲ ဝတ္ခ်င္တာဆိုရင္ေတာ့ ခ်ဳပ္ခေပးရမွာပဲမလား။ ဒီေန႔ အေပၚေအာက္ဝမ္းဆက္ခ်ဳပ္ရင္ ပြဲတက္ဆိုရင္ အနည္းဆုံးသိန္းဂဏန္းေပးေနရၿပီ တစ္က်ပ္သားဆြဲႀကိဳး ၁၂ သိန္းတန္ တစ္ကုံးမွ အေလ်ာ့တစ္ပဲ။ ၇ ေသာင္းေလာက္ ပဲေပးရတယ္။ အဲ့လိုလုပ္တက္ဖို႔ ပန္းတိမ္ပညာ ၃ ႏွစ္အထက္ အခ်ိန္ေပးသင္ခဲ့ရတယ္။ ျပန္လာေရာင္းလို႔ ေကာင္းေသးရင္ အျပည့္မရႈံးဘူး။

လက္စြပ္ ၁ ကြင္းမွ တစ္ေသာင္းခြဲေလာက္ပဲ ေပးရမယ္။ ဒါေတြက အထည္ျပဳလုပ္ခအတြက္ေပးရတာပါ။ ခုနေျပာသလို ခ်ဳပ္ခေပးရတာပါ။ခင္ဗ်ားတို႔ ပြဲရွိလို႔ အတုငွားဝတ္ရင္ေတာင္ တစ္ရက္ကို ေထာင္ဂဏန္း အနည္းဆုံးေပးရတာေလ။ ဆြဲႀကိဳးတစ္ကုံးတစ္ႏွစ္ပဲဝတ္။ အေလ်ာ့လက္ခေပး လိုက္ရတဲ့ေငြနဲ႔ တစ္ရက္ဘယ္ေလာက္ပဲက်လည္း တြက္ၾကည့္။ ဘာမွမရွိပါဘူး။အဝတ္အစားကျပန္သြင္းလို႔မရဘူး။ ေ႐ႊကျပန္သြင္းလို႔ရတယ္။ ေပါင္သုံးလို႔ရတယ္။ ေငြျဖစ္လြယ္တယ္။ ေစ်းတက္ရင္ တက္ေစ်း ရပါတယ္။

ေ႐ႊဆိုင္တစ္ဆိုင္က အရင္းအႏွီး၊ အစိုးရေဆာင္ရတဲ့ အခြန္၊ ဝန္ထမ္းစားရိတ္၊ လက္ေဆာင္ပစၥည္း၊ ေဘာက္ခ်ာဖိုးကအစ၊ အခ်ိန္မ်ားစြာယုံၾကည္မႈတည္ေဆာက္ ရင္းႏွီးထားပီးမွ ပန္းတိမ္ဆရာကိုလက္ခရွင္းေပးၿပီး တစ္ခု ေထာင္ဂဏန္းကေန တစ္ေသာင္း ႏွစ္ေသာင္းထက္ပိုမရပါဘူး။ ေ႐ႊထည္မွာက ယူတဲ့အေလ်ာ့ႏႈန္းထားေလးေတြက စံရွိၿပီးသားပါ။ ေဘာက္ခ်ာထဲမွာေဖာ္ျပရတယ္။ စိန္ထည္လို ေဆာ္လို႔မရဘူး။

ဒါဆို စံႏႈန္းထက္ပိုေဆာ္တဲ့ဆိုင္ေတြေရာ မရွိဘူး လားေမးမယ္။ ရွိပါတယ္။ အဲ့လိုမခံရေစဖို႔ ဝယ္တဲ့အခါ မိမိႏွစ္သက္တဲ့ ၂ ဆိုင္ေလာက္ အနည္းဆုံးေျပာင္းပီး ႏႈိင္းယွဥ္ဝယ္ေပါ့ဟုတ္ၿပီ ဝယ္ၿပီး မရႈံးခ်င္ဘူး ေငြမေပ်ာက္ပ်က္ေအာင္စုခ်င္တာဆို ဘယ္လို လုပ္ရမလဲ။ မီးလင္း ေ႐ႊအတုံးဝယ္ပါ။ဒီေန႔ေခတ္မွာ ၅ ေသာင္းဖိုးေလာက္ကစၿပီး လိုသေလာက္ ျဖတ္ေရာင္းေပးၾကပါတယ္။ အတုံးကေတာ့ ေစ်းတက္ရင္ တက္သေလာက္ျမတ္ၿပီး က်ရင္က်သေလာက္ရႈံးပါမယ္။ ဒါကေတာ့ ဘယ္နယ္ပယ္ျဖစ္ျဖစ္ပါ။

ခင္ဗ်ားကိုင္ထားတဲ့ေငြေတာင္ တန္ဖိုးအတက္အက်ရွိပါတယ္။ ေစ်းတက္ၿပီး ဘာလို႔မျမတ္တာလဲတဲ့ အတုံးဝယ္ထားသူကေတာ့ တစ္သိန္းတက္ တစ္သိန္းျမတ္ပါမယ္။ သူက အေလ်ာ့လက္ခမပါထားလို႔ပါ။ အထည္ဝယ္ထားသူကေတာ့ အေလ်ာ့လက္ခရယ္ ဝတ္ထားတဲ့အတြက္ ေ႐ႊေလ်ာ့တာေတြ အတြက္ ခုႏွိမ္ၿပီးမွ ပိုမွျမတ္ပါမယ္။ဒီေနရာမွာ တစ္က်ပ္သားမွ တစ္သိန္းေစ်းတက္တာကို တစ္ပဲသားေလာက္အထည္ ဝယ္ထားၿပီး ျမတ္ခ်င္လို႔မရပါဘူး

တစ္ရာကို ဘယ္ေလာက္အရႈံးဆိုၿပီး ရာခိုင္ႏႈန္းအရႈံးဆိုင္က ဝယ္ထားရင္ေတာ့ ဘယ္ေလာက္ေစ်းတက္တက္ တစ္သက္လုံးမျမတ္ပါဘူး။ ရႈံးမွာပါပဲ။နည္းလမ္းမွန္စြာ ေ႐ႊေငြစုေဆာင္းလို႔ သူေဌးႀကီးေတြျဖစ္ၾကပါေစ . . .ေနာက္လည္း စိန္ေ႐ႊရတနာ နဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားသိသင့္ သိထိုက္တာ၊ ေဆာင္ရန္ ေရွာင္ရန္မ်ားကို ေရးသားေပးသြားပါ့မယ္။

#စိန္ေ႐ႊရတနာအေၾကာင္းသိေကာင္းစရာ

(စိတ္ႀကိဳက္ရွယ္ႏိုင္ပါတယ္။ ကူးယူေဖာ္ျပမယ္ ဆိုရင္လည္း က်ဳပ္နာမည္ေလးေတာ့ ကြက္မခ်န္ခဲ့ပါနဲ႔ )

– ေက်ာ္ႀကီး(MDY)