Unicode
စာနာမှုဆိုတာကအခြားသူများခံစားရသည့် နာကျင်မှုကိုနားလည်သဘောပေါက်စေပြီး အခြားသူများကိုဂရုစိုက်ရန် ကျွန်တော်တို့ကိုလှုံ့ဆော်ပေးတဲ့လူ့စရိုက်တစ်ခုဘဲ ဖြစ်ပါတယ်။သို့ပေမဲ့ကျွန်တော်တို့က
စာနာနိုင်စွမ်းရှိပေမဲ့လည်းလူအများအား မျက်စိမှိတ်ပြီအကူအညီမပေးနိုင်ကြပါဘူး။ ထို့အတူတိရိစ္ဆာန်များကလည်းလူသားများကဲ့သို့ပင် စာနာမှုကိုခံစားနိုင်ပါတယ်။မကြာသေးမီကလည်းဘဲတစ်ကောင်က
လမ်းပေါ်မှာအေးခဲနေတဲ့အိုးမဲ့အိမ်မဲ့ခွေးလေးတစ်ကောင်အား ပွေ့ဖက်ထားတဲ့ဓာတ်ပုံများကလူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ဒီဇာတ်လမ်းက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနှင့်ခင်မင်ရင်းနှီးမှုကနယ်နိမိတ်စည်းမရှိကြောင်း သက်သေပြနေပါတယ်။
ထို့ပြင်သနားကြင်နာတတ်တဲ့ဒီဘဲတစ်ကောင်ကတုန်ရီနေတဲ့ခွေးလေးကိုဘယ်လိုနွေးအောင်လုပ်ပေးရမလဲဆိုတာကိုလည်းအတအကျသိနေခဲ့တာကအံ့ဩစရာပါဘဲ။ဒီခွေးလေးက၎င်းကိုမွေးပြီးပြီးချင်
း ၎င်းရဲ့မိခင်ကလမ်းပေါ်မှာစွန့်ပစ်ထားတယ်လို့ယုံကြည်ရပြီးချမ်းအေးတဲရာသီဥတုကြောင့် အေးခဲနေတဲ့ထိုခွေးလေးတစ်ကောင်ကို ကြင်နာတတ်တဲ့ဘဲတစ်ကောင် တွေ့ရှတဲ့အခါ၎င်းဘဲတစ်ကောင်က
တုန်လှုပ်ချောက်ချားသွားခဲ့ပုံရပါတယ်။ကြည်နူးစရာကောင်းတဲ့ထိုမြင်ကွင်းမှာဘဲတစ်ကောင်ကထိုခွေးလေးကို အအေးဒဏ်မှကာကွယ်ပေးရန်နှင့် နွေးထွေးသွားစေရန်အတွက်၎င်းရဲ့အတောင်ပံများကိုအသုံးပြုဖို့တွန့်ဆုတ်မနေခဲ့ပါဘူး။
အင်တာနက်အသုံးပြုသူတစ်ဦးက၎င်းတို့ရဲ့ဓာတ်ပုံများကိုဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာတင်ပြီးနောက်အဆိုပါဓာတ်ပုံများက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။အစပိုင်းမှာဘဲတစ်ကောင်ကထိုခွေးလေးအား
တိုက်ခိုက်လိမ့်မယ်လို့ထင်ခဲ့ကြောင်းထိုခွေးလေးအနီးမှာရှိနေတဲ့ပို့စ်တင်သူကသူ့အမြင်ကို ပြောပြထားခဲ့ပါတယ်။ သို့ပေမဲ့လည်း နောက်ပိုင်းမှာထိုဘဲတစ်ကောင်က၎င်းရဲ့အတောင်ပံများကိုအသုံးပြုပြီး ခွေးလေးအား
အချိန်အတော်ကြာ နွေးထွေးစေရန်အတွက် ပွေ့ဖက်ပေးခဲ့ပြီ ခွေးလေးကလည်းလျင်မြန်စွာအိပ်ပျော်သွားခဲ့ပါတယ်။ကံအားလျော်စွာဖြင့် ထိုသနားစရာကောင်းတဲ့ ခွေးလေးကို၎င်းဓာတ်ပုံဆရာက ကယ်တင်ပေးခဲ့ပြီ
း ခွေးလေးကအခုတော့ကျန်းကျန်းမာမာရှိနေပါပြီ။သို့ပေမဲ့လိုအပ်ချိန်များမှာ မတူညီတဲ့ မျိုးစိတ်များက အချင်းချင်း ဂရုစိုက်ကြပုံကမယုံနိုင်စရာပါဘဲ။ ဒီလိုဘဲ နဲ့ ခွေးတို့အချင်းချင်းရင်းနှီးတဲ့အခိုက်အတန့်တွေမျှဝေတာကို
မြင်တွေ့ရခြင်းမျိုးကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဘဲများက၎င်းတို့ရဲ့ခွေးသူငယ်ချင်းများနဲ့အတူတူ အချိန်ဖြုန်းတတ်ကြတဲ့ ဖြစ်ရပ်များစွာလည်းရှိခဲ့ဖူးပါတယ်။
Crd
Zawgyi
း ၎င်းရဲ့မိခင်ကလမ်းပေါ်မှာစွန့်ပစ်ထားတယ်လို့ယုံကြည်ရပြီး ချမ်းအေးတဲ့ ရာသီဥတုကြောင့် အေးခဲနေတဲ့ထိုခွေးလေးတစ်ကောင်ကို ကြင်နာတတ်တဲ့ဘဲတစ်ကောင် တွေ့ရှိတဲ့အခါ၎င်းဘဲတစ်ကောင်က
Crd