သစ်ပင်တစ်ပင်အတွက် အထောက်အကူအဖြစ် Honda ဆိုင်ကယ်အဟောင်းကို အသုံးပြုပြီး တစ်မူထူးခြားစွာ ဖန်တီးစိုက်ပျိုးခဲ့တဲ့ အမျိုးသား
ဗီယက်နမ်နိုင်ငံမှာ အသက် ၅၀ ကျော်ရှိ Nam Dinh အမျိုးသားက လှပတဲ့ bonsai ပင် ဥယျာဉ်တစ်ခုရှိပြီး အရွယ်အစားအမျိုးမျိုးနဲ့ ပုံသဏ္ဍာန်အမျိုးမျိုးရှိပါတယ် ။ ထို့အပြင် Nam Dinh က bonsai ပင်တွေကို Honda
ဆိုင်ကယ်အဟောင်းများနဲ့ စိုက်ပျိုးခဲ့ပါတယ် ။ အရာအားလုံးကို ကြည့်လိုက်ရင် အတွေ့အကြုံရင့် ဥယျာဉ်မှူးက ဂရုတစိုက်နဲ့ စိတ်အားထက်သန်စွာ ပုံဖော်ထားတဲ့ အနုပညာလက်ရာတစ်ခုအဖြစ် မြင်နိုင်ပါတယ် ။
သစ်ပင်ရဲ့ အမြစ်တွေက Honda တစ်စီးလုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်ပြီး၊ အပေါ်ပိုင်းမှာ ပန်ကာသဏ္ဍာန်ရှိတဲ့ အရွက်များကို ကျွမ်းကျင်စွာ ဖြတ်တောက်ထားပါတယ် ။ အဝေးကနေ လှမ်းကြည့်လိုက်ရင်
သစ်ပင်တစ်ပင်ကို တင်ဆောင်လာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ တူပြီး နီးကပ်ကြည့်တဲ့အခါ ပိုလို့တောင် ထူးခြားလာပြီး လူတော်တော်များများရဲ့ မျက်လုံးတွေကို အံ့သြစွာ ပြူးကျယ်သွားစေပါတယ် ။
လူများစွာအတွက် သစ်ပင်ပုံသဏ္ဍာန်ဖန်တီးခြင်းဟာ အသစ်အဆန်းမဟုတ်ပေမဲ့ ထိုကဲ့သို့သောသစ်ပင်အတွက် အထောက်အကူအဖြစ် မော်တော်ဆိုင်ကယ်တစ်စီးနဲ့
စိုက်တာကတော့ ရှားပါးလှပါတယ် ။ ဒီဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး လူအများစုက ဥယျာဉ်ပိုင်ရှင်ရဲ့ အလှဆင်မှုပုံစံကို ချီးကျူးခဲ့ကြပါတယ် ။ Credit
JRose (KB Chimmy one)
Zawgyi
JRose (KB Chimmy one)