တာယာထဲမွာ ငါးႏွစ္ၾကာပိတ္မိေနတဲ့ အင္ဒိုနီးရွားႏိုင္ငံက မိေက်ာင္း တာယာေက်ာ့ကြင္းမွ လြတ္ေျမာက္

အင်ဒိုနီးရှားနိုင်ငံမှာ ငါးနှစ်ကျော်ကြာ တာယာကွင်းထဲမှာပိတ်မိနေခဲ့တဲ့ တောရိုင်းမိကျောင်းတစ်ကောင်ဟာ အခုအခါမှာတော့ တာယာကျော့ကွင်းထဲကနေလွတ်မြောက်ခဲ့ပြီဖြစ်သောကြောင့် တောထဲကို ပြန်လွှတ်ပေး လိုက်ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ဖေဖော်ဝါရီ (၈) ရက်က ပြောပါတယ်။

Sulawesi ကျွန်းပေါ်ရှိ Palu မှာ ၂ဝ၁၆ ခုနှစ်ကတည်းက လည်ပင်းမှာ မော်တော်ဆိုင်ကယ်တာယာကွင်း စွပ်မိနေတဲ့မိချောင်းကို တွေ့ရှိပြီးနောက် ထိန်းသိမ်းရေးသမားတွေက မြစ်ထဲကနေ ဆွဲထုတ်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တာယာရဲ့တင်းကြပ်လွန်းတဲ့ညှစ်အားကြောင့် အလယ်ပိုင်း Sulawesi ရှိ Palu မြစ်မှာ ပုံမှန်ရှိနေတတ်တဲ့ အရှည် (၅ ဒသမ ၂) မီတာရှိ တွားသွားသတ္တဝါဟာ ဖေဖော်ဝါရီလ(၇) ရက်၊ တနင်္လာနေ့ နှောင်းပိုင်းမှာတော့ အဆိုပါမိကျောင်းဟာ တာယာကျော့ကွင်းကနေလွတ်မြောက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် (၃၄) နှစ်အရွယ် ငှက်ရောင်းသူ Mr Tili ဟာ မိကျောင်းကို ကြက်သားနဲ့ ကြိုးများအသုံးပြုကာ မျှားခေါ်ပြီး သုံးပတ်ကြာ ကယ်ဆယ်ရေးကြိုးပမ်းမှုအတွင်း မိကျောင်းလည်ပင်းတဝိုက်က တာယာကို ဖြတ်ပေးကာ ကူညီခဲ့ပါ တယ်။

“ကျွန်တော်က ကူညီချင်တာ၊ ပိတ်မိနေတဲ့တိရိစ္ဆာန်တွေ ဒုက္ခရောက်နေတာကို မြင်ရတာ မုန်းတယ်” လို့ Mr Tili က AFP သို့ ပြောကြားခဲ့ပါတယ်။

မိကျောင်းကိုကယ်ဆယ်ဖို့ ၎င်းရဲ့ပထမအကြိမ်ကြိုးပမ်းမှု နှစ်ကြိမ်ဟာ မိချောင်းရဲ့အလေးချိန်နဲ့ယှဉ်နိုင်တဲ့ ကြိုးခိုင်ခံ့မှုမရှိတာကြောင့် အောင်မြင်မှုမရခဲ့ဘူးလို့ ၎င်းက ဆိုပါတယ်။ Credit (NP News)

Zawgyi

အင္ဒိုနီးရွားႏိုင္ငံမွာ ငါးႏွစ္ေက်ာ္ၾကာ တာယာကြင္းထဲမွာပိတ္မိေနခဲ့တဲ့ ေတာ႐ိုင္းမိေက်ာင္းတစ္ေကာင္ဟာ အခုအခါမွာေတာ့ တာယာေက်ာ့ကြင္းထဲကေနလြတ္ေျမာက္ခဲ့ၿပီျဖစ္ေသာေၾကာင့္ ေတာထဲကို ျပန္လႊတ္ေပး လိုက္ၿပီျဖစ္တယ္လို႔ တာဝန္ရွိသူေတြနဲ႔ ေဒသခံေတြက ေဖေဖာ္ဝါရီ (၈) ရက္က ေျပာပါတယ္။

Sulawesi ကြၽန္းေပၚရွိ Palu မွာ ၂ဝ၁၆ ခုႏွစ္ကတည္းက လည္ပင္းမွာ ေမာ္ေတာ္ဆိုင္ကယ္တာယာကြင္း စြပ္မိေနတဲ့မိေခ်ာင္းကို ေတြ႕ရွိၿပီးေနာက္ ထိန္းသိမ္းေရးသမားေတြက ျမစ္ထဲကေန ဆြဲထုတ္ေခၚေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း တာယာရဲ႕တင္းၾကပ္လြန္းတဲ့ညႇစ္အားေၾကာင့္ အလယ္ပိုင္း Sulawesi ရွိ Palu ျမစ္မွာ ပုံမွန္ရွိေနတတ္တဲ့ အရွည္ (၅ ဒသမ ၂) မီတာရွိ တြားသြားသတၱဝါဟာ ေဖေဖာ္ဝါရီလ(၇) ရက္၊ တနလၤာေန႔ ေႏွာင္းပိုင္းမွာေတာ့ အဆိုပါမိေက်ာင္းဟာ တာယာေက်ာ့ကြင္းကေနလြတ္ေျမာက္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

အသက္ (၃၄) ႏွစ္အ႐ြယ္ ငွက္ေရာင္းသူ Mr Tili ဟာ မိေက်ာင္းကို ၾကက္သားနဲ႔ ႀကိဳးမ်ားအသုံးျပဳကာ မွ်ားေခၚၿပီး သုံးပတ္ၾကာ ကယ္ဆယ္ေရးႀကိဳးပမ္းမႈအတြင္း မိေက်ာင္းလည္ပင္းတဝိုက္က တာယာကို ျဖတ္ေပးကာ ကူညီခဲ့ပါ တယ္။

“ကြၽန္ေတာ္က ကူညီခ်င္တာ၊ ပိတ္မိေနတဲ့တိရိစာၦန္ေတြ ဒုကၡေရာက္ေနတာကို ျမင္ရတာ မုန္းတယ္” လို႔ Mr Tili က AFP သို႔ ေျပာၾကားခဲ့ပါတယ္။

မိေက်ာင္းကိုကယ္ဆယ္ဖို႔ ၎ရဲ႕ပထမအႀကိမ္ႀကိဳးပမ္းမႈ ႏွစ္ႀကိမ္ဟာ မိေခ်ာင္းရဲ႕အေလးခ်ိန္နဲ႔ယွဥ္ႏိုင္တဲ့ ႀကိဳးခိုင္ခံ့မႈမရွိတာေၾကာင့္ ေအာင္ျမင္မႈမရခဲ့ဘူးလို႔ ၎က ဆိုပါတယ္။ Credit (NP News)