စင္ကာပူႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ ျမန္မာအိမ္အကူအမ်ိဳးသမီးတစ္ဦးရဲ႕မ်က္ႏွာကိုအ႐ိုးက်ိဴးေအာင္ ႐ိုက္ႏွက္ခဲ့ တဲ့ အိႏၵိယႏိုင္ငံသားတစ္ဦးကို ေထာင္ဒဏ္ခ်

စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးရဲ့မျက်နှာကိုအရိုးကျိူးအောင် ရိုက်နှက်ခဲ့ တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို ထောင်ဒဏ်ခြောက်လနဲ့ ငွေကြေးပြစ်ဒဏ်ပေးလိုက်ကြောင်း စင်ကာပူတရားရုံးက ဆိုပါတယ်။

စင်ကာပူတရားရုံးဟာ ဆူရီယာ ကရစ်နန်ကို ထောင်ဒဏ်ခြောက်လအပြင် စင်ကာပူဒေါ်လာ (၈၅ဝဝ) လျော် ကြေးပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသား ကရစ်နန်ကိုယ်တိုင်ကလည်း ၂ဝ၂ဝ ပြည့်နှစ်က မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်မိတဲ့ အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ ကရစ်နန်ဟာ မြန်မာအိမ်အကူအမျိုးသမီးကို မျက်နှာကို ရိုက်နှက်ရုံတင်သာမက ဦးခေါင်း၊ ပုခုံးနဲ့ အခြားနေရာတွေကို ရိုက်နှက်ကန်ကြောက်တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမြန်မာအိမ်အကူအမျိုးသမီးဟာ ကရစ်နန်ရဲ့ညီမဖြစ်သူအတွက် အိမ်အကူလုပ်ကိုင်နေသူဖြစ်ပါတယ်။ ၂ဝ၂ဝ ခုနှစ် မေလ(၂၉) ရက်နေ့က ကရစ်နန်တို့မိသားစုဟာ ဖခင်ဖြစ်သူမွေးနေ့ပွဲကို နေအိမ်အဆာက်အဦးမှာ

ကျင်းပဖို့ပြင်ဆင်ခဲ့ပြီး အဲဒီအချိန်က ကရစ်နန်က (၇၅ဝ) မီလီမီတာရှိ အရက်ပုလင်းကို သောက်သုံးခဲ့ ကြောင်း၊ အဆိုပါနေ့က ကရစ်နန်ဟာ သူ့အတွက် မြန်မာအမျိုးသမီးကို အစားသောက်စီစဉ်ခိုင်းရာမှ စိတ်ဆိုးဒေါသဖြစ်ကာ ရိုက်နှက်ကန်ကြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကရစ်နန်ဟာ မြန်မာအမျိုးသမီးရဲ့မျက်နှာကို သုံးကြိမ်တိုင် ထိုးကြိတ်ခဲ့ကြောင်း၊ ပထမဆုံးတစ်ချက်က မြန်မာ အိမ်အကူအမျိုးသမီးရဲ့ညာဖက်မျက်လုံးကို ထိမှန်ခဲ့ကြောင်း၊ မြန်မာအိမ်အကူအမျိုးသမီးဟာ

ထိုးကြိတ်ခံရတဲ့ အတွက် မျက်ခုံးရိုး ကျိုးသွားခဲ့သလို မျက်လုံးအတွင်းက သွေးများထွက်ခဲ့သလို နာကျင်မှုများရှိနေခဲ့ တယ်လို့ သိရပါတယ်။ ကရစ်နန်အနေနဲ့ လျော်ကြေးဒေါ်လာ(၈၅ဝဝ) မပေးဘူးဆိုရင် နောက်ထပ် ထောက်ဒဏ် တစ်လ ထပ်မံကျခံရမယ်လို့ စင်ကာပူတရားရုံးက ပြောကြားခဲ့ပါတယ်။Credit (NP News)

Zawgyi

စင္ကာပူႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ ျမန္မာအိမ္အကူအမ်ိဳးသမီးတစ္ဦးရဲ႕မ်က္ႏွာကိုအ႐ိုးက်ိဴးေအာင္ ႐ိုက္ႏွက္ခဲ့ တဲ့ အိႏၵိယႏိုင္ငံသားတစ္ဦးကို ေထာင္ဒဏ္ေျခာက္လနဲ႔ ေငြေၾကးျပစ္ဒဏ္ေပးလိုက္ေၾကာင္း စင္ကာပူတရား႐ုံးက ဆိုပါတယ္။

စင္ကာပူတရား႐ုံးဟာ ဆူရီယာ ကရစ္နန္ကို ေထာင္ဒဏ္ေျခာက္လအျပင္ စင္ကာပူေဒၚလာ (၈၅ဝဝ) ေလ်ာ္ ေၾကးေပးဖို႔ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံသား ကရစ္နန္ကိုယ္တိုင္ကလည္း ၂ဝ၂ဝ ျပည့္ႏွစ္က ျမန္မာအိမ္အကူအမ်ိဳးသမီးကို ႐ိုက္ႏွက္မိတဲ့ အတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့တယ္လို႔ သိရပါတယ္။ ကရစ္နန္ဟာ ျမန္မာအိမ္အကူအမ်ိဳးသမီးကို မ်က္ႏွာကို ႐ိုက္ႏွက္႐ုံတင္သာမက ဦးေခါင္း၊ ပုခုံးနဲ႔ အျခားေနရာေတြကို ႐ိုက္ႏွက္ကန္ေၾကာက္တာမ်ိဳးေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါျမန္မာအိမ္အကူအမ်ိဳးသမီးဟာ ကရစ္နန္ရဲ႕ညီမျဖစ္သူအတြက္ အိမ္အကူလုပ္ကိုင္ေနသူျဖစ္ပါတယ္။ ၂ဝ၂ဝ ခုႏွစ္ ေမလ(၂၉) ရက္ေန႔က ကရစ္နန္တို႔မိသားစုဟာ ဖခင္ျဖစ္သူေမြးေန႔ပြဲကို ေနအိမ္အဆာက္အဦးမွာ

က်င္းပဖို႔ျပင္ဆင္ခဲ့ၿပီး အဲဒီအခ်ိန္က ကရစ္နန္က (၇၅ဝ) မီလီမီတာရွိ အရက္ပုလင္းကို ေသာက္သုံးခဲ့ ေၾကာင္း၊ အဆိုပါေန႔က ကရစ္နန္ဟာ သူ႔အတြက္ ျမန္မာအမ်ိဳးသမီးကို အစားေသာက္စီစဥ္ခိုင္းရာမွ စိတ္ဆိုးေဒါသျဖစ္ကာ ႐ိုက္ႏွက္ကန္ေၾကာက္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ကရစ္နန္ဟာ ျမန္မာအမ်ိဳးသမီးရဲ႕မ်က္ႏွာကို သုံးႀကိမ္တိုင္ ထိုးႀကိတ္ခဲ့ေၾကာင္း၊ ပထမဆုံးတစ္ခ်က္က ျမန္မာ အိမ္အကူအမ်ိဳးသမီးရဲ႕ညာဖက္မ်က္လုံးကို ထိမွန္ခဲ့ေၾကာင္း၊ ျမန္မာအိမ္အကူအမ်ိဳးသမီးဟာ

ထိုးႀကိတ္ခံရတဲ့ အတြက္ မ်က္ခုံး႐ိုး က်ိဳးသြားခဲ့သလို မ်က္လုံးအတြင္းက ေသြးမ်ားထြက္ခဲ့သလို နာက်င္မႈမ်ားရွိေနခဲ့ တယ္လို႔ သိရပါတယ္။ ကရစ္နန္အေနနဲ႔ ေလ်ာ္ေၾကးေဒၚလာ(၈၅ဝဝ) မေပးဘူးဆိုရင္ ေနာက္ထပ္ ေထာက္ဒဏ္ တစ္လ ထပ္မံက်ခံရမယ္လို႔ စင္ကာပူတရား႐ုံးက ေျပာၾကားခဲ့ပါတယ္။Credit (NP News)