မီးမပ်က္ရင္ကိုဝမ္းသာေနရတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ဆုံးရႈံးလာတဲ့အခြင့္အေရးမ်ား

မီးမပျက်ရင်ကို ဝမ်းသာနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ဆုံးရှုံးလာတဲ့အခွင့်အရေးများ

ကိုယ်တွေရဲ့ ပျော်ရွှင်မှုတွေဟာတဖြည်းဖြည်းအပေါစားဆန်လာတယ်။မီးလာရင်ပျော်ရတယ်။အပြင်သွားလို့အစစ်အဆေးအလုပ်မခံရရင် ပျော်ရတယ်။အင်တာနက်ကလေးလိုင်းနည်းနည်း ကောင်းလာရင် ပျော်လာတယ်။

ဆီဈေးလေးနည်းနည်းကျလာရင် ပျော်တတ်လာတယ်။ရုံးကိစ္စသွားလို့စာရေးကမရစ်ရင် ပျော်ရတယ်။ကိုယ်ဘာမှမလုပ်ထားပဲအစစ်အဆေးခံရရင်တောင်ပြသနာမရှာပဲလွှတ်ပေးလိုက်တာကိုပဲသက်ပြင်းချပြီးပျော်ရပြန်တယ်။

ညဘက်ကိစ္စရှိလို့နည်းနည်းလေး နောက်ကျသွားလို့ အိမ်အပြန် အေးချမ်းရင် ပျော်လာတတ်ပြီ။ဒီအပျော်တွေကတကယ့် ပျော်ရွှင်မှုအစစ်တွေလား၊တကယ်တော့ဒါတွေဟာသာမန်လူသားတစ် ယောက်အတွက်

ခေါင်းထဲထည့်စရာတောင်မလိုပဲရရှိနေပြီးသားအခွင့်အရေးသေးသေးလေးတွေပဲ ရှိပါသေးတယ်။တခြား နိုင်ငံသားတွေအတွက်ဒါဟာရပိုင်ခွင့်လို့တောင် မခေါ်ရလောက်တဲ့ အခြေအနေလေးတွေ။ တဖြည်းဖြည်းနဲ့

ဒီနိုင်ငံသားတွေဟာ လူဖြစ်ရှုံးလာကြတယ်။အဲ့လူဖြစ်ရှုံးတဲ့အချင်းချင်းထဲကိုမှသာသာယာယာ နေပြီး အဆင်ပြေသေးပါတယ်လေဆိုတဲ့လူတန်းစားကသပ်သပ်ရှိတယ်။

တကယ်တော့အားလုံးကအတူတူပါပဲ။ မြုပ်မယ့် လှေထဲကလူတွေလိုပဲ မြုပ်ရင်အားလုံး သေမှာ… မမြုပ်အောင် ကြိုးစားနေရတဲ့လူတစ်စု နဲ့ပဲ ဆိုင်တာမဟုတ်… ” ခြင်းတောင်းထဲကငါးတွေလိုပဲအကုန်လုံး

အစားခံရမှာပဲ…အိုးထဲ စောစော ရောက်တာနဲ့ နောက်ကျ ရောက်တာပဲ ကွာပါတယ်” ခြင်းတောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားခြင်းကသာ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့တယ်…ဒီနိုင်ငံမှာ မွေးဖွားခြင်း နဲ့ သေဆုံးခြင်းထက်ပိုတဲ့ ”

လူလူသူသူတူတူတန်တန် နေဖူးသွားချင်ပါ တယ် ”ဒီလောက်လေးပဲ မျှော်လင့်ပါတယ်…

Crd

Zawgyi

မီးမပ်က္ရင္ကို ဝမ္းသာေနရတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ဆုံးရႈံးလာတဲ့အခြင့္အေရးမ်ား

ကိုယ္ေတြရဲ႕ ေပ်ာ္႐ႊင္မႈေတြဟာတျဖည္းျဖည္းအေပါစားဆန္လာတယ္။မီးလာရင္ေပ်ာ္ရတယ္။အျပင္သြားလို႔အစစ္အေဆးအလုပ္မခံရရင္ ေပ်ာ္ရတယ္။အင္တာနက္ကေလးလိုင္းနည္းနည္း ေကာင္းလာရင္ ေပ်ာ္လာတယ္။

ဆီေဈးေလးနည္းနည္းက်လာရင္ ေပ်ာ္တတ္လာတယ္။႐ုံးကိစၥသြားလို႔စာေရးကမရစ္ရင္ ေပ်ာ္ရတယ္။ကိုယ္ဘာမွမလုပ္ထားပဲအစစ္အေဆးခံရရင္ေတာင္ျပသနာမရွာပဲလႊတ္ေပးလိုက္တာကိုပဲသက္ျပင္းခ်ၿပီးေပ်ာ္ရျပန္တယ္။

ညဘက္ကိစၥရွိလို႔နည္းနည္းေလး ေနာက္က်သြားလို႔ အိမ္အျပန္ ေအးခ်မ္းရင္ ေပ်ာ္လာတတ္ၿပီ။ဒီအေပ်ာ္ေတြကတကယ့္ ေပ်ာ္႐ႊင္မႈအစစ္ေတြလား၊တကယ္ေတာ့ဒါေတြဟာသာမန္လူသားတစ္ ေယာက္အတြက္

ေခါင္းထဲထည့္စရာေတာင္မလိုပဲရရွိေနၿပီးသားအခြင့္အေရးေသးေသးေလးေတြပဲ ရွိပါေသးတယ္။တျခား ႏိုင္ငံသားေတြအတြက္ဒါဟာရပိုင္ခြင့္လို႔ေတာင္ မေခၚရေလာက္တဲ့ အေျခအေနေလးေတြ။ တျဖည္းျဖည္းနဲ႔

ဒီႏိုင္ငံသားေတြဟာ လူျဖစ္ရႈံးလာၾကတယ္။အဲ့လူျဖစ္ရႈံးတဲ့အခ်င္းခ်င္းထဲကိုမွသာသာယာယာ ေနၿပီး အဆင္ေျပေသးပါတယ္ေလဆိုတဲ့လူတန္းစားကသပ္သပ္ရွိတယ္။

တကယ္ေတာ့အားလုံးကအတူတူပါပဲ။ ျမဳပ္မယ့္ ေလွထဲကလူေတြလိုပဲ ျမဳပ္ရင္အားလုံး ေသမွာ… မျမဳပ္ေအာင္ ႀကိဳးစားေနရတဲ့လူတစ္စု နဲ႔ပဲ ဆိုင္တာမဟုတ္… ” ျခင္းေတာင္းထဲကငါးေတြလိုပဲအကုန္လုံး

အစားခံရမွာပဲ…အိုးထဲ ေစာေစာ ေရာက္တာနဲ႔ ေနာက္က် ေရာက္တာပဲ ကြာပါတယ္” ျခင္းေတာင္းထဲက ႐ုန္းထြက္ဖို႔ ႀကိဳးစားျခင္းကသာ လြတ္ေျမာက္ဖို႔ အခြင့္အေရးရွိေတာ့တယ္…ဒီႏိုင္ငံမွာ ေမြးဖြားျခင္း နဲ႔ ေသဆုံးျခင္းထက္ပိုတဲ့ ”

လူလူသူသူတူတူတန္တန္ ေနဖူးသြားခ်င္ပါ တယ္ ”ဒီေလာက္ေလးပဲ ေမွ်ာ္လင့္ပါတယ္…

Crd