ရန္ကုန္မွာတူးခ်င္တိုင္းတူးေနတဲ့အဝီစိတြင္းေတြရဲ႕ေရရွည္ျဖစ္လာႏိုင္တဲ့အႏၲ ရာယ္

ပီးခဲ့တဲ့အပါတ်ကရန်ကုန်ကိုခနပြန်ရောက်တယ်။ တောင်ဥက္ကလာပကသူငယ်ချင်းတစ်ယောက်ဆီသွားလည်တယ်။သူနဲ့စကားပြောရင်းသူ့အိမ်ဘေးကတစ်ထပ်အိမ်တအိမ်ရဲ့ခြံဝင်းထဲကအိမ်ရှေ့မြေကွက်လပ်မှာအဝီစိတွင်း

တူးနေတာ တွေ့လိုက်တယ်။သူ့ကိုအဲဒီအိမ်ကအဝီစိတွင်းတူးတာပါမစ်ရှိလားဆိုတော့သူမသိဘူးတဲ့။သွားမမေးဘူးလားဆိုတော့လည်း သူနဲ့မဆိုင်လို့မမေးဘူးတဲ့။သူ့ကို ပြောလိုက်တယ်။မင်း နေတဲ့၈ထပ်ကအခန်းကို ရောင်းပြီး

တခြားမှာသွားနေတော့ဆိုတော့သူကလန့်ဖြတ်သွားပြီးဘာဖြစ်လို့လဲတဲ့။ကျနော်က ပြောလိုက်တယ်။ ဘေးအိမ်ကအဝီစိတွင်းက နေ့စဉ်ရေတွေစုပ်နေတာတချိန်မှာမြေအောက်မှာရှိတဲ့ရေထုနည်းလာမယ်။

မြေဂလှိုင်ကြီးတွေဖြစ်လာမယ်။ မြေအောက်မှာမြေပြိုမှု ဖြစ်လာမယ်။သူ့၈ထပ်တိုက်ဟာအရင်က ဆောက်ခဲ့ပြီးpileရိုက်ထားတာမဟုတ်လို့တိုက်ကြီး စောင်းသွားမယ်။အဆင်မသင့်ရင်တိုက်ကြီးပြိုကျသွားနိုင်တယ်လို့။

သူဘာဆက်လုပ်သလဲတော မသိပါ။ကျနော်ဟာဘူမိဗေဒပညာရှင်မဟုတ်လို့ချက်လက်နဲ့မရှင်းပြတတ်ပါ။ဒါကသာမန်လူတွေ တွေးကြည့်ရင်သိနိုင်ပါတယ်။ရန်ကုန်မှာအဝီစိတွင်းတွေကိုကိုယ့်သဘောနဲ့တူးနေကြရင်

အထပ်မြင့်အဆောက်အဦတွေအတွက်အန္တရာယ်ရှိနေပြီဆိုတအသိပေးလိုက်ပါရစေ။သင့်အိမ်ဘေးမှာအဝီစိတွင်းတူးနေရင်သူ့ခြံဝင်းထဲလုပ်နေတာပဲငါနဲ့မဆိုင်ပါဘူးဆိုပြီးအမှုမဲ့အမှတ်မဲ့မနေပါနဲ့။မြေကြီးပေါ်မှာသာ ခြံဝင်းနဲ့

နယ်နိမိတ်သတ်မှတ်ထားတာပါ။မြေအောက်က ရေထုမှာနယ်နိမိတ်မရှိပါ။သူ့ခြံဝင်းထဲမှာအဝီစိတွင်းကရေစုပ်ရင်းမိမိတိုက်အောက်မှာ မြေဂလှိုင်ကြီးဖြစ်လို မြေနိမ့်ကျသွားပြီးမိမိတိုက်ပြိုသွားနိုင်တယ်၊ ၊ မြေကြီးထဲကျွံဝင်သွားနိုင်တယ်ဆိုတာက်ု

သတိပြုနားလည်ထားစေချင်ပါတယ်။သတင်းစာတွေမှာဖတ်မိသမျှ ပြောရရင်ဘန်ကောက်မြို့မှာမြေအောက်က ရေထုတ်များတာရယ်၊ အဆောက်အဦမြင့်ကြီးတွေရဲ့ အလေးချိန်ကိုမခံနိုင်တာရယ်၊မြေအောက်ရထားလမ်းတွေကြောင့်

ဘန်ကောက်မြို့ကြီးဟာတနှစ်ကို၄လက်မနူန်းနဲ့ မြေကြီးထဲကိုကျွံဝင်နေပါတယ်။ပိုဆိုးစေတာကကမ္ဘာကြီးပူနွေးလာတာကြောင့်ဝန်ရိုးစွန်းက ရေခဲတောင်တွေအရည်ပျော်ကျပြီးပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပါတယ်။

ဘန်ကောက်မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေကိုပင်လယ်ရတွေစီးဝင်လာပါတယ်။ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင်ဘန်ကောင်မြို့ဟာ နောင်၁၅ နှစ် (၂၀၃၀ ခုနစ်) လောက်ကျရင်ပင်လယ်ရေအောက်နစ်မြုပ်သွားလိမ့်မယ်တဲ့။

ဒီပြဿနာကို ဖြေရှင်းဖိုဘန်ကောက်မြို့ပတ်လည်မှာပင်လယ်ရေကိုကာဆီးဖို့အုတံတိုင်းကြီး တွေတည်ဆောက်ရမှာဖြစ်ပြီးအဲဒီအတွက်ကုန်ကျစရိတ်ဘတ်၅၀၀ဘီလီယံ (အမေရိကန် ဒေါ်လာ၁၄.၄ဘီလီယံ)ကုန်ကျမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အလယ်မှာဝင့်ဝင့်ကြွားကြွားနေနိုင်ဖို့အထပ်မြင့်ကြီးတွေ ဆောက်ခဲ့တဲ့ဘန်ကောက်မြို့ကြီးဟာ ဒီအကျိုးဆက်ကိုအခုခံစားနေရပါပြီ။ အဆောက်အဦးတွေ မြေကြီးထဲကျွံဝင်တာဘန်ကောက်မြို့ကြီးတခုထဲမဟုတ်ပါဘူး။

အဆောက်အဦအမြင့်ကြီးတွေရှိကြတဲ့အီတလီနိုင်ငံကဗင်းနစ်မြို့နဲ့ အမေရိကန်နိုင်ငံကနယူးအောလင်း၊လူဝီစီယာနားမြို့ကြီးတွေလဲ မြေကြီးထဲနစ်ဝင်တဲ့ ပြဿနာကြုံနေရပါပြီ။

ရန်ကုန်မြို့ကြီးကို ခေတ်မီစေချင်လို့အထပ်အမြင့်ကြီးတွေ ဆောက်ချင်ကြရင်ဒါတွေကိုအတုယူဆင်ခြင်ကြဖို့ လိုပါတယ်။အထူးသဖြင့် ပင်လယ်နဲ့နီးတဲ့ရန်ကုန်မြိုအတွက်ပညာရှင်တွေအများကြီးစဉ်းစားလုပ်ဆောင်ဖို့လိုပါတယ်။

ko min zaw swe, Lwin Mar (လေးစားမှုဖြင့် ခရက်ဒစ်)

Zawgyi

ပီးခဲ့တဲ့အပါတ္ကရန္ကုန္ကိုခနျပန္ေရာက္တယ္။ ေတာင္ဥကၠလာပကသူငယ္ခ်င္းတစ္ေယာက္ဆီသြားလည္တယ္။သူနဲ႔စကားေျပာရင္းသူ႔အိမ္ေဘးကတစ္ထပ္အိမ္တအိမ္ရဲ႕ၿခံဝင္းထဲကအိမ္ေရွ႕ေျမကြက္လပ္မွာအဝီစိတြင္း

တူးေနတာ ေတြ႕လိုက္တယ္။သူ႔ကိုအဲဒီအိမ္ကအဝီစိတြင္းတူးတာပါမစ္ရွိလားဆိုေတာ့သူမသိဘူးတဲ့။သြားမေမးဘူးလားဆိုေတာ့လည္း သူနဲ႔မဆိုင္လို႔မေမးဘူးတဲ့။သူ႔ကို ေျပာလိုက္တယ္။မင္း ေနတဲ့၈ထပ္ကအခန္းကို ေရာင္းၿပီး

တျခားမွာသြားေနေတာ့ဆိုေတာ့သူကလန႔္ျဖတ္သြားၿပီးဘာျဖစ္လို႔လဲတဲ့။က်ေနာ္က ေျပာလိုက္တယ္။ ေဘးအိမ္ကအဝီစိတြင္းက ေန႔စဥ္ေရေတြစုပ္ေနတာတခ်ိန္မွာေျမေအာက္မွာရွိတဲ့ေရထုနည္းလာမယ္။

ေျမဂလႈိင္ႀကီးေတြျဖစ္လာမယ္။ ေျမေအာက္မွာေျမၿပိဳမႈ ျဖစ္လာမယ္။သူ႔၈ထပ္တိုက္ဟာအရင္က ေဆာက္ခဲ့ၿပီးpile႐ိုက္ထားတာမဟုတ္လို႔တိုက္ႀကီး ေစာင္းသြားမယ္။အဆင္မသင့္ရင္တိုက္ႀကီးၿပိဳက်သြားႏိုင္တယ္လို႔။

သူဘာဆက္လုပ္သလဲေတာ မသိပါ။က်ေနာ္ဟာဘူမိေဗဒပညာရွင္မဟုတ္လို႔ခ်က္လက္နဲ႔မရွင္းျပတတ္ပါ။ဒါကသာမန္လူေတြ ေတြးၾကည့္ရင္သိႏိုင္ပါတယ္။ရန္ကုန္မွာအဝီစိတြင္းေတြကိုကိုယ့္သေဘာနဲ႔တူးေနၾကရင္

အထပ္ျမင့္အေဆာက္အဦေတြအတြက္အႏၲရာယ္ရွိေနၿပီဆိုတအသိေပးလိုက္ပါရေစ။သင့္အိမ္ေဘးမွာအဝီစိတြင္းတူးေနရင္သူ႔ၿခံဝင္းထဲလုပ္ေနတာပဲငါနဲ႔မဆိုင္ပါဘူးဆိုၿပီးအမႈမဲ့အမွတ္မဲ့မေနပါနဲ႔။ေျမႀကီးေပၚမွာသာ ၿခံဝင္းနဲ႔

နယ္နိမိတ္သတ္မွတ္ထားတာပါ။ေျမေအာက္က ေရထုမွာနယ္နိမိတ္မရွိပါ။သူ႔ၿခံဝင္းထဲမွာအဝီစိတြင္းကေရစုပ္ရင္းမိမိတိုက္ေအာက္မွာ ေျမဂလႈိင္ႀကီးျဖစ္လို ေျမနိမ့္က်သြားၿပီးမိမိတိုက္ၿပိဳသြားႏိုင္တယ္၊ ၊ ေျမႀကီးထဲကြၽံဝင္သြားႏိုင္တယ္ဆိုတာက္ု

သတိျပဳနားလည္ထားေစခ်င္ပါတယ္။သတင္းစာေတြမွာဖတ္မိသမွ် ေျပာရရင္ဘန္ေကာက္ၿမိဳ႕မွာေျမေအာက္က ေရထုတ္မ်ားတာရယ္၊ အေဆာက္အဦျမင့္ႀကီးေတြရဲ႕ အေလးခ်ိန္ကိုမခံႏိုင္တာရယ္၊ေျမေအာက္ရထားလမ္းေတြေၾကာင့္

ဘန္ေကာက္ၿမိဳ႕ႀကီးဟာတႏွစ္ကို၄လက္မႏူန္းနဲ႔ ေျမႀကီးထဲကိုကြၽံဝင္ေနပါတယ္။ပိုဆိုးေစတာကကမာၻႀကီးပူေႏြးလာတာေၾကာင့္ဝန္႐ိုးစြန္းက ေရခဲေတာင္ေတြအရည္ေပ်ာ္က်ၿပီးပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာပါတယ္။

ဘန္ေကာက္ၿမိဳ႕ရဲ႕အနိမ့္ပိုင္းရပ္ကြက္ေတြကိုပင္လယ္ရေတြစီးဝင္လာပါတယ္။ဒါကို မေျဖရွင္းႏိုင္ဘူးဆိုရင္ဘန္ေကာင္ၿမိဳ႕ဟာ ေနာင္၁၅ ႏွစ္ (၂၀၃၀ ခုနစ္) ေလာက္က်ရင္ပင္လယ္ေရေအာက္နစ္ျမဳပ္သြားလိမ့္မယ္တဲ့။

ဒီျပႆနာကို ေျဖရွင္းဖိုဘန္ေကာက္ၿမိဳ႕ပတ္လည္မွာပင္လယ္ေရကိုကာဆီးဖို႔အုတံတိုင္းႀကီး ေတြတည္ေဆာက္ရမွာျဖစ္ၿပီးအဲဒီအတြက္ကုန္က်စရိတ္ဘတ္၅၀၀ဘီလီယံ (အေမရိကန္ ေဒၚလာ၁၄.၄ဘီလီယံ)ကုန္က်မွာ ျဖစ္ပါတယ္။

ကမာၻ႔အလယ္မွာဝင့္ဝင့္ႂကြားႂကြားေနႏိုင္ဖို႔အထပ္ျမင့္ႀကီးေတြ ေဆာက္ခဲ့တဲ့ဘန္ေကာက္ၿမိဳ႕ႀကီးဟာ ဒီအက်ိဳးဆက္ကိုအခုခံစားေနရပါၿပီ။ အေဆာက္အဦးေတြ ေျမႀကီးထဲကြၽံဝင္တာဘန္ေကာက္ၿမိဳ႕ႀကီးတခုထဲမဟုတ္ပါဘူး။

အေဆာက္အဦအျမင့္ႀကီးေတြရွိၾကတဲ့အီတလီႏိုင္ငံကဗင္းနစ္ၿမိဳ႕နဲ႔ အေမရိကန္ႏိုင္ငံကနယူးေအာလင္း၊လူဝီစီယာနားၿမိဳ႕ႀကီးေတြလဲ ေျမႀကီးထဲနစ္ဝင္တဲ့ ျပႆနာႀကဳံေနရပါၿပီ။

ရန္ကုန္ၿမိဳ႕ႀကီးကို ေခတ္မီေစခ်င္လို႔အထပ္အျမင့္ႀကီးေတြ ေဆာက္ခ်င္ၾကရင္ဒါေတြကိုအတုယူဆင္ျခင္ၾကဖို႔ လိုပါတယ္။အထူးသျဖင့္ ပင္လယ္နဲ႔နီးတဲ့ရန္ကုန္ၿမိဳအတြက္ပညာရွင္ေတြအမ်ားႀကီးစဥ္းစားလုပ္ေဆာင္ဖို႔လိုပါတယ္။

ko min zaw swe, Lwin Mar (ေလးစားမႈျဖင့္ ခရက္ဒစ္)