ျမန္မာ့ေျမပိုင္နက္ထဲကေနာင္ယန္းအင္း(သို႔မဟုတ္)ဘာျမဴဒါေရကန္

Unicode

မြန်မာ့မြေပိုင်နက်ထဲကနောင်ယန်းအင်း (သို့မဟုတ်)ဘာမြူဒါရေကန်

ထူးခြားဆန်းကြယ် အကြောင်းအရာတွေကိုစိတ်ဝင်စားကြတဲ့စာဖတ်ပရိတ်သတ်ကြီး အတွက် ခုတခါ ဖော်ပြပေးမှာကတော့ မြန်မာ့မြေပိုင်နက်ထဲကဘာမြူဒါနဲ့ ခပ်ဆင်ဆင်တူတဲ့ နောင်ယန်းအင်းအကြောင်းဖြစ်ပါတယ်။

ဘာမြူဒါတြိဂံဒေသ လို့ ပြောလိုက်တာနဲ့ အဖြေရှာဖို့ခက်ခဲတဲ့ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့အားလုံးသိပြီးကြသလိုအဓိကကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟ အစအနမကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

ဘာမြူဒါတြိဂံလိုပဲ ထူးခြားဆန်းကြယ်ဖြစ်ရပ်ဆန်းတွေနဲ့ ရေကန်တစ်ခုဟာ မြန်မာနိုင်ငံ၊စစ်ကိုင်းတိုင်းဒေသကြီး၊နာဂတောင်တန်းဒေသ နန်းယွန်းမြို့နယ်အတွင်း မြန်မာအိန္ဒိယနယ်စပ်အနီးမှာတည်ရှိနေပါတယ်။

ဒေသခံတွေကသူတိုဘာသာစကားနဲ့နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။

ကန်ကြီးသည်၁.၄ကီလိုမီတာအလျားရှိပြီးအကျယ်ဆုံးနေရရာတွင်ဝ.၈ကီလိုမီတာတည်ရှိသည်။လီဒိုလမ်းမကြီးမှ အနောက်တောင်ဘက် ၂.၅ကီလိုမီတာအကွာတွင်တည်ရှိသည်။

ထူးခြားသည့် ဖြစ်ရပ်များ

ပြန်လမ်းမဲ့ရေကန်ဟူသည်မှာဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်တို့က ပေးခဲ့သည့်အမည်ဖြစ်ပြီး ဒေသခံတို့ကမူ နောင်ယန်းအင်းဟု ခေါ်ဆိုကြ၏။

ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တို့သည်ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သည်။

အမေရိကန်တို့၏ စစ်လေယာဉ်တစ်စီးသည်ကန်းအနီးပျံသန်းနေစဉ် ရုတ်တရက် ပျောက်ဆုံးသွား၏။ ထို့ပြင် လီဒိုလမ်းမကြီး ဖောက်လုပ်စဉ်က အမေရိကန်စစ်သားများသည် လေ့လာစူးစမ်းရန် ကန်ကြီးဆီသို့သွားကြ၏။ထိုသို့သွားရောက်စူးစမ်းခဲ့ကြသည့် တစ်ဖွဲ့လုံး ပျောက်ဆုံးသွား၏။

ဂျပန်ခေတ်ကာလတွင်လည်း ဂျပန်စစ်သားများသည် ကန်အနားတွင် ရောဂါဝေဒနာဖြစ်ပွားကာ သေဆုံးခဲ့၏။

အင်္ဂလိပ်တို့၏ တင့်ကားများ၊ လေယာဉ်များ၊ လူများ ပျောက်ဆုံးခဲ့ပြန်သည်။အင်္ဂလိပ်တို့သည်သူတို့၏ထိုကဲ့သို့ထူးခြားဆန်းကြယ်သည့်အတွေ့အကြုံများကြောင့် ကန်ကြီးကို Lake of No Returnဟုအမည်ပေးခဲ့ကြသည်။

ဒေသခံတို့၏ ယုံကြည်ချက်

ကန်ကြီးနှင့် ပတ်သက်၍ မြန်မာဒေသခံတို့ထိုဒေသနှင့် အင်းသည် နတ်ကြီးသည်ဟု ယုံကြည်ကြ၏။ ဘီလူးများ ကျက်စားရာဒေသဖြစ်သည်ဟုယုံကြည်ကာသားငါးရှာဖွေမှုများ မပြုလုပ်ကြပေ။

ထို့ပြင် ကန်ကြီးတွင် အရွယ်အစားကြီးမားသည့် ရေနဂါးများကို တွေ့ရတတ်သည်ဟု ရှေးလူကြီးတို့က ဆိုခဲ့ကြ၏။ ကန်၏ ရေမျက်နှာပြင်အောက်ခြေတွင် နဂါးများ နေထိုင်ရာနဂါးတိုင်းပြည်ရှိသည်ဟု ဒေသခံတို့သည် ယုံကြည်ကြသည်။

အိန္ဒိယနိုင်ငံသားတို့သည်လည်း ထိုရေကန်သည် နတ်ဒေဝါတို့နှင့်ပတ်သက်သလို နတ်နဂါးများ စောင့်ရှောက်သည်ဟု ယုံကြည်ကြ၏။ စောင့်ရှောက်သည့် နဂါးသည်အဖြူရောင်ဖြစ်၏။ထိုဒေသအား

ထိခိုက်ပျက်စီးအောင် ပြုသူများကိုနဂါးကဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု အိန္ဒိယဒေသခံတို့က ယုံကြည်ကြ၏။ ထို့ပြင် ယုံကြည်ချက်အရ တစ်နှစ်တစ်ခါနတ်နဂါးကြီးဆီသို့လာရောက်ပူဇော်ပသကြ၏။

အိန္ဒိယနိုင်ငံသားတို့သည် နောင်ယန်းအင်းကိုအိန္ဒိယ၏ဘာမြူဒါလေးလို့ပင်တင်စားခေါ်ဝေါ်ကြသည်။

လမ်းပန်းဆက်သွယ်ရေးကန်ကြီးသို့ သားရောက်လည်ပတ်ရန် ခက်ခဲ၏။မိုးရာသီတွင်သွားရောက်လည်ပတ်ရန် အင်မတန် ခက်ခဲလွန်း၏။ နွေရာသီရောက်မှ မြစ်ကြီးနားမှတစ်ဆင့်တနိုင်း၊နန်းယွန်း၊

ပန်းဆောင်အထိ နှစ်ရက်ကြာ ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် သားကြရ၏။လမ်းပန်းခက်ခဲပင် ခက်ခဲငြားသော်လည်း ကန်ကြီးဆီသို့သားရောက်လည်ပတ်သူများ ရှိ၏။

ရေကန်ကြီးဆီသို့သွားရောက်ရာတစ်ခုတည်းသောလမ်းမှာစတီးဝဲလမ်းခေါ် လီဒိုလမ်းမကြီးပင် ဖြစ်၏။သို့သော် မြန်မာနိုင်ငံဘက်မှသွားရောက်မည်ဆိုပါကလမ်းပန်းခရီး ခက်ခဲသဖြင့် နိုင်ငံခြားသားခရီးသည်တို့သည်အိန္ဒိယနိုင်ငံဘက်မှ ရေကန်ကြီးဆီသို့ သွားလာကြ၏။

အဆုံးထိ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ် ။

Crd

Zawgyi

ျမန္မာ့ေျမပိုင္နက္ထဲက ​ေနာင္ယန္းအင္း (သို႔မဟုတ္)ဘာျမဴဒါေရကန္

ထူးျခားဆန္းၾကယ္ အေၾကာင္းအရာေတြကိုစိတ္ဝင္စားၾကတဲ့စာဖတ္ပရိတ္သတ္ႀကီးအတြက္ ခုတခါ ေဖာ္ျပေပးမွာကေတာ့ ျမန္မာ့ေျမပိုင္နက္ထဲကဘာျမဴဒါနဲ႔ ခပ္ဆင္ဆင္တူတဲ့ ေနာင္ယန္းအင္းအေၾကာင္းျဖစ္ပါတယ္။

ဘာျမဴဒါႀတိဂံေဒသ လို႔ ေျပာလိုက္တာနဲ႔ အေျဖရွာဖို႔ခက္ခဲတဲထူးဆန္းမႈေတြျပည့္ႏွက္ေနတဲ့ ေနရာလို႔အားလုံးသိၿပီးၾကသလိုအဓိကကေတာ့ အဲဒီေနရာကို ျဖတ္သန္းသြားတဲ့ သေဘၤာေတြ၊ ​ေလယာဥ္ေတြဟအစအနမက်န္ပဲ ေပ်ာက္ေပ်ာက္သြားတတ္လို႔ပဲ ျဖစ္ပါတယ္။

ဘာျမဴဒါႀတိဂံလိုပဲ ထူးျခားဆန္းၾကယ္ျဖစ္ရပ္ဆန္းေတြနဲ႕ ေရကန္တစ္ခုဟာ ျမန္မာနိုင္ငံ၊စစ္ကိုင္းတိုင္းေဒသႀကီး၊နာဂေတာင္တန္းေဒသ နန္းယြန္းၿမိဳ႕နယ္အတြင္း ျမန္မာအိႏၵိယနယ္စပ္အနီးမွာတည္ရွိေနပါတယ္။

​ေဒသခံေတြကသူတို ဘာသာစကားနဲ႕ ေနာင္ယန္းအင္း လို႔ ေခၚၿပီးအမ်ားဆုံးသိၾကတဲ့နာမည္ကေတာ့The Lake Of No Return (ျပန္လမ္းမဲ့ေရကန္) ျဖစ္ပါတယ္။

ကန္ႀကီးသည္ ၁.၄ကီလိုမီတာအလ်ားရွိၿပီးအက်ယ္ဆုံးေနရရာတြင္၀.၈ကီလိုမီတာတည္ရွိသည္။လီဒိုလမ္းမႀကီးမွ အေနာက္ေတာင္ဘက္ ၂.၅ ကီလိုမီတာအကြာတြင္တည္ရွိသည္။

ထူးျခားသည့္ ျဖစ္ရပ္မ်ား

ျပန္လမ္းမဲ့ေရကန္ဟူသည္မွာဒုတိယကမၻာစစ္အတြင္းကအဂၤလိပ္တို႔က ေပးခဲ့သည့္အမည္ျဖစ္ၿပီး ေဒသခံတို႔ကမူ ေနာင္ယန္းအင္းဟု ေခၚဆိုၾက၏။

ထူးျခားဆန္းၾကယ္ေသာ ျဖစ္ရပ္တို႔သည္ဒုတိယကမၻာစစ္အတြင္း ျဖစ္ပြားခဲ့သည္။

အေမရိကန္တို႔၏ စစ္ေလယာဥ္တစ္စီးသညကန္းအနီးပ်ံသန္းေနစဥ္ ႐ုတ္တရက္ ေပ်ာက္ဆုံးသြား၏။ ထို႔ျပင္လီဒိုလမ္းမႀကီး ေဖာက္လုပ္စဥ္က အေမရိကန္စစ္သားမ်ားသည္ ေလ့လာစူးစမ္းရန္ ကန္ႀကီးဆီသို႔ သြားၾက၏။ ထိုသို႔ သြားေရာက္စူးစမ္းခဲ့ၾကသည့္ တစ္ဖြဲ႕လုံး ေပ်ာက္ဆုံးသြား၏။

ဂ်ပန္ေခတ္ကာလတြင္လည္းဂ်ပန္စစ္သားမ်ားသည္ ကန္အနားတြင္ ေရာဂါေဝဒနာျဖစ္ပြားကာ ေသဆုံးခဲ့၏။

အဂၤလိပ္တို႔၏ တင့္ကားမ်ား၊ ေလယာဥ္မ်ား၊ လူမ်ား ေပ်ာက္ဆုံးခဲ့ျပန္သည္။ အဂၤလိပ္တို႔သည္ သူတို႔၏ ထိုကဲ့သို႔ ထူးျခားဆန္းၾကယ္သည့္ အေတြ႕အႀကဳံမ်ားေၾကာင့္ ကန္ႀကီးကို Lake of No Returnဟု အမည္ေပးခဲ့ၾကသည္။

ေဒသခံတို႔၏ ယုံၾကည္ခ်က္

ကန္ႀကီးႏွင့္ ပတ္သက္၍ ျမန္မာေဒသခံတို႔ထိုေဒသႏွင့္ အင္းသည္ နတ္ႀကီးသည္ဟု ယုံၾကည္ၾက၏။ ဘီလူးမ်ား က်က္စားရာေဒသျဖစ္သည္ဟု ယုံၾကည္ကာသားငါးရွာေဖြမႈမ်ား မျပဳလုပ္ၾကေပ။

ထို႔ျပင္ ကန္ႀကီးတြင္ အ႐ြယ္အစားႀကီးမားသည့္ ေရနဂါးမ်ားကို ေတြ႕ရတတ္သည္ဟု ေရွးလူႀကီးတို႔က ဆိုခဲ့ၾက၏။ ကန္၏ ေရမ်က္ႏွာျပင္ေအာက္ေျခတြင္ နဂါးမ်ား ေနထိုင္ရာ နဂါးတိုင္းျပည္ရွိသည္ဟု ေဒသခံတို႔သည္ ယုံၾကည္ၾကသည္။

အိႏၵိယနိုင္ငံသားတို႔သည္လည္း ထိုေရကန္သည္ နတ္ေဒဝါတို႔ႏွင့္ ပတ္သက္သလို နတ္နဂါးမ်ား ေစာင့္ေရွာက္သည္ဟု ယုံၾကည္ၾက၏။ ေစာင့္ေရွာက္သည့္ နဂါးသည္ အျဖဴေရာင္ျဖစ္၏။ ထိုေဒသအား

ထိခိုက္ပ်က္စီးေအာင္ ျပဳသူမ်ားကို နဂါးက ဒုကၡေရာက္ေအာင္ လုပ္ျခင္းျဖစ္သည္ဟု အိႏၵိယေဒသခံတို႔က ယုံၾကည္ၾက၏။ ထို႔ျပင္ ယုံၾကည္ခ်က္အရ တစ္ႏွစ္တစ္ခါ နတ္နဂါးႀကီးဆီသို႔ လာေရာက္ပူေဇာ္ပသၾက၏။

အိႏၵိယနိုင္ငံသားတို႔သည္ ေနာင္ယန္းအင္းကို အိႏၵိယ၏ ဘာျမဴဒါေလး လို႔ပင္ တင္စားေခၚေဝၚၾကသည္။

လမ္းပန္းဆက္သြယ္ေရးကန္ႀကီးသို႔ သြားေရာက္လည္ပတ္ရန္ ခက္ခဲ၏။ မိုးရာသီတြင္ သြားေရာက္လည္ပတ္ရန္ အင္မတန္ ခက္ခဲလြန္း၏။ ေနြရာသီေရာက္မွ ျမစ္ႀကီးနားမွတစ္ဆင့္ တနိုင္း၊ နန္းယြန္း၊

ပန္းေဆာင္အထိ ႏွစ္ရက္ၾကာ ကားတစ္တန္ ဆိုင္ကယ္တစ္တန္ျဖင့္ သြားၾကရ၏။ လမ္းပန္းခက္ခဲပင္ ခက္ခဲျငားေသာ္လည္း ကန္ႀကီးဆီသို႔ သြားေရာက္လည္ပတ္သူမ်ား ရွိ၏။

ေရကန္ႀကီးဆီသို႔ သြားေရာက္ရာ တစ္ခုတည္းေသာလမ္းမွာ စတီးဝဲလမ္းေခၚ လီဒိုလမ္းမႀကီးပင္ ျဖစ္၏။ သို႔ေသာ္ ျမန္မာနိုင္ငံဘက္မွ သြားေရာက္မည္ဆိုပါက လမ္းပန္းခရီး ခက္ခဲသျဖင့္ နိုင္ငံျခားသား ခရီးသည္တို႔သည္ အိႏၵိယနိုင္ငံဘက္မွ ေရကန္ႀကီးဆီသို႔ သြားလာၾက၏။

အဆံုးထိ ဖတ္႐ႈေပးတဲ့ ပရိတ္သတ္ႀကီးကို ေက်းဇူးတင္ပါတယ္ ။

Crd