
Unicode

ပညာရှင် တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံ ယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာဆို

အမည်မသိ ပျံသန်းကိရိယာ (UFO) တွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့သီအိုရီ ပညာရှင်တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်

သားတစ်ယောက်ကိုအာကာသလွန်းပျံယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့အခိုင်အမာဆိုလိုက်ပါတယ်။

NASA မှာ အာကာသယာဉ်အင်ဂျင်နီယာ အဖြစ် ၁၉၅၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ၃၅နှစ်တိုင်လုပ်ကိုင်ခဲ့တဲ့ Clark

McClelland က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ် တစ်ခုပေါ်မှာ တွေ့ခဲ့တဲ့ အမှန်တရား အကြောင်းကို

ဝက်ဘ်ဆိုက်တွေ ၊ ရေဒီယိုတွေနဲ့ YouTubeကတစ်ဆင့် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ထိုကဲ့သို့သူကြုံတွေ့ခဲ့ရတဲ့အတွေအကြုံတွေကို www.stargate-chronicles.com ဆိုတဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ရေးသားထားသလို

သူဟာအာကာသစင်တာရဲ့ထိန်းချုပ်ခန်းမှာထုတ်ပြောလို့မရတဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုအတွက် စောင့်ကြည့်နေစဉ်

မျက်နှာပြင်မှာလွန်းပျံယာဉ်ရပ်နားရာနေရာမှာ ခြေထောက်၂ ချောင်းနဲ့ ဂြိုလ်သားတစ်ယောကို ၂၇လက်မရှိတဲ့သူ့ရဲ့ စောင့်ကြည့်

ရေး ဗီဒီယိုမှာ၁မိနစ်နဲ၇စက္ကန့်ခန့် တွေခဲ့ရတယ်လို့ဆိုပါတယ်။

တစ်ကယ်တော့Clark McClelland အပါအဝင် UFO တွေအကြောင်း လေ့လာနေသူတွေဟာ အမေရိကန်အစိုးရ နဲ့ ဂြိုလ်သားတွေနဲ့

ညှိုနှိုင်း ဆွေးနွေးခဲ့ဖူးတယ်ဆိုတဲ့လွန်ခဲ့သောနှစ်များစွာကထွက်ပေါ်ခဲ့တဲ့သီအိုရီတွေကိုသက်သေပြဖို့ ကြိုးစား နေသူတွေပဲ ဖြစ်ပါတယ်။

Crd

Zawgyi













Crd