Zawgyi
ေရခဲေသတၱာ မလိုပဲၾကက္ဥကို အခန္းပူခ်ိန္မွာ(2)ႏွစ္ၾကာထိ သိုေလွာင္ထားႏိုင္တဲ့ နည္းလမ္း
1800 ျပည့္လြန္ႏွစ္ေတြထဲက အသုံးျပဳခဲ့ၾကၿပီး ၾကက္ဥကို အခန္းပူခ်ိန္မွာ(2)ႏွစ္ၾကာထိသိုေလွာင္ထားႏိုင္ တဲ့နည္းလမ္း
ေရခဲ ေသတၱာ ေတြ မေပၚခင္ တုန္းက လူေတြ ဟာ စားစရာေတြကို တာရွည္ခံဖို႔ နည္းလမ္းမ်ိဳးစုံႀကံဆခဲ့ၾကပါတယ္။ ၾကက္ဥ ဘဲဥ မ်ား ကို ၾကာၾကာခံေအာင္
နည္းလမ္းအမ်ိဳး မ်ိဳးနဲ႔ အသုံးျပဳ ၾကပါတယ္။ ဆားေရစိမ္ ျခင္း ေဆးဘဲဥ ၾကက္ဥလုပ္ ျခင္း နဲ႔ အခုေဖာ္ျပမဲ့ ထုံးေရစိမ္ ျခင္း နည္းလမ္းေတြပါပဲ။
ဒါေတြက ၿခံထြက္ ေရေဆးမထားတဲ့ ၾကက္ဥေတြကို ထုံးရည္ထဲမွာ ထည့္စိမ္ထားတာပါ။
ထုံးရည္က ၾကက္ဥရဲ႕ စိမ့္ေပါက္ (ေခြၽးေပါက္)ေလးေတြ အားလုံးထဲ ျဖည့္ပစ္လိုက္ၿပီး ၎တို႔အား အဂၤေတကိုင္ထားလိုက္သလို ဝန္းရံေနပါမယ္။
ထုံးရည္ထဲမွာ စိမ္လွ်က္ထားတဲ့ ၾကက္ဥမ်ားအား အခုလိုမ်ိဳး အခန္းအပူခ်ိန္မွာ ၂ႏွစ္ၾကာထိ သိုေလွာင္ထားႏိုင္ပါတယ္။ၾကက္ဥအစိမ္းေတြကို ၾကာရွည္ခံေအာင္လုပ္တဲ့
ဒီနည္းကို ၁၈၀၀ ျပည့္လြန္ႏွစ္ေတြ ကတည္းက အသုံးျပဳခဲ့ၾကၿပီး ၁၉၄၀ ျပည့္လြန္ ႏွစ္ေတြ နဲ႔ ၁၉၅၀ ျပည့္လြန္ႏွစ္ေတြထဲ အထိေတာင္မွ ေတြ႕ေနၾက အရာ ျဖစ္ေနခဲ့ပါတယ္။
ေရခဲေသတၱာက ပုံမွန္ မီးဖိုေခ်ာင္သုံး အသုံးအေဆာင္ပစၥည္း ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ ၾကက္ဥ ထုံးေရစိမ္ဟာ ေပ်ာက္ဆုံးသြားေသာ အႏုပညာတခု ျဖစ္လာခဲ့ပါတယ္။
ေဈးထဲက သို႔မဟုတ္ ကုန္တိုက္ႀကီးေတြက ၾကက္ဥေတြကိုေတာ့ ဒါအတြက္ သင္အသုံးမျပဳႏိုင္ေလာက္ ပါဘူး။
သူတို႔ အေပၚက အကာအကြယ္ေပးတဲ့ အလႊာကို ဥခြံေပၚကေန ေဆးခ်ထားၾကလို႔ ျဖစ္ၿပီး အလြယ္တကူ ပုပ္သြားမွာေၾကာင့္ပါ။
ကြၽန္မဟာ ေရခဲေသတၱာထဲ ထည့္မထားပဲ ထုံးေရထဲမွာ စိမ္ထားၿပီးစင္ေပၚမွာ ၇ လၾကာ သိမ္းထားတဲ့ ၾကက္ဥ ၁၈ လုံးကို သိပ္မၾကာေသးခင္ကပဲ ေမႊေၾကာ္ ေၾကာ္ခဲ့ပါတယ္။
(ၾကက္ဥ အဝါႏွစ္အပိုင္းက ၾကက္ဥ လတ္လတ္ဆတ္ဆတ္ နဲ႔ စာလွ်င္ အနည္းငယ္ က်ဲသြားသေယာင္ ရွိေပမယ့္) သူတို႔ဟာ ေကာင္းေကာင္း လတ္ဆတ္တဲ့ အရသာကို ေပးပါတယ္။
ဘာပဲျဖစ္ျဖစ္ မိတ္ေဆြမွာ လတ္ဆတ္ၿပီး ေရမေဆးရေသးတဲ့ ၾကက္ဥေတြ အလွ်ံအပယ္ ရွိလွ်င္ေတာ့ မိတ္ေဆြအေနနဲ႔ ေနာင္မွာ အသုံးျပဳဖို႔ ဖယ္ထားခ်င္မွာပါပဲ။
အခ်ိဳးကေတာ့ ထုံး (calcium hydroxide) အေလးခ်ိန္ တေအာင္စမွာ ေရ ၁.၁၄ လီတာပါ။ ထုံးမႈန႔္ ဟာ အရမ္းညက္ၿပီး သူ႔ကို ရႉသြင္းမိလွ်င္ သင့္ရဲ႕ အဆုပ္ကို ဆြသလိုမ်ိဳး ျဖစ္တတ္ပါတယ္။မ်က္လုံးထဲ မဝင္ေအာင္ ေသခ်ာ ဂ႐ုစိုက္ပါလို႔ မွာ ျခင္ပါတယ္။
ထုံးရည္ဟာ ကြၽန္မ လက္ေတြေပၚကအေရျပားကို လွ်င္ျမန္စြာ ေျခာက္သြားေစတာေၾကာင့္ သူတို႔ ပုံမွန္ျပန္ျဖစ္ေအာင္ ကြၽန္မ လိမ္းေဆးရည္ (lotion) အသုံးျပဳရ ပါတယ္
ေရကို သန႔္ရွင္းေနေအာင္ ထားဖို႔ကလြဲလွ်င္ ကရား / ဘူးေတြကို လုံေနေအာင္ ပိတ္စရာ မလိုပါဘူး။
မိတ္ေဆြရဲ႕ မီးဖိုေခ်ာင္ ေရဘုံပိုင္က ေရက ေသာက္လို႔ မရဘူးဆိုလွ်င္ စစ္ထားတဲ့ ေရကို သုံးပါ။ ၾကက္ဥေတြကို ခ်က္ျပဳတ္ ေၾကာ္ေလွာ္ေတာ့မည္
ဆိုလွ်င္ေတာ့ သူတို႔ကို မခြဲခင္ ေရေသေသခ်ာခ်ာ စိမ္ဖို႔ ဂ႐ုစိုက္ပါ။ မဟုတ္လွ်င္ ထုံး ရဲ႕အရသာ ထြက္ေနပါလိမ့္မယ္။
မွတ္ခ်က္။ ။ တဂါလံဝင္ ပုံးဟာ ၾကက္ဥ ၄၀ ေလာက္ ဆန႔္ပါတယ္။ အဲဒါက ပလတ္စတစ္ ဒါမွမဟုတ္ ဖန္ဗူး ျဖစ္ႏိုင္ပါတယ္။ အမႈန္ေတြ နဲ႔ ပိုးေကာင္ေတြ မဝင္ႏိုင္ေအာင္ အဖုံးတခုခု နဲ႔ အုပ္ထားပါ။ အေမရိကန္မွာေတာ့ ေပါင္ ၅၀ ပါ အိပ္ေတြ ဝယ္လို႔ ရႏိုင္တယ္လို႔ ဆိုပါတယ္။
pickling lime လို႔ ေလဘယ္တတ္ထားတဲ့ ၁ေပါင္ အိပ္ေတြလည္း ဝယ္လို႔ရပါတယ္တဲ့။ ထုံးကို calcium hydroxide သို႔မဟုတ္ ေဖာက္ထုံးလိုလည္း ေခၚပါတယ္တဲ့။
Unicode
ရေခဲသေတ္တာ မလိုပဲကြက်ဥကို အခန်းပူချိန်မှာ(2)နှစ်ကြာထိ သိုလှောင်ထားနိုင်တဲ့ နည်းလမ်း
1800 ပြည့်လွန်နှစ်တွေထဲက အသုံးပြုခဲ့ကြပြီး ကြက်ဥကို အခန်းပူချိန်မှာ(2)နှစ်ကြာထိသိုလှောင်ထားနိုင် တဲ့နည်းလမ်း
ရေခဲ သေတ္တာ တွေ မပေါ်ခင် တုန်းက လူတွေ ဟာ စားစရာတွေကို တာရှည်ခံဖို့ နည်းလမ်းမျိုးစုံကြံဆခဲ့ကြပါတယ်။ ကြက်ဥ ဘဲဥ များ ကို ကြာကြာခံအောင်
နည်းလမ်းအမျိုး မျိုးနဲ့ အသုံးပြု ကြပါတယ်။ ဆားရေစိမ် ခြင်း ဆေးဘဲဥ ကြက်ဥလုပ် ခြင်း နဲ့ အခုဖော်ပြမဲ့ ထုံးရေစိမ် ခြင်း နည်းလမ်းတွေပါပဲ။
ဒါတွေက ခြံထွက် ရေဆေးမထားတဲ့ ကြက်ဥတွေကို ထုံးရည်ထဲမှာ ထည့်စိမ်ထားတာပါ။
ထုံးရည်က ကြက်ဥရဲ့ စိမ့်ပေါက် (ချွေးပေါက်)လေးတွေ အားလုံးထဲ ဖြည့်ပစ်လိုက်ပြီး ၎င်းတို့အား အင်္ဂတေကိုင်ထားလိုက်သလို ဝန်းရံနေပါမယ်။
ထုံးရည်ထဲမှာ စိမ်လျှက်ထားတဲ့ ကြက်ဥများအား အခုလိုမျိုး အခန်းအပူချိန်မှာ ၂နှစ်ကြာထိ သိုလှောင်ထားနိုင်ပါတယ်။ကြက်ဥအစိမ်းတွေကို ကြာရှည်ခံအောင်လုပ်တဲ့
ဒီနည်းကို ၁၈၀၀ ပြည့်လွန်နှစ်တွေ ကတည်းက အသုံးပြုခဲ့ကြပြီး ၁၉၄၀ ပြည့်လွန် နှစ်တွေ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေထဲ အထိတောင်မှ တွေ့နေကြ အရာ ဖြစ်နေခဲ့ပါတယ်။
ရေခဲသေတ္တာက ပုံမှန် မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်း ဖြစ်လာတဲ့ အချိန်မှာတော့ ကြက်ဥ ထုံးရေစိမ်ဟာ ပျောက်ဆုံးသွားသော အနုပညာတခု ဖြစ်လာခဲ့ပါတယ်။
ဈေးထဲက သို့မဟုတ် ကုန်တိုက်ကြီးတွေက ကြက်ဥတွေကိုတော့ ဒါအတွက် သင်အသုံးမပြုနိုင်လောက် ပါဘူး။
သူတို့ အပေါ်က အကာအကွယ်ပေးတဲ့ အလွှာကို ဥခွံပေါ်ကနေ ဆေးချထားကြလို့ ဖြစ်ပြီး အလွယ်တကူ ပုပ်သွားမှာကြောင့်ပါ။
ကျွန်မဟာ ရေခဲသေတ္တာထဲ ထည့်မထားပဲ ထုံးရေထဲမှာ စိမ်ထားပြီးစင်ပေါ်မှာ ၇ လကြာ သိမ်းထားတဲ့ ကြက်ဥ ၁၈ လုံးကို သိပ်မကြာသေးခင်ကပဲ မွှေကြော် ကြော်ခဲ့ပါတယ်။
(ကြက်ဥ အဝါနှစ်အပိုင်းက ကြက်ဥ လတ်လတ်ဆတ်ဆတ် နဲ့ စာလျှင် အနည်းငယ် ကျဲသွားသယောင် ရှိပေမယ့်) သူတို့ဟာ ကောင်းကောင်း လတ်ဆတ်တဲ့ အရသာကို ပေးပါတယ်။
ဘာပဲဖြစ်ဖြစ် မိတ်ဆွေမှာ လတ်ဆတ်ပြီး ရေမဆေးရသေးတဲ့ ကြက်ဥတွေ အလျှံအပယ် ရှိလျှင်တော့ မိတ်ဆွေအနေနဲ့ နောင်မှာ အသုံးပြုဖို့ ဖယ်ထားချင်မှာပါပဲ။
အချိုးကတော့ ထုံး (calcium hydroxide) အလေးချိန် တအောင်စမှာ ရေ ၁.၁၄ လီတာပါ။ ထုံးမှုန့် ဟာ အရမ်းညက်ပြီး သူ့ကို ရှူသွင်းမိလျှင် သင့်ရဲ့ အဆုပ်ကို ဆွသလိုမျိုး ဖြစ်တတ်ပါတယ်။မျက်လုံးထဲ မဝင်အောင် သေချာ ဂရုစိုက်ပါလို့ မှာ ခြင်ပါတယ်။
ထုံးရည်ဟာ ကျွန်မ လက်တွေပေါ်ကအရေပြားကို လျှင်မြန်စွာ ခြောက်သွားစေတာကြောင့် သူတို့ ပုံမှန်ပြန်ဖြစ်အောင် ကျွန်မ လိမ်းဆေးရည် (lotion) အသုံးပြုရ ပါတယ်
ရေကို သန့်ရှင်းနေအောင် ထားဖို့ကလွဲလျှင် ကရား / ဘူးတွေကို လုံနေအောင် ပိတ်စရာ မလိုပါဘူး။
မိတ်ဆွေရဲ့ မီးဖိုချောင် ရေဘုံပိုင်က ရေက သောက်လို့ မရဘူးဆိုလျှင် စစ်ထားတဲ့ ရေကို သုံးပါ။ ကြက်ဥတွေကို ချက်ပြုတ် ကြော်လှော်တော့မည်
ဆိုလျှင်တော့ သူတို့ကို မခွဲခင် ရေသေသေချာချာ စိမ်ဖို့ ဂရုစိုက်ပါ။ မဟုတ်လျှင် ထုံး ရဲ့အရသာ ထွက်နေပါလိမ့်မယ်။
မှတ်ချက်။ ။ တဂါလံဝင် ပုံးဟာ ကြက်ဥ ၄၀ လောက် ဆန့်ပါတယ်။ အဲဒါက ပလတ်စတစ် ဒါမှမဟုတ် ဖန်ဗူး ဖြစ်နိုင်ပါတယ်။ အမှုန်တွေ နဲ့ ပိုးကောင်တွေ မဝင်နိုင်အောင် အဖုံးတခုခု နဲ့ အုပ်ထားပါ။ အမေရိကန်မှာတော့ ပေါင် ၅၀ ပါ အိပ်တွေ ဝယ်လို့ ရနိုင်တယ်လို့ ဆိုပါတယ်။
pickling lime လို့ လေဘယ်တတ်ထားတဲ့ ၁ပေါင် အိပ်တွေလည်း ဝယ်လို့ရပါတယ်တဲ့။ ထုံးကို calcium hydroxide သို့မဟုတ် ဖောက်ထုံးလိုလည်း ခေါ်ပါတယ်တဲ့။