Unicode
သင့်ရဲ့ဥယျာဉ်ခြံထဲမှာ သီးပင်စားပင်တို့ စိုက်ပျိုးမယ်ဆိုရင် သင့်ရဲ့အစားအစာအတွက် သာမက သင့်ရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့ ဆေးဘက်ဝင် အပင်တို့ကို စိုက်ပျိုးထားသင့်ပါတယ်။
လေ့လာတွေ့ရှိချက်အရ အောက်ဖော်ပြပါ အပင်လေးတွေဟာ ကျန်းမာရေးအတွက် ဆေးဘက်ဝင်ပြီး ဦးနှောက်မှတ်ဉာဏ်အတွက်အကောင်းဆုံးလို့ဖော်ပြထားကြပါတယ်။
(၁) တရုတ်နံနံပင်
တရုတ်နံံနံပင်ရဲ့အစွမ်းက ဦးနှောက်ကျန်းမာရေးကို အကျိုးကျေးဇူးအပြုဆုံးဖြစ်ပါတယ်။ အင်ဇိုင်းမားရောဂါကြောင့် ဦးနှောက်ထဲ နာဗ်ကြောတွေပျက်စီးမှုကို
ကာကွယ်ပေးပြီး၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုတာပင် ဖြစ်ပါတယ်။
ဦးနှောက်အတွင်း နာဗ်ကြောဆဲလ်အသစ်ဖြစ်စေဖို့ လှုံံ့ဆော်ပေးပြီး သွေးဥနီထဲ အောက်ဆီဂျင်တွေကို ဦးနှောက်နဲ့ ကိုယ်ခန္ဓာရဲ့အခြားအစိတ်အပိုင်းတွေဆီကို
ရောက်အောင် ပံ့ပိုးကူညီပေးနိုင်ခြင်း ဖြစ်ပါတယ်။
(၂) မြင်းခွာရွက်
မြင်းခွာရွက်မှာလည်း ဦးနှောက်ကျန်းမာရေးကို ကောင်းစေတဲ့ အရွက်တမျိုးဖြစ်တဲ့အတွက် သင့်ရဲ့ဥယျာဉ်ခြံထဲ မဖြစ်မနေ စိုက်ပျိုးထားသင့်တဲ့ အရာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်အရ မြင်း ခွာရွက်မှာပါဝင်တဲ့ဓာတ်သဘာဝတွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်စွမ်းရည်ကိုတိုးစေပြီးဦးနှောက်အတွင်း သွေးလည်ပတ်မှုကို ကောင်းစေတာ ဖြစ်ပါတယ်။
(၃) Blueberries
ဒီအသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာလည်း ဦးနှောက်ကျန်းမာရေးကို အများကြီး အထောက်အကူပြုထားတာပဲ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့
လေ့လာတွေ့ရှိချက်အရ Blueberries ကိုစားပေးခြင်းဖြင့် ဦးနှောက်စွမ်းရည်ကို ကောင်းကောင်းမြှင့်တက်စေကြောင်း ဖော်ပြထားပါတယ်။
(၄) လေးညှင်းပွင့်
လေးညှင်းပွင့်ကို ခေါင်းကိုက်တာ သက်သာပျောက်ကင်းစေဖို့နဲ့ စိတ်ဖိစီးမှုလျော့ကျသက်သာစေဖို့ လူအများစုအသုံးပြုကြကြောင်းသိရှိရပါတယ်။
ဒါ့အပြင် လေးညှင်းပွင့်ဟာမှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓာတ်ကျတာ၊ သွားကိုက်တာနဲ့ အိပ်မပျော်တာတို့ကိုပါသက်သာစေတာ ဖြစ်ပါတယ်။
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓာတ်သဘာဝတချို့ဟာ ဦးနှောက်အတွင်း ကင်ဆာဖြစ်ပွားနိုင်တဲ့ ဆဲလ်တွေကို သတ်နိုင်ခြင်း ဖြစ်ပါတယ်။
ခရစ်ဒစ်
Zawgyi
သင့္ရဲ႕ဥယ်ာဥ္ၿခံထဲမွာ သီးပင္စားပင္တို႔ စိုက္ပ်ိဳးမယ္ဆိုရင္ သင့္ရဲ႕အစားအစာအတြက္ သာမက သင့္ရဲ႕က်န္းမာေရးကိုပါ အေထာက္အကူျပဳတဲ့ ေဆးဘက္ဝင္ အပင္တို႔ကို စိုက္ပ်ိဳးထားသင့္ပါတယ္။
ေလ့လာေတြ႕ရွိခ်က္အရ ေအာက္ေဖာ္ျပပါ အပင္ေလးေတြဟာ က်န္းမာေရးအတြက္ ေဆးဘက္ဝင္ၿပီး ဦးေႏွာက္မွတ္ဉာဏ္အတြက္ အေကာင္းဆုံးလို႔ ေဖာ္ျပထားၾကပါတယ္။
(၁) တ႐ုတ္နံနံပင္
တ႐ုတ္နံံနံပင္ရဲ႕အစြမ္းက ဦးေႏွာက္က်န္းမာေရးကို အက်ိဳးေက်းဇူးအျပဳဆုံးျဖစ္ပါတယ္။ အင္ဇိုင္းမားေရာဂါေၾကာင့္ ဦးေႏွာက္ထဲ နာဗ္ေၾကာေတြပ်က္စီးမႈကို
ကာကြယ္ေပးၿပီး၊ ဦးေႏွာက္ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူ ျပဳတာပင္ ျဖစ္ပါတယ္။
ဦးေႏွာက္အတြင္း နာဗ္ေၾကာဆဲလ္အသစ္ျဖစ္ေစဖို႔ လႈံံ့ေဆာ္ေပးၿပီး ေသြးဥနီထဲ ေအာက္ဆီဂ်င္ေတြကို ဦးေႏွာက္နဲ႔ ကိုယ္ခႏၶာရဲ႕အျခားအစိတ္အပိုင္းေတြဆီကို
ေရာက္ေအာင္ပံ့ပိုးကူညီေပးႏိုင္ျခင္း ျဖစ္ပါတယ္။
(၂) ျမင္းခြာ႐ြက္
ျမင္းခြာ႐ြက္မွာလည္း ဦးေႏွာက္က်န္းမာေရးကို ေကာင္းေစတဲ့ အ႐ြက္တမ်ိဳးျဖစ္တဲ့အတြက္ သင့္ရဲ႕ဥယ်ာဥ္ၿခံထဲ မျဖစ္မေန စိုက္ပ်ိဳးထားသင့္တဲ့ အရာျဖစ္ပါတယ္။
ေလ့လာေတြ႕ရွိခ်က္အရ ျမင္း ခြာ႐ြက္မွာပါဝင္တဲ့ဓာတ္သဘာဝေတြဟာ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္စြမ္းရည္ကိုတိုးေစၿပီးဦးေႏွာက္အတြင္း ေသြးလည္ပတ္မႈကို ေကာင္းေစတာ ျဖစ္ပါတယ္။
(၃) Blueberries
ဒီအသီးမွာပါဝင္တဲ့ အာဟာရဓာတ္ေတြဟာလည္း ဦးေႏွာက္က်န္းမာေရးကို အမ်ားႀကီး အေထာက္အကူျပဳထားတာပဲ ျဖစ္ပါတယ္။ ဟားဗတ္တကၠသိုလ္ရဲ႕
ေလ့လာေတြ႕ရွိခ်က္အရ Blueberries ကိုစားေပးျခင္းျဖင့္ ဦးေႏွာက္စြမ္းရည္ကို ေကာင္းေကာင္းျမႇင့္တက္ေစေၾကာင္း ေဖာ္ျပထားပါတယ္။
(၄) ေလးညႇင္းပြင့္
ေလးညႇင္းပြင့္ကို ေခါင္းကိုက္တာ သက္သာေပ်ာက္ကင္းေစဖို႔နဲ႔ စိတ္ဖိစီးမႈေလ်ာ့က်သက္သာေစဖို႔ လူအမ်ားစုအသုံးျပဳၾကေၾကာင္းသိရွိရပါတယ္။
ဒါ့အျပင္ ေလးညႇင္းပြင့္ဟာမွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊ စိတ္ဓာတ္က်တာ၊ သြားကိုက္တာနဲ႔ အိပ္မေပ်ာ္တာတို႔ကိုပါသက္သာေစတာ ျဖစ္ပါတယ္။
(၅) ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴမွာ ပါဝင္တဲ့ ဓာတ္သဘာဝတခ်ိဳ႕ဟာ ဦးေႏွာက္အတြင္း ကင္ဆာျဖစ္ပြားႏိုင္တဲ့ ဆဲလ္ေတြကို သတ္ႏိုင္ျခင္း ျဖစ္ပါတယ္။
ခရစ္ဒစ္