Unicode
မွေးနေ့ပါတီပွဲ ဖိတ်ကြားမှုဗီဒီယို ဖခင်ဖြစ်သူကြောင့် မတော်တဆပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၁.၂ သန်းအထိတက်ရောက်ခဲ့တဲ့ သမီးဖြစ်သူရဲ့မွေးနေ့ပွဲ
BBC News တွင်ဖော်ပြခဲ့သည့်အတိုင်း မိန်းကလေးတစ်ဦး၏မွေးနေ့ပွဲဖိတ်ကြားမှုဟာ မတော်တဆပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၁.၂ သ
န်းက တက်ရောက်မည်ဖြစ်ကြောင်းပြောခဲ့ပြီး ရဲများကပင် မက္ကစီကိုရှိကျေးရွာတစ်ရွာသို့သွားခဲ့ကြရပါတယ်။ အစပိုင်းမှာ မိန်းကလေး၏ဖ
ခင်ရဲ့ ဒေသခံတီးဝိုင်းများ ၊ အစားအသောက်နှင့် မြင်းစီးပြိုင်ပွဲတို့ပါဝင်တဲ့မွေးနေ့ပါတီသို့တက်ရောက်ရန်ကြိုဆိုကြောင်းပြောတဲ့ဗီဒီယိုတစ်
ခုဟာ Facebook ပေါ်ရှိအများပြည်သူဆိုင်ရာနေရာတစ်ခုတွင် ရောက်သွားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သူ့ရဲ့စိတ်ကူးမှာ အိ
မ်နီးချင်းနှင့် သူငယ်ချင်းတွေကိုသာ ရည်ရွယ်ပြီးဖိတ်ခဲ့ပေမဲ့ သူဟာ တက်ရောက်ချင်တဲ့သူတိုင်းကို မငြင်းနိုင်ခဲ့ပါဘူး။ ဖိတ်ကြားတဲ့ဗီဒီယိုဖို
င်ထဲအရ ဖခင် Crescencio Ibarra ဟာ သမီးလေး Rubi ဘေးတွင်ရပ်ကာ ဇနီး Anaelda Garcia ကလည်း အခြားတစ်ဖက်မှာရပ်နေခဲ့ပါတယ်။
မွေးနေ့ပါတီအား ဖိတ်ကြားတဲ့ဗီဒီယိုထဲအရ ဖခင်ဖြစ်သူဟာ “ ဟယ်လိုနေကောင်းလား? ဒီဇင်ဘာ ၂၆ ရက်မှာ ငါတို့သမီး Rubi Ibarra
Garcia ရဲ့ ၁၅ နှစ်မြောက်မွေးနေ့ပွဲကို ငါတို့ဖိတ်ကြားပါတယ်” လို့ သမီး Rubi ကဘေးကနေပြုံးနေစဉ် ဖခင် Ibarra ကထိုသို့ပြောခဲ့ပါတယ်။
ထို့နောက် သူဟာ တီးခတ်မည့်တီးဝိုင်းသုံးဝိုင်းဖြင့် ဖျော်ဖြေသွားမှာဖြစ်ပြီး ပွဲ၏တစ်စိတ်တစ်ပိုင်းအဖြစ်ကျင်းပမည့်မြင်းပြိုင်ပွဲ၏အနိုင်ရရှိ
သူအား ပီဆို ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၉၀) ပေးအပ်မှာဖြစ်ပြီး သူဟာ “ ဤနေရာကနေ အားလုံးကိုခင်မင်ရင်းနှီးစွာဖိတ်ကြားအပ်
ပါတယ်” ဟုနိဂုံးချုပ်ခဲ့ပါတယ်။ ၎င်းဗီဒီယိုပျံ့နှံ့သွားပြီးနောက် လူအများက ၎င်းတို့သားအဖပုံအား meme များပြုလုပ်ကာ ဟာသလုပ်ခဲ့ကြပါသေးတယ်။
တစ်ကယ်လည်း မွေးနေ့ပွဲမှာတော့ မိန်းကလေးတစ်ဦး၏ ၁၅ နှစ်မြောက်မွေးနေ့ပါတီဟာ မက္ကဆီကို၌ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုဖြစ်ခဲ့ြ
ပီး ထိူနေ့မှာ သူမဟာ “ Queen of The Day ” ကဲ့သို့ခံစားစေခဲ့ပါတယ်။ မွေးနေ့ပြီးနောက် TV အင်တာဗျူးတစ်ခုမှာ ဖခင်ဖြစ်သူက
၎င်းတို့သမီးရဲ့မွေးနေ့ပါတီက လူထုရဲ့အာရုံကိုဖမ်းစားနိုင်လိမ့်မယ်လို့မထင်ခဲ့သလို တစ်ကယ်တမ်း သူက ကျေးရွာရှိလူများကိုသာ ဖိတ်ြ
ကားဖို့လုပ်ခဲ့ပေမဲ့ ထင်မှတ်မထားဘဲ ဧည့်သည်တွေများလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဖခင်ဖြစ်သူက ပျံ့နှံ့သွားတဲ့ဗီဒီယိုကြောင့် လူအများက သမီးဖြစ်သူရဲ့ပါတီအကြောင်းကို သရောခဲ့ကြတာကြောင့် နှစ်ရက်လော
က် စိတ်ညစ်နေခဲ့ရပေမဲ့ မိသားစုကစိတ်ကူးထားခဲ့တဲ့မွေးနေ့ပါတီကို San Luis Potosi ပြည်နယ် La Joya ရွာရဲ့အပြင်ဘက်လယ်ကွင်း
ကျယ်ကြီးထဲမှာ လူအများကြီးနှင့်အတူပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေသခံရဲအရာရှိ Roberto Alejandro Segovia Hernandez က မွေးနေ့ပါတီဟာ Facebook ပေါ်ရှိတက်ရောက်မည်လို့ဆိုခဲ့တဲ့လူထုြ
ကီးနဲ့ ပြည့်နေခဲ့တာကြောင့် ရဲတပ်ဖွဲ့ကတောင် ၎င်းရွာမှာ ရဲများထပ်ဖြည့်ပေးခဲ့ရသေးကြောင်း ပြောကြားခဲ့ပါသေးတယ်။
ထောင်ပေါင်းများစွာသောလူတွေဟာ ၎င်းမွေးနေ့ပါတီပွဲကိုတက်ရောက်ခဲ့ကြပြီး အခမ်းအနားကိုရိုက်ကူးထားတဲ့ဓာတ်ပုံများကို တွေ့မြင်နို
င်ပါတယ်။ Rubi ဟာ ကြီးမားတဲ့လူထုကြီးရဲ့တုန့်ပြန်မှုကြောင့် စိတ်ရှုပ်နေပုံရသော်လည်း သူမဟာ ထိုနေ့မှာ အတော်လေး လှပနေခဲ့ပါတယ်။
Crd
Zawgyi
ေမြးေန႔ပါတီပြဲ ဖိတ္ၾကားမႈဗီဒီယို ဖခင္ျဖစ္သူေၾကာင့္ မေတာ္တဆပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ လူေပါင္း ၁.၂ သန္းအထိတက္ေရာက္ခဲ့တဲ့ သမီးျဖစ္သူရဲ႕ေမြးေန႔ပြဲ
BBC News တြင္ေဖာ္ျပခဲ့သည့္အတိုင္း မိန္းကေလးတစ္ဦး၏ေမြးေန႔ပြဲဖိတ္ၾကားမႈဟာ မေတာ္တဆပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ လူေပါင္း ၁.၂ သ
န္းက တက္ေရာက္မည္ျဖစ္ေၾကာင္းေျပာခဲ့ၿပီး ရဲမ်ားကပင္ မကၠစီကိုရွိေက်း႐ြာတစ္႐ြာသို႔သြားခဲ့ၾကရပါတယ္။ အစပိုင္းမွာ မိန္းကေလး၏ဖ
ခင္ရဲ႕ ေဒသခံတီးဝိုင္းမ်ား ၊ အစားအေသာက္ႏွင့္ ျမင္းစီးၿပိဳင္ပြဲတို႔ပါ၀င္တဲ့ေမြးေန႔ပါတီသို႔တက္ေရာက္ရန္ႀကိဳဆိုေၾကာင္းေျပာတဲ့ဗီဒီယိုတစ္
ခုဟာ Facebook ေပၚရွိအမ်ားျပည္သူဆိုင္ရာေနရာတစ္ခုတြင္ ေရာက္သြားခဲ့ျခင္းေၾကာင့္ျဖစ္ပါတယ္။ ဖခင္ျဖစ္သူဟာ သူ႔ရဲ႕စိတ္ကူးမွာ အိ
မ္နီးခ်င္းႏွင့္ သူငယ္ခ်င္းေတြကိုသာ ရည္႐ြယ္ၿပီးဖိတ္ခဲ့ေပမဲ့ သူဟာ တက္ေရာက္ခ်င္တဲ့သူတိုင္းကို မျငင္းႏိုင္ခဲ့ပါဘူး။ ဖိတ္ၾကားတဲ့ဗီဒီယိုဖို
င္ထဲအရ ဖခင္ Crescencio Ibarra ဟာ သမီးေလး Rubi ေဘးတြင္ရပ္ကာ ဇနီး Anaelda Garcia ကလည္း အျခားတစ္ဖက္မွာရပ္ေနခဲ့ပါတယ္။
ေမြးေန႔ပါတီအား ဖိတ္ၾကားတဲ့ဗီဒီယိုထဲအရ ဖခင္ျဖစ္သူဟာ “ ဟယ္လိုေနေကာင္းလား? ဒီဇင္ဘာ ၂၆ ရက္မွာ ငါတို႔သမီး Rubi Ibarra
Garcia ရဲ႕ ၁၅ ႏွစ္ေျမာက္ေမြးေန႔ပြဲကို ငါတို႔ဖိတ္ၾကားပါတယ္” လို႔ သမီး Rubi ကေဘးကေနၿပဳံးေနစဥ္ ဖခင္ Ibarra ကထိုသို႔ေျပာခဲ့ပါတယ္။
ထို႔ေနာက္ သူဟာ တီးခတ္မည့္တီးဝိုင္းသုံးဝိုင္းျဖင့္ ေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး ပြဲ၏တစ္စိတ္တစ္ပိုင္းအျဖစ္က်င္းပမည့္ျမင္းၿပိဳင္ပြဲ၏အႏိုင္ရရွိ
သူအား ပီဆို ၁၀,၀၀၀ (အေမရိကန္ေဒၚလာ ၄၉၀) ေပးအပ္မွာျဖစ္ၿပီး သူဟာ “ ဤေနရာကေန အားလုံးကိုခင္မင္ရင္းႏွီးစြာဖိတ္ၾကားအပ္
ပါတယ္” ဟုနိဂုံးခ်ဳပ္ခဲ့ပါတယ္။ ၎ဗီဒီယိုပ်ံ႕ႏွံ႔သြားၿပီးေနာက္ လူအမ်ားက ၎တို႔သားအဖပုံအား meme မ်ားျပဳလုပ္ကာ ဟာသလုပ္ခဲ့ၾကပါေသးတယ္။
တစ္ကယ္လည္း ေမြးေန႔ပြဲမွာေတာ့ မိန္းကေလးတစ္ဦး၏ ၁၅ ႏွစ္ေျမာက္ေမြးေန႔ပါတီဟာ မကၠဆီကို၌ႀကီးက်ယ္ခမ္းနားတဲ့ပြဲတစ္ခုျဖစ္ခဲ့ၿ
ပီး ထိူေန႔မွာ သူမဟာ “ Queen of The Day ” ကဲ့သို႔ခံစားေစခဲ့ပါတယ္။ ေမြးေန႔ၿပီးေနာက္ TV အင္တာဗ်ဴးတစ္ခုမွာ ဖခင္ျဖစ္သူက
၎တို႔သမီးရဲ႕ေမြးေန႔ပါတီက လူထုရဲ႕အာ႐ုံကိုဖမ္းစားႏိုင္လိမ့္မယ္လို႔မထင္ခဲ့သလို တစ္ကယ္တမ္း သူက ေက်း႐ြာရွိလူမ်ားကိုသာ ဖိတ္ၾ
ကားဖို႔လုပ္ခဲ့ေပမဲ့ ထင္မွတ္မထားဘဲ ဧည့္သည္ေတြမ်ားလာခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ထို႔အျပင္ ဖခင္ျဖစ္သူက ပ်ံ႕ႏွံ႔သြားတဲ့ဗီဒီယိုေၾကာင့္ လူအမ်ားက သမီးျဖစ္သူရဲ႕ပါတီအေၾကာင္းကို သေရာခဲ့ၾကတာေၾကာင့္ ႏွစ္ရက္ေလာ
က္ စိတ္ညစ္ေနခဲ့ရေပမဲ့ မိသားစုကစိတ္ကူးထားခဲ့တဲ့ေမြးေန႔ပါတီကို San Luis Potosi ျပည္နယ္ La Joya ႐ြာရဲ႕အျပင္ဘက္လယ္ကြင္း
က်ယ္ႀကီးထဲမွာ လူအမ်ားႀကီးႏွင့္အတူျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ေဒသခံရဲအရာရွိ Roberto Alejandro Segovia Hernandez က ေမြးေန႔ပါတီဟာ Facebook ေပၚရွိတက္ေရာက္မည္လို႔ဆိုခဲ့တဲ့လူထုႀ
ကီးနဲ႔ ျပည့္ေနခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ကေတာင္ ၎႐ြာမွာ ရဲမ်ားထပ္ျဖည့္ေပးခဲ့ရေသးေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။
ေထာင္ေပါင္းမ်ားစြာေသာလူေတြဟာ ၎ေမြးေန႔ပါတီပြဲကိုတက္ေရာက္ခဲ့ၾကၿပီး အခမ္းအနားကို႐ိုက္ကူးထားတဲ့ဓာတ္ပုံမ်ားကို ေတြ႕ျမင္ႏို
င္ပါတယ္။ Rubi ဟာ ႀကီးမားတဲ့လူထုႀကီးရဲ႕တုန႔္ျပန္မႈေၾကာင့္ စိတ္ရႈပ္ေနပုံရေသာ္လည္း သူမဟာ ထိုေန႔မွာ အေတာ္ေလး လွပေနခဲ့ပါတယ္။
Crd