Unicode
ရေသူထီးဘဝကိုအားကျလို့ ပေါင်တစ်ထောင်ကျော်အကုန်ခံပြီး ငါးအမြီးဝတ်စုံချုပ်ဝတ်ခဲ့သူ
အသက်(၂၄)နှစ်အရွယ် ခရစ်ရှန်ရီယယ်ဆိုသူဟာ ကလေးဘဝက သူနှစ်ခြိုက်ခဲ့တဲ့ The Little Marmaid ရုပ်ရှင်ကိုအားကျပြီး ငါးအမြီး
တစ်ခုကို တပ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူက သူ့ကိုယ်တိုင်းနဲ့အထူးချုပ်လုပ်ထားတဲ့ ရွှေရောင်ငါးအမြီးတစ်ခုကို ပေါင်(၁,၁၂၀) နဲ့ ဝယ်
ယူခဲ့ပါတယ်။ ကောလိပ်ကျောင်းသားဖြစ်တဲ့ ခရစ်ရှန်က သူအားတဲ့အချိန်တွေမှာဆိုရင် အိမ်ကရေကူးကန်မှာ ဝယ်ထားတဲ့ငါးအမြီးကြီးစွ
ပ်ပြီး ရေသူထီးလုပ်ကာ ရေကူးလေ့ရှိပါတယ်။ တစ်ခါတစ်လေ ရေချိုးဇလုံမှာ ၊ တစ်ခါတစ်လေမှာလည်း ပင်လယ်ထဲသွားပြီး ရေကူးတတ်ပါတယ်။
ခရစ်ရှန်က သူအခုလိုပင်လယ်သမုဒ္ဒရာကို ချစ်တတ်လာတာဟာ ဒစ်စနေရဲ့ Little Mermaid ကြောင့်လို့ ပြောပြပါတယ်။ “ကျွန်တော်
ဖလော်ရီဒါမှာနေလာတာ (၂)နှစ်လောက်ရှိပြီ။ အချိန်ရတဲ့အခါတိုင်း ပင်လယ်မှာရေသွားကူးတယ်။ ကမ်းခြေမှာ ထိုင်နေရတာနဲ့ ပင်လယ်
ဆားငံရေထဲမှာ ရေကူးရတာမျိုး ကျွန်တော် သိပ်သဘောကျတယ်။”
“ငါးအမြီး ဝတ်လိုက်တော့ ရေကူးရတာပိုသွက်သလို ပိုပြီးလည်း လွတ်လွတ်လပ်လပ်ရှိတယ်။” ခရစ်ရှန်ဟာ သူ့ရဲ့ ရေကူးနေတဲ့ဓာတ်ပုံေ
တွကို အင်စတာဂရမ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။ အများပိုင်ရေကူးကန်တွေထဲမှာ သူ့ငါးမြီးကြီးနဲ့ရေကူးလို့ ဘယ်လိုမှအဆင်မပြေပါဘူး။
ဒါပေမယ့် အိမ်မှာရေကူးကန်ရှိတာကြောင်း ခရစ်ရှန်က အဆင်ပြေနေပါတယ်။ သူက မြင်းတွေကိုလည်း နှစ်သက်သူတစ်ဦးဖြစ်ပြီး မူလတ
န်းပြကျောင်းဆရာတစ်ဦးဖြစ်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
ငါးအမြီးနဲ့ပတ်သက်ပြီးတော့ ခရစ်ရှန်က ဝန်ခံထားတစ်ခုတော့ရှိပါတယ်။ အဲဒါက ငါးအမြီးဝတ်စုံဝတ်ပြီး ရေကူးလို့တစ်နာရီကျော်လာတဲ့
အခါ ခြေကျင်းဝတ်နားက နာလာတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေကူးကန်ထဲက ကလိုရိုက်နဲ့ ပင်လယ်ကဆားငံရည်တွေကြောင့် ရေအြ
ကာကြီးကူးရင် မျက်စိအမြင်တွေ ဝါးလာတယ်လို့ပြောပြပါတယ်။ ဒါပေမယ့်လည်း သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေက ရေသူထီးလုပ်ရ
တာ ပျော်နေတဲ့သူ့ကိုချစ်ခင်ကြကြောင်းနဲ့ သူ့ကိုအထူးအဆန်းအနေနဲ့ ဓာတ်ပုံရိုက်ကြတဲ့အခါ ကြည်နူးရကြောင်း ဆိုခဲ့ပါတယ်။
Crd
Zawgyi
Crd