Unicode
ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?သဘာဝအလျောက် ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ?ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?ရွှေဟာ ဘယ်လိုမျိုးထွက်ပေါ်လာခဲ့တာလဲ?
ရွှေဆိုတာကတော့ ဓာတု သဘာဝ အတိုင်းဖြစ်ပေါ်လာတဲ့ ဒြပ်စင်တစ်ခုပင်ဖြစ်ပြီး အဝါရောင် တောက်ပတဲ့ သတ္ထုဖြစ်တဲ့အတွက် အလွယ်တကူပင်
သိနိုင်မှာပဲဖြစ်ပါတယ်။ ရွှေဟာ သူ့ရဲ့ရှားပါးမှု၊ တိုက်စားမှုကိုခံနိုင်ရည်ရှိမှု၊ လျှပ်ကူးနိုင်မှု၊ အလွယ်တကူ ပုံသွင်းနိုင်မှုအပြင် သူ့ရဲ့လှပတဲ့ရွှေရောင် ရှိမှုကြောင့် အလွန်ပင်အဖိုးတန်တဲ့ သတ္ထုပဲဖြစ်ပါတယ်။
ရွှေကို ဘယ်လိုနေရာတွေကနေ ရနိုင်ပါသလဲဆိုရင်တော့ မိုင်းတွင်းတွေကနေ ဒါမှမဟုတ် စမ်းချောင်းတွေကနေ ရွှေကျင်ခြင်းကနေ ရရှိနိုင်တာပဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း တကယ်စင်စစ် ရွှေထွက်ရှိတဲ့ မူလအရင်းအမြစ်ကတော့ ကမ္ဘာမြေကြီးပဲ ဖြစ်တာကတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်က ရွှေတွေဟာဆိုရင် ကောင်းကင်ပေါ်ကကြယ်တွေကြွေလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အစိုင်အခဲတွေက ထွက်ပေါ်လာတယ် ဆိုတာကို ယုံကြပါသလား?
ကမ္ဘာကြီး ဖြစ်ပေါ်လာပြီးနောက်မှာ လေးလံတဲ့သတ္ထုတွေ ဖြစ်ကြတဲ့ iron(သံ)နဲ့gold(ရွှေ)တို့ဟာ ကမ္ဘာ့မြေကြီးရဲ့အတွင်းဗဟိုဒေသကို စိမ့်ဝင်သွားကြပါတယ်။
တကယ်လို့ ဒီလိုအဖြစ်အပျက်မျိုးသာ မရှိခဲ့ပြီးဆိုရင် ရွှေဆိုတာ ကမ္ဘာပေါ်က အစိုင်အခဲတွေထဲမှာ ထွက်ပေါ်ခြင်း ရှိလာမှာ မဟုတ်ပါဘူး။လွန်လေပြီးသော နှစ်ပေါင်
သန်းလေးထောင် လောက်က ကမ္ဘာ့ကြီးဟာ asteroid(အဲ့စ်တရွိုက်ဒ်=အင်္ဂါဂြိုဟ်နှင့်ဂျူပီတာကြား လမ်းကြောင်းမှ နေကိုပတ်နေသော ဂြိုဟ်ငယ်တစ်ခု) ရဲ့သက်ရောက်မှုတွေနဲ့ထိုးနှက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီ့သက်ရောက်မှုတွေဟာ ကမ္ဘာ့မြေကြီးရဲ့ နက်ရှိုင်းတဲ့အလွှာတွေကိုလှုံ့ဆော်ပေးခဲ့တာကြောင့် ရွှေအချို့ကို ကမ္ဘာ့မြေကြီးရဲ့ အပေါ်ဆုံးအလွှာနဲ့အလယ်ဗဟို
ကြားနေရာရှိ အလွှာတွေဆီ ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ အချို့သောရွှေများကိုတော့ ကျောက်ရိုင်း သတ္ထုရိုင်းများနဲ့ အ တူပင်တွေ့ရှိရတာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ရွှေကိုစင်ကြယ်သောဇာတိရှိတဲ့ဒြပ်စင်အဖြစ်တွေ့ရှိရတာဖြစ်ပါတယ်။ ရွှေဟာတိုက်စားမှုကိုခံနိုင်ရည်ရှိတဲ့ တစ်ခုတည်းသောသတ္ထုပဲဖြစ်ပါတယ်။
ဒါ့အပြင်ရွှေဟာအလေးချိန်များတာကြောင့်သူ့ကိုဆိုရင်စမ်းချောင်းတွေရဲ့အောက်ခြေတွေမှာသာမက ပင်လယ်တွေနဲ့နုန်းမြေဖြစ်ပေါ်ရာနေရာတွေမှာတွေ့ရှိနိုင်တာဖြစ်ပါတယ်။
ငလျှင်လှုပ်ခြင်းကလည်း အလားတူ ရွှေများကို ထွက်ပေါ် လာစေပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်လှုပ်ခြင်းဟာ ဓာတ်သတ္ထု ကြွယ်ဝတဲ့ရေကို
ဖိနှိပ်ထားရာကနေလျှင်မြန်စွာ လွှတ်လိုက်ရတာကြောင့် ရေဟာအငွေ့ပျံသွားတဲ့အခါ ရွှေပါဝင်တဲ့အလွှာများဟာ ကျောက်မျက်နှာပြင်များပေါ် ရောက်ရှိလာတာ ဖြစ်ပါတယ်။
မီးတောင်များအတွင်း၌လည်းအလားတူဖြစ်စဉ်ကိုတွေ့ရှိရတာဖြစ်ပါတယ်။
Crd
Zawgyi
ေ႐ႊကို ဘယ္လိုေနရာေတြမွာရွာေဖြေတြ႕ရွိႏိုင္လဲ?သဘာဝအေလ်ာက္ ေ႐ႊဆိုတာ ဘယ္လိုျဖစ္ေပၚလာတာလဲ?ေ႐ႊကို ဘယ္လိုေနရာေတြမွာရွာေဖြေတြ႕ရွိႏိုင္လဲ?ေ႐ႊဟာ ဘယ္လိုမ်ိဳးထြက္ေပၚလာခဲ့တာလဲ?
ေ႐ႊဆိုတာကေတာ့ ဓာတု သဘာဝ အတိုင္းျဖစ္ေပၚလာတဲ့ ျဒပ္စင္တစ္ခုပင္ျဖစ္ၿပီး အဝါေရာင္ ေတာက္ပတဲ့ သတၳဳျဖစ္တဲ့အတြက္ အလြယ္တကူပင္
သိႏိုင္မွာပဲျဖစ္ပါတယ္။ ေ႐ႊဟာ သူ႔ရဲ႕ရွားပါးမႈ၊ တိုက္စားမႈကိုခံႏိုင္ရည္ရွိမႈ၊ လွ်ပ္ကူးႏိုင္မႈ၊ အလြယ္တကူ ပုံသြင္းႏိုင္မႈအျပင္ သူ႔ရဲ႕လွပတဲ့ေ႐ႊေရာင္ ရွိမႈေၾကာင့္ အလြန္ပင္အဖိုးတန္တဲ့ သတၳဳပဲျဖစ္ပါတယ္။
ေ႐ႊကို ဘယ္လိုေနရာေတြကေန ရႏိုင္ပါသလဲဆိုရင္ေတာ့ မိုင္းတြင္းေတြကေန ဒါမွမဟုတ္ စမ္းေခ်ာင္းေတြကေန ေ႐ႊက်င္ျခင္းကေန ရရွိႏိုင္တာပဲျဖစ္ပါတယ္။
ဒါေပမဲ့လည္း တကယ္စင္စစ္ ေ႐ႊထြက္ရွိတဲ့ မူလအရင္းအျမစ္ကေတာ့ ကမာၻေျမႀကီးပဲ ျဖစ္တာကေတာ့ မလြဲဧကန္ပဲျဖစ္ပါတယ္။
ကမာၻေပၚက ေ႐ႊေတြဟာဆိုရင္ ေကာင္းကင္ေပၚကၾကယ္ေတြေႂကြလာတဲ့အခါ ျဖစ္ေပၚလာတဲ့ အစိုင္အခဲေတြက ထြက္ေပၚလာတယ္ ဆိုတာကို ယုံၾကပါသလား?
ကမာၻႀကီး ျဖစ္ေပၚလာၿပီးေနာက္မွာ ေလးလံတဲ့သတၳဳေတြ ျဖစ္ၾကတဲ့ iron(သံ)နဲ႔gold(ေ႐ႊ)တို႔ဟာ ကမာၻ႔ေျမႀကီးရဲ႕အတြင္းဗဟိုေဒသကို စိမ့္ဝင္သြားၾကပါတယ္။
တကယ္လို႔ ဒီလိုအျဖစ္အပ်က္မ်ိဳးသာ မရွိခဲ့ၿပီးဆိုရင္ ေ႐ႊဆိုတာ ကမာၻေပၚက အစိုင္အခဲေတြထဲမွာ ထြက္ေပၚျခင္း ရွိလာမွာ မဟုတ္ပါဘူး။လြန္ေလၿပီးေသာ ႏွစ္ေပါင္
သန္းေလးေထာင္ ေလာက္က ကမာၻ႔ႀကီးဟာ asteroid(အဲ့စ္တ႐ြိဳက္ဒ္=အဂၤါၿဂိဳဟ္ႏွင့္ဂ်ဴပီတာၾကား လမ္းေၾကာင္းမွ ေနကိုပတ္ေနေသာ ၿဂိဳဟ္ငယ္တစ္ခု) ရဲ႕သက္ေရာက္မႈေတြနဲ႔ထိုးႏွက္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။
အဲဒီ့သက္ေရာက္မႈေတြဟာ ကမာၻ႔ေျမႀကီးရဲ႕ နက္ရႈိင္းတဲ့အလႊာေတြကိုလႈံ႕ေဆာ္ေပးခဲ့တာေၾကာင့္ ေ႐ႊအခ်ိဳ႕ကို ကမာၻ႔ေျမႀကီးရဲ႕ အေပၚဆုံးအလႊာနဲ႔အလယ္ဗဟို
ၾကားေနရာရွိ အလႊာေတြဆီ ေရာက္ရွိေစခဲ့တာျဖစ္ပါတယ္။ အခ်ိဳ႕ေသာေ႐ႊမ်ားကိုေတာ့ ေက်ာက္႐ိုင္း သတၳဳ႐ိုင္းမ်ားနဲ႔ အ တူပင္ေတြ႕ရွိရတာပဲျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ ေ႐ႊကိုစင္ၾကယ္ေသာဇာတိရွိတဲ့ျဒပ္စင္အျဖစ္ေတြ႕ရွိရတာျဖစ္ပါတယ္။ ေ႐ႊဟာတိုက္စားမႈကိုခံႏိုင္ရည္ရွိတဲ့ တစ္ခုတည္းေသာသတၳဳပဲျဖစ္ပါတယ္။
ဒါ့အျပင္ေ႐ႊဟာအေလးခ်ိန္မ်ားတာေၾကာင့္သူ႔ကိုဆိုရင္စမ္းေခ်ာင္းေတြရဲ႕ေအာက္ေျခေတြမွာသာမက ပင္လယ္ေတြနဲ႔ႏုန္းေျမျဖစ္ေပၚရာေနရာေတြမွာေတြ႕ရွိႏိုင္တာျဖစ္ပါတယ္။
ငလွ်င္လႈပ္ျခင္းကလည္း အလားတူ ေ႐ႊမ်ားကို ထြက္ေပၚ လာေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ငလ်င္လႈပ္ျခင္းဟာ ဓာတ္သတၳဳ ႂကြယ္ဝတဲ့ေရကို
ဖိႏွိပ္ထားရာကေနလွ်င္ျမန္စြာ လႊတ္လိုက္ရတာေၾကာင့္ ေရဟာအေငြ႕ပ်ံသြားတဲ့အခါ ေ႐ႊပါဝင္တဲ့အလႊာမ်ားဟာ ေက်ာက္မ်က္ႏွာျပင္မ်ားေပၚ ေရာက္ရွိလာတာ ျဖစ္ပါတယ္။
မီးေတာင္မ်ားအတြင္း၌လည္းအလားတူျဖစ္စဥ္ကိုေတြ႕ရွိရတာျဖစ္ပါတယ္။
Crd